Royal Mandalay pet clinic,accessories and spa

Royal Mandalay pet clinic,accessories and spa Pet clinic,Veterinary surgery,Medispa,In-house lab and accessories

ဒီနေ့လုပ်ဖြစ်တဲ့ Ear cropping လေး…ကလေးလေးရော ၊ နားရွက်ရော စိတ်တိုင်းကျလို့ အမှန်တရ ပုံတင်ထားလိုက်ပါတယ်… #2521
08/09/2024

ဒီနေ့လုပ်ဖြစ်တဲ့ Ear cropping လေး…
ကလေးလေးရော ၊ နားရွက်ရော စိတ်တိုင်းကျလို့ အမှန်တရ ပုံတင်ထားလိုက်ပါတယ်…

#2521

ဒီနေ့တော့ ခွေးအကြီးကြီးကိုက်လိုက်လို့ တင်ပါးအတွင်းထဲမှာပေါက်သွားပီး အူကျွံနေတဲ့(Perineal hernia ) Poodleလေး တစ်ယောက်ကို ...
06/09/2024

ဒီနေ့တော့ ခွေးအကြီးကြီးကိုက်လိုက်လို့ တင်ပါးအတွင်းထဲမှာပေါက်သွားပီး အူကျွံနေတဲ့(Perineal hernia ) Poodleလေး တစ်ယောက်ကို ခွဲပေးဖြစ်တယ်။
ပထမအကြိမ်တုန်းက ပြဲသွားတဲ့နေရာတွေကို ဒီတိုင်းပြန်ချုပ်လို့အဆင်ပြေပေမဲ့ ဆရာကြီးကလှေကားတက်လို့ ပြန်ဖြစ်တဲ့အခါကျတော့ ဒီတိုင်းပြန်ချုပ်လို့ မရတော့တဲ့အနေအထားဖြစ်သွားတယ်။
အခုတစ်ခါတော့ Surgical meshပါ သုံးထားတယ်ဆိုတော့ အရင်ကထက်ပိုအဆင်ပြေဖို့ မျှော်လင့်ရတာပေါ့..
အမှတ်တရ ပုံတင်ထားလိုက်ပါတယ်…

သွေးလှူပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် Cindyလေးရေ။ဘဝဆက်တိုင်း ပေးသောလက်သာဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ကွယ်…
23/08/2024

သွေးလှူပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် Cindyလေးရေ။
ဘဝဆက်တိုင်း ပေးသောလက်သာဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ကွယ်…

ကျွန်တော့်နာမည် Lokiပါ..အသက်၅နှစ်ရှိတဲ့ European Dobermanတစ်ကောင်ပါ။အခုတော့ မွှားကိုက်တဲ့ဒဏ်ကြောင့် သွေးအားနည်းပီး ရောဂါ...
21/08/2024

ကျွန်တော့်နာမည် Lokiပါ..အသက်၅နှစ်ရှိတဲ့ European Dobermanတစ်ကောင်ပါ။
အခုတော့ မွှားကိုက်တဲ့ဒဏ်ကြောင့် သွေးအားနည်းပီး ရောဂါခံစားနေရပါတယ်။
အဲ့ဒါကြောင့် Lokiအတွက် သွေးလေး နည်းနည်းလောက် အလှူခံချင်ပါတယ်..
အသက် ၁နှစ်ခွဲနဲ့အထက် ၊အလေးချိန် 25kgအထက်ရှိတဲ့ ၊ ကာကွယ်ဆေးထိုး သန်ချထားပီးသား လတ်တလောကျန်းမာရေးကောင်းတဲ့ Puppyကြီးတွေရှိရင် ဆက်သွယ်ပေးစေချင်ပါတယ်ဗျ…

သွေးရမှ Lokiအသက်ဆက်နိုင်မှာမို့ ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ…

ဒီနေ့တော့ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေတဲ့ Pomeranian လေးတစ်ကောင်ကို ဆီးကျောက်ခွဲထုတ်ပေးဖြစ်တယ်။ကျောက်ကတစ်လုံးထဲဆိုပေမဲ့...
17/08/2024

