14/12/2025
☃️🎄Christmas promotion အနေဖြင့် PAP blood test လေး ၃ ကောင်စာ ထပ်ပြီး မဲဖောက်ပေးပါဦးမယ်။
✅ မိမိတို့ချစ်ရတဲ့ တိလေးတွေအား အထက်ပါ PAP test ကံထူးရှင် (3)ကောင်ထဲ ပါဝင်ဖို့အတွက်...
(1) Public ဖြင့် Share and React လုပ်ပေးရန်
(2) Comment မှာ screenshot ပြန်မန့်ပေးရန်
(3) 31.12.2025 ည 12 နာရီထိသာ ဖြစ်ပါသည်။
အထက်ပါအတိုင်း လုပ်ဆောင်ပေးပါက မိမိတို့ကလေးတွေအတွက် PAP test စစ်ဆေးခြင်းကို ပါဝင်ကံစမ်းနိုင်ပါသည်။
1.1.2026 ရက်နေ့တွင် ကံထူးရှင်လေးများအား ကြေညာပေးပါမည်။
‼️ သိရှိရမည့်အချက် - PAP test သည် သွေးဖောက်၍သာ စစ်ဆေးနိုင်ပါသဖြင့် မန္တလေးမြို့တွင်း သွေးဖောက်၍ ရနိုင်သော ခွေး၊ကြောင်ကလေးများအတွက်သာ အဆင်ပြေနိုင်ပါသည်။ကံစမ်းမဲပေါက်သူများသည် ဆေးခန်းသို့ လာရောက်၍ စစ်ဆေးရပါမည်။
Clinic Address: ၈၄ လမ်း၊ စစ်ကိုင်းမန္တလေး လမ်းမကြီးပေါ်၊ တဝမေတ္တာ လူမူကူညီရေးအသင်းအနီး၊ ကန်တော်ကြီး မီးပွိုင့်အကျော်
Ph no: 09 789 289 744
LA MIN THAR WINTER PROMOTION
PAP (မေ့ဆေးဒဏ်ခံနိုင်ရည် ရှိ/မရှိ စစ်ဆေးသော) Test *95000kyat*
အိမ်မွေးတိလေးများအတွက် မေ့ဆေးမပေးမီ သွေးစစ်ဆေးမှု (PAP test)စစ်ရခြင်းအကြောင်း နှင့် အရေးပါပုံကိုရှင်းပြပေးချင်ပါတယ်
၁။ PAP ဆိုတာဘာလဲ။ ?
* PAP ဆိုသည်မှာ Pre-Anaesthesia Profile (မေ့ဆေးမပေးမီ ပြုလုပ်သော သွေးစစ်ဆေးမှု) ဖြစ်သည်။
* မေ့ဆေးပေးခြင်း မပြုမီ၊ သင့်ခွေး သို့မဟုတ် ကြောင်၏ ခန္ဓာကိုယ်အတွင်း ကျန်းမာရေး အခြေအနေကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။
၂။ ဘာကြောင့် အရေးကြီးတာလဲ။?
မိမိတို့ အိမ်မွေးတိလေးများသည် အပြင်ပန်းက ကြည့်လျှင် ကျန်းမာနေသော်လည်း၊ တိလေးတို့၏ အသည်း သို့မဟုတ် ကျောက်ကပ် တွင် မသိရသေးသော ပြဿနာများ ရှိနေနိုင်ပါသည်။
မေ့ဆေးဆေးဝါးများကို အသည်းနှင့် ကျောက်ကပ်တို့မှ စွန့်ထုတ်ရသောကြောင့် ဤအင်္ဂါအစိတ်အပိုင်းများ ကျန်းမာမှသာ မေ့ဆေးသည် ဘေးကင်းစိတ်ချရ ပါမည်။ သွေးစစ်ဆေးမှု ရလဒ်အရ တစ်စုံတစ်ခု ပုံမှန်မဟုတ်ပါက၊ မေ့ဆေးပေးမည့် နည်းလမ်းကို ပြောင်းလဲခြင်း သို့မဟုတ် ကြိုတင်ကုသမှု ပြုလုပ်ခြင်းဖြင့် မေ့ဆေးကြောင့်ဖြစ်သော အန္တရာယ်များကို လျှော့ချ ပေးနိုင်ပါသည်။
၃။ ဘာတွေ စစ်ဆေး ပေးလဲ။
CBC (သွေးဆဲလ်များ)- သွေးအားနည်းခြင်း၊ ရောဂါပိုးဝင်ခြင်း၊ သွေးခဲနိုင်စွမ်း၊ ခွဲစိတ်နေစဉ် သွေးထွက်ခြင်းနှင့် ရောင်ရမ်းခြင်းကို ထိန်းချုပ်ရန်။
အသည်းနှင့် ကျောက်ကပ်၏ လုပ်ဆောင်ချက်- မေ့ဆေးဆေးဝါးများကို စွန့်ထုတ်နိုင်စွမ်း ရှိ/မရှိ စစ်ဆေးရန်။
ဆီးချိုရောဂါ (သို့) သကြားဓာတ် နည်းပါးခြင်း- မေ့ဆေးပေးနေစဉ်အတွင်း သကြားဓာတ် (glucose) ပြဿနာ မဖြစ်စေရန်။
ထိုကြောင့်PAP Testသည် ခွဲစိတ်မှုမပြုလုပ်မီသို့မဟုတ် မေ့ဆေးမပေးမီ အသက်ကယ်အစီအမံ (Safety Check) တစ်ခုဖြစ်သည်။
မိမိတို့အိမ်မွေးတိရစ္ဆာန်ေလးများ၏ ဘေးကင်းမှုနှင့် စိတ်ချရမှု အတွက် PAP test ကို အတက်နိုင်ဆုံး စစ်ဆေးပြီးမှသာခွဲစိတ်ခြင်း (operation)ပြုလုပ်ရန် ကျွန်ုပ်တို့၏ လမင်းသာ တိရစ္ဆာန် အထူးကု ဆေးခန်း မှ အလေးအနက် အကြံပြုအပ်ပါသည်။