Ants Myanmar

Ants Myanmar A page that brings about ants and ant keeping to you

ဒါကတော့ ကျနော့်ဘော်ဒါကြီးရဲ့ page ပါ။အားပေးကြပါအုံး။ရသစုံစုံကဗျာလေးတွေ၊ ၀တ္ထုတို/ရှည်တွေကို တင်ပေးသွားမှာမလို့ စာဖတ်ဝါသန...
30/09/2025

ဒါကတော့ ကျနော့်ဘော်ဒါကြီးရဲ့ page ပါ။
အားပေးကြပါအုံး။
ရသစုံစုံကဗျာလေးတွေ၊ ၀တ္ထုတို/ရှည်တွေကို တင်ပေးသွားမှာမလို့ စာဖတ်ဝါသနာရှင်တွေ follow ပေးကြဖို့ တိုက်တွန်းပါတယ်ဗျာ။
🐜📚

#ဟေမန္တသို့မဟုတ်လွမ်းရာသီ
*******************************
ဆောင်းတွင်းဟာ
ဆောင်းတွင်းဆန်စွာ ချဥ်းနှီး၀င်ရောက်ခဲ့။
ဒီဆောင်းအတွက်
ခပ်ဟဟနဲ့ ပွင့်ထွက်နေတဲ့
ထရံပေါက်တွေကို ပိတ်ဆို့ရတော့မယ်....။

ဒီဆောင်းအတွက်
ခပ်နွေးနွေး အနွေးထည်ရယ်
မကြီးမသေး မီးဖိုတစ်လုံးရယ်
မနည်းမများ ထင်းခြောက်လေးတွေရယ်
စုထားရအုံးမယ်.....။

အင်္ကျီလက်ရှည်လေးတွေကစလို့
ဖက်ကြမ်းလိပ်လေးတွေထိ အဆုံး
ခဏတာ အချမ်းပြေဖို့
ဒီနှစ်ဆောင်းရဲ့ ရိက္ခာအနေနဲ့
စုဆောင်းထားရအုံးမယ်.....။

ညနေပိုင်း မြူဝေချိန်ကစလို့
မနက်ပိုင်း နှင်းဝေချိန်ထိအဆုံး
ကန်ရေပြင်ပေါ် သပ်ရပ်စွာဝဲပျံနေတဲ့
ဆောင်းခိုငှက်တွေကိုငေးမောရင်း
ဆေးပေါ့လိပ်ကို တစ်ရှိုက်ချင်းဖွာချရင်းနဲ့
ကဗျာတွေကို သီဖွဲ့ရအုံးမယ်......။
အိုးနုမိုး
#အိုးနုမိုး

ပုရွက်ဆိတ်လောကရဲ့ fighter လေးများ (သို့) မီးပုရွက်ဆိတ်များအကြောင်း------------------------------------သာမန်ပုရွက်ဆိတ်မျာ...
16/10/2023

ပုရွက်ဆိတ်လောကရဲ့ fighter လေးများ (သို့)
မီးပုရွက်ဆိတ်များအကြောင်း

------------------------------------
သာမန်ပုရွက်ဆိတ်များသည် အရိပ်ကောင်းသောမြေ၌ အသိုက်တည်ကြသည်။
ရေတက်လာမည်ကိုကြောက်ကြသည်။

သို့သော်

မီးပုရွက်ဆိတ်များသည် တစ်မူထူးခြား၏။
ကွင်းပြင်ကျယ်ကျယ် နေပူကြဲတဲတွင် အသိုက်တည်ကြသည်။
ရေတက်လာချိန်တွင် ပုရွက်ဆိတ်တစ်အုံလုံးသည် မြစ်ချောင်းတစ်လျှောက်ရွက်လွှင့်ကြသည်။
သဘာ၀မှပေးအပ်ထားသော ဖြုံလောက်သည့် အဆိပ်ကိုပိုင်ဆိုင်ထားသည်။
မိမိတို့၏အဆိပ်ကို သားလောင်းများအတွက် ကာကွယ်ဆေးလည်းအဖြစ်အသုံးပြုကြသေးသည်။
သားရဲများ၊ ပြိုင်ဘက်ပုရွက်ဆိတ်များ၊ သဘာ၀ဘေးအန္တရာယ်များနှင့် ပြည့်နှက်နေသော amazon မိုးသစ်တောတွင် ရှင်သန်ကြရသည့် ၄င်းတို့၏ ကြမ်းတမ်းသောဘ၀ကို တင်ဆက်ပေးသွားပါမည်။

တောင်အမေရိကတိုက်မှ စတင်ခဲ့သော နယ်ချဲ့အင်ပါယာများနဲ့ မိတ်ဆက်ပေးပါရစေ။

ဤတွင် မီးပုရွက်ဆိတ်များအနက် အဆိုး၀ါးဆုံးသောမျိုးစိတ်ဖြစ်သည့် Red Imported Fire Ant ( RIFA ) ( Solenopsis invicta ) ( အနီရောင်မီးပုရွက်ဆိတ် ) များကို စံထား၍တင်ဆက်ပေးသွားပါမယ်။

---------------------------------------
- ဖွဲ့စည်းပုံ ( Caste )

