DR.Chit တိရစ္ဆာန်ဆေးကုခန်း

DR.Chit တိရစ္ဆာန်ဆေးကုခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DR.Chit တိရစ္ဆာန်ဆေးကုခန်း, Pet Store, Loikaw.

မိုးအေးအေးနဲ့ကွေးနေတုန်းဖုန်းဝင်လာတယ်။ 📞📞ဟယ်လို ဒေါက်တာမေးချင်တာလေးရှိလို့ပါ။❓❓ဟုတ်ကဲ့ မေးပါခင်ဗျာ။🤔🤔ကျွန်မခွေးလေးဖျားနေ...
26/05/2024

မိုးအေးအေးနဲ့ကွေးနေတုန်းဖုန်းဝင်လာတယ်။ 📞📞
ဟယ်လို ဒေါက်တာမေးချင်တာလေးရှိလို့ပါ။❓❓
ဟုတ်ကဲ့ မေးပါခင်ဗျာ။🤔🤔
ကျွန်မခွေးလေးဖျားနေတာသုံးရက်ရှိပြီဆေးတိုက်ထားလည်းမသက်သာလို့ဘာလုပ်ပေးရမလဲတဲ့။🤒
ဟုတ်ကဲ့ဘာဆေးတိုက်ထားတာလည်းဆိုတော့ ရွှေသမင်သူငယ်နာပေါင်းချုပ်တဲ့ဗျာ။😸😹😺

ချစ်ဖို့ကောင်းသော တလသား တောင်ကြီးသားလေး😍
13/05/2024

ချစ်ဖို့ကောင်းသော တလသား တောင်ကြီးသားလေး😍

တောင်ကြီးနဲ့ချယ်ရီကျွန်တော် နဲ့တောင်ကြီး
29/01/2024

တောင်ကြီးနဲ့ချယ်ရီ
ကျွန်တော် နဲ့တောင်ကြီး

လွိုင်ကော်မှာ မွေးအောင်ပန်းမှာကြီးတဲ့တောင်ကြီးသားလေးပါဗျာ #လွိုင်ကော်စစ်ရှောင်ခေတ္တတောင်ကြီးမြို့
15/01/2024

လွိုင်ကော်မှာ မွေး
အောင်ပန်းမှာကြီးတဲ့တောင်ကြီးသားလေးပါဗျာ
#လွိုင်ကော်စစ်ရှောင်
ခေတ္တတောင်ကြီးမြို့

မနေ့ညကလက်နက်ကြီးထိမှန်သောချိကယ်ဘုန်းကြီးကျောင်းမှမျောက်ကလေးအား မနက်စောသွားရောက်ဆေးကုသမှုပေးခဲ့ပါသည်သက်ရှိသတ္တဝါဟူသမျှဘေး...
12/11/2023

မနေ့ညကလက်နက်ကြီးထိမှန်သောချိကယ်ဘုန်းကြီးကျောင်းမှမျောက်ကလေးအား မနက်စောသွားရောက်ဆေးကုသမှုပေးခဲ့ပါသည်
သက်ရှိသတ္တဝါဟူသမျှဘေးရန်ကင်းကြပါစေ🙏🙏🙏

မိန်းခလေးပီသချက် အိပ်နေပုံလေးတွေ💖💖
10/10/2023

မိန်းခလေးပီသချက် အိပ်နေပုံလေးတွေ💖💖

" ကမ္ဘာမြေကြီးနှင့်သက်ဆိုင်သူများ"***********************************                               ( တစ်မျက်နှာဝတ္ထုတို...
04/10/2023

" ကမ္ဘာမြေကြီးနှင့်သက်ဆိုင်သူများ"
***********************************
( တစ်မျက်နှာဝတ္ထုတို)
ရွှေဒုံမောင်(ပတ္တမြား)

