Yui Pet accessories online shop

Yui Pet accessories online shop စစ်မှန်သောပစ္စည်းများသာရောင်းသည်

12/05/2018

ကြောင်သဲ အကောင်းထဲက ရမည်
တစ်ထုပ် ၉၀၀၀ပါ
အိမ်လာဝယ်နိုင်သည် 😁😁
Commentတွင် video ရှိသည်

ကြောင်ချစ်သူများအနေဖြင့် မိမိတို့၏ကြောင်လေးများအတွက် အောက်ပါအချက်အလက်များ သိရှိထားရန် လိုအပ်ပါကြောင်း အကြံပြုလိုပါတယ်ရှင...
24/08/2017

ကြောင်ချစ်သူများအနေဖြင့် မိမိတို့၏ကြောင်လေးများအတွက် အောက်ပါအချက်အလက်များ သိရှိထားရန် လိုအပ်ပါကြောင်း အကြံပြုလိုပါတယ်ရှင်
-ကြောင်များကို အစာကျွေးရာတွင် အောက်ပါအချက်အလက်များကို သိရှိထားရန် လိုအပ်ပါသည် -
1. ကြောင်ငယ်လေးများ (၁လ မှ ၄လ အရွယ်) သည် မသင့်သောအစာကို စားမိလျှင် ၀မ်းဗိုက်ဥပါဒ်ရလွယ်သည်။
2. ကြောင်ငယ်လေးများ ၂လသားအရွယ်မှစ၍ အမေထံမှရရှိသော ခံနိုင်ရည်စွမ်းအင် ဆုံးရှုံးသွားသဖြင့် ရောဂါထူပြောနိုင်သည်။
3. ကြောင်ငယ်လေးများ တစ်ပါတ်အကြာတွင် Lactose( နို့သကြား) ကို ချေဖျက်နိုင်စွမ်းလျော့နည်းသွားသည်။ ထိုအချိန်မှစ၍ အထူးသဖြင့်နွားနို့(နို့သကြား အများအပြားပါဝင်)ကို တိုက်ကျွေးရန်မသင့်ပေ။ ၀မ်းဗိုက် ဥပါဒ်ပေးတတ်ပြီး ၀မ်းလျှောခြင်းကို ဖြစ်စေသည့် အပြင် ကြီးထွားမှုကို ထိခိုက်စေသည်။
4. ကြောင်ငယ်များသည် တစ်နှစ်ကျော်ကြာမျှ ဖြည်းဖြည်းချင်း ကြီးထွားသည်။
5. ကြောင်များသည် အစာကို မကြာခဏစားသည်။ တစ်နေ့လျှင် ၁၀ ခါမှ ၁၆ ခါအထိစားတတ်သည်။ ရေ ၁၀ကြိမ်လောက်သောက်သည်။ အစာတစ်ခါစားလျှင်လည်း ၂မိနစ် ၃မိနစ်ခန့်ကြာသည်။
6. သင်းထားသောကြောင်များသည် အလည်နည်းသည်ဟုအဆိုရှိသည်။ ထို့အပြင် ၀လွယ်ပြီး အသက်ပိုရှည်နိုင်သည်။
7. ကြောင်များ၏ ပျမ်းမျှသက်တမ်းမှာ ၂၀ မှ၂၅ နှစ်ဖြစ်သည်။
အိမ်တွင်မွေးမြူထားသော မိတ်ဆွေများ၏အချစ်တော် ခွေးကြောင်များအတွက် ကျန်းမာသန်စွမ်း၍ ရောဂါဘယ ကင်းဝေးစေရန် ပြင်သစ်နိုင်ငံထုတ် ROYAL CANIN အစာများကို ကျွေးမွေးကြပါရန် အကြံပြုလိုပါသည်။
ROYAL CANIN မှ အသင့်ပြုပြင်ပြီးသော အစာများသည် ခွေး၊ ကြောင်များတွင် လိုအပ်သောအသားဓာတ်( ကြက်နှင့်ငါး မှရယူသည်)၊ အဆီနှင့် ကစီဓာတ်များ၊ အမိုင်နိုအက်စစ်များ၊ ဗိုက်တာမင်နှင့် သတ္တုဓာတ်များကို စနစ်တကျပြည့်ဝစွာ ထည့်ဝင်ပေါင်းစပ်ထားသည့် အစာဖြစ်ပါသည်။
ခွေး၊ကြောင်ကလေးများ အကြိုက် အနံ့အရသာနှင့် ပြည့်စုံစေပြီး အလွယ်တကူစားသုံးနိုင်ရန်နှင့် ခွေး၊ ကြောင်များ၏မေးရိုး၊ သွားများနှင့်ကိုက်ညီသော အရွယ်အစား၊ ပုံသဏ္ဍန်များကို ဖန်တီးပြုလုပ် ထားပါသည်။ ထို့အပြင် အစာကိုကြာရှည်စွာ သိုလှောင်ထားသော်လည်း ပါဝင်သော အာဟာရဓာတ်များ ပျက်စီးလျော့နည်းသွားခြင်း လုံးဝမရှိမဖြစ်စေရန် သိပ္ပံနည်းကျ စနစ်တကျ ထုတ်ပိုးထားပါသည်။ အသင့်ပြုပြင်ပြီးသောအစာကို ကျွေးခြင်းဖြင့် အောက်ပါဒုက္ခတို့မှ ကင်းဝေးစေနိုင်ပါသည် -
# ခွေးစာ၊ ကြောင်စာအဖြစ် သားငါးတို့ကို ဈေးမှဝယ်ယူချက်ပြုတ်ရခြင်း၊
# အလေအလွင့်များခြင်း၊ စားကြွင်းစားကျန်ရှင်းလင်းရခြင်း၊
# သားငါးအစာဖြင့် အာဟာရမလုံလောက်သောကြောင့် ဖြည့်စွက်စာနှင့် ဗိုက်တာမင်များ ထပ်မံတိုက်ကျွေးရခြင်း၊

