ပုညဝတီ

ပုညဝတီ libery

13/10/2023

မိမိကိုယ်ကို ပြစ်တင်ဝေဖန်ခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်သော မိမိကိုယ်ကို ချစ်ခင်ခြင်း၊ နားလည်ခြင်းနှင့် နွေးထွေးစွာ ဆက်ဆံခြင်းများက ကိုယ့်ကို ပိုပြီး ကြင်နာတတ်သော၊ ကျန်းမာသော၊ ပိုပြီး ကူညီတတ်သောသူ တစ်ဉီးဖြစ်စေပါတယ်။

12/10/2023

အလိုဆန္ဒတိုင်းကို ဖြည့်ဆည်းဖို့ ကြိုးစားတာက သင့်ပိုက်ဆံတွေကို ကုန်စေတဲ့အပြင် သောကတိုးစေပါတယ်။

07/10/2023

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရလာအောင် ကြိုးစားတဲ့နေရာမှာ ကြောက်စိတ်တွေ အဆိုးမြင်စိတ်တွေရဲ့ လွှမ်းမိုးမှုအောက်ကနေ ရုန်းထွက်ပြီး ကိုယ်ရဲ့စိတ်ကူးတွေကို လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာ တစ်ခုခုလုပ်ဖို့ ရည်မှန်းချက်ရှိနေတယ်ဆိုရင် ကြောက်စိတ်တွေကို ရဲရဲရင်ဆိုင်ပြီး အခုပဲ အကောင်အထည်ဖော်လိုက်ပါ။

26/09/2023

အချိန်အများစုကို TVရှေ့မှာကုန်ဆုံး ခဲ့သူတွဟာ ကမ္ဘာကြီးကို ပြောင်းလဲ စေခဲ့တာလား သူတို့ရဲ့အချိန် တွေကို စာဖတ်ခြင်း မှာ ရင်းနှီးမြှုပ်နှံခဲ့သူ တွေဟာသာ ကမ္ဘာကြီးကို ပြောင်းလဲ ​စေ ခဲ့တာပါ
စာပေ အကြောင်းအရာ တစ်မျိုးတည်း မဖတ်ရှုပဲနဲ့ သုတ ရသ ဘာသာ ရေး အတ္ထုပတ္တိ စုံလင်စွာဖတ်ပါ
လူသာမန်

22/09/2023

တန်းဖိုးရှိတဲအချိန်တွကို တန်းဖိုးရှိတဲ့စာအုပ် ‌‌​တေွ နဲ့သာကုန်ဆုံးသင့်ပါတယ်
တချို့သော စာအုပ်တွေ ဟာမေ့ဖျောက်ဖို့ရာ မတန်သလို တချို့ စာအုပ်တွေကလည်း မှတ်သာဖို့ရာမထိုက်တန်ပါဘူး။
လူသာမန်

21/09/2023

စာအုပ်တစ်အုပ်ကိုမဖတ်ခင် မိမိကိုယ်ကို မိမိပြန်မေးကြည့်ပါ ဒီစာအုပ်ထဲက နေ ဘယ်လိုအကြောင်းရာမျိုး ဘယ်လိုအတွေးခေါ်မျိုးရနိုင်မလဲဆိုတာ။
စာအုပ်တွေထဲမှာ ရေးသားထားတိုင် အမှန်တရားတွေလို့ ပြောလို့မရပါဘူး စာရေးဆရာကဒီအ​​ ကြောင်းကိုဘယ်လိုသိသလဲ အမှန်တိုင်းပြောနေတာကောဟုတ်ရဲ့လားဆိုတာကိုစစ်ဆးသင့်ပါတယ်
လူသာမန်

21/06/2022

မင်းဒုက္ခရောက်နေတာတောင် မကူညီရကောင်းလား လို့
ဒေါသမထွက်ပါနဲ့။
ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။
ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကြည်းလိုက်ပါနဲ့။
မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။ မပါချင် မပါဘူး။
လမ်းခုလတ်က လှည့်ထွက်သွားတာလည်း
ဖြစ်ချင်ဖြစ်မယ်။
သေချာတာ ကိုယ်သွားချင်တဲ့လမ်း!
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။!

ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား?....
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်!
ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား?
လွတ်လပ်ခွင့်ပေးလိုက်!

သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။
တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။

ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။
ထွေထွေထူးထူး ကြေကွဲမနေနဲ့။!
ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်ဘူးနော်။

Credit to oranginal uploader

18/06/2022

Happy birthday ပါ အမေ

18/06/2022

ပိုက်ဆံအတွက်ပဲ အလုပ်လုပ်ရင်ဘယ်တော့မှမကြီးပွားဘူး။ဝါသနာပါတာကိုလုပ်ရင်ကြီးပွားဖို့သေချာတယ်။

အောင်မြင်မှုရဖို့ အချက်၂ ချက်လိုတယ်။ပထမ အချက်ကနေရာမှန်ကို အချိန်ကိုက်ရောက်သွားဖို့ပါ။ဒုတိယအချက်အဲဒီပထမ အချက်ကိုဖြစ်အောင်လုပ်ဖို့ပါ။

ကံကောင်းတယ်ဆိုတာ ချွေးထွက်နေမှဖြစ်တာပါ။ချွေးများများထွက်လေပိုပြီး ကံကောင်းလေပါပဲ။

မစွန့်စားရဲရင် စီးပွားရေးလုပ်ငန်းမလုပ်ပါနဲ့။

စိတ်ရှည် သည်းခံတာ ဇွဲရှိတာ ချွေးထွက်အောင်ကြိုးစားတာတွေ ပေါင်းလိုက်ရင် အောင်မြင်မှုဆိုတာပေါ်လာတာပဲ။

ကြမ်းပြင်မှာ ချထားတဲ့ကြိုး ပေါ်မှာလမ်းလျှောက်တာစွန့်စားတာမဟုတ်ပါဘူး။ပေ၂၀ မြင့်တဲ့ကြိုးတန်းပေါ်လမ်းလျှောက်တာ စွန့်စားမှုပါ။အမှီအခို မပါပဲတစ်ယောက်တည်းလုပ်ရတာမှ စွန့်စားမှုပါ။

စားသုံးသူဖောက်သည်ကို ဂရုစိုက်ပါ အဲဒါဆိုသင့်လုပ်ငန်း အလိုလိုအောင်မြင်လာပါလိမ့်မယ်။

ရေးကရော့

တစ်သက်မှာတစ်ခါလုပ်ချင်းတာကိုစမ်းလုပ်ကြည့်စမ်းပါ။လုပ်ရင်လည်းအကောင်းဆုံး ဖြစ်အောင်ကြိုးစားလုပ်ပါ။ကြိုးစားလို့အဆိုးဖြစ်တယ်ဆ...
16/06/2022

တစ်သက်မှာတစ်ခါလုပ်ချင်းတာကိုစမ်းလုပ်ကြည့်စမ်းပါ။လုပ်ရင်လည်းအကောင်းဆုံး ဖြစ်အောင်ကြိုးစားလုပ်ပါ။ကြိုးစားလို့အဆိုးဖြစ်တယ်ဆိုတာမရှိပါဘူး။

ဒီနေ့မှောင်နေတယ် မနက်ဖြန်ဆိုပိုမှောင်လိမ့်မယ်။ဒါပေမယ့် သန်ဘက်ခါကျရင်နေရောင်ခြည်ပေါ်ထွန်းလာလိမ့်မယ်။ဒီကနေ့ မနက်ဖြန်မှာလက်လျှော့လိုက်ရင်တော့နေရောင်ခြည်ကိုဘယ်တော့မှမြင်ရတော့မှာမဟုတ်တော့ဘူး။

ပြဿနာတွေကိုမညည်းပါနဲ့။ဝမ်းသာပါ။ပြဿနာထဲမှာအခွင့်လမ်းရှိနေလို့ပါ။

လက်မလျှော့သေးသရွေ့မင်းမှာအလားအလာ အခွင့်အလမ်းရှိသေးတယ်။လက်လျှော့လိုက်ရင် တော့အဲဒီအခွင့်အလမ်းမရှိတော့လို့ သင်ဟာအကြီးမားဆုံးအမှားကိုကျူးလွန်းလိုက်တာပဲ။

ပြိုင်ဘက်ကိုလေ့လားပါ။ဒါပေမဲ့သူတို့ကိုပုံတူကူးမချပါနဲ့။ပုံတူကူးချရင်တော့သ်ကျရှုံးပြီလို့သာမှတ်လိုက်ပါ။

၂၁ရာစုမှာအောင်မြင်နေဖို့ မင်းရဲ့ဝန်းထမ်းတွေဟာ မင်းထက်တော်နေသူတွေဖြစ်ပါစေ။

ဂျက်မား

မိမိလုပ်နေတဲ့အလုပ်ဟာစိတ်ထဲမှာအရမ်းလုပ်ချင်နေတဲ့အလုပ်မျိုးဖြစ်ပါစေ။လူအများလုပ်နေတာတွေကိုလိုက်မလုပ်ပါနဲ့၊ငွေနောက်မလိုက်ပါန...
14/06/2022

