07/09/2026
အိမ်ကသားတွေကတော့ တစ်ကောင်တစ်မျိုးစီပါ 🤭
ကိုညောင်ဖြစ်တဲ့ ဂါဂါးကတော့ လာသမျှဧည့်သည်အကုန်ချွဲတတ်သလို မျက်နှာဆိုးနဲ့လည်းမကြည်ရင် မကြည်သလိုကြည့်တတ်ပါသေးတယ် 🙄 (မျက်နှာချိုချက် 🥴 အဲ့လိုဧည့်ထောက်ကောင်းတာ 😣)
ကိုဝု ၁
ထွေးပုမသားလေး ဘီကီကတော့ လာသမျှဧည့်အကုန်ကြိုပါတယ်၊ Auto ဆိုင်ကယ် ဆိုရင်တော့ သူ့အကြိုက်ပါ၊ တက်...ပါစီးလို့မနည်းခေါ်ရပါတယ် 😬 (အိမ်တိုင်ရာရောက်ဝန်ဆောင်မှုအပြည့်ပေးချင်တာ 😅)
ကိုဝု ၂
ရရကတော့ ဆိုင်ရှေ့မှာ မျက်နှာတည်ကြီးနဲ့ မိန့်မိန့်ကြီးထိုင်စောင့်နေတတ်ပါတယ်၊ ဆိုင်ကယ်ကိုအကြမ်းပတမ်းနဲ့ပရမ်းပတာမောင်းတတ်တဲ့သူတွေကတော့ ရရရှိရင်ကိုပဲ အပိုးကျိုးလိမ္မာညင်သာစွာ မောင်းသွားတတ်ကြပါတယ် (မမောင်းလို့မရ၊ မဟုတ်ရင် လိုက်ကွင်းတာကိုး 😟) ဇိုးမှတကယ့်ကိုဇိုးကြီးပါ 😮💨 (ရပ်ကွက်ကိုအဲ့လိုစောင့်ရှောက်တတ်တာ 😁)
၃ ကောင်ဆိုတော့ ၃ မျိုးပေါ့နော်၊ တနေ့တနေ့မပျင်းရပါဘူး၊ သူများအကြွေးမဆပ်ရင် နောင်ဘဝအဲ့အိမ်မှာ ထွေးဖြစ်တတ်တယ်တဲ့ (ကြားဖူးတာလေးပါ) အမှန်ဆိုရင်တော့ အကြွေးမဆပ်ခဲ့တာ သူတို့လား၊ ကိုယ်လား မသဲကွဲဘူး 😬😬😬
Photo credit.