တိရစ္ဆာန် ချစ်သူများ အနေဖြင့်မိမိတို့၏ အချစ်တော်ကြောင်ကလေးများအတွက် “ROYAL CANIN” မှရရှိနိုင်သော အစာများမှာ…
(Feline Health Nutrition) ကြောင်များ၏ အသက်အရွယ်အလိုက် သင့်လျော်သော အာဟာရ အစားအစာ များမှာ-
1)Mother & BABY CAT ( ကြောင်ငယ်လေးများအတွက် အစာ)
2)KITTEN ( ကြောင်ငယ်များ ကြီးထွားမှုအတွက် အစာ)
3)INDOOR 7+ (အသက် ၇နှစ် အရွယ် အထက် တိုက်ခန်းမွေးကြောင်များ) ဟူ၍ ရှိပါသည်။

Mother & BABY CAT [ 400g & 2Kg Size များရရှိနိုင်ပါသည်။]
Protein 34%, Fat 25%, Crude fibre 1.8%, Crude ash 7.1% အပြည့်အ၀ပါဝင်သဖြင့် အာဟာရဓာတ်လျော့နည်းခြင်း အန္တရာယ်လုံးဝမရှိပါ။
• မိခင်ကြောင်မကြီး နှင့် ကြောင်ငယ်လေး အသက် ၁လ မှ ၄လ အရွယ်ထိ ကျွေးနိုင်ပါသည်။
• ကြောင်ကလေးများ ကြီးထွားမှုအတွက် လိုအပ်သော အာဟာရများ ပြည့်ဝစွာပါဝင်သည်။
• အစာကြေချက်နိုင်မှုစွမ်းအင်ကို တိုးမြှင့်စေသည်။
• ၀မ်းဗိုက်ဥပါဒ်ပေးခြင်း လုံးဝမရှိ။
• ကျန်းမာသန်စွမ်းစေသည်။
• ရောဂါခုခံကာကွယ်နိုင်သော သဘာဝစွမ်းအင်များ တိုးတက်ဖြစ်ပေါ်စေမှုကို အားပေးကူညီသည်။

