Pet Zone Lashio

Pet Zone Lashio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pet Zone Lashio, Pet Store, Lashio, Myanmar, Burma (Myanmar), Lashio.

HELLO! HELLO! Poodle ပေါက်လေးတွေ ရမယ်ဗျ သာားသား 4 မီးမီး 1 ရှိမယ်ဗျ ကာကွယ်ဆေး တစ်ကြိမ်ပြီး 2လပြည့်တော့မယ်ဗျ အေးသာယာမြို့...
31/12/2024

HELLO! HELLO!
Poodle ပေါက်လေးတွေ ရမယ်ဗျ
သာားသား 4 မီးမီး 1 ရှိမယ်ဗျ
ကာကွယ်ဆေး တစ်ကြိမ်ပြီး
2လပြည့်တော့မယ်ဗျ
အေးသာယာမြို့
CB or 09.789521218
09.403751321

Bernese mountain 11 လ သမီးလေး ရောင်းဖို့ရှိပါတယ်ဗျ လားရှိုးမျက်မြင် ကြည့်လို့ရပါတယ် golden ဈေးလေးနဲ့ရပါမယ်ဗျ CB or 09.78...
27/05/2024

Bernese mountain 11 လ သမီးလေး ရောင်းဖို့ရှိပါတယ်ဗျ
လားရှိုးမျက်မြင် ကြည့်လို့ရပါတယ်
golden ဈေးလေးနဲ့ရပါမယ်ဗျ
CB or 09.789521218

17/05/2024

🤣

08/05/2024

Edit >> SOLD Out .
အသိတယောက်ရဲ့ golden မလေး ထိန်းမယ့်သူ မရှိတော့လို့ ပြန်ရောင်းချင်ပါတယ်ဗျ
ဈေးအရမ်းချိုပါတယ်ဗျ နှစ်သိန်းထဲပါဗျ
ကျန်းမာရေးလည်း ရှယ်ကောင်းပါ
CB or 09.789521218

23/04/2024
11/03/2024

🥺🥺🥺

ဝုလေး ရေချိုးပြီးပြီဗျာ 🐶🐶ကာကွယ်ဆေးလည်း စုံပြီဗျာ CB or 09.789521218
14/02/2024

ဝုလေး ရေချိုးပြီးပြီဗျာ 🐶🐶
ကာကွယ်ဆေးလည်း စုံပြီဗျာ
CB or 09.789521218

Golden Retriever 🐶🐶 male
08/02/2024

Golden Retriever 🐶🐶 male

🤍
27/01/2024

🤍

24/01/2024

တကောင်ထဲ ဒါပေမယ့် အာဝုကွ
🐶😹😹

သဲသဲမဲမဲ အချစ်ခံချင်လားးးဟော့ဒီက မဲမဲသဲသဲလေးတွေကိုချစ်လိုက်ပါ🌚🌚Pug သားချောဖက်တီးလေး နှစ်ကောင်ရှိပါမယ်ဗျ အသက် 2လ လားရှိူး...
23/01/2024

သဲသဲမဲမဲ အချစ်ခံချင်လားးး
ဟော့ဒီက မဲမဲသဲသဲလေးတွေကိုချစ်လိုက်ပါ🌚🌚
Pug သားချောဖက်တီးလေး နှစ်ကောင်ရှိပါမယ်ဗျ
အသက် 2လ
လားရှိူးမျက်မြင် ကြည့်နိုင်သည်
For More Detail>> CB or 09.789521218
09.403751321

တိချစ်သူတိုင်း သိသင့်တဲ့ ခွေးရူးပြန်ရောဂါအကြောင်းရေးဘီးဗိုင်းရပ်(rabies virus) သယ်ဆောင်ထားတဲ့ တိရစ္ဆာန် (အစွယ်ရှိသော တိရ...
22/01/2024

