PEN'S PET HOUSE

PEN'S PET HOUSE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PEN'S PET HOUSE, Pet Store, Magway.

ဘဝဆက်တိုင်း..မျက်ခုံး​မွှေးထူထူ​လေးဖြစ်ရပါ​စေ..ဆု​တောင်းပြည့်ခဲ့သူကြီး...😅
21/09/2021

ဘဝဆက်တိုင်း..မျက်ခုံး​မွှေးထူထူ​လေး
ဖြစ်ရပါ​စေ..
ဆု​တောင်းပြည့်ခဲ့သူကြီး...😅

တော်တော်လေးများ လန့်သွားလား ဟူးမန်းမ💛
21/09/2021

တော်တော်လေးများ
လန့်သွားလား ဟူးမန်းမ💛

ရင်ထဲ ပေါ့‌သွားအောင်ဆူလိုက်ပါအုန်း😏
20/09/2021

ရင်ထဲ ပေါ့‌သွားအောင်
ဆူလိုက်ပါအုန်း😏

အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ကလေးတွေအတွက်လည်း စဉ်းစားရပါတော့မယ်။ စာအရှည်ကြီးတွေ မရေးတော့ပဲ ညီမအိမ်က ကလေးတွေအတွက် ညီမပြင်...
07/09/2021

အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ကလေးတွေအတွက်လည်း စဉ်းစားရပါတော့မယ်။ စာအရှည်ကြီးတွေ မရေးတော့ပဲ ညီမအိမ်က ကလေးတွေအတွက် ညီမပြင်ထားမယ့်ပုံကိုပဲ တစ်ခါတည်း ရေးပြလိုက်ပါမယ်။

၁။ လည်သိုင်းကြိုး / Harness/ Crate ဆောင်ထားပါ။ တစ်ခုခုဆို သွက်သွက်လှုပ်ရှားရမှာမို့ သူတို့ကို အဲ့ပစ္စည်းတွေနဲ့ ရင်းနှီးအောင် ထားပေးပါ။ ဥပမာ - လည်သိုင်းကြိုးနဲ့ လမ်းလျှောက်ပေးခြင်း၊ crate ထဲနေတတ်အောင် ကျင့်ပေးခြင်း။

၂။ ကလေးကို ဘယ်သူက တာဝန်ယူခေါ်ဆောင်မလဲဆိုတာ ကြိုတင်စီစဉ်ဆုံးဖြတ်ပါ။

၃။ emergency kit လေး ပြင်ဆင်ပါ။ emergency kit ထဲမှာ
- ၂ပတ်စာ အစာရေစာ
- ၂ပတ်စာ ဆေးဝါး
- ဆေးမှတ်တမ်းစာအုပ်
- Betadineလို ထိခိုက်ဒဏ်ရာထည့်တဲ့ဆေး
- ပတ်တီးလိပ်
- Guardizenလို အူလမ်းကြောင်းအတွက်ဆေး
- Thermometer
- ဆေးထိုးအပ်ပြွန်အကြီး
- Hydrogen Peroxide
- ဂွမ်း
- တစ်ရှူးလိပ် နဲ့ တခြားကိုယ့်ကလေးဖြစ်နေကျ ရောဂါတွေနဲ့ သင့်တော်မယ့် ဆေးဝါးလေးတွေ ပါပါတယ်။

၄။ ကလေးတွေနဲ့ အစမ်းလေ့ကျင့်ပါ။ ရုတ်တရက် ထွက်ခွါရမယ်ဆို လေ့ကျင့်ထားမှ အဆင်ပြေမှာပါ။

ညီမကတော့ ဒီဟာတွေပဲ စီစဉ်ထားပါတယ်။
လိုအပ်တာလေးတွေကိုလည်း post အောက်မှာ ပြောပြခဲ့ပေးနော်။

အကြောက်မလွန်ပဲ တစ်ခုခုဆို ခေါင်းအေးအေးနဲ့ ဒီကာလကြီးကို ကလေးတွေရော ဖေဖေမေမေတွေပါ ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

crd;

