Dr. Shine-တိရစ္ဆာန်ဆေးကုခန်း

Dr. Shine-တိရစ္ဆာန်ဆေးကုခန်း " တိရစ္ဆာန်လေးတွေ ကျန်းမာပျော်ရွှင်?

Bladder Stone Cystotomy (ဆီးကျောက်ခွဲစိတ်ခြင်း)
24/12/2025

Bladder Stone Cystotomy (ဆီးကျောက်ခွဲစိတ်ခြင်း)

ဒီနေ့ ဆေးခန်းမှာ သန်ချဆေးလာတိုက်တဲ့ ၄၅ ရက်သား ကလေးလေး ၂ ကောင်ပါမိဘမရှိသေးလို့ တကယ်ချစ်လို့ မွေးစားချင်တဲ့ တိချစ်သူများရှ...
07/12/2025

ဒီနေ့ ဆေးခန်းမှာ သန်ချဆေးလာတိုက်တဲ့ ၄၅ ရက်သား ကလေးလေး ၂ ကောင်ပါ

မိဘမရှိသေးလို့ တကယ်ချစ်လို့ မွေးစားချင်တဲ့ တိချစ်သူများရှိရင် ဆေးခန်းကိုဆက်သွယ်လို့ရပါတယ်

ဝဝတုပ်တုပ်ဖိုးဝရုပ်လေးတေပါ😍 ၊တကယ်ချစ်စရာ သနားစရာရုပ်လေးတေပါ ❤️❤️

အရမ်းချစ်တက် ကြင်နာတက်တဲ့ မိဘတွေဆီ အမြန်ဆုံးရောက်ရှိကြပါစေ ကလေးတို့ရေ 🙏🙏🙏

ကူ share ပေးခြင်းဖြင့် ချစ်ပေးကြပါဦးဗျ

one-female( white)
one -male

,PetSpa,Food&Accessories
၊110၊MDY
#09794277894
#09779004534

ကာကွယ်ဆေးထိုးပြီးသား ခွေးကိုက်ရင် ခွေးရူးကာကွယ်ဆေး ထပ်ထိုးဖို့လိုသေးလား?လူအများစုက 'မလိုတော့ဘူး' လို့ပြောကြတယ်။ ဒါပေမယ့်...
02/12/2025

ကာကွယ်ဆေးထိုးပြီးသား ခွေးကိုက်ရင် ခွေးရူးကာကွယ်ဆေး ထပ်ထိုးဖို့လိုသေးလား?
လူအများစုက 'မလိုတော့ဘူး' လို့ပြောကြတယ်။
ဒါပေမယ့် ဒါဟာ မှားပါတယ်။
ဘာလို့မှားလဲဆိုတာကို အတိုချုပ်လေး ရှင်းပြပါမယ်။

ခွေးရူးပြန်ရောဂါဟာ ၁၀၀% လောက်ကို အသက်အန္တရာယ်ရှိပါတယ်။
ဒါကြောင့် ပေါ့ဆမိတဲ့ တစ်ခုတည်းသော အမှားကလေးကနေ အသက်ဆုံးရှုံးနိုင်ပါတယ်။
အမှန်တရားကတော့ - ကာကွယ်ဆေးထိုးထားတဲ့ ခွေးကတောင် ရာနှုန်းပြည့် ဘေးကင်းတယ်လို့ အာမခံချက်မပေးနိုင်ပါဘူး။

ကာကွယ်ဆေးထိုးထားတဲ့ ခွေးမှာ ဘာ့ကြောင့် အန္တရာယ်ရှိသေးတာလဲ?

သေချာနားထောင်ပါ။ ခွေးက ကာကွယ်ဆေးထိုးထားရင်တောင်မှ-
• နောက်ဆက်တွဲဆေး (booster) ထပ်မထိုးမိတာ
• ကာကွယ်ဆေးကို အအေးခန်းထဲမှာ သေချာထိန်းသိမ်းမထားတာ
• ခွေးကို ကာကွယ်ဆေးမထိုးခင် ရောဂါပိုးစတင်ဝင်နေတာ
• ခွေးရဲ့ ကိုယ်ခံအားစနစ် အားနည်းနေတာ
စတဲ့ အကြောင်းရင်းတွေ ရှိနေနိုင်ပါတယ်။