ဒီနေ့တော့ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေတဲ့ Pomeranian လေးတစ်ကောင်ကို ဆီးကျောက်ခွဲထုတ်ပေးဖြစ်တယ်။ကျောက်ကတစ်လုံးထဲဆိုပေမဲ့ ဆီးလမ်းကြောင်းအစမှာပိတ်နေတာမို့ ကလေးလေးခမျာ ဆီးကောင်းကောင်းမသွားနိုင်ပဲဖြစ်နေတာပေါ့။အသက်ကလဲ ကြီးနေပီမို့ မေ့ဆေးပေးဖို့ အဆင်ပြေမပြေသိအောင် သွေးစစ်ကြည့်တဲ့အခါမှာလဲ သွေးတိတ်စေတဲ့PLTက ကျနေတော့ ခွဲဖို့ကို ချီတုံချတုံ ဖြစ်နေသေးတယ်။ဒါပေမဲ့လဲ ချက်ချင်းမခွဲလို့မဖြစ်တဲ့ကိစ္စဆိုတော့ သွေးထွက်တာကို အတတ်နိုင်ဆုံးနည်းအောင်လုပ်ပီး လျှပ်စစ်ဓါး(Electro surgical unit)သုံးပီး ခွဲလိုက်တယ်။
အားလုံးအဆင်ပြေပြေ ချောချောမွေ့မွေ့ပဲ ပီးသွားတော့ ဝမ်းသာရတယ်..
ဆီးကျောက်တည်တာမဖြစ်ရအောင် ရေကို mineralsတွေမပါတဲ့ သန့်ရှင်းတဲ့ ရေကိုဂရုစိုက်ပီးတိုက်သင့်တယ်။သွားမှာတည်တဲ့ သွားဂျိုးတွေကလဲ ကျောက်တည်ခြင်းကိုဖြစ်စေတတ်လို့ သွားနဲ့ခံတွင်းကျန်းမာရေးကိုလဲ ဂရုစိုက်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်…

တချို့ခွေးလေးတွေ ဖင်ကို မြေကြီးနဲ့ ပွတ်တာ တွေ့ဖူးကြလိမ့်မယ် ထင်ပါတယ်။အဲ့ဒါကို တချို့တွေက သန်ကောင်တွေကြောင့်လို့ ထင်ကြတယ်...
30/07/2024

တချို့ခွေးလေးတွေ ဖင်ကို မြေကြီးနဲ့ ပွတ်တာ တွေ့ဖူးကြလိမ့်မယ် ထင်ပါတယ်။
အဲ့ဒါကို တချို့တွေက သန်ကောင်တွေကြောင့်လို့ ထင်ကြတယ်။
တကယ်ကတော့ သန်တွေကြောင့်လဲဖြစ်နိုင်သလို A**l glandလို့ခေါ်တဲ့ သူတို့ရဲ့ဖင်အပေါက်ဝမှာရှိတဲ့ အိတ်လေးက အကြောင်းအမျိုးမျိုးကြောင့် အညစ်အကြေးတွေနဲ့ ပြည့်သွားပီး ယားယံလာလို့ ပွတ်ကြတာဖြစ်တယ်။
မွေးရာပါ ဗီဇအရလဲ ဖြစ်တတ်သလို၊နာတာရှည်ဝမ်းချုပ်တာ ၊ နာတာရှည်ဝမ်းလျှောတာတွေကြောင့်မို့လဲ ဖြစ်တတ်တယ်။
အခြေအနေအရမ်းဆိုးလာရင် ခွဲစိတ်ရတဲ့အထိဖြစ််တတ်တယ်။
အဲ့ဒီတော့ မလိုလားအပ်တာတွေ ဖြစ်မလာအောင်ကြိုတင်ကာကွယ်ဖို့လိုတယ်၊ဘယ်လိုကာကွယ်ရမလဲဆိုတော့ ၂/၃လတစ်ခါလောက် A**l glandsကို ညှစ်ပေးတာပဲ။အိမ်မှာလဲ လုပ်လို့ရသလို ကျွမ်းကျင်တဲ့တိကုတွေ၊နားလည်တဲ့Spaတွေမှာ သွားလုပ်လို့ရတယ်။
အရေးမကြီးဘူးလို့ထင်ရပေမဲ့ ခွေးမွေးထားရင် သိကိုသိရမဲ့အကြောင်းအရာတစ်ခုဖြစ်တာကြောင့် ကျန်းမာရေးအသိ၊ကျန်းမာရေးသတိ ပေးရခြင်းပါ။
နောက်ကျရင်လဲ အခုလို တိချစ်သူတွေအတွက်အသုံးဝင်မဲ့ Tips and tricksလေးတွေလဲ ကြုံရင် ကြုံသလို ပြောပြပါဦးမယ်..
Be at Peace🕊️