မီးပုရွက်ဆိတ်များတွင်
(1) worker လုပ်သား
(2) Major စစ်သည်
(3) Super Major စစ်သည်ကြီး
(4) Drone အထီး
(5) Queen ဘုရင်မ
ဟူ၍ရှိသည်။

- အပြုအမူ ( Behaviour )

"invicta" ဆိုသည်မှာ Latin ဘာသာစကားဖြစ်ပြီး "invincible ( အနိုင်ယူ၍မရသော )" ဟု အဓိပ္ပါယ်ရသည်။
အလွန်မင်းရန်လိုသော မျိုးစိတ်ဖြစ်သည်။
မီးပုရွက်ဆိတ်များသည် တောင်အမေရိကတိုက်မှစတင်ပေါက်ဖွားလာခဲ့ကြပြီး ကျော်ကြားသော Army Ant စစ်ချီပုရွက်ဆိတ်များ၏ ပြိုင်ဘက်များဖြစ်ကြသည်။
မိမိတို့ပိုင်နက်၊ အသိုက်နှင့် အစာတို့ကို ပြင်းပြင်းထန်ထန်ကာကွယ်တတ်ကြသည်။
အတုပ်ခံရသူကို မီးကဲ့သို့ပူလောင်မှုကို ခံစားစေနိုင်သော alkaloid အဆိပ်တစ်မျိုးပိုင်ဆိုင်ထားသည်။
ထို့ကြောင့်လည်း "Fire Ant / မီးပုရွက်ဆိတ်" ဟုအမည်တွင်သည်။
အန္တရာယ်ကြုံလျှင်ထွက်ပြေးရမည့်အစား မိမိတို့အမြီး abdomen ရှိ အဆိပ်ဆူးကို လေတွင်မြင့်မြှောက်ပြသလျက် အဆိပ်ရည်တို့ကိုညှစ်ထုတ်ကာ တလွှားလွှား​ေ၀ှ့ယမ်းလျက် ခုခံသည်။
ဘုရင်မနှင့် အထီးများမှလွဲ၍ ကျန်ပုရွက်ဆိတ်အားလုံးသည် အမြင်အာရုံချို့တဲ့ပြီး မျိုးမပွားနိုင်ကြချေ။

----------------------------------------
(1) The Origin ( မူလအစ )

မိုးရာသီ မိတ်လိုက်ရာသီတွင် မီးပုရွက်ဆိတ်ဘုရင်မပျိုများနှင့် ပုရွက်ပျံအထီးများသည် မီတာ ၂၅၀ အမြင့်တွင် ၀ဲပျံလျက် မိတ်လိုက်ပွဲတွင်ပါ၀င်ကြသည်။
အထီးများအားလုံးသည်မိတ်လိုက်ပြီးပြီးချင်း ​ေသသွားကြသည်။
မိတ်လိုက်ပြီးသော ဘုရင်မများသည် ၂ ကောင်စု ၃ ကောင်စုစီ ကျင်းတူးရန်သင့်တော်သောမြေနေရာကိုရှာကြသည်။
ပြီးသော်အတောင်များကို ချွတ်လျက် ​ကျင်းတူးကာ မြေအောက်တွင်ခိုအောင်းပြီး ဥများကို အတူတကွစတင်ဥချသည်။
ရက်အနည်းငယ်အကြာတွင် ဥများမှ သားလောင်းအဆင့်ဖြစ်လာသည်။
ထိုအခါ bacteria များနှင့် မှိုများမတွယ်စေရန် မိမိတို့တွင်ရှိသော အဆိပ်ရည်ဖြင့်သုတ်လိမ်းပေးကာ ကာကွယ်သည်။
သားလောင်းများကိုကျွေးရန်အစာကို အသိုက်ပြင်သို့ထွက်၍မရှာကြပေ။
မိမိတို့တွင်ရှိသော မလိုအပ်တော့သည့် တောင်ပံကြွက်သားများကို ခန္ဓာကိုယ်အတွင်းချေဖျက်လျက် သားလောင်းများကို အန်ကျွေးသည်။
အန်ကျွေးသည်များကို စ ားသုံးပြီး မကြာမီတွင် ရုပ်ဖုံးအဆင့်ကိုကျော်ဖြတ်ကာ သက်ကြီးကောင် လုပ်သားပုရွက်ဆိတ်ဖြစ်လာသည်။
ဘုရင်မများသည် ထိုအချိန်ထိ လိုက်လျောညီထွေစွာ စည်းစည်းလုံးလုံးပူးပေါင်းနေကြသည်။

(2) The Battle for the Throne ( နန်းလုပွဲ )

ပုရွက်ဆိတ်အုံတွင် ဘုရင်မ ၁ ကောင်တည်းသာရှိရမည်။
လုပ်သားများစတင်ပေါက်ဖွားလာသောအခါ မီးပုရွက်ဆိတ်ဘုရင်မတို့သည် အချင်းချင်းအားပြိုင်လာကြသည်။
တစ်ဦးနှင့်တစ်ဦး ကိုက်ခဲလျက် ထီးနန်းလုကြသည်။
ရှုံးနိမ့်သူ ဘုရင်မများကို အနိုင်ရသူဘုရင်မကဖြစ်စေ၊ လုပ်သားများကဖြစ်စေ ခေါင်းဖြ တ်၍ကွပ်မြက်သည်။
နန်းလုပွဲအဆုံးတွင် အသန်မာဆုံးသော ဘုရင်မသာ အုပ်စိုးခွင့်ရပြီး ဥ ဥရမယ့်တာ၀န်ကိုရယူသည်။
ဤသို့ဖြင့် အချိန်အတန်ကြာတွင် လုပ်သားအရေအတွက်များပြားလာသည်။