ဦးလူမော်တစ်ယောက် နံနက်ခင်းလမ်းလျှောက် ရာမှအပြန် စျေးသို့ဝင်သည်။ ငါးရောင်းသည့် ဒေါ်ပုက အပြုံးနှင့်ဆီးကြို၏။ သူ့ကြည့်တော့ ရောင်းရသည်မှာ လက်မလည်။
"ခဏလေးနော် ဒီငါးကြင်းလေး ခုတ်ပေးလိုက်ဦးမယ် "
ဦးလူမော်က အသံတိတ်သင်္ကေတအဖြစ် ခေါင်း
ညိတ်ပြသည်။
" ရပြီ။ ဒီမှာခုတ်စတွေပါ ပိုထည့်ပေးလိုက်တယ်"
ဒေါ်ပုပေးသည့် ငါးမျိုးစုံခုတ်စအိတ်ကို ဆွဲလျက် အိမ်သို့ ပြန်ခဲ့၏။ သူဝယ်သည်က ငါးခေါင်း ငါးရာဖိုး
သာ။ ဒေါ်ပုပေးလိုက်သည့်ခုတ်စနှင့်ပေါင်းလိုက်လျင် နှစ်ပိဿာကျော်ခန့်ရှိနိုင်မည်။ သည်လောက်ဆို လုံလောက်ပြီဖြစ်၏။ အိမ်ရောက်သည်နှင့် ခုတ်ပြီးသားငါးခေါင်းနှင့် ခုတ်စများကို တစ်ခုချင်း ရေသေချာဆေးသည်။ ကျေနပ်လောက်အောင်ဆေးပြီးမှ ပီနံအိတ်ငယ်အတွင်းက လုံးတီးဆန်ကို တစ်ဗူးချိန်၍ ထည့်လိုက်သည်။ အားလုံးကိုရောသမပြီး ရေတစ်ထပ် ဆေးပြန်၏။ ပြီးပြီ။ ချက်ရန်သာရှိတော့သည်။
" ဟော မီးကပျက်နေတာပါလား "
စိတ်ပျက်စွာ ညည်းတွားလျက် မီးမွှေးရန်ပြင်သည်။ မီးလာသည်အထိစောင့်နေလျင် ငါးများနံကုန်တော့မည်။ မီးသွေးသုံးလေးခဲခန့်နှင့် ထင်းတို ထင်းစများထည့်၍ မွှေး၏။ မိုးတွင်းကာလမို့ ထင်းစနှင့်မီးသွေးက စိုထိုင်ထိုင်း။ မီးခိုးများ လုံးကနဲထွက်လာပြီး မျက်ခမ်းကို လာကျီစယ်သည်။ ခဏအကြာ ယပ်တောင်အဟောင်းအားကိုးနှင့် မီးတောက်လာသဖြင့် သက်ပြင်းချမိရ၏။
" ဟော ဦးလူမော် မီးခိုးတလူလူနဲ့ ဘာတွေ အလုပ်ရှုပ်နေတုန်းဗျ "
နောက်ဘက်ကအသံကြားသဖြင့် လှည့်ကြည့်မိ
တော့ ဂွဘမြင့်ဖြစ်နေသည်။ နာမည်ရင်းဦးဘမြင့်ကို သူ၏ ဂွကျကျစကားလုံးများကြောင့် ဂွ ဟူသော ဝိသေသတပ်၍ခေါ်ကြခြင်းဖြစ်သည်။ သူ့ထုံးစံ
အတိုင်းလူမရောက်မီလေကိုအရင်လွှတ်တတ်လေ၏။ အနည်းငယ်ရှုပ်သွားရသည့်စိတ်ကို ဆေးအဖြူရောင် ဆိုးလျက်ခေါ်မိသည်။
" လာဗျာ။ ခဏထိုင်ပါဦး။ ကျွန်တော်အလုပ်နဲနဲ
များနေလို့ "
" ရပါတယ်ဦးလူမော်ရ။ ကျုပ်က အေးဆေးပါ။ ခင်ဗျား လက်ဘက်ရည်ဆိုင်ဘက်ကို လာတာမတွေ့တော့လို့ ဒီဘက်ရောက်တုန်း ဝင်နှုတ် ဆက်တာ "
" မလာဖြစ်တာမဟုတ်ဘူးဗျ။ မလာတော့တာ "
" ဟင်။ ခင်ဗျားစကားကြီးကလည်း"
"ဟုတ်တယ်ဦးဘမြင့်ရေ။လက်ဘက်ရည်ဆိုင် ထိုင်ရင် ထောင့်လေးငါးရာကုန်မှာ မဟုတ်လား။ ကော်ဖီမစ်ပဲ ဝယ်သောက်ဖြစ်နေလို့ပါ။ တွက်ကြည့်လေ။ ဘာပဲပြောပြော လက်ဘက်ရည်ဆိုင်မထိုင်ဖြစ်တော့ တစ်ရက်တစ်ထောင်လောက်ပိုထွက်လာသဗျ။ ဆေး
ပေါ့လိပ်နဲ့ကောဖီမစ်က ငါးရာလောက်ပဲကုန်တာ။ ကျွန်တော်ကစာရေးရင်ဆေးပေါ့လိပ်ခဲတာကအကျင့်ဖြစ်နေပြီ။ အဟား ဟား "
" အင်း တစ်ရက်တစ်ထောင်ဆိုတော့ အတော်စု
မိနေသပေါ့လေ"
" မစုမိပါဘူးဗျာ "
သူ့စကားကြောင့် ဦးဘမြင့် ခေါင်းကုတ်၏။