တိချစ်သူတိုင်း သိသင့်တဲ့ ခွေးရူးပြန်ရောဂါအကြောင်း

ရေးဘီးဗိုင်းရပ်(rabies virus) သယ်ဆောင်ထားတဲ့ တိရစ္ဆာန် (အစွယ်ရှိသော တိရစ္ဆာန်)တွေ အကိုက်ခံရရင် ဘယ်အချိန်မှာမဆို ခွေးရူးပြန်ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါပိုး(ရေးဘီးဗိုင်းရပ်) က တိရစ္ဆာန်တွေအားလုံးမှာ ရှိနေနိုင်ပေမယ့် ခွေး၊ လင်းနို့၊ ရက်ကွန်း၊ မြေခွေး၊ ခွေးအ၊ ကြောင်၊ မြွေပါ၊ ဝံပုလွေ၊လင်းဆွဲ၊ကြွက်၊ ကြောင်၊ ယုန်၊ မြင်း၊ မျောက် နဲ့ အခြားတိရစ္ဆာန်တွေကနေ အဓိက ကူးပါတယ်။
ရေးဘီးဗိုင်းရပ် (rabies virus) ပိုးရှိတဲ့တိရစ္ဆာန်ရဲ့ တံတွေး၊ သွားရည်တို့မှ ကူးပါတယ်။ အဓိကအားဖြင့် ကိုက်ခဲလိုက်ချိန်မှာ ကူးတတ်ပြီး လူ့ခန္ဓာကိုယ်က ထိခိုက်ရှနာဒဏ်ရာတစ်ခုခုကို အထက်ပါ တိရဲ့ တံတွေး၊သွားရည်နဲ့ ထိမိရင်လည်း ကူးနိုင်ပါတယ်။
ရေးဘီးဗိုင်းရပ် (rabies virus) ပိုးရှိတဲ့ တိရစ္ဆာန်
ကိုက်ရာကသော်လည်းကောင်း၊ ယင်းတိရစ္ဆာန်ရဲ့ တံတွေး (သွားရည်)တွေက လူ့မျက်စိ၊ လူ့ပါးစပ်ထဲ ၀င်ရာကသော် လည်းကောင်း၊ သို့မဟုတ် ပိုးရှိတဲ့ တိရစ္ဆာန်ရဲ့ သွားရည်(တံတွေး) တွေက မိမိခန္ဓာကိုယ်ရဲ့ ပေါက်ပြဲနေတဲ့ အရေပြားကို ထိမိရင်သော်လည်းကောင်း လူ့ခန္ဓာကိုယ်ထဲကို ခွေးရူးပြန်ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူရဲ့ မျက်ကြည်လွှာကို အစားထိုးကုသမှု ခံယူခဲ့ရင်လည်း ကူးစက်နိုင်ပါတယ်။ ခွေးရူပြန်ရောဂါဖြစ်နေတဲ့လူက တခြားလူကို ထပ်ကိုက်ရင်လည်း ကူးစက်နိုင်ပါတယ်။

တိရစ္ဆာန်အကိုက်ခံရပါက ဒဏ်ရာကို ရေများများနဲ့ အချိန်၁၅မိနစ်ခန့် ဆေးကြောပါ။ ဆပ်ပြာနဲ့ဆေးနိုင်ပါတယ်။ ထို့နောက် ဘီတာဒင်းထည့်ခြင်းတွေလုပ်ပါ။ ဒဏ်ရာကို ချုပ်ခြင်း၊ပတ်တီးစီးခြင်းတွေ မပြုလုပ်ရပါဘူး။နီးစပ်ရာဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပါ။ ခွေးရူးပြန်ကာကွယ်ဆေး မဖြစ်မနေထိုးပါ။ မိမိကို ကိုက်လိုက်တဲ့ တိရစ္ဆာန်မှာ ခွေးရူးပြန်လက္ခဏာ ပြ/မပြအခြေအနေကို စောင့်ကြည့်ပါ။

ခွေးရူးဆိုပါက အောက်ပါလက္ခဏာများပြပြီး ၁၀ရက်-၁၄ရက် အတွင်း ခွေးက သေဆုံးသွားတတ်ပါတယ်။
၁။ဂနာမငြိမ်ဘဲ သွားနေခြင်း
၂။အစာ မစားခြင်း
၃။မြင်သမျှပစ္စည်းများအား ကိုက်ခြင်း
၄။တစ်ကိုယ်လုံးအကြောဆွဲခြင်း
၅။အောက်မေးရိုးကျပြီး သွားရည်ကျခြင်း
၆။မျက်စိစောင်းခြင်း
၇။အမြီးကုပ်ခြင်း