မီးပုရွက်ဆိတ်တို့၏ ကြမ်းတမ်းသောဘ၀သည် ဤတွင်အဆုံးမသတ်သေးပေ။

(3) Brood Raiding ( ပြန်ပေးဆွဲပွဲ )

ထိုအချိန်တွင် အနီးပတ်၀န်းကျင်ရှိ မီးပုရွက်ဆိတ်အုံများတွင်လည်း နန်းလုပွဲများအသီးသီးဆင်နွှဲပြီး၍ လုပ်သားအရေအတွက်ခိုင်ခံ့လာပြီဖြစ်သည်။
ထိုအချိန်တွင် တစ်အုံနှင့်တစ်အုံ ပြန်ပေးဆွဲပွဲစတင်သည်။
ပြန်ပေးဆွဲသည်ဆိုသည်မှာ လုပ်သားအရေအတွက်ကို အသုံးချပြီး အခြားအသိုက်ရှိ ဥနှင့်သားလောင်းများကို အတင်း၀င်ရောက်ခိုးယူခြင်းဖြစ်သည်။
လုပ်သားအရေအတွက်အများဆုံးသော ပုရွက်ဆိတ်အုံသည် အနိုင်ရပြီး ဥနှင့်သားလောင်းများ တောင်လိုပုံနေတော့သည်။
ရှုံးနိမ့်သော ပုရွက်ဆိတ်အုံမှ လုပ်သားများသည်မိမိတို့ ဘုရင်မများကို စွန့်ပစ်လျက် အနိုင်ရသော အသိုက်အတွင်းခိုလှုံသည်။
စွန့်ပစ်ခံရသော ဘုရင်မများသည်လည်း ထိုအသိုက်တွင်းသို့၀င်ကာ အနိုင်ရသူဘုရင်မကို စိန်ခေါ်တိုက်ခိုက်ကြသည်။
တဖန် ၄င်းတို့ထဲတွင်မှ အသန်မာဆုံးသောဘုရင်မသာလျှင် ၃ ၄ အုံစာပေါင်းထားသော ပုရွက်ဆိတ်အုံကြီးကို စိုးစံခွင့်ရပေသည်။

ထို့ကြောင့် အနိုင်ရသူသည် အသန်မာဆုံးများအနက် အသန်မာဆုံးသော ဘုရင်မသာဖြစ်သည်။

(4) Growing ( လုပ်သားဦးရေများပြားလာခြင်း )

ယခုတွင်မှ ဘုရင်မသည် ဥများကို အေးဆေးစွာ ဥချနိုင်တော့သည်။
Major စစ်သည်ကြီးများကို စတင်ပျိုးထောင်လာသည်။
မီးပုရွက်ဆိတ်များသည် ပေါက်ဖွားနှုန်းအင်မတန်မြန်သည်။
၄ လအတွင်း အသိုက်တွင် အကောင်ရေ ၇၀၀၀ ကျော်သွားသည်။
၁ နှစ်ခန့်အကြာတွင် ဘုရင်မသည် နေ့စဥ် ဥပေါင်း ၁၆၀၀ နှုန်းဖြင့် ဥချနိုင်လာသည်။
လုပ်သားများသည် ၃ လသက်တမ်းရှိပြီး၊ စစ်သည်များမှာ ၅ လသက်တမ်းရှိ၍ မီးပုရွက်ဆိတ်အုံတစ်အုံတွင် ပုရွက်ဆိတ်ပေါင်း ၁၀၀၀၀၀ မှ ၂၅၀၀၀၀ အထိရှိလာသည်။
ဘုရင်မသည် သူမ၏အင်ပါယာကို သက်တမ်းတစ်လျှောက် ၇ နှစ်တာစိုးစံသွားမည်ဖြစ်သည်။

(5) Survival ( ရှင်သန်ခြင်း )

မီးပုရွက်ဆိတ်များသည် အင်မတန်ရန်လိုပြီး မိမိတို့ပိုင်နက်ကို ပြင်းထန်စွာကာကွယ်ကြသည်။
အသိုက်၀င်ပေါက်များ များစွာရှိနေပြီး မြေပြင်မှ သိသာစွာမောက်တက်နေသည်။
ဘေးပတ်၀န်းကျင်ရှိ အခြားသောမီးပုရွက်ဆိတ်အုံများနှင့် စစ်ခင်းလေ့ရှိကြသည်။
ထိုစစ်ပွဲများသည်နာရီပေါင်းများစွာကြာလေ့ရှိသည်။