မနေ့တုန်းက အသက်တော်တော်ကြီးနေပီဖြစ်တဲ့ Pekingese လေးတစ်ယောက် အစာမစားလို့ဆိုပီး ဆေးခန်းလာပြတယ်။အဲ့ဒါနဲ့ စစ်ဆေးကြည့်လိုက်တ...
17/07/2024

မနေ့တုန်းက အသက်တော်တော်ကြီးနေပီဖြစ်တဲ့ Pekingese လေးတစ်ယောက် အစာမစားလို့ဆိုပီး ဆေးခန်းလာပြတယ်။
အဲ့ဒါနဲ့ စစ်ဆေးကြည့်လိုက်တော့ သွားတွေက ကျောက်တည်ပီး သွားဖုံးတွေက ရေစီးကမ်းပြိုနေတာတွေ့ရတယ်။ယောင်ယမ်းတာတွေများနေတော့ ပါးစပ်မဟနိုင်ပဲ အစာမစားနိုင်ပဲဖြစ်နေတာပေါ့။
အဲ့ဒါနဲ့ Dental scaling လို့ခေါ်တဲ့ သွားကျောက်ခြစ်တဲ့ဆေးကုသမှုပေးလိုက်တယ်။
သွားဖုံးတွေလဲ အယောင်ကျသွားတာမို့ ညပိုင်းလောက်ကျရင် ဒီကောင်အစာစားမှာ အသေအချာပဲ..
အခုလိုမဖြစ်ရအောင် အိမ်မှာမွေးထားတဲ့ဆရာကြီးတွေရဲ့ သွားနဲ့ခံတွင်းကို ဂရုစိုက်ပေးဖို့၊သွားပုံမှန်တိုက်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ်…

ဒီရက်ထဲ Exotic bullyမလေးတစ်ယောက်ကို ဗိုက်ခွဲကလေးမွေးထားတာ ၊ ပုံမတင်ရသေးလို့ အခုမှ တင်ရတယ်ဗျို့…
08/07/2024

ဒီရက်ထဲ Exotic bullyမလေးတစ်ယောက်ကို ဗိုက်ခွဲကလေးမွေးထားတာ ၊ ပုံမတင်ရသေးလို့ အခုမှ တင်ရတယ်ဗျို့…

ဒီနေ့ Dalmatian လေးတစ်ယောက်ကို owner request ကြောင့် Ear cropping လုပ်ပေးဖြစ်တယ်။သူ့မျက်နှာနဲ့လိုက်အောင် ဘယ်လိုလုပ်ပေးရမ...
02/07/2024

ဒီနေ့ Dalmatian လေးတစ်ယောက်ကို owner request ကြောင့် Ear cropping လုပ်ပေးဖြစ်တယ်။
သူ့မျက်နှာနဲ့လိုက်အောင် ဘယ်လိုလုပ်ပေးရမလဲ တော်တော်စဉ်းစားလိုက်ရတယ်။
နောက်ဆုံးတော့ မျက်နှာကျက အထာကျလို့ အဲ့ပုံစံအတိုင်း croppingလုပ်ထားတယ်၊ကြီးလာရင် ဇိုးရုပ်ပေါက်အောင်လို့..
Anubis အဖြူရောင်ကြီးကို မျက်စိထဲမှန်းပီး လုပ်ထားတာ ၊ ခံစားကြည့်ပါဦး…

#2461

မနေ့က Tibetan Mastiffကြီးတစ်ယောက်ရဲ့ ပေါင်က အကျိတ်ကို ခွဲပေးဖြစ်တယ်။အကျိတ်ကတော့ ဖိအိပ်တာများလို့ဖြစ်တဲ့ ရိုးရိုးအဆီကျိတ်...
17/06/2024