" ဒီလိုဗျ။ တစ်ရက်ကို ငါးခေါင်းက ငါးရာ၊ လုံးတီးဆန်က သုံးရာ၊ နှစ်ရာကမီးသွေးဖိုးဘာညာနဲ့
ကုန်ပါပကောလား ဦးဘမြင့်ရေ "
ထိုအခါကျမှ သူ့အိုးကို သေချာကြည့်သည်။
" ဒါက ဘာလုပ်ဖို့လဲ "
" အင်း။ လွန်ခဲ့တဲ့ ဆယ့်ငါးရက်လောက်က ကျွန်တော့်အိမ်ရှေ့ကို ခွေးတကောင်ရောက်လာတယ်။ ကျွန်တော်လည်း ထမင်းကျန်ဟင်းကျန်လေးတွေချကျွေးမိတယ်။ အဲ နောက်ကျ သူ့အပေါင်းအသင်းတွေပါ ခေါ်လာရော။ ခုဆို လေးကောင်ရှိပြီ။ အိမ်ကအကျန်နဲ့ မရတော့ဘူး လေဗျာ။ သူတို့ကိုကျွေးဖို့ ချက်နေတာဗျို့ "
သူ့အပြောအပေါ် ဦးဘမြင့်က မသိမသာ နှာခေါင်းရှုံ့၏။
" သူများတွေက တယ်ရီယာတွေ ဒိုဘာမင်တွေ နဲ့မို့ အမဲသားပိဿာလိုက်ဝယ်ကျွေးကြတာလေ။ ခုတော့ ခင်ဗျားဟာက လမ်းဘေးက ခွေးလေခွေးလွင့်တွေအတွက် အလုပ်ရှုပ်ခံနေတာကိုး။ ဟား ဟား ဟား ဟား "
ငယ်စဥ်စိတ်မျိုးနှင့်ဆို သည်လူ့ခေါင်း ကွမ်းစား
သွားရပြီး အနဲဆုံးနှစ်ချက်ခန့် ချုပ်ရနိုင်သည်။ ယခုချိန်မှာတော့ အသက်ကလက်ကို ထိန်းချုပ်ထားလေပြီ။
" သြော် ဦးဘမြင့်ရယ် သူတို့လည်း ဆာမှာပေါ့ဗျ "
" ကျုပ်ကြားဖူးတာတော့ ခွေးကျွေးရင် ထီတွေဘာတွေ ပေါက်တယ်ဆိုလား။ ဒါကြောင့် "
" တော်တော့ ဦးဘမြင့်။ ခင်ဗျားဗျာ "
ထိန်းထားသည့်ကြားက အတန်ငယ်မာသွားသည့် အသံကို သတိဖြင့် ပြန်ညှိရသည်။
" ထီပေါက်တာဘာညာတွေကျွန်တော် နားမလည်ဘူး။ ယုံလည်းမယုံဘူး။ ခုဘဝမှာ ချမ်းသာတာ ဆင်းရဲတာက အတိတ်ကကုသိုလ်ကံနဲ့ပဲ ဆိုင်တယ်။ ခုလိုကျွေးမွေးရလို့လည်း ဘာရပါစေ၊ ညာရပါစေ ဘာမှမမျှော်လင့်ဘူး။ ကျွန်တော်သိထားနားလည်ထားတာက ဒီသတ္တဝါတွေ
မှာ အသက်ရှိတယ်။ ကျွန်တော်တို့ ခင်ဗျားတို့လို အသက်ရှိတာမို့ အချိန်တန်ရင် ဆာလောင်ကြမယ်။ ဒါ့ကြောင့် ကျွေးတာဗျာ။ ရှင်းပြီလား "
ပြောနေရင်းက မာလာသည့်အသံကြောင့် ဦးဘမြင့်မျက်နှာ ပျက်သွား၏။ အတန်ငယ်တိတ်ဆိတ်သွားပြီးမှ စကားဆက်သည်။
" ဟုတ်ပါပြီ ဦးလူမော်ရယ်။ ကျုပ်က ခင်ဗျားလို
စာရေးဆရာတစ်ယောက်ကို အနိုင်မပြောနိုင်ပါဘူး။ ပြန်တော့မယ်ဗျို့ "
" ဒီမယ်။ ကျွန်တော့်စကားဆုံးအောင် နားထောင်
သွားဦး။ ဟောဒီဖြစ်တည်လာတဲ့ ကမ္ဘာမြေကြီးမှာ ခင်ဗျားတို့ ကျွန်တော်တို့လိုလူသားတွေက အသိဉာဏ်မြင့်မားမှုကြောင့် အရာအားလုံးကို ပိုင်တယ်လို့ ထင်ကောင်းထင်ကြလိမ့်မယ်။ ဒါပေမယ့်
တစ်ခုသိထားရမှာက သက်ရှိအဖြစ်မွေးဖွားလာရတာခြင်း အတူတူမို့ ဒီကမ္ဘာမြေကြီးဟာ သူတို့နဲ့လည်း သက်ဆိုင်နေတယ်။ ကျေးဇူးပြုပြီး သူတို့တွေကို စာနာစိတ်လေးထားကြပါ။ အနိုင်မကျင့်ကြပါနဲ့လားဗျာ။ ကျွန်တော်နောက်တခေါက်ထပ်ပြောပါရစေ။ ဒီကမ္ဘာ
မြေကြီးဟာ ဒီခွေးလေးတွေအပါအဝင် တခြားသက်ရှိအားလုံးနဲ့ သက်ဆိုင်ပါတယ်လို့ "
ဦးဘမြင့်ခမျာ နောက်သို့ပင် လှည့်မကြည့်အား
တော့သည်တမုံ့။