မီးပုရွက်ဆိတ်များသည် အစုံစ ားသတ္တ၀ါများဖြစ်ပြီး အကြွင်းကြံအ​ေ သကောင်များကိုအဓိကစ ားသည်။
အန္တရာယ်ကြုံလျှင် အမြီးရှိအဆိပ်ဆူးကို လေပေါ်သို့မြှင့်မြှောက်လျက် အဆိပ်ရည်များကိုညှစ်ထုတ်ကာ ​ေ၀ှ့ယမ်းပြီး သားရဲနှင့်ရန်သူပုရွက်ဆိတ်များကို ခုခံသည်။

Amazon မိုးသစ်တောတွင်ရေလွှမ်းခြင်းများမကြာခဏဖြစ်လေ့ရှိသည်။
ထိုအခါလုပ်သားများသည် ဘုရင်မနှင့်ဥများကို ၀န်းရံကာကွယ်လျက် ခြေလက်ချင်းချိတ်ဆက်ပြီး ရေမ၀င်နိုင်သော သက်ရှိဖောင်ကြီးအဖြစ် ရေစီးတိုင်းမျောပါသွားသည်။
အသက်ရှူလိုသောလုပ်သားများသည် ပူဖောင်းများမှုတ်ကာ ရေပေါ်တက်၍ ယာယီအသက်ရှူသည်။
သစ်ပင်၊ ကမ်းစပ်ကို မတွေ့မချင်း ပုရွက်ဆိတ်အုံတစ်ခုလုံးသည် သက်ရှိဖောင်ကြီးအဖြစ် ၁၂ ရက်ခန့်မျှောနေနိုင်စွမ်းရှိသည်။
ရေအောက်မှ လာရောက်တိုက်ခိုက်စ ားသောက်သော ငါးများကိုအန်တုလျက် နောက်ဆုံးတွင်ကုန်းပေါ်သို့ပြန်ရောက်ကာ အသိုက်သစ်တည်ကြသည်။

(6) Reproduction ( မျိုးပွားခြင်း )

မီးပုရွက်ဆိတ်အုံတွင် အကောင်ရေများပြားလာသောအခါ ဘုရင်မသည် လုပ်သားများအား သားလောင်းများကို ဘုရင်မပျိုနှင့် အထီးများဖြစ်လာစေရန် ပျိုးထောင်ဖို့ pheromone ဖြင့်အချက်ပြသည်။
ဤသို့ဖြင့်မျိုးဆက်သစ် ဘုရင်မပျိုနှင့် အထီးများသည် မိုးရာသီမိတ်လိုက်ပွဲတွင် ပါ၀င်ပျံသန်းကြပြီး ရှင်သန်ကျန်ရစ်သူများက ပုရွက်ဆိတ်အုံအသစ်ကို တည်ကြသည်။

ထိုနည်းအတိုင်း မီးပုရွက်ဆိတ်များသည် ဂေဟစနစ်အတွင်းဟန်ချက်ညီစွာရှိနေခဲ့သည်။

(7) Invasion ( ကျူးကျော်ခြင်း )

မိတ်လိုက်ပြီးသောဘုရင်မများသည် လူတို့ကုန်တင်ပို့သော သင်္ဘော၊ လေယဥ်တို့မှ အမှတ်မထင်ပါလာကြပြီး 1930 ၀န်းကျင်တွင် United States, Alabama သို့ စတင်ရောက်ရှိသွားသည်။
ဤသို့ရှင်သန်ရေးနည်းဗျူဟာများပြည့်၀နေသော ဒူပေဒါပေခံမီးပုရွက်ဆိတ်တို့သည် သားရဲမရှိ၊ ကပ်ပါးမရှိသော Alabama တွင်ခြေကုပ်ရသွားကြသည်။
ထို့ကြောင့်လည်း "Red Imported Fire Ant ( အနီရောင်ကုန်ကူးပုရွက်ဆိတ် )" ဟု ခေါ်တွင်သည်။

၄င်းတို့တွင် ထူးဆန်းသော genetic mutation တစ်ခု ပြောင်းလဲဖြစ်ပေါ်လာကြပြီး ဘုရင်မများသည်အချင်းချင်း တိုက်ခိုက်ရမည့်အစား ပူးပေါင်းသွားကြသည်။
နန်းလုပွဲများ၊ brood raiding များမရှိတော့ပေ။
ပုရွက်ဆိတ်အုံတစ်အုံတွင် ဘုရင်မများစွာရှိနေခြင်းကြောင့် မီးပုရွက်ဆိတ်တစ်အုံတည်းတွင်ပင် အကောင်ရေ သန်းဂဏန်းဖြစ်လာသည်။
တစ်အုံနှင့်တစ်အုံလည်း စစ်မခင်းကြတော့ပေ။
အစာရေစာ၊ လူအင်အား၊ ဘုရင်မအင်အားများပင်ထောက်ပံ့လိုက်ကြသေးသည်။
ထိုသို့ဖြင့် အချင်းချင်းချိတ်ဆက်ကူညီကြသော အင်ပါယာကြီး ( Supercolony ) ဖြစ်လာသည်။

ဤတွင် ဒေသရင်းပုရွက်ဆိတ်များ ကံဆိုးမိုးမှောင်ကျတော့သည်။
ဘေးအန္တရာယ်များစွာတို့ကြားတွင်ရှင်သန်ဖွားလာခဲ့ပြီးရှင်သန်ရေးစွမ်းရည်အပြည့်ဖြင့် သန်းနဲ့ချီသော မီးပုရွက်ဆိတ်များကို အန်တုဖို့ရာမစွမ်းနိုင်ကြချေ။