KITTEN [ 400g Size တမျိုးသာ ရရှိနိုင်ပါသည်။]
Protein 36%, Fat 18%, Crude fibre 2.3%, Crude ash 7.8% အပြည့်အ၀ပါဝင်သဖြင့် အာဟာရဓာတ်လျော့နည်းခြင်း အန္တရာယ်လုံးဝမရှိပါ။
• အသက် ၄လ မှ ၁၂ လ အရွယ်ထိ ကြောင်များကို ကျွေးနိုင်ပါသည်။
• ပရိုတိန်း၊ အဆီ၊ ကစီဓာတ်၊ ဗိုက်တာမင်နှင့်သတ္ထုဓာတ်များ ပြည့်ဝစွာပေါင်းစပ်ထားသဖြင့် ကြီးထွားသန်စွမ်း ကျန်းမာစေသည်။
• သွားနှင့်ခံတွင်းရောဂါ မဖြစ်ပွားစေရန် ကာကွယ်ပေးသည်။
• ကြီးထွားမှုကို ဖြစ်စေသည်။
• အစာကြေလွယ်ပြီး ၀မ်းဗိုက် ဥပါဒ်ပေးခြင်း လုံးဝမရှိ။
• သဘာဝခုခံ ကာကွယ်နိုင်စွမ်းကို တိုးမြှင့်ဖြစ်ပေါ်စေသည်။
Indoor +7 [ 400g Size တမျိုးသာ ရရှိနိုင်ပါသည်။]
Protein 27%, Fat 13%, Crude fibre 3.6%, Crude ash 6.9% အပြည့်အ၀ပါဝင်သဖြင့် အာဟာရဓာတ်လျော့နည်းခြင်း အန္တရာယ်လုံးဝမရှိပါ။
• အသက် ၇နှစ်အထက် တိုက်ခန်းမွေးကြောင်များ အတွက် အထူးကောင်းမွန်သော အစာဖြစ်သည်။
• ဆဲလ်များရင့်ရော်ခြင်းကို နှေးကွေးစေသဖြင့် သက်ရှည်ကျန်းမာစေသည်။
• ကျောက်ကပ်ကျန်းမာရေးအတွက် သင့်လျော်သော ဖော့စ်ဖရပ် အချိုးအဆ ပါဝင်သည်။
• အရိုးအဆစ်ရောင်ရမ်းခြင်း မဖြစ်စေရန်ကာကွယ်ပေးသည်။
• ရှင်သန်မှုစွမ်းအင်( Vitality) ကိုထိန်းပေးသော အစာဖြစ်သည်။
• ကြောင်ကြီးများတွင် ဖြစ်လေ့ဖြစ်ထရှိသော ဆီးလမ်းကြောင်းဆိုင်ရာရောဂါများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးသည်။

😸😸😸 ကြောင်များ ကျန်းမာရေးအတွက် သင့်လျော်သောအာဟာရ အစားအစာ များမှာ…
3)FIT 32 ( အသက် ၁ နှစ်နှင့် အထက်ကြောင်ကြီးများ၏အသင့်ဆုံးကိုယ်အလေးချိန်အတွက် အစာ)
4)SENSIBLE 33 ( အစာရွေးသော၊ ၀မ်းဗိုက်ပြဿနာရှိသော ကြောင်ကြီးများအတွက် အစာ)
5)HAIR & SKIN 33 (အမွှေးနှင့်အရေပြားအတွက် ပြုလုပ်ထားသော ကြောင်ကြီးအစာ )