231003 ရွှေဒုံမောင်(ပတ္တမြား)

Today memories 🦮💉 3/10/2023(တချို့ကလေးတွေမရိုက်လိုက်ရဘူး)
03/10/2023

Today memories 🦮💉 3/10/2023

(တချို့ကလေးတွေမရိုက်လိုက်ရဘူး)

၃.၁၀.၂၃ မောင်ရန်အိ(ခ)အိအိရဲ့(6)နှစ်မြောက်မွေးနေ့လေးဖြစ်ပါတယ်။🎂🎂🎂မွေးနေ့အလှူအဖြစ်ခွေးကောင်ရေ(100)တိတိကိုခွေးရူးကာကွယ်ဆေးအ...
02/10/2023

၃.၁၀.၂၃ မောင်ရန်အိ(ခ)အိအိရဲ့(6)နှစ်မြောက်မွေးနေ့လေးဖြစ်ပါတယ်။🎂🎂🎂

မွေးနေ့အလှူအဖြစ်ခွေးကောင်ရေ(100)တိတိကိုခွေးရူးကာကွယ်ဆေးအခမဲ့ထိုးပေးမှာဖြစ်ပါတယ်။
💉💉💉
Dr-Chitတိရစ္ဆာန်ဆေးကုခန်းတွင်မနက်(9)နာရီ တွင်စတင်၍လာရောက်ထိုးနိုင်ပါပြီ။⏲⏱⏰
မနှစ်က ထိုးထားသောကလေးများကာကွယ်ဆေးထိုးကဒ်စာရွက်ကလေးကိုပြန်လည်ယူလာပေးကြပါခင်ဗျာ😊
Happy Birth Day မေချစ်သားကြီးအိ💙💙💙

လာမယ့်အောက်တိုဘာ(3)ရက်နေ့ မောင်ရန်အိ(ခ)အိအိရဲ့(6)နှစ်မြောက်မွေးနေ့လေးဖြစ်ပါတယ်။🎂🎂🎂မွေးနေ့အလှူအဖြစ်ခွေးကောင်ရေ(100)တိတိကိ...
30/09/2023

လာမယ့်အောက်တိုဘာ(3)ရက်နေ့ မောင်ရန်အိ(ခ)အိအိရဲ့(6)နှစ်မြောက်မွေးနေ့လေးဖြစ်ပါတယ်။🎂🎂🎂

မွေးနေ့အလှူအဖြစ်ခွေးကောင်ရေ(100)တိတိကိုခွေးရူးကာကွယ်ဆေးအခမဲ့ထိုးပေးမှာဖြစ်ပါတယ်။
💉💉💉
Dr-Chitတိရစ္ဆာန်ဆေးကုခန်းတွင်မနက်(9)နာရီ တွင်စတင်၍လာရောက်ထိုးနိုင်ပါပြီ။⏲⏱⏰

29/09/2023

မနှစ်က အောက်တိုဘာ(3)ရက်နေ့
မွေးနေ့အလှူကာကွယ်ဆေးအခမဲ့ထိုးပေးတုန်းကပျော်နေတဲ့ညီအကိုနှစ်ကောင်ရဲ့အမှတ်တရ💕💕💕

good nightမိုးအေးလို့စောစောအိပ်ပြီဗျာ
28/09/2023

good night
မိုးအေးလို့စောစောအိပ်ပြီဗျာ

Address

Loikaw

Telephone

+959448535980

Website

Alerts

Be the first to know and let us send you an email when DR.Chit တိရစ္ဆာန်ဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category