Bubble teaက မင်းဝယ်တိုက်မှအရသာရှိတာမျိုး🤭
05/09/2021

Bubble teaက မင်းဝယ်တိုက်မှအရသာရှိတာမျိုး🤭

မိဖြူရယ်ဒါဘယ်လိုဖြစ်ရတာလဲ  ရှင်းပြပါအုန်းဟာ😂
03/09/2021

မိဖြူရယ်
ဒါဘယ်လိုဖြစ်ရတာလဲ ရှင်းပြပါအုန်းဟာ😂

ကိုယ်ဝန်ဆောင် ခွေးမလေးများ ပြုစုစောက်ရှောက်ခြင်းနှင့်  မီးဖွားခြင်းတိရစ္ဆာန် ချစ်တတ်တဲ့သူတိုင်း အလိုချင်ဆုံးကတော့ မိမိတိ...
03/09/2021

ကိုယ်ဝန်ဆောင် ခွေးမလေးများ ပြုစုစောက်ရှောက်ခြင်းနှင့် မီးဖွားခြင်း

တိရစ္ဆာန် ချစ်တတ်တဲ့သူတိုင်း အလိုချင်ဆုံးကတော့ မိမိတို့ရဲ့ အချစ်တော် ခွေးလေးတွေရဲ့ မျိုးဆက်လေးတွေပါပဲ ။ ဒီလိုပါပဲ ခွေးလေးတွေ သန်သန်မာမာနှင့် လူလော့ကထဲရောက်လာအောင် မီးဖွားပေးရတာကလည်း အရမ်းစိတ်လှုပ်ရှားစရာ ကေားတဲ့အခိုက်အတန့် တစ်ခုဆိုလည်း မမွားပါဘူး ။ Breeder တွေအနေနှင့် ပုံမှန် သားဖောက် မီးဖွားပေးနေကျဆိုတော့ ခွေးလေးတွေ ကလေးမွေးတယ်ဆိုတာ အခက်အခဲတစ်ခု မဟုတ်ပေမဲ့ အခုမွ စေမြးတဲ့ လူတွေအတွက်ကတော့ ကြိုတင်ပြင်ဆင်မူတွေ အများကြီး လိုအပ်ပါတယ် ။

ခွေးတွေရဲ့ ကိုယ်ဝန်ဆောင်ကာလ ဘယ်လောက်လဲ ?
ခွေးမလေးတစ်ကောင်ရဲ့ ကိုယ်ဝန်ဆောင်ကာလက ၆၃ ရက်ပါ ။သို့သော် တစ်ခါတစ်ရံ ၅ ရက်စောမွေးတာ ၊ ၅ရက်နောက်ကျ မွေးတာလည်း ကြုံနိုင်ပါတယ် ။ ဒီလိုတိုတောင်းလှတဲ့ အချိန်ကာလ ၂လတွင်း အဖြစ်အပျက်တွေကလည်း မြန်ဆန်သလို ဂရုစိုက်ရမှာကလည်း များလှပါတယ် ။