ခွေးတွင်တွေ့ရတတ်သည့် ခွေးရူးပြန်လက္ခဏာများ

ဘယ်သူကမှ ရန်စတာ၊ ဆွပေးတာမျိုးမရှိဘဲ လိုက်ကိုက်ခြင်း၊ တုတ်ချောင်း၊ သံ အစရှိတဲ့ စားစရာမဟုတ်တဲ့ပစ္စည်းများ စားနေခြင်း၊ အကြောင်းရင်း ဂဃနဏမရှိဘဲ ပြေးနေခြင်း၊ အသံပြောင်းလာခြင်း ( အူခြင်း ဒါမှမဟုတ် အသံမထွက်နိုင်ခြင်း)၊ သရေကျခြင်းနှင့် ပါးစပ်ထောင့်မှာ အမြုပ်တစီစီထွက်နေခြင်း အစရှိတဲ့ လက္ခဏာတွေကို တွေ့ရလေ့ရှိပါတယ်။

တိရစ္ဆာန်အကိုက်ခံရရင် အနာကို ဘယ်လောက် ကြီးကြီး ချုပ်မပေးရပါဘူး။ သက်ရှိတစ်ကောင်ကောင်ရဲ့ သွားရည်ဟာ အကိုက်ခံရသူ သွေးထဲဝင်ရင်မတည့်ပါဘူး။ ဒါ့အပြင် မေးခိုင်ရောဂါပိုးဟာ လေမဝင်နိုင်တဲ့ နေရာမှာ ပိုပြီး ရှင်သန်ပွားများနိုင်ပါတယ်။ အနာအရမ်းကြီးလို့ မဖြစ်မနေ ချုပ်ရမယ်ဆိုရင်တောင် အနာကို ပိုးသန့်အောင်အရင် လုပ်ရပါမယ်။ နေ့စဉ် ဆေးကြောသန့်စင်ပြီး အသားနု ကောင်းကောင်း တက်လာအောင်စောင့်ပြီးမှ ပြန်ချုပ်ပေးရပါတယ်။ ခွေး အကိုက်ခံရရင် ဒဏ်ရာကို မန်းမှုတ်တာ၊ ခွေးအန်ဖတ်နဲ့ အုန်းသီးဆံရော ကျွေးတာ၊ ဒဏ်ရာထဲ အိုးမဲ၊ ဆီနဲ့ နနွင်းမှုန့် ထည့်တာတွေ မလုပ်ရပါဘူး။
လူ့ခန္ဓာကိုယ်မှာ ရေးဘီးဗိုင်းရပ်ရောဂါပိုး ကူးစက်ခြင်းကို ခံရပြီးပြီးချင်း ခွေးရူးပြန်ရောဂါရဲ့ လက္ခဏာတွေက ချက်ချင်း ပေါ်မလာတတ်ပါဘူး။
ခွေးရူးရောဂါပိုးက အကိုက်ခံရတဲ့နေရာက ကြွက်သားအာရုံကြောများကတဆင့် ဦးနှောက်ထဲကို ရောက်ရှိသွားပါမယ်။ ကူးစက်ခံရချိန်နဲ့ ရောဂါလက္ခဏာ စတင်ပေါ်လာချိန်ကြား ကာလကို incubation period (ရောဂါပျိုးချိန်)လို့ သတ်မှတ်ပါတယ်။

အကိုက်ခံရတဲ့နေရာကဦးနှောက်ကြား အကွာအဝေး၊
ခန္ဓာကိုယ်ထဲ ၀င်ရောက်လာတဲ့ ဗိုင်းရပ်စ်ပိုး အနည်း အများ၊ကိုယ်ခံအား ပေါ် မူတည်ပြီး ရောဂါလက္ခာတွေက အစောဆုံး ၄ ရက်ကနေ အကြာဆုံး ၁၉ နှစ်အတွင်း ပေါ်လာတတ်ပါတယ်။ ဒါကို ရောဂါပျိုးချိန်လို့ ခေါ်ပါတယ်။ ပျမ်းမျှရောဂါပိုးချိန်ကို ၂ပတ်ကနေ ၁၂ပတ် လို့ သတ်မှတ်ထားပါတယ်။