Fit 32 [ 400g, 2Kg & 15Kg Size များရရှိနိုင်ပါသည်။]
Protein 32%, Fat 15%, Crude fibre 4.6%, Crude ash 7.2% အပြည့်အ၀ပါဝင်သဖြင့် အာဟာရဓာတ်လျော့နည်းခြင်း အန္တရာယ်လုံးဝမရှိပါ။
• အသက် ၁ နှစ် မှ ၁၀ နှစ်အတွင်းကြောင်ကြီးများကို ကျွေးနိုင်ပါသည်။
• သန်စွမ်းကျန်းမာသော ကိုယ်အလေးချိန်ကို ဖြစ်ပေါ်စေသည်။
• အ၀လွန်ခြင်းကို တားဆီးကာကွယ်ပေးသည်။
• သဘာဝခုခံကာကွယ်နိုင်စွမ်းကို တိုးမြှင့်ဖြစ်ပေါ်စေသည်။
• အမွှေးလုံးများမဖြစ်ပေါ်စေရန် ကာကွယ်တားဆီးပေးသည်။ ဖြစ်ပေါ်ပြီး အမွှေးလုံး များကိုလည်း အမြန်ဆုံး ထုတ်ပယ်ပစ်သည်။
• ရောဂါဝင်ရောက်ခြင်းမှ ကာကွယ်ပေးပြီး သက်ရှည်ကျန်းမာစေသည်။
Sensible 33 [ 400g, 4Kg & 10Kg Size များရရှိနိုင်ပါသည်။]
Protein 33%, Fat 22%, Crude fibre 1.6%, Crude ash 7.4% အပြည့်အ၀ပါဝင်သဖြင့် အာဟာရဓာတ်လျော့နည်းခြင်း အန္တရာယ်လုံးဝမရှိပါ။
• အသက် ၁နှစ်အထက် ကြောင်များကို ကျွေးနိုင်ပါသည်။
• အစာကြေလွယ်ပြီး အထူးအရသာရှိသော အစာဖြစ်၍ အစာရွေးသောကြောင်များ ၊ ၀မ်းဗိုက်ဘေးဥပါဒ် မကြာခဏခံစားရသောကြောင်များအတွက် အထူး သင့်လျော်ပါသည်။
• ကြောင်များ ကြိုက်နှစ်သက်သော အနံ့၊ အရသာနှင့် ကိုက်ညီအောင် စီမံပြုလုပ်ထားသည်။
• အမွှေးလုံးဖြစ်ပေါ်ပါက အလျင်အမြန် ထုတ်ပယ်ပစ်သည်။
• သဘာဝခုခံနိုင်ကာကွယ်နိုင်စွမ်းကို တိုးမြှင့်ဖြစ်ပေါ်စေသည်။
• ကြောင်ကြီးများတွင် ဖြစ်လေ့ဖြစ်ထရှိသော ဆီးလမ်းကြောင်းဆိုင်ရာရောဂါ အန္တရာယ်များ မဖြစ်ပေါ်စေရန် ကာကွယ်ပေးသည်။

Hair & Skin 33 [ 400g & 10Kg Size များရရှိနိုင်ပါသည်။]
Protein 33%, Fat 22%, Crude fibre 5%, Crude ash 6.7% အပြည့်အ၀ပါဝင်သဖြင့် အာဟာရဓာတ်လျော့နည်းခြင်း အန္တရာယ်လုံးဝမရှိပါ။
• အသက် ၁ နှစ် မှ ၁၀နှစ်ကြောင်များကို ကျွေးနိုင်ပါသည်။
• ကျန်းမာသောအရေပြားနှင့် ကိုယ်အမွှေးလဲလှယ်မှုကို ကောင်းမွန်စွာ ဖြစ်ပေါ်စေသည်။
• အမွှေးအရောင် ပြောင်လက်တောက်ပစေသည်။
• အမွှေးလုံးများကို ၀မ်းဗိုက်အတွင်းမှ ထုတ်ပယ်ပစ်သည်။
• ဆဲလ်များ ရင့်ရော်ခြင်းကို နှေးကွေးစေသဖြင့် သက်ရှည်ကျန်းမာစေသည်။
• သဘာဝခုခံကာကွယ်နိုင်စွမ်းကို မြှင့်မားစေသည်။