ကိုယ်ဝန်ရှိမရှိ ဘယ်လိုစစ်မလဲ ?
ကိုယ်ဝန်ရှိမရှိ သိချင်ရုံပဲဆိုတော့ လွယ်ကူပါတယ် သွေးဖောက်ပြီး စစ်လိုက်ရုံပါပဲ ။ သို့သော် အကောင်ရေ ပမာဏအတိအကျသိချင်ရင်တော့ ကိုယ်ဝန်ဆောင်ကာလာက ၂၅ ရက္ကေန ၃၅ ရက်အတွင်း Ultrasound ရိုက်ပြီး ကလေးအရေအတွက် သိနိုင်ပါတယ် ။ သို့သော် ကိုယ်ဝန်ရှိမရှိ လောက်ပဲအတည်ပြုနိုင်ပြီး အကောင်ရည် ပမာခန့်မှန်းမူကတော့ အနည်းငယ်လွံနိုင်ပါတယ် ။ အကောင်းဆုံး ကေတာ့ ကိုယ်ဝန်ဆောင်ကာလာက ၄၅ ရက်နောက်ပိုင်းမှာ ဓာတ်မှန်ရိုက်နိုင်ပြီမို့ မိခင်ဗိုက်ထဲမှာ ခွေးလေးတွေရဲ့ အရိုးတွေ ကြီးထွားလာပြီမို့ အရည်အတွက်ကိုပါခန့်မှန်းနိုင်ပါပြီ ။
ဆေးပညာ မဖွံဖြိုးသေးတဲ့ အချိန်ကတော့ ကိုယ်ဝန်ဆောင်ကာလာက ၂၈ ရက်လောက်မှာ ဆရာဝန္က ဗိုက်ကို ကိုင်တွယ်စမ်းသပ်ကြည့်ပြီး ကိုယ်ဝန်ရှိမရှိ ခန့်မှန်းပြောလေ့ရှိပါတယ် ။ဒါပေမဲ့ အဲလို ကိုယ်တွယ်စမ်းသပ်တာဟာ ဗိုက်ထဲမှာရှိတဲ့ ကလေးတွေကို မတော်ရင် ထိခိုက်နိုင်တာမှာ အန္တာရယ် ရှိနိုင်ပါတယ် ။
နောက်တစ်နည်း အနေနှင့် ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ လက္ခဏာ တွေကတော့
အစာပိုစားလာတာ
ခန္ဓာကိုယ် အလေးချိန်ပိုကြီးလာတာ
နို့အုံပိုကြီးလာတာ
ကိုယ်ဝန်ဆောင်ကာလာက နောက်ပိုင်းကိုရောက်လာရင်တော့ နို့အုံတွေက သိသိသာသာကြီးလာတာ ၊ မအင်္ဂကလည်း ပိုပြီးကြီးလာတာ ၊မွေးရက်နီးလာရင် တစ်ခါတစ်ရံ နို့ဦးလေးတွေ ကျလာတာပါတွေ့နိုင်ပါတယ် ။

ကိုယ်ဝန်ဆောင်ကာလာက အစာကျွေးခြင်း
ကိုယ်ဝန်ဆောင်ကာလာကမှာ ကျွေးတဲ့အစာဟာလည်း ပုံမှန်အချိန်မှာကျွေးနေတဲ့ အစာမျိုး ကျွေးပေးလို့မရပါဘူး ။ အစာခြောက်ကျွေးနေတဲ့ ခွေးမလေးတွေဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလာအတွက် အထူးထုတ္ထားတဲ့ အစာပြောင်းကျွေးရပါမယ် ။
ပုံမှန် မိရိုးဖလာကျွေးနေတဲ့ ခွေးမလေးတွေအတွက်ကတော့ အသားဓာတ်တိုးကျွေးတာ ၊ လိုအပ်တဲ့ ဖြည့်ဆွက်စာထည့်ကျွေးတာ ၊ကိုယ်ဝန်ဆောင် အားဆေး တိုက်ပေးတာမျိုးလည်း လုပ်ရပါမယ် ။ တစ်ချို့သော စစ်တမ်းတွေအရ ခွေးမလေးတွေရဲ့ ကိုယ်ဝန်ဆောင်ကာလာက နောက်ပိုင်းမှာ အစာစားနှုန်းဟာ သူတို့ပုံမှန် စားနေတဲ့ ပမာဏထက် ၃၀ ကေန ၃၅ ရာနှုန်းထိ များလာရမယ် တိုးကျွေးရမယ်လို့လည်း ဖော်ပြကြပါတယ် ။ဒါဟာလည်း မိခင်ရဲ့ ခန္ဓာကိုယ် လိုအပ်ချက်အရကျွေးတာတင်မဟုတ်ပဲ ဗိုက်ထဲက ကလေူတွေကြီးထွားဖို့အတွက် ကျွေးတာကြောင့် ပိုများများ ကျွေးခိုင်းရတာဖြစ်ပါတယ် ။

