Shwe Ayer

Shwe Ayer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Ayer, Pet Store, 90F, Mandalay.

10/04/2024

မကြိုးစားနဲ့ကြိုးစားရင်ဘာမှမဖြစ်ဘူးညိုကီ🫠

29/03/2024

ချစ်ဖို့ကောင်းတာလေးတစ်ခု👩‍👧‍👦🪹✨

25/02/2024

အစားမတော် နှစ်လုံး 🪺🥴

16/02/2024

မတူလို့မတုတာကိုအဟုတ်ကြီးထင်နေတော့
ဇာတ်သိမ်းကဘယ်လှတော့မလဲ!

31/01/2024

ကမ္ဘာကြီးဟာ….အစာအိမ်ပေါ်မှာလည်ပတ်နေတယ်💥

24/01/2024

မယားထိဓားကြည့်ဆိုတာမျိုး🤭

20/01/2024

ဝှီးးးးဘုတ်!🦅Good Boy!

07/01/2024

Ecosystem🥀

07/01/2024

#နေရာ
🦅🦅🦅🦅🦅🦅🦅🦅🦅🦅
ရှေးရှေးတုန်းက ငှက်ချစ်တဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်။

ငှက်တွေကို ချစ်လွန်းလို့ နန်းတော်ထဲမှာ မွေးထားတာ တွေလည်း အများကြီး။ ငှက်ဘေးမဲ့ ဥယျာဉ်လည်းရှိတယ်။

နေပြည်တော်အတွင်း ငှက်တွေကို ပ.စ်သ.တ်ခြင်း မပြုရလို့လည်း အမိန့်ထုတ်ထားတယ်။

တစ်နေ့တော့ ဘုရင်ကြီးကို မုဆိုးတစ်ဦးက သိမ်းငှက်နှစ်ကောင်ကို လာဆက်တယ်။

ဘုရင်ကြီးလည်း ဝမ်းသာ လွန်းလို့ ငှက်မုဆိုးကို ဆုတွေချီးမြှင့်တယ်။

သိမ်းငှက်ဆိုတာ ဒီတိုင်းပြည်မှာ ရှားတယ်။ ဒါကြောင့် မုဆိုးကိုပဲ သိမ်းငှက်တွေကို လေ့ကျင့်ပေးဖို့ ငှက်ဆရာ ခန့်ပြီး လေ့ကျင့်စေတယ်။ မင်းပွဲညီလာခံမှာ သိမ်းငှက်အစွမ်းကို ပြဖို့လည်း တာဝန်ပေးထားတယ်။

မင်းပွဲစုံညီတဲ့နေ့ရောက်ချိန်မှာ ငှက်ဆရာက သိမ်းငှက်ကို အစွမ်းပြတယ်။

ပါးစပ်ထဲက ကျူရိုးလေးကို မှုတ်လိုက်ချိန်မှာ သိမ်းငှက်တစ်ကောင်က မိုးပေါ်ကို ပျံတက်၊ လေထဲမှာ ကျွမ်းထိုး၊ အမျိုးမျိုးဝဲပျံ၊ အမြင့်ကြီးကိုတက် အောက်ကို အတောင်ရုပ်ပြီး ထိုးဆင်းတဲ့ပြကွက်ကို ပရိသတ်က သဘောကျ လွန်းလို့ လက်ခုပ်သြဘာတွေ ပေးကြတယ်။

နောက်တစ်ကောင်အလှည့်

ငှက်ဆရာက ဘုရင်ရှေ့ ဒူးထောက်လိုက်တယ်

“ကျွန်တော်မျိုး ဒီတစ်ကောင်ကိုတော့ဖြင့် ဘယ်လိုမှ အမြင့်ကို ပျံအောင် မစွမ်းဆောင်နိုင်သောကြောင့် ရှက်မိပါတယ်။ အပြစ်ပေးလည်း ခံပါ့မယ်” လို့ လျှောက်တယ်။

ဘုရင်ကလည်း မြို့တွင်းမှာ မောင်းလှည့်

“သိမ်းငှက်ကို ပျံသန်းနိုင်အောင် စွမ်းဆောင်ပေးနိုင်သူအား ဆုငွေများ ပေးသနားမည်”

ဒီအချိန်မှာ နွားကျောင်းသားလေး တစ်ယောက်က

“အောင်မယ်လေး ငှက်များပျံအောင် လုပ်ပေးရင် ဆုရမယ်တဲ့”

“ကလေး မင်း လုပ်နိုင်သလား”

“လွယ်လွယ်လေးပါဘုရား”

ကဲ ကောင်းပြီ
နွားကျောင်းသားကို ဆရာတင်လိုက်ရတော့တယ်။

နွားကျောင်းသားက တစ်ပတ်ပဲလေ့ကျင့်ပေးပြီးတော့ ဘုရင့်ထံလျှောက်တယ်

“ ငှက်ပျံတတ်သွားပြီဘုရား”ဟုတ်နေတာပဲ။

ငှက်က ဟိုတစ်ကောင်အတိုင်း လိုက်ပျံနေတာပဲ

“ကလေး … မင်း ဘယ်လိုများ သင်လိုက်သလဲ”

“လွယ်လွယ်လေးပါဘုရား အဲဒီကောင်က သူ့နေရာကို အရမ်းခင်တွယ်နေတာ။ ဒါကြောင့် သူ့ကို ဘုံပျောက်အောင် လုပ်လိုက်တော့ ထပျံသပေါ့ဘုရား"

“ဟေ … ဘယ်လို”

“ကြည့်ပါလား … အဲဒီကောင်က ရွှေပင်ပေါ်နားပြီး သစ်သီးစားရတာကို ပျော်မွေ့နေတာ။ သူ့ကိုယ်သူ ဘာကောင်ဆိုတာ မေ့နေတာ။ ဒါကြောင့် သူနားနေတဲ့အကိုင်းကိုခုတ်ပြီး ဘုံပျောက်အောင် လုပ်လိုက်တော့ သူ့ဘဝအကြောင်း သူကောင်းကောင်း သိသွားပြီပေါ့”

နေရာကို ခင်တွယ်ပြီးတော့ မပျံနိုင်၊ မကြွနိုင်၊ မထနိုင်၊ မစားနိုင်၊ မသောက်နိုင်ဖြစ်နေတဲ့သူတွေလည်း လောကမှာအများသားကလား..

လိုအပ်ရင် အကိုင်းတွေ ခုတ်လိုက်ဖို့တော့ လိုအပ်မယ်ထင်ပါတယ်..။

credit

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

05/01/2024

bald Eagle💢🦅

# #

Address

90F
Mandalay

Telephone

+959981311351

Website

Alerts

Be the first to know and let us send you an email when Shwe Ayer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category