ဒါကြောင့် ကာကွယ်ဆေးထိုးထားတဲ့ ခွေးကလည်း ခွေးရူးရောဂါပိုးကို သယ်ဆောင်နေနိုင်ပါတယ်။
ဖြစ်နိုင်ခြေနည်းပေမယ့် လုံးဝသုညတော့ မဟုတ်ပါဘူး။

ခွေးကိုက်ခံရရင် ဘာလုပ်ရမလဲ?
အဆင့် ၁: ဒဏ်ရာကို ဆပ်ပြာနဲ့ ရေသုံးပြီး ၁၅မိနစ်ကြာဆေးကြောပါ။
အဆင့် ၂: ဆေးခန်း (သို့) ဆေးရုံကို အမြန်သွားပါ။
အဆင့် ၃: ခွေးရူးကာကွယ်ဆေး စထိုးပါ။
ဒါဟာ ခွေးရူးရောဂါအဖြစ်များတဲ့ နိုင်ငံတိုင်းမှာ ကျင့်သုံးတဲ့ စံနှုန်း အပြည့်စုံဆုံး နည်းလမ်းပါ။

ဘယ်သူတွေက ဒီလိုပြောတာလဲ?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရှင်းရှင်းလင်းလင်းပြောထားပါတယ်။
ခွေးကိုက်ခံရရင် (ကာကွယ်ဆေးထိုးထားတဲ့ ခွေးဖြစ်ပါစေ) အောက်ပါအချက်သုံးချက်စလုံး မပြည့်မီသမျှ ကာကွယ်ဆေးထိုးဖို့လိုအပ်တယ်။
၁။ ခွေးကကျန်းမာရမယ်
၂။ ကာကွယ်ဆေးအပြည့်ထိုးထားရမယ်
၃။ ခွေးကို ရူးမရူး ၁၀ ရက်ကြာ စောင့်ကြည့်ရမယ်

အရေပြားကိုပေါက်ပြဲစေတဲ့ ကိုက်ခံရမှုတိုင်း → ခွေးရူးကာကွယ်ဆေး ထိုးပါ။
လက်၊ မျက်နှာလို အာရုံကြောများတဲ့နေရာမှာ ပြင်းထန်စွာကိုက်ခံရရင် (သို့) ဒဏ်ရာများရင် → ခွေးရူးပဋိဇီဝပစ္စည်း (immunoglobulin) ပါ ထိုးဖို့လိုနိုင်ပါတယ်။

ခွေးရူးရောဂါဟာ သေနှုန်းမြင့်ပေမယ့် ၁၀၀% တားဆီးကာကွယ်လို့ရပါတယ်။
သင့်အသက်နဲ့ လောင်းကြေးထပ်ပြီး စွန့်စားခြင်းမလုပ်ပါနဲ့။
ကာကွယ်ဆေးထိုးထားတဲ့ ခွေးဖြစ်စေ၊ မထိုးထားတဲ့ ခွေးဖြစ်စေ - သင့်ကိုကိုက်ရင် ကိုယ်တိုင်ကုသမှုခံယူပါ။

မူရင်းရေးသားသူအား လေးစားစွာ crd ပေးပါတယ်

မနေ့က “မဲလုံး”လေး  သဲပုံပေါ်မှာ ထိုင်ထိုင်နေတယ် ၊ အစားလည်းပဲ မစားဘူး ဆရာဆီးကျောက် အမှုန် ၊ အမွှားလေးတေ ဆီးလမ်းကြောင်း ပိ...
01/12/2025

မနေ့က
“မဲလုံး”လေး သဲပုံပေါ်မှာ ထိုင်ထိုင်နေတယ် ၊ အစားလည်းပဲ မစားဘူး ဆရာ
ဆီးကျောက် အမှုန် ၊ အမွှားလေးတေ ဆီးလမ်းကြောင်း ပိတ်(urethra blockage ) ၊ ဆီးထဲသွေးပါ ပီး ဆီးမသွားနိုင်တာကြောင့် သဲပုံမှာ ထိုင်ထိုင်ပီး ဆီညှစ်နေခြင်းဖြစ်ပါတယ်
ဆီပိုက်တပ်၊ ဆီးလမ်းကြောင်းသန့်ရှင်းရေးလုပ် ပီး လိုအပ်တဲ့ ကုသမှုများ ပြုလုပ်ပေးခဲ့လို့ ဒီနေ့တော့ အစာစားနေပါပီ
လိုအပ်ခဲ့ ရင်တော့ ကျောက်ကပ်ထိခိုက်မှု ရှိ/မရှိ သွေးစစ်ရမာပါ
ကျောင်းဆီးမသွားနိုင်တာ ၊ဆီးသွားသွေးပါတာများ ဖြစ်ခဲ့ရင် မပေါ့ဆဘဲ အချိန်မီ ဆေးခန်းပြပေးဖို့ လိုအပ်ပါတယ်
အသေးစိပ်သိရှိလိုပါက cb မှ အခမဲ့ မေးမြန်းနိုင်ပါတယ်ဗျ