(Feline Breed Nutrition) ကြောင်အမျိုးအစား တစ်ခုခြင်းစီအတွက် သီးသန့်ထုတ်လုပ်ထား အာဟာရ အစားအစာ များမှာ …
7)Persian KITTEN ( အသက် ၁လ မှ ၁၂လ အရွယ်ထိ ကြောင်ငယ်လေးများ)
8)Persian ADULT ( အသက် ၁ နှစ်အထက် ကြောင်ကြီးများ)
Persian Kitten [ 400g Size တမျိုးသာ ရရှိနိုင်ပါသည်။]
Protein 32%, Fat 22%, Crude fibre 2.7%, Crude ash 7.1% အပြည့်အ၀ပါဝင်သဖြင့် အာဟာရဓာတ်လျော့နည်းခြင်း အန္တရာယ်လုံးဝမရှိပါ။
• အသက် ၁လ မှ ၁၂ လ အရွယ် ကြောင်ငယ်လေးများ အတွက့် အထူးသင့်လျော်ပါသည်။
• အလွန် အရသာရှိသည်။
• အစာကြေလွယ်ပြီး ကြီးထွားမှုကို ကောင်းမွန်စွာဖြစ်ပေါ်စေသည်။
• ၀မ်းဗိုက် ဥပါဒ်ပေးခြင်း လုံးဝမရှိပါ။
• Omega 3 & 6 Fatty Acid မြင့်မားစွာ ပါဝင်ထားသည်။
• စိုပြေတောက်ပသော အမွေးအရောင်ကို ရရှိစေပါသည်။
• အမွေးလဲလှယ်ခြင်းကို ကောင်းမွန်စေပြီး ကျန်းမာသော အရေပြားကို ကောင်းမွန်စွာဖြစ်ပေါ်စေသည်။

Persian Adult [ 400g Size တမျိုးသာ ရရှိနိုင်ပါသည်။]
Protein 30%, Fat 22%, Crude fibre 5%, Crude ash 6.50% အပြည့်အ၀ပါဝင်သဖြင့် အာဟာရဓာတ်လျော့နည်းခြင်း အန္တရာယ်လုံးဝမရှိပါ။
• အသက် ၁နှစ်အထက် ကြောင်ကြီးများကို ကျွေးနိုင်ပါသည်။
• အစာကြေလွယ်ပြီး ကြီးထွားမှုကို ကောင်းမွန်စွာဖြစ်ပေါ်စေသည်။
• ၀မ်းဗိုက် ဥပါဒ်ပေးခြင်း လုံးဝမရှိပါ။
• အမွှေးလုံးများ မဖြစ်ပေါ်စေရန် ကာကွယ်တားဆီးပေးသည်။ ဖြစ်ပေါ်ပြီး အမွှေးလုံးများကိုလည်း အမြန်ဆုံးထုတ်ပယ်ပစ်သည်။
• Almond-Shaped (မက်မွန်သီး ပုံသဏ္ဍန်) ဖြင့် ပြုလုပ်ထားသောကြောင့် Persian များအတွက် စားသုံးမှုလွယ်ကူစေပါသည်။
• Omega 3 & 6 Fatty Acid မြင့်မားစွာ ပါဝင်ထားသည်။
• စိုပြေတောက်ပသော အမွေးအရောင်ကို ရရှိစေပါသည်။

Royal Canin အစာများသည် ခွေး နှင့်ကြောင်များအတွက် ဗိုက်ဝရုံ သက်သက်သာ စီမံထားသည်မဟုတ်၊ ကျန်းမာသန်စွမ်း ရောဂါကင်းစေရန်ပါ ရည်ရွယ်ပြုလုပ်ထားသော အစာများဖြစ်ပါသည်။
*အစာကျွေးနည်း* အသက်အရွယ်နှင့်ခန္ဓာကိုယ်အလေးချိန်အလိုက် အစာထုပ်များတွင် ညွှန်းထားသော အချိန်အတွယ်အတိုင်း တစ်နေ့လျှင် (၂)ကြိမ် သို့မဟုတ် (၃)ကြိမ် ကျွေးရပါမည်။
*သန်ုရှင်းသောရေကိုလည်း အမြဲ တိုက်ကျွေးပေးရန် အထူးလိုအပ်ပါသည်။*
“ရောဂါကင်းစင် ကျန်းမာစေဖို့ Royal canin အစာများကို ကျွေးကြစို့။”
Royal Canin အစာများကို မှန်ကန်စွာကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်ချစ်သူ မိတ်ဆွေများ၏ ခွေးနှင့်ကြောင်များသည် အစဉ်ကျန်းမာသန်စွမ်းပြီး ရောဂါဘယများ ကင်းဝေးစေပါကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်