Red Imported Fire Ant များသည် 1918 ကတည်းက ကျူးကျော်ရန်ကြိုးစားနေခဲ့သော မီးပုရွက်ဆိတ်တစ်မျိုးဖြစ်သည့် Black Imported Fire Ant ( Solenopsis richteri ) ( အနက်ရောင်မီးပုရွက်ဆိတ် ) များကိုပင်ဖယ်ရှားပစ်သည်။
Black Fire Ant များနှင့်ပါ မျိုးပွားနိုင်ပြီး ကပြားမျိုးစိပ်များဖြစ်ပေါ်လာစေကာ ရာသီဥတုဒဏ်၊ အပူဒဏ်ကို ခံနိုင်စွမ်းမြင့်မားလာသည်။
ဤသို့နည်းမျိုးစုံဖြင့် ယှဥ်ပြိုင်မှုကို မခံနိုင်တော့သော Black Fire Ant များသည် မြောက်အမေရိကတောင်ပိုင်းတွင် ရှားပါးသောအခြေနေသို့ပင်ရောက်သွားသည်။

Red Imported Fire Ant များသည် အကြွင်းအကြံ အ​ေ သကောင်များသာမက အခြားသောပုရွက်ဆိတ်များ၊ ပုတ်သင်ဥ၊ ငှက်ဥ၊ မြွေဥ၊ မပြေးနိုင်သောသတ္တ၀ါငယ်လေးများ စသဖြင့် အသက်ရှိရာမည်သည်ကိုမဆို သ တ်ဖြတ်ဖို့ကြိုးစားတော့သည်။
ဂေဟစနစ်သည်လည်း ၄င်းတို့ကြောင့် အန္တရာယ်ရှိလာသည်။

အစိုးရသည် Red Imported Fire Ant များလွှမ်းမိုးလာသည်ကို သတိထားမိ၍ ပိုးသ တ်ဆေးများမြောက်များစွာသုံးခဲ့သည်။
ထိုဓာတုဆေးများသည် မီးပုရွက်ဆိတ်များထက် ဒေသရင်းမျိုးစိတ်များကိုသာ ​ေ သကြေစေခဲ့သည်။
မီးလောင်ရာလေပင့်ခံလိုက်ရသော မီးပုရွက်ဆိတ်တို့သည် အရှိန်အဟုန်ဖြင့် ပျံ့နှံ့တော့သည်။
မီးပုရွက်ဆိတ်များအတွက်နှစ်စဥ် US$ 1 billion အကုန်ကျခံသုံးခဲ့ရသည်။

ပန်းခြံများ၊ ကားလမ်းမများ၊ ပလက်ဖောင်း၊ နံရံ၊ လူနေအိမ်၊ ကွန်ပျူတာ၊ လျှပ်စစ်ပစ္စည်းများတွင်လည်း အသိုက်ဆောက်ဖျက်စီးကြသေးသည်။

ယခုအခါ US, Australia, New Zealand နဲ့ တရုတ်နိုင်ငံ တောင်ပိုင်းသို့ရောက်ရှိနေပြီဖြစ်သည်။
2017 တွင် Japan သို့ပါစတင်ပျံ့နှံ့လာခဲ့သည်။

(8) Stinging Behaviour ( တုပ်ခြင်း )

ရန်လိုသောဗီဇကြောင့် လူများအားမကြာခဏ တုပ်လေ့ရှိသည်။

အသိုက်ကို မတော်တဆနင်းမိလျှင် ပုရွက်ဆိတ်အားလုံးသည် ခြေထောက်ပေါ်သို့အလျှင်မြန်ပြေးတက်သွားကြပြီး အသီးသီးနေရာယူလိုက်ကြသည်။
ပြီးသော် ပုရွက်ဆိတ်တစ်ကောင်မှ စတင်တုပ်ခြင်းဖြင့် pheromone ထွက်လာသည်။
ထို pheromone နံ့ကိုရသည်နှင့်တပြိုင်နက် ကျန်ပုရွက်ဆိတ်များကလည်း ပြိုင်တူ၀ိုင်းတုပ်ကြသည်။
ပျားကဲ့သို့မဟုတ်ပဲ အချက်များစွာတုပ်နိုင်သည်။
Alkaloid အဆိပ်တစ်မျိုးဖြစ်သည့် Solenopsin ဆိပ်သည် တုပ်ခံရသောနေရာတစ်၀ိုက်ရှိ tissue များကိုပျက်စီးစေပြီး ၂ ရက်အကြာတွင် ပြည်တည်နာပေါက်လာပြီး အမာရွတ်သည် ၁ ပတ်ခန့်ကြာနိုင်သည်။
Anaphylaxis ဟုခေါ်သော ပြင်းထန် allergy မရှိလျှင် အသက်အန္တရာယ်မစိုးရိမ်ရပေ။

---------------------------------------
သို့သော် ယခုအခါ ခေတ်မီပိုးသ တ်ဆေးများ၊ Ant bait များ၊ parasite ကပ်ပါးများ စသဖြင့် ခေတ်မီနည်းလမ်းများအသုံးပြုကာ ထိန်းချုပ်နေပြီဖြစ်သည်။