ေးဖြစ်ပါစေကြောင်း🙏

ဟိလာနေချိန် တာဆိုးထိုးမိ တားဆေးထိုးပီးမှ မိတ်လိုက် ကိုယ်ဝန်ရလာပီး မွေးရက်နီးမှကလေးတွေသေ ပုပ်ပွပီး မမွေးနိုင်လို့ အရေးပေါ...
12/11/2025

ဟိလာနေချိန် တာဆိုးထိုးမိ
တားဆေးထိုးပီးမှ မိတ်လိုက်
ကိုယ်ဝန်ရလာပီး မွေးရက်နီးမှကလေးတွေသေ
ပုပ်ပွပီး မမွေးနိုင်လို့ အရေးပေါ်ခွဲစိတ်ပေးခဲ့ရတဲ့ အသက် 7 နှစ်ရှိတဲ့ “Pinky “လေး
ခွဲခန်းမဝင်မီ နှလုံးသန် (CHW) ရှိ/မရှိ စစ်
(နှလုံးသန် မရှိပါ)
အသည်း နဲ့ ကျောက်ကပ် ကောင်း/မကောင်း အတိကျသိရဖို့ အသည်း ၊ကျောက်ကပ်အတွက် သွေးစစ်ခဲ့ပါတယ်
ဆေးခန်းမှာပဲ စစ်လို့ရနေပီမို့ Pinky လေးအတွက် အတော်လေး သက်သောင့်သက်သာရှိခဲ့ ပါတယ်

သွေးစစ်ချက်အဖြေအရ အသည်းနည်းနည်းကြီးတာ ကျောက်ကပ် နည်းနည်း ကြီးတာမျိုး တွေ့ရပါတယ်
ဒါကြောင့် အသည်းနဲ့ ကျောက်ကပ် အတွက်ပါ လိုအပ်တဲ့ ဆေး သွင်း၊ ဆေးချိတ်လုပ်ပီး အမြန်းဆုံးခွဲခန်းဝင်ခဲ့ရပါတယ်
အသည်းနဲ့ ကျောက်ကပ် ကို ထပ်ပီး မထိခိုက်စေရန် နောက်ဆုံးပေါ် အဆင့်မြင့် မေ့ဆေး နဲ့ မေးဆေး စက်ကိုတွဲသုံးပီး အကောင်းဆုံး ခွဲစိတ်ပေးခဲ့ပါတယ်
ခွဲစိတ်မှု လေး အောင်မြင်ခဲ့လို့ Pinky လေး အရမ်းကံကောင်း ခဲ့ပါတယ် (သားအိမ်ပါတစ်ခါတည်းထုတ်ပေးခဲ့ပါတယ်)
ကလေးအသေတွေနဲ့ သွေးဆိပ်တက်နေခဲ့လို့ မစား ၊ မသောက်နိုင်၊လမ်းကောင်းကောင်း မလျှောက်နိုင်တော့တဲ့ “Pinky “လေး ခွဲပီး နောက်ရက်မှာတော့ ဖလန်းဖလန်းနဲ့ အစာတွေ စားနိုင်လာပါတယ်
အခြေနေကောင်းမွန်ပါတယ် ၊အရမ်းစိတ်ပူနေခဲ့ရတဲ့ ပိုင်ရှင်လည်း ပြုံရွှင်လာပါတယ် 😁

Check- up လုပ်ချင်တာပဲဖြစ်ဖြစ်

#ခွဲစိတ်မှုပြုလုပ်ဖို့ သွေးစစ်ချင်တာပဲဖြစ်ဖြစ်

#ဆေးခန်းပြနေတာ မသက်သာလို့ပဲဖြစ်ဖြစ် Dr. Shine မှာ သွေးစစ်( GHP) လို့ရနေပါပီဆိုတဲ့အကြောင်း သတင်းကောင်းလေး ပါးပါရစေ ခမျ❤️❤️👨‍🔬👨‍🔬