မွေးဖွားရန် ပြင်ဆင်ခြင်း
ကိုယ်ဝန်ဆောင်ကာလာက ၂လ အတွင်းရောက်လာရင် ကြိုတင်ပြင်ဆင်မူတွေ စလုပ်သင့်ပါပြီ ။ ပထမဦးဆုံးအနေနှင့် ကလေးမွေးရန် အခန်းနှင့် သေတ္တာလေးတစ်ခုလုပ်ပေးရပါမယ် ။ ခွေးလေးတွေ မီးဖြားမဲ့ အခန်းဟာ ပိုးမွှားကင်းစင်ပြီး ဆိတ်ငြိမ်တဲ့ နေရာမျိုးဆို ပိုသင့်တော်ပါမယ် ။ Whelping box လို့ခေါ်တဲ့ ခွေးပေါက်လေးတွေထဲ့မဲ့ သေတ္တာလိုမျိုး ခြင်းတစ်ခုလည်း ပြင်ဆင်ထားရပါမယ် ။ အဲဒီခြင်းဟာ ခွေးမရဲ့ အရွယ်အစားကိုလိုက်ပြီး အကြဖ်ူအသေး ရွေးချယ်ရပါမယ် ။ ကလေးတွေကို အလြယ္တစ္ကူ ဝင်ရောက် နို့တိုက်နိုင်မဲ့ အနေအထားလည်း ဖြစ်ရသလို လူတွေလည်း အပြင်က ကူညီပေးလို့ရမဲ့ အနေအထားဖြစ်ဖို့ အရေးကြီးပါတယ် ။
တစ်ဆက်တည်း အနေနှင့် ကလေးမွေးဖွားလာရင် နွေးနွေးထွေးထွေး သန့်သန့်ရှင်းရှင်း ထားပေးနိုင်ဖို့ အခင်း ၊ ကလေးတွေကိုသုတ်ပေးနိုင်ဖို့ ခြောက်သွေ့ သန့်ရှင်းတဲ့ အဝတ္စ ၊ ရေမွှာဖောက်ဖို့ နှင့်အချင်းဖြတ်ဖို့ ကတ်ကြေး ၊ ချက်ကြိုးချည်ရန် Cat gut လို့ခေါ်တဲ့ ချည် နှင့် ချက်တိုင်ပိုးမဝင်အောင် သုတ်ပေးဖို့ iodine ဆေးရည် စတာတွေလည်း ပြင်ဆင်ထားရပါမယ် ။
ရာသီဥတုအေးတဲ့ အချိန်မျိုးမှာဆိုရင်တော့ ကလေးတွေ အပူပေးဖို့ heater သိုမြဟုတ် မီးသီးတွေလည်း ပြင်ဆင်ထားရပါမယ် ။
ဖြစ်နိုင်ရင်တော့ ကလေးတွေ မီးဖွားလာရင် အလေးချိန် ချိန်ပေးနိုင်အောင် အောင်စ ထိ ချိန်လို့ရတဲ့ အလေးချိန်တဲ့ စပါပြင်ဆင်ရပါမယ် ။

ခွေးမမီးဖွားခြင်း
များသောအားဖြင့် လူတွေရဲ့ အကူညီမပါပဲ မီးဖွားတတ်ကြပေမဲ့ အလေအလွင့် အထိအခိုက်မရှိအောင်သာအောင် လူတွေက ကူညီပေးရခြင်းဖြစ်ပါတယ် ။
ပုံမှန်အားဖြင့် ခွေးလေးတွေကို တစ်ကောင်ကို ရေမွှာ တစ်ခုနှင့် မီးဖွားလေ့ရှိပါတယ် ။ အဲလိုမီးဖွားလာတဲ့ ရေမွှာကိုလည်း ခေါးမကြီး သူ့သဘာဝအလျှောက် ဖောက်ပေးပြီး ကေလး အသက်ရှုလာအောင် ကူညီပေးလေ့ ရှိပါတယ် ။
တစ်ခါတစ်ရံ မွာ ခွေးမကြီး ဗိုက်နာနေတာကြောင့် ကလေးတွေ ရေမွှာ ပေါက်အောင် မလုပ်ပေးဘူး ဆိုရင် ကလေးတွေ အသက်အန္တရယ်ရှိပါတယ် ။ဒါကြေညင့် လူကကူညီပြီး ရေမွှာဖောက်ပေးတာ ယအချင်းဖြတ်ပေးတာ ၊ အသက်ရှုအောင် ကူညီပေးတာ စတာတွေကို လုပ်ပေးရပါမယ် ။
များသောအားဖြင့် ခွေးမကြီးက အချင်းတွေကိုစားပြစ်လေ့ရှိပါတယ် ၊ထို့အတူ ဗိုက်ထဲက ရေမွှာပေါက်ပြီး အချင်းမပါပဲ မွေးလာတာလည်း ကြုံရတတ်ပါတယ် ။ ခွေးမကြီး အချင်းစားပြစ်လိုက်တာက ပြသနာမရှိပေမဲ့ ဗိုက်ထဲမှာ အချင်းကျန်ခဲ့ရင်တော့ ပြသနာရှိပါတယ် ။ဒါကြောင့် တိချစ်သူတွေက ဘေးနားကနေပြီး ကလေးတစ်ကောင်မွေးလာတိုင်း အချင်းတစ်ခုပါလာသလား ဆိုတာ ကြည့်ထားပေးဖို့လည်း လိုပါတယ် ။
ပုံမှန်အားဖြင့် ပထမဦးကလေးမွေးဖွားပြီးနောက် အစိမ်းရောင် ပုပ်ချွဲချွဲအရည်တွေကျလာတတ်ပါတယ် ။ ပထမဦးဆုံး ကလေးမတိုင်မီ အဲလိုမျိုးအရည်တွေကျလာရင်တော့ ချက်ချင်း ဆေးခန်းသွားပြသင့်ပါတယ် ။
ခွေးလေးတစ်ကောင်နှင့် တစ်ကောင့် မီးဖြားတဲ့ အချန် ကြာတဲ့ ပမဏာကလည်း မိနစ် ၃၀ထက်ပိုကြာရင် ကေလး မိခင်ကိုပါ အန္တာရယ် ရှိနိုင်ပါတယ် ။

