15/04/2026
#ရောင်နီတွေသန်းလို့လာနေပါပြီ။🌈🦚❤️
✅တောကြက် တောငုံး တောင်ခါမှအစ ဒေါင်းငှက်အပါအဝင် ရစ်ငှက်အားလုံးဟာ ဆောင်းအကုန် နွေအကူး နွေဦးရာသီမှာ မိတ်လိုက်ကြပြီး အခုလို နွေရာသီ သင်္ကြန်ကာလ အခါသမယဆိုရင် တနှစ်မှာတခါသာ ဥအု သားပေါက်ကြပါတယ်။ သဘာဝအတိုင်း တောထဲမှာ သားပေါက်ရင် သဘာဝသားရဲအန္တရာယ်၊ ရာသီဥတုဘေး၊ ရောဂါဘယဘေးဒဏ်တွေကြောင့် သားပေါက်လေးတွေ အောင်အောင်မြင်မြင် အသက်ရှင် အဖတ်တင်ဖို့ဆိုတာ အင်မတန် ခက်ခဲလွန်းလို့ ရှားပါးငှက်မျိုးစာရင်းဝင် ဖြစ်နေကြတာပါ။
✅သဘာဝနဲ့ ရာသီဥတုတွေကပဲ ပြောင်းလဲလာလို့လား။ လူတွေရဲ့ဆန်းသစ်တီထွင်လိုတဲ့ စမ်းသပ်မှုတွေကြောင့်လား။ သဘာဝမှာ ပုံမှန်စားသောက်နေထိုင်ရပေမဲ့ လူတို့ရဲ့ကျွေးမွေးပြုစုမှုကြောင့် ပုံမှန်ထက်ပိုသော အစားအသောက်နှင့် ခေတ်မီသော အားဆေးများကြောင့်လားမသိနိုင်ပါ။ တနှစ်မှာတခါသာ ပုံမှန်မိတ်လိုက် ဥအု သားပေါက်လေ့ရှိကြတဲ့ ရစ်ငှက်အုပ်စုဝင် ဒေါင်းငှက်များပင်လျှင် တနှစ်လျှင်နှစ်သား ဆက်တိုက်သော်၄င်း၊ အချိန်အခါမဟုတ် ရာသီထက်စော၍ပင် မိတ်လိုက် ဥအု သားပေါက်ကြတာမျိုးလည်း ကိုယ်တွေ့ မြင်လာရပါတယ်။✌️❤️💙
✅ကျွန်တော်တို့ #တူဒေးကြယ်စင် ရစ်ငှက် ဒေါင်းငှက်များ မွေးမြူသားဖေါက်ရေးခြံမှာလည်း သစ်ပင်ဝါးပင်လေးများစိုက်ပေးကာ သဘာဝဆန်ဆန် တတ်နိုင်သမျှ ခြံကျယ်ကျယ် မြင့်မြင့်လေးဖြင့် လေဝင်လေထွက်ကောင်းအောင် ဆောက်လုပ်ပေးထားပါတယ်။ နေရောင်ခြည်ကိုလည်း ကောင်းမွန်စွာ ရရှိရန် စီစဉ်ဖန်တီး လုပ်ဆောင်ပေးထားသဖြင့် သူတို့နေထိုင်ရာ ခြံလေးမှာ မိခင်ဌာနေ တောလေးကဲ့သို့ပင် ထင်မှတ်နေပြီး စိတ်ဖိစီးမှု များ မရှိတော့ဘဲ လူလာလျှင် အစာလိုက်တောင်းကာ ရင်းနှီးကျွမ်းဝင် ချစ်ခင်လျက်ရှိကြပါတယ်။ 🦚❤️💯
✅ကျန်းမာရေးအတွက် မိသားစုသဖွယ် ကာကွယ်ကုသ ပြုစုစောက်ရှောက်ပေးထားသလို အဟာရပြည့်စုံသော စပါး ပြောင်းဆံ ကြက်စာတောင့်များနှင့် ကန်စွန်းရွက် ပြောင်ဖူးစေ့ကဲ့သို့သော အစာစိမ်းများကိုလည်း တနှစ်ပတ်လုံး ကျွေးမွေးပြုစု စောင့်ရှောက်ပေးထားပါတယ်။ အခုလို သားပေါက်ရာသီရောက်လာလျှင် မိခင်ဒေါင်းမ ရစ်မများကို အပင်ပန်းခံ မဝပ်ခိုင်းတော့ဘဲ ခေတ်မီသားဖေါက်နည်းပညာသုံး ဥဖေါက်စက်ဖြင့် သားဖေါက်ကာ သူ့မိခင်ကဲ့သို့ ကိုယ်တိုင်ကျွေးမွေးပြုစု စောင့်ရှောက်ပေးမှုကြောင့် နှစ်စဉ်အောင်မြင်မှု ရောင်နီတွေသန်းလို့ လာနေပြီဖြစ်ပါတယ်။🌹🌺❤️
Kyaw Tint
Today Star Farm
Today Star Farm