၊ December နှစ်လတိတိ 10•/• ( တစ်ဆယ်ရာခိုင်နှုန်း) Discount လေးပေးထားပါတယ် ခမျ ❤️❤️

#အမြန်ဆုံးလာစစ်လို့ရပါပီခမျ

#သွေးစစ်ကြာချိန် 👉 ၁၅ မိနစ်ဆို အဖြေသိရပါတယ်ခမျ

❌ခွေး ၊ ကြောင် ဟိလာနေချိန် လုံးဝ တားဆေးမထိုးပါနဲ့ဗျ❌


၊110(မနော်ဟရီ)၊MDY
#09794277894၊ 09779004534
#ဆေးခန်းဖွင့်ချိန်8:30AM-7:30PM

03/11/2025
“ဝု တစ်ရေးလောက်အိပ်လိုက်အူးမယ် “😍😍ပီးမှ ဆေးထိုး💉💉 ဟူးမန်း 🤣🤣
19/10/2025

“ဝု တစ်ရေးလောက်အိပ်လိုက်အူးမယ် “😍😍
ပီးမှ ဆေးထိုး💉💉 ဟူးမန်း 🤣🤣

ဗိုက်ဖောင်းလို့ လာပြတဲ့ မြောင်ထီးလေး ရေဗျည်း ဖြစ်နေတယ် ဗိုက်ထဲက ထွက်လာတဲ့အရည်တေ မနည်းဘူး    ၊110(မနော်ဟရီ) #09794277894 ...
27/09/2025

ဗိုက်ဖောင်းလို့ လာပြတဲ့ မြောင်ထီးလေး
ရေဗျည်း ဖြစ်နေတယ်
ဗိုက်ထဲက ထွက်လာတဲ့အရည်တေ မနည်းဘူး

၊110(မနော်ဟရီ)
#09794277894
#09779004534

အစာသိပ်မစားတာ ကြာပီ၊တစ်ဖြည်းဖြည်းပိန်လာတယ်အသက်ရှူရင် ဗိုက်ကြီးက အတင်း ချပ်ပီးရှူရတယ်၊မှိုင်နေတယ် ဆိုပီး ဆေးခန်းလာပြတဲ့ “...
23/09/2025

အစာသိပ်မစားတာ ကြာပီ၊တစ်ဖြည်းဖြည်းပိန်လာတယ်
အသက်ရှူရင် ဗိုက်ကြီးက အတင်း ချပ်ပီးရှူရတယ်၊မှိုင်နေတယ် ဆိုပီး ဆေးခန်းလာပြတဲ့ “ဘုတ်အီးမ”လေး
နှလုံး နဲ့ အဆုတ်ရှိတဲ့ ရင်ဘက်ပိုင်း (chest cavity) ထဲ ရေတွေစုလာပီး (Pleural effusion) အသက်ရှူကြပ်၊ မောနေလို့ အစာမစားနိုင် ၊ ပိန်လာခြင်းဖြစ်ပါတယ်
အဆုတ်ဘေးမှာ ဝိုင်းနေတဲ့ ရေတွေထုတ်ပီး ၅ ရက်ကြာ ဆေးကုသပေးခဲ့လို့ မမ “ ဘုတ်” အစာတွေစား ၊လန်းဆန်း ကျန်းမာလာခဲ့ပါပြီ (အတော်လေးတော့ စိတ်ပူခဲ့ရပါတယ်)

“မိတုန်” လေး အန်၊ ဝမ်းလျောလို့ မနက်ပိုင်းကဆေးခန်းလာပြတယ်ဆေးသွင်း ၊ဆေးချိတ်ပီး ညနေ ၆:၃၀ ပြန်ချိန်းလိုက်တယ်ပိုင်ရှင်က ၁ ကြ...
11/09/2025