ကံကောင်းစွာဖြင့် ဤမျိုးစိတ်သည်မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဟူသော အထောက်အထားမျိုး မတွေ့ရသေးပေ။

Ants Myanmar

( Pics crd to NewYorkTimes and BugGuide )

မကြာခင်မှာ ပုရွက်ဆိတ်လောကရဲ့ fighter လေးတွေဖြစ်တဲ့ Fire Ant တွေရဲ့အကြောင်းကို ရေးသားတင်ဆက်ပေးသွားပါမယ်( pics from intern...
16/10/2023

မကြာခင်မှာ ပုရွက်ဆိတ်လောကရဲ့ fighter လေးတွေဖြစ်တဲ့ Fire Ant တွေရဲ့အကြောင်းကို ရေးသားတင်ဆက်ပေးသွားပါမယ်

( pics from internet )

ပုရွက်ဆိတ်ကို က်တာမဟုတ်ပါဘူး။ပုရွက်ဆိတ်တုပ်တာပါ--------------------------------------ကျွန်တော်တို့အားလုံးပုရွက်ဆိတ်အကို ...
15/10/2023

ပုရွက်ဆိတ်ကို က်တာမဟုတ်ပါဘူး။
ပုရွက်ဆိတ်တုပ်တာပါ

--------------------------------------

ကျွန်တော်တို့အားလုံးပုရွက်ဆိတ်အကို က်မခံဘူးတဲ့သူမရှိပါဘူး။
များသောအားဖြင့် ကို က်ခံရတဲ့နေရမှာ အဖုပေါက်ပါတယ်။
ဒါဆိုပုရွက်ဆိတ်ရဲ့ ပါးစပ်ထဲမှာ အဆိပ်ရှိနေတာလား?

မဟုတ်ပါဘူး။

ပါးစပ် Mandibles တွေက ကို က်ခဲဖို့ပဲသုံးနိုင်ပါတယ်။
တကယ်တန်းဒုက္ခပေးတာက အမြီး abdomen မှာရှိတဲ့ အဆိပ်ဂလင်းနဲ့တွဲလျက်ရှိတဲ့ ဆူးချွန်ကြောင့်ပါ။
ပါးစပ်နဲ့မြဲမြန်စွာ ကို က်ခဲပြီး အဆိပ်ဆူးနဲ့အဆက်မပြတ်တုပ်ခြင်းဖြင့် ရန်သူအားတိုက်ခိုက်ခြင်းဖြစ်ပါတယ်။

သို့ပေမယ့်
- လူလုံး၀မကို က်တဲ့မျိုးစိတ်
- ကို က်ပဲကို က်ပြီးမတုပ်နိုင်တဲ့မျိုးစိတ်
- တု ပ်ရမယ့်အစား အက်စစ်နဲ့ပက်ဖျန်းတဲ့မျိုးစိတ်
စသဖြင့် အမျိုးမျိုးရှိပါတယ်။

ဥပမာကို ပုံတွေပြပေးထားပါတယ်။
( pics from internet )

ဒေသရင်းမျိုးစိတ်များ vs ကျူးကျော်မျိုးစိတ်များ------------------------------------------( ၁ ) ကျူးကျော်မျိုးစိတ်ဆိုတာဘာလ...
21/06/2023

ဒေသရင်းမျိုးစိတ်များ vs ကျူးကျော်မျိုးစိတ်များ

------------------------------------------

( ၁ ) ကျူးကျော်မျိုးစိတ်ဆိုတာဘာလဲ ?

ကျူးမျိုးစိတ်တွေကတော့ မိမိတို့နိုင်ငံမှာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တဲ့မျိုးစိတ်မဟုတ်ဘဲ တိုင်းတစ်ပါးမှ မတော်တဆရောက်ရှိလာခဲ့ပြီး ခြေကုပ်ယူကာ ဒေသရင်းမျိုးစိတ်များနှင့်ဆက်စပ်သောဂေဟစနစ်ကို ထိခိုက်စေသည့် မျိုးစိတ်များကိုဆိုလိုပါတယ်။

( ၂ ) ဘယ်သူကနိုင်လဲ ?

- ဒေသရင်းမျိုးစိတ်များက ကျူးမျိုးစိတ်များထက် အရွယ်ပိုကြီးပါတယ်။
ဒါပေမယ့် ကျူးမျိုးစိတ်တွေလောက် အရေအတွက်မများကြပါဘူး။
ပုံမှန်တစ်ကောင်ချင်းယှဥ္ရင် နိုင်နိုင်ပေမယ့် အစာလုတာ၊ နယ်မြေလုတာတွေလို အုံလိုက်ကျင်းလိုက် စစ်ခင်းကြတဲ့အခါ အရေအတွက်ပိုများတဲ့ ကျူးမျိုးစိတ်တွေရဲ့ မေးရိုးတွေကြားမှာ အသက်ပျောက်ကြရပါတယ်။

- ကျူးမျိုးစိတ်တွေဟာ အုံတစ်ခုတည်းမှာတင်ဘုရင်မ ( ၁ ) ကောင်မကရှိနေပြီး ထိုဘုရင်မများစွာရှိတဲ့ အုံအသီးသီးဟာလည်း တစ်အုံနဲ့တစ်အုံ အစာအင်အား၊ လူအင်အား၊ ဘုရင်မအင်အားတွေထောက်ပံ့နိုင်ပြီး တစ်အုံနဲ့တစ်အုံပူးပေါင်းကာ km နဲ့
ချီပြီးကျယ်၀န်းတဲ့ အင်ပါယာကြီးတွေကိုတည်ထောင်နိုင်ကြပါတယ်။

- မျိုးပွားနှုန်းလည်းအင်မတန်မြန်ကြပါတယ်။

( ၃ ) ကျူးမျိုးစိတ်တွေက ဘယ်လိုဆိုးကျိုးတွေပေးလဲ ?