မိမိလုပ်နေတဲ့အလုပ်ဟာစိတ်ထဲမှာအရမ်းလုပ်ချင်နေတဲ့အလုပ်မျိုးဖြစ်ပါစေ။လူအများလုပ်နေတာတွေကိုလိုက်မလုပ်ပါနဲ့၊ငွေနောက်မလိုက်ပါနဲ့။အလုပ်ကိုချစ်လို့ကိုယ်ရောစိတ်ပါလုပ်ပြီး လုပ်နေရင်းနဲ့ကြီးပွားအောင်မြင်မှုဆိုတာနောက်ကလိုက်လာမှာပါ။

မိမိလုပ်နေတဲ့အလုပ်မှာစိတ်မဝင်စားရင်ဆက်မလုပ်ပါနဲ့။စိတ်ဝင်စားတဲ့အလုပ်ကိုပြောင်းလုပ်ပါ။

ဝန်းထမ်းတွေအလုပ်ထဲမှာစိတ်မပါတော့ဘူးဆိုရင် အဲဒါလုပ်ငန်းကျရှုံးမှုရဲ့အစပါ။

ငွေနောက်ကိုချည်းပဲလိုက်မနေပါနဲ့၊အလုပ်နဲ့မိသားစုဘဝဟာမျှတပါစေ။

လုပ်ငန်းကိုအမြဲတိုးတက်ပြောင်းလဲအောင်လုပ်နေရမယ်။ဒါမှကိုယ့်ပြိုင်ဘက်ဟာ ကိုယ်ဘာလုပ်နေလဲဆိုတာ မှန်းဆလို့မရမှာ။
ဖီလစ်မောင်

ဝင်ငွေတစ်ခုတည်းအပေါ်မှာမမှီခိုပါနဲ့ ဒုတိယဝင်ငွေရဖို့ရင်းနှီးမြုပ်နှံမှုပြုလုပ်ပါ။သင်မလိုအပ်တာတွေဝယ်နေရင် မကြာခင် သင်လိုအ...
14/06/2022

ဝင်ငွေတစ်ခုတည်းအပေါ်မှာမမှီခိုပါနဲ့ ဒုတိယဝင်ငွေရဖို့ရင်းနှီးမြုပ်နှံမှုပြုလုပ်ပါ။
သင်မလိုအပ်တာတွေဝယ်နေရင် မကြာခင် သင်လိုအပ်တာတွေ ရောင်းပစ်ရတဲ့အခြေနေဆိုက်ရောက်သွားလိမ့်မယ်။

လုပ်ငန်းစလုပ်ရင်မြစ်ထဲဆင်းသလို ခြေထောက်နှစ်ချောင်းလုံး စုံပစ်မဆင်းလိုက်ပါနဲ့။ခြေတစ်ချောင်းနဲ့စမ်းဆင်းကြည့်ပါ။ရေနက်နေရင်ခြေထောက်ကိုပြန်ဆွဲနှုတ်လို့ရတယ်။

ကြိုးစားအားထုတ်မှုဟာအခွင့်အလမ်းထက်ပိုအရေးကြီးပါတယ်။ကြိုးစားအားထုတ်မှုမရှိရင်တော့ အခွင့်အလမ်းကိုဆုံးရှုံးလက်လွှတ်သွားရမှာပါ။

တောင်း တစ်တောင်းထဲမှာကြက်ဥတွေအားလုံးထည့်ထားသလို ရင်းနှီးငွေကိုတစ်နေရာထဲမှာ မထားပါနဲ့။တောင်းလွတ်ကျရင်​ကကြက်ဥတွေအားလုံးကွဲသွားနိုင်တာမို့ တောင်းတွေတွေမှာ ​ကက်ြဥတွေခွဲထားပါ။

ရိုးသားမှုဆိုတာ တန်းဖိုးကြီးတာမို့ အဆင့်အတန်းမရှိတဲ့သူတွေဆီမှာ ရှာတွေ့မှာ မဟုတ်ပါဘူး။

နာမည်တစ်လုံးဟာအောင်မြင်မှုရဲ့သော့ချက်ပါ။နာမည်မပျက်စေဖို့ သင့်ဖောက်သည်တွေအပေါ်မှာသစ္စာရှိပါ။

ဆင်းရဲလို့စိတ်ဓာတ်မကျပါနဲ့။သင့်ကိုယ်ကိုknowledgeမှာရင်းနှီးမြုပ်နှံပါ။knowledgeပြည့်စုံသူဟာ ဘယ်ဟာကရင်းနှီးမြုပ်နှံသင့်တယ်ဆိုတာ သိလာလိမ့်မယ်။

ပိုက်ဆံကို သုံးပြီးမှကျန်တာကိုမစုပါနဲ့။ စုပြီးမှကျန်တာကိုသုံးပါ။

လီကာရှင်

Address

56street 106× 107
Mandalay

Telephone

+959978801668

Website

Alerts

Be the first to know and let us send you an email when ပုညဝတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category