“မိတုန်” လေး အန်၊ ဝမ်းလျောလို့ မနက်ပိုင်းကဆေးခန်းလာပြတယ်
ဆေးသွင်း ၊ဆေးချိတ်ပီး ညနေ ၆:၃၀ ပြန်ချိန်းလိုက်တယ်
ပိုင်ရှင်က ၁ ကြိမ်ဝမ်းသွားပီး ၂ ကြိမ်ထပ်အန်နေသေးတယ်ပြောတယ်၊ ဝမ်းထဲမှာ သွေးစလေတေပါလာတယ်
ဒါနဲ့ကိုယ်ပူချိန်တိုင်ဖို့ စအိုကို ကြည့်လိုက်တော့ စအိုဝမှာ ထွက်နေတဲ့ အသားစလိုမျိုးတွေ့လိုက်တယ်
ဆွဲနှုတ်ကြည့်တော့ ပုံထဲကအတိုင်းပါပဲ
အလွန်ရှည်လျားသော သန်ပြားကောင်(Tapeworm)ပါ

1️⃣တိချစ်သူ ဖီဖီမီမီတို့ရေ ကိုယ့်ကလေး အသက် ၂ ပတ်သားအရွယ်ကစလို့ ဆေးခန်းမှာ ကိုယ်လေးချိန်ချိန်ပီး သန်ချဆေးသေချာတိုက်ပေးကြပါဗျ
2️⃣၂ ပတ် ၁ ကြိမ် နှုန်းနဲ့ ၄ ကြိမ်ပြည့်အောင် သေချာလေးသန်ချပေးကြပါဗျ
3️⃣အကယ်၍ မိမိကလေးက ၂-၃ ပတ်သားအရွယ်မှာ သန်တေကျနေတယ်ဆိုရင်တော့ သန်ချဆေး ၁ ကြိမ်နဲ့ ၁ ကြိမ်ကြား ၁ ပတ်ခြားမလား ၊၁၀ ရက် ခြားမလား ၊၂ ပတ်ခြားမလား ဆိုတာတော့ ကလေးအခြေနေပေါ်မူတည်ပီး ဆရာဝန်ရဲ့ လမ်းညွှန်မှုအတိုင်း သေချာလေးလိုက်နာဖို့လိုပါတယ်ဗျ
4️⃣၄ ကြိမ်တိုက်ပီးတဲ့နောက်မှာတော့ ၁ လမှာ ၁ ကြိမ်(သို့)၂ လမှာ ၁ ကြိမ်( သို့)၃ လမှာ ၁ ကြိမ် တိုက်ပေးဖို့လိုအပ်ပါတယ်(ကလေးရဲ့ နေထိုင်စားသောက်မှု lifestyle ပေါ်မူတည်ပီး ဆရာဝန်ရဲ့ လမ်းညွှန်မှု အတိုင်း လိုက်နာပေးပါဗျ)

💊မိမိသဘောဖြင့် အိမ်မှာ သန်ချဆေးဝယ်တိုက်တာမျိုး မလုပ်ကြပါနဲ့ဗျ❌❌❌

ဗိုက်မှာ အနာဖြစ်လို့ ဆေးလိမ်းပီး လျှာနဲ့ပြန်မလျက်အောင်လည်ပင်းကော်လာတပ်ပေးတယ်ပိုင်ရှင်က ကော်လာကို အတည့်တ်ုင်းတပ်ရင် သူက မ...
05/09/2025

ဗိုက်မှာ အနာဖြစ်လို့ ဆေးလိမ်းပီး လျှာနဲ့ပြန်မလျက်အောင်လည်ပင်းကော်လာတပ်ပေးတယ်
ပိုင်ရှင်က ကော်လာကို အတည့်တ်ုင်းတပ်ရင် သူက မရဘူး၊ ပြောင်းပြန်တပ်မ ရတယ်တဲ့ 😁
Fatty မလေး”ပုလဲ”လေးကတော့လုပ်ပီ🤣🤣
ဆီးလမ်းကြောင်းပိတ် ဆီးမသွားနိုင်တဲ့ ကိုကြီး”ET”နှင့် ဗိုက်မှာ ယားနာပေါက်တဲ့ Fatty မလေး မ”Pearl”
မတည့်အတူနေ မမြင်ချောင်းကြည့်၊လှောင်အိမ်ထဲရောက်တာနဲ့ ရန်သတ်နေကြပီ😍😍😍

ော်ဟရီMDY
#09794277894
#09779004534

Address

48x49, 110(မနော်ဟရီ)ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
Mandalay

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959794277894

Website

Alerts

Be the first to know and let us send you an email when Dr. Shine-တိရစ္ဆာန်ဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. Shine-တိရစ္ဆာန်ဆေးကုခန်း:

Share

Category