No No ဟူးမန်း ၊ ဟူးမန်း ထင်သလို မဟုတ်ဘူးနော် ပွေးပေါက်တာ ယားလို့ ကုတ်နေတာ 😣 😣
31/08/2021

No No ဟူးမန်း ၊ ဟူးမန်း ထင်သလို မဟုတ်ဘူးနော်

ပွေးပေါက်တာ ယားလို့ ကုတ်နေတာ 😣 😣

"မကြည်ဖြူပဲနဲ့ ယူရင် မင်းအောင်လှိုင်ပဲ" ဟုသခင်က ပြောထားသောအခါ..😑
31/08/2021

"မကြည်ဖြူပဲနဲ့ ယူရင် မင်းအောင်လှိုင်ပဲ" ဟု

သခင်က ပြောထားသောအခါ..😑

အိမ်မွေး တိလေးတွေဟာ လူသား‌တို့ရဲ့ နေ့စဉ် ဘ၀မှာ ကြုံတွေ့ရတက်တဲ့အထီးကျန်မှု၊၀မ်းနည်းမှု၊စိတ်ဓာတ်ကျမှုတွေကို ပျောက်ကင်းစေနိ...
31/08/2021

အိမ်မွေး တိလေးတွေဟာ လူသား‌တို့ရဲ့ နေ့စဉ် ဘ၀မှာ ကြုံတွေ့ရတက်တဲ့
အထီးကျန်မှု၊၀မ်းနည်းမှု၊စိတ်ဓာတ်ကျမှုတွေကို
ပျောက်ကင်းစေနိုင် ဆုလာဘ်တစ်ခုဆိုတာ
သင်ယုံပါသလား❓❓❓❓

လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေသာမက
ကိုယ်ပိုင်းဆိုင်ရာ ကျန်မာရေးကိုလဲ
အထောက်အကူပြုစေပါတယ်။

ဟူမန်းတို့ကလဲ
ဝုတ် လေးတွေကို ချစ်လို့‌ဖြစ်စေ
ကျန်းမာရေး အရ မွေးထားချင်လို့ပဲဖြစ်စေ
၀ယ်ဖို့စဉ်းစား နေရင်
ကျွန်မ‌တို့ page ကိုသတိရလိုက်ပါနော်☺️။

Address. အဝေရာလမ်းနှင့် သုခိတာလမ်းကြား
အောင်မေတ္တာ C .2လမ်း
မကွေးမြို့
Contact. CB.or 09777051115
09977585252

31/08/2021

Address

Magway

Telephone

+959777051115

Website

Alerts

Be the first to know and let us send you an email when PEN'S PET HOUSE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category