- ဒေသရင်းမျိုးစိတ်တွေကို ဖယ်ရှားခြင်း

ကျူးမျိုးစိတ်တွေဟာ ဒေသရင်းပုရွက်ဆိတ်များရဲ့ အစာရင်းမြစ်တွေ၊ ပိုင်နက်တွေကိုသိမ်းပိုက်ထားပြီး ဒေသရင်းမျိုးစိတ်တွေကို အစာရေစာနည်းပါးပြီး အင်အားလျော့နည်းလာစေပါတယ်။
ဒီလိုနဲ့ တဖြည်းဖြည်းလွှမ်းမိုးလာခဲ့ရာကနေ နောက်ဆုံးမှာ ဒေသရင်းမျိုးစိတ်တွေဟာ ၄င်းတို့ဒေသကနေ အပြီးတိုင်ပျောက်ကွယ်သွားခဲ့ရပါတယ်။

- ဂေဟစနစ်ကို ထိခိုက်စေခြင်း

ဒေသရင်းပုရွက်ဆိတ်တွေဟာ သတ္တ၀ါအ​ေ-သနဲ့ အကြွင်းအကျန်တွေကို စ-ားသောက်ပေးတာ၊ အပင်တွေကိုမျိုးပွားမှုမှာ ကူညီတာ၊ ​သားကောင်အရေအတွက်ကိုထိန်းညှိပေးတာ စသဖြင့် ဂေဟစနစ်ကိုအကျိုးပြုစေပါတယ်။
ကျူးမျိုးစိတ်တွေရောက်လာတဲ့အခါမှာတော့ အသေအကြွင်းများသာမက အသိုက်ထဲမှပေါက်ခါစငှက်ကလေးများ၊ ပုတ်သင်ဥများကိုပါ စ-ားသောက်လာကြပါတယ်။
အပင်ဖျက်ပိုးတွေကိုလည်း ကာကွယ်စောင့်ရှောက်ပြီး အပင်တွေကိုပျက်စီးစေပါတယ်။
လူနေအိမ်တွေထဲမှာပါအသိုက်ဆောက်နေနိုင်ကြပြီး
မြန်မာနိုင်ငံအပူပိုင်းဒေသ အိမ်တိုင်းနီးပါးမှာ ခြေကုပ်ယူပြီးနေကြပါပြီ။

-----------------------------------------

မြန်မာနိုင်ငံမှာ ပုရွက်ဆိတ်ကျူးမျိုးကြောင့်ပြင်းထန်တဲ့ရို-က်ခတ်မှုမျိုးမရှိသေးပေမယ့်လည်း ဂေဟစနစ်နဲ့ ဒေသရင်းမျိုးစိတ်တွေကိုထိခိုက်စေပြီး အိမ်တွင်းအဖျက်ပိုးများအဖြစ် တည်ရှိနေပါတယ်။

( photos from int )

ပုရွက်ဆိတ်တွေက ရာသီဥတုကို အတိအကျခန့်မှန်းနိုင်ကြလား??----------------------------------------ပုရွက်ဆိတ်တွေဟာ မိုးကိုအတိအ...
13/05/2023

ပုရွက်ဆိတ်တွေက ရာသီဥတုကို အတိအကျခန့်မှန်းနိုင်ကြလား??

----------------------------------------

ပုရွက်ဆိတ်တွေဟာ မိုးကိုအတိအကျမခန့်မှန်းနိုင်ပါဘူး။
ယေဘုယျအားဖြင့်တော့ ခန့်မှန်းနိုင်တယ်လို့ဆိုနိုင်ပေမယ့် သိပ္ပံနည်းကျ သက်သေအထောက်အထားမျိုးမရှိသေးပါဘူး။

ပုရွက်ဆိတ်တွေရဲ့ ဦးမင်
( Antennae ) တွေဟာ မိုးရွာခါနီးမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ ပတ်၀န်းကျင်အခြေအနေတွေဖြစ်သော အပူချိန်၊ လေထုစိုထိုင်းမှု၊ လေဖိအားစတဲ့အရာတွေကိုတော့ ခံစားသိရှိနိုင်ကြပါတယ်။

( Pic from internet )

မြင်ရခဲသော Army Ant Drone ( Dorylus )---------------------------------မြေအောက်ရွှေ့ပြောင်းအသိုက်တစ်ခုမှ အခြားအသိုက်တစ်ခု...
19/03/2023

မြင်ရခဲသော Army Ant Drone ( Dorylus )

---------------------------------

မြေအောက်ရွှေ့ပြောင်းအသိုက်တစ်ခုမှ အခြားအသိုက်တစ်ခုရှိ ကြင်ဖော်ဘုရင်မပျိုကိုရှာဖွေရန် မြေပြင်ပေါ်တက်ကာ ၀ဲပျံရှာဖွေ ခရီးနှင်ခဲ့ပြီး ကျရှုံးခဲ့သော Dorylus ပုရွက်ပျံ အထီးအား ကိုယ်တိုင်တွေ့ရစဥ္

Thanks for 3K followers!! 🎉...........................................................................Inactive ဖြစ်နေပြီ...
18/03/2023

Thanks for 3K followers!! 🎉
...........................................................................