Nekko လေးတွေကကျွေးပြီး ၁လနေရင် အကောင်တော်တော်ထွားလာတယ်  ၁ထုတ်ကို ၈၀၀ပါ
23/08/2017

Nekko လေးတွေကကျွေးပြီး ၁လနေရင် အကောင်တော်တော်ထွားလာတယ် ၁ထုတ်ကို ၈၀၀ပါ

cattycat litter10L 9000အနံက ပန်းသီးရနံလေးပါ အရင်လိုကြောင်တွေမွေးလို့ အနံနံခြင်းမရှိတဲ့ ကြောင် အိမ်သာသုံးသဲဖြစ်ပါတယ် ^^ 1...
23/08/2017

cattycat litter
10L 9000
အနံက ပန်းသီးရနံလေးပါ
အရင်လိုကြောင်တွေမွေးလို့ အနံနံခြင်းမရှိတဲ့ ကြောင် အိမ်သာသုံးသဲဖြစ်ပါတယ် ^^
1ထုတ်ခြင်းဈေးက ၉၀၀၀ပါ 10Lပါတာပါ
အများဈေးသက်သက်ရှိပါတယ် ရှင်

ဝချင်လား ကိတ်ချင်လား အမွှေးထူထူထဲထဲဖြစ်ချင်လား?CHEESY PEP Cheese Powderရှိတယ်နော်ဈေးနှုန်း 12,000 ကျပ် (500 grams)❤️Side ...
23/08/2017

ဝချင်လား ကိတ်ချင်လား အမွှေးထူထူထဲထဲဖြစ်ချင်လား?
CHEESY PEP Cheese Powderရှိတယ်နော်
ဈေးနှုန်း 12,000 ကျပ် (500 grams)

❤️Side effectလည်း လုံးဝ မရှိဘူး သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာမို့ စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ရှင့်။
***********************

CHESSY PEP Cheese Powderကိုကျွေးခြင်းဖြင့်....

🧀 Proteinဓာတ် ၄၀%ပါဝင်သောကြောင့် ကိုယ်အလေးချိန်တက်လာအောင် စွမ်းဆောင်ပေးပါတယ်

🧀 အမွှေးတွေ ပိုထူ ပိုသန်လာပြီး အမွှေးလေးတွေက နူးညံ့ပြီး တောက်ပြောင်လာမယ်

🧀 ယားနာဖြစ်ချင်နေသောအရေပြားရောဂါများအတွက် အထူးကောင်းမွန်ခြင်း

🧀 ကိုယ်ခံစွမ်းအားကောင်းမွန်လာခြင်း

🧀 ယားနာပေါက်လို့ အမွှေးမထွက်သောနေရာများတွင် အမွှေးများပြန်လည်ထွက်လာခြင်း
-----------------------------

ဘယ်လိုကျွေးရမလဲ?

လွယ်ပါတယ်😁😁😁
ညောင်ညောင်လေးတို့ ပါပီလေးတို့ စားနေကျ အစာထဲထည့်ကျွေးလို့ရသလို ဒီတိုင်း ကျွေးလည်း ရပါတယ်။ အသက်အရွယ်မရွေးကျွေးနိုင်ပါတယ်။ ထမင်းစားဇွန်းတစ်ဇွန်း သို့မဟုတ် နှစ်ဇွန်းကို နံနက်တစ်ကြိမ် ညတစ်ကြိမ် နေ့စဉ်ကျွေးရင်လုံလောက်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~

Address

Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

95402770539

Website

Alerts

Be the first to know and let us send you an email when Yui Pet accessories online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share