မနေ့က Tibetan Mastiffကြီးတစ်ယောက်ရဲ့ ပေါင်က အကျိတ်ကို ခွဲပေးဖြစ်တယ်။
အကျိတ်ကတော့ ဖိအိပ်တာများလို့ဖြစ်တဲ့ ရိုးရိုးအဆီကျိတ်ပါပဲ၊ သူ့အိမ်က နာနေမှာစိုးလို့ ခွဲပေးလိုက်တာ။
အကျိတ်ဖြစ်နေတဲ့နေရာကို လှီးထုတ်ပစ်ပီး ပြန်
ချုပ်လိုက်ရင်လဲ ရပေမဲ့ နောက်ထပ်ပြန်ဖြစ်နိုင်တယ်၊ပီးတော့ အရေပြားတွေလှီးလိုက်ရလို့ သူလဲနေရခက်မှာ။
အဲ့ကျတော့ အရေပြားကိုလှန် ၊ အကျိတ်ကိုပဲထုတ်ပီးတော့ အရည်တွေစုပီးနောက်ထပ်အကျိတ်ပြန်မဖြစ်အောင် Penrose drainဆိုတဲ့ ပိုက်အဖြူလေး တပ်ပေးထားလိုက်တယ်…
တစ်ပါတ်နေရင် ချုပ်ရိုးဖြေရင်းနဲ့ အဲ့ပိုက်လေးပါရောဖြုတ်မယ်🤩

ကာကွယ်ဆေး (6in1 - U.S.A) ပြန်ထိုးလို့ ရပါပီ..
11/06/2024

ကာကွယ်ဆေး (6in1 - U.S.A) ပြန်ထိုးလို့ ရပါပီ..

မနေ့က Golden Retriever အမလေးတစ်ယောက် ဘီယာပုလင်းအဖုံးလေး မျိုချမိလို့ဆိုပီး ခွဲထုတ်ပေးဖြစ်တယ်။မခွဲခင် ပထမတစ်ခါလာပြတော့ Xr...
07/06/2024

မနေ့က Golden Retriever အမလေးတစ်ယောက် ဘီယာပုလင်းအဖုံးလေး မျိုချမိလို့ဆိုပီး ခွဲထုတ်ပေးဖြစ်တယ်။
မခွဲခင် ပထမတစ်ခါလာပြတော့ Xrayရိုက်ပီး foreign body က sizeသေးတာနဲ့ သူ့အလိုလိုထွက်လာမလား စောင့်နေသေးတယ်။၅ရက်မြောက်နေ့ကျတော့ Xrayထပ်ရိုက်တာ နေရာမရွေ့လို့ ဗိုက်ထဲမှာအကြာကြီးမထားချင်တော့တာနဲ့ ခွဲထုတ်လိုက်တယ်။
သူ့သခင်တွေကလဲ သူမျိုချလိုက်တာမြင်လိုက်တော့ ချက်ချင်းလိုတာလုပ်ပေးနိုင်လို့ ကံကောင်းသွားတယ်၊ဒီဟာဝင်သွားမှန်းမသိပဲ ကြာမှဆိုရင်ဗိုက်ထဲမှာ တော်တော်ဒုက္ခပေးနေမှာ။
အခုတော့ ခွဲစိတ်ပီးပီဆိုတော့ အေးဆေးဖြစ်သွားပါပီ။
မိမိတို့အိမ်ကဆရာကြီးတွေကိုလဲ ပါးစပ်ထဲ ၊ဗိုက်ထဲ အလွယ်တကူဝင်နိုင်တဲ့ပစ္စည်းတွေ အရုပ်တွေ သူတို့နားမှာ မထားဖို့၊ပေးမဆော့ဖို့ အကြံပေးချင်ပါတယ်…

Address

68B Street, Between 34th And 35th Street, Nawarat Estate
Mandalay

Opening Hours

Monday 09:30 - 12:00
16:00 - 18:00
Tuesday 09:30 - 12:00
16:00 - 18:00
Wednesday 09:30 - 12:00
16:00 - 18:00
Thursday 09:30 - 12:00
16:00 - 18:00
Friday 09:30 - 12:00
16:00 - 18:00
Saturday 09:30 - 12:00
16:00 - 18:00
Sunday 09:30 - 12:00
16:00 - 18:00

Telephone

+959976311993

Website

Alerts

Be the first to know and let us send you an email when Royal Mandalay pet clinic,accessories and spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Mandalay pet clinic,accessories and spa:

Share

Category