Inactive ဖြစ်နေပြီး အရင်လို post တွေ မတင်ဆက်ပေးနိုင်တာကြောင့် တောင်းပန်ချင်ပါတယ်။
ဒီရက်ပိုင်းမှာ page ကို အချိန်မပေးနိုင်ဘဲ အလုပ်တွေအရမ်းရှုပ်နေတာကြောင့် အရင်လို မ run ပေးနိုင်တာ​ပါ။

ပြန် run ပေးနိုင်တဲ့အခါ 3K Special အနေနဲ့ FB page ရော YouTube မှာပါ ပြန်လည်တင်ဆက်ပေးပါမယ်။

Follower တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျက် ~~~

လက်သမားပုရွက်ဆိတ်Carpenter Ant( Camponotus parius )Myanmar ဒေသရင်းမျိုးစိပ်
24/12/2022

လက်သမားပုရွက်ဆိတ်
Carpenter Ant
( Camponotus parius )
Myanmar ဒေသရင်းမျိုးစိပ်

အပူပိုင်းမီးပုရွက်ဆိတ်သည် အဆိပ်ဆူးအားအသုံးပြု၍ ခေါင်းကြီးပုရွက်ဆိတ်စစ်သည်ကြီးအား အနိုင်ယူပုံTropical Fire Ant using its ...
17/12/2022

အပူပိုင်းမီးပုရွက်ဆိတ်သည် အဆိပ်ဆူးအားအသုံးပြု၍ ခေါင်းကြီးပုရွက်ဆိတ်စစ်သည်ကြီးအား အနိုင်ယူပုံ
Tropical Fire Ant using its venomous sting to expel the Big-headed Ant Major

~ ခေါင်းကြီးပုရွက်ဆိတ်များသည် မြေပေါ်တွင်ကျနေသော ထမင်းလုံးအား အေးအေးလူလူ စာ-းသောက်သယ်ယူနေကြသည်။

ထိုစဥ္ မီးပုရွက်ဆိတ်ကင်းထောက်များ စတင်ရောက်ရှိလာပြီး ထိုထမင်းလုံးကို လုယူရန် ပြုသည်။
ခေါင်းကြီးပုရွက်ဆိတ်စစ်သည်ကြီးက ကျူးကျော်သူ မီးပုရွက်ဆိတ်များကို တို-က်ခိုက်ကာကွယ်ရန်ကြိုးစားသည်။
သို့သော် လိမ္မာပါးနပ်သော မီးပုရွက်ဆိတ်သည် ခေါင်းကြီးစစ်သည်ကြီး၏ အစွယ်များကိုကို-က်ခဲလျက် မိမိကိုယ်ကိုအကို-က်မခံရအောင် ရှောင်တိမ်း၍နေသည်။
ဤသို့ကို-က်ခဲထားစဥ္ တွင် မီးပုရွက်ဆိတ်သည် ၄င်း၏၀ှက်ဖဲဖြစ်သော အမြီး ( abdomen ) ရှိ အဆိပ်ဆူးဖြင့် ခေါင်းကြီးစစ်သည်ကြီး၏ ဦးခေါင်းအား အဆက်မပြတ်ထို-းသွင်းသည်။
နာကျင်မှုဖြင့် ခေါင်းကြီးစစ်သည်ကြီးလည်း ထမင်းလုံးနှင့် မိမိ၏လုပ်သားများအား စွန့်ကာ အသိုက်သို့ ဆုတ်ခွာထွက်ပြေးရသည်။

~ ဖြစ်စဥ္များကို trailer video ဖြင့်လည်းကောင်း၊ ပုံတစ်ပုံချင်းစီဖြင့်လည်းကောင်း အကျဥ္းချုပ် ပြသထားသည်။

နောင်တွင် Ants Myanmar YouTube Channel ၌ Full Video ဖြင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

~ ဤ post တွင်ပါ၀င်သော မျိုးစိပ်များ

အပူပိုင်းမီးပုရွက်ဆိတ်
Tropical Fire Ants
( Solenopsis geminata )
တောင်အမေရိက ကျူးကျော်မျိုးစိပ်

ခေါင်းကြီးပုရွက်ဆိတ်
Big-headed Ants
( Pheidole parva )
Myanmar ဒေသရင်းမျိုးစိပ်

01/12/2022

မီးပုရွက်ဆိတ်များ၏ နယ်မြေလုစစ်ပွဲ

Territorial war of the Tropical Fire Ants

Full video will be on YouTube in the future....

Address

Magway

Alerts

Be the first to know and let us send you an email when Ants Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ants Myanmar:

Share

Category