အကိုက်ခံရတဲ့နေရာက ဦးနှောက်နဲ့နီးလေလေ ရောဂါလက္ခဏာ စောစောပြလေပါပဲ။ ရောဂါပျိုးချိန်က အလွန် အရေးကြီးပါတယ်။ ရောဂါပျိုးချိန်အတွင်း ကာကွယ်ဆေးထိုးပြီး ခွေးရူးပြန်ရောဂါကို ကာကွယ်နိုင်ပါတယ်။ခွေးကိုက်ခံရပြီးပြီးချင်း ကာကွယ်ဆေး ထိုးသင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မထိုးဖြစ်ခဲ့ရင် တတ်နိုင်သမျှ မြန်မြန်ထိုးပါ။ ခွေးရူးပြန်ရောဂါရဲ့ လက္ခဏာတွေ ပေါ်လာမှ ဆေးထိုးမယ်ဆိုရင် ရောဂါကို ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး။

ခွေးရူးပြန်ခြင်း လက္ခဏာများ

• အစောပိုင်း မှာ

အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း ချမ်းတုန်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ အကိုက်ခံရသော နေရာတွင် ယားခြင်း၊နာခြင်း၊ကျဉ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
• နောက်ပိုင်း
အာရုံထွေပြားခြင်း၊ စိုးရိမ်သောကရောက်ခြင်း၊ ဦးနှောက် ချို့ယွင်းခြင်း၊ ရေမျိုရခက်တာ၊ အသက်ရှူရခက်တာ၊ ရေထိရမှာကြောက်တာ၊ လေထိရမှာကြောက်တာ၊ အလင်းရောင်ကို ကြောက်တာ၊ တံတွေးအထွက်များကာ သွားရည်တများများကျတာ ၊တက်တာတွေ ဖြစ်တတ်ပါတယ်။ကြွက်သားများ ခံစားမှုမသိတော့ခြင်း ၊ကြွက်သားများ လှုပ်ရှားမှု မရှိတော့ခြင်း(လည်ချောင်း ကြွက်သားကတော့ ကျုံ့အား များနေတတ်ပါတယ်)၊သတိလစ်ခြင်းတို့ ခံစားရပြီးအသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

ခွေးရူးပြန်ရောဂါ ဘယ်လိုကာကွယ်ရမလဲ

အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးမဖြစ်မနေထိုးပေးရပါမယ်။မိခင်ခွေးမကြီးက ခွေးရူး ကာကွယ်ဆေးထိုးထားတယ်ဆိုရင်တော့ သူကပေါက်တဲ့ ခွေးကလေးတွေအတွက် ကာကွယ်ဆေးချက်ချင်း မလိုအပ်ပါဘူး။ အမေဆီကရတဲ့ antibodyတွေက ၃လလောက်အထိ ကာကွယ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။
အသက် ၃ လမှာ တစ်ခါထိုးပြီး နှစ်စဉ် တစ်နှစ်တစ်ကြိမ်ထိုးပေးရပါမယ်။ကာကွယ်ဆေး မထိုးခင် သန်အရင် ချပေးပါ။၃လပြည့်တဲ့အချိန်မှာ တစ်ကြိမ် ၊ နောက်ထပ် ၉လပြည့်တဲ့အချိန်မှာ တစ်ကြိမ် နှစ်တိုင်း ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။ ကာကွယ်ဆေး ထိုးထားတဲ့ ခွေး အကိုက်ခံရရင် ခွေးရူးပြန် ကာကွယ်ဆေး ထိုးဖို့ မလိုတာမို့ အာဝုပိုင်ရှင်တွေအနေနဲ့ ဆေးမှတ်တမ်းတွေ သေချာ သိမ်းထားဖို့ လိုပါတယ်။

ခွေးရူးပြန်ရောဂါက ကြိုတင်ကာကွယ်ထားလို့ ရတာမို့ တိရစ္ဆာန်ကုသရေး ဆရာ၀န်တွေ ၊တိရစ္ဆာန်နဲ့ အနီးကပ်နေရသူတွေ၊တိရစ္ဆာန်ရုံ၀န်ထမ်းနဲ့ ခွေးရူးပြန်လူနာကို ကုသပေးနေသော ဆရာ၀န်တွေဟာ ကြိုတင်ကာကွယ်ဆေးအကြိမ် အရေအတွက် အပြည့်ထိုးထားရပါမယ်။
ဒေါက်တာစံဝေ

ဒေါက်တာစံဝေ

Address

Lashio, Myanmar, Burma (Myanmar)
Lashio

Telephone

+959789521218

Website

Alerts

Be the first to know and let us send you an email when Pet Zone Lashio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category