MIN MIN Aquarium

MIN MIN Aquarium Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MIN MIN Aquarium, Pet service, Hmawbi.

😓
10/05/2025

😓

လားရှိုးမှာ ခိုးဆိုးလုယက် ဓားပြတိုက်မှုတွေ ဆက်လက်မြင့်တက်နေ

မေ ၉၊ ၂၀၂၅
Shy V (VOM)

လားရှိုးမြို့မှာ မကြာသေးခင်နေ့ရက်တွေအတွင်း နေ့တိုင်းနီးပါး ခိုးဆိုးလုယက် ဓားပြတိုက်မှု ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"လားရှိုး မြို့ထဲ ဓားပြတိုက်ချက်က ရက်ခြား တခါ ဖြစ်နေတယ်။ နေ့တိုင်းတွေ့နေရတာ။" လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။

နေ့ခင်းမှာတောင် ဓားပြတိုက် အနုကြိမ်း စီးတာတွေ ဖြစ်နေပြီး ရဲစခန်း နားက တိုက်တန်းလို နေရာတောင် နေ့လယ်၊ နေ့ခင်း တွေမှာတောင် ဓားပြတိုက်ခံရတာမျိုး ရှိနေတာေကြာင့် လုံခြုံမှု လုံးဝ မရှိတော့ဘူးလို့ ဆိုပါတယ်။

"မနေ့ မေလ ၇ ရက်နေ့ နေ့လယ်ကရပ်ကွက် ၁၂ အဝေယာလမ်းမှာ လူတစု ကားနဲ့လာပြီးဓားပြတိုက်သွားတယ်။ သေနတ်တွေလည်းပါတယ်။ ကားကို ဓားပြ တိုက်သွားတယ်။"

တရားခံ တယောက် ဖမ်းမိထားပြီး တခြားသူတွေ လွတ်မြောက် နေတုန်း လို့ သိရတယ်လို့ ဆိုပါတယ်။

"ဓားပြတိုက်သူတွေက အမျိုးသား ၄ ယောက်။ သေနတ် ကိုင်ထားကြတယ်။ အိမ်စီးကား တစီး ဓားပြတိုက် သွားကြတာ" လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။

ယမန်နေ့ မေလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားနာဖြစ်ပြီး လားရှိုး ရပ်ကွက် ၁၂၊ အဝေရာလမ်းက နေအိမ် တအိမ်မှာ ဖြစ်တာ လို့ သူက ပြောပါတယ်။

"ရပ်ကွက် ၃ ကြာဖြူလမ်းထိပ်နား မနက်ခင်း စက်ဘီးစီးပြီး အပြန်မှာ ဓားထောက်ပြီး ဖုန်းလုသွားတာ မြင်လိုက်ရပေမယ့် ကိုယ်ပါ အဆစ်ပါနေမှာစိုးလို့ ရှောင်ကွင်းပြီး ပြေးခဲ့ရတယ်" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

ယမန်နေ့ မနက် ၁၀ နာရီခန့်ကလည်း လမ်းမှာ ဆိုင်ကယ် လုပြေးသွားတာ မြင်ခဲ့ရပြီး အောင်စေတနာဘက်မှာလည်း ညတိုင်းသူခိုးဝင် တာတွေရှိတယ်လို့ သိရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၃၀ ရက်နေ့ မနက် ၃ နာရီခန့် ကလည်း လားရှိုး၊ ရပ်ကွက် ၇ က နေအိမ်တအိမ်ကို ဝင်းတံခါး သော့ဖျက်ပြီး အိမ်တံခါးမ တံခါးခေါက် ဝင်လာခဲ့တဲ့ သူခိုး နှစ်ယောက်ကို အိမ်ရှင်နဲ့ အိမ်နီးနားချင်းတွေ ဖမ်းမိခဲ့ သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့ကလည်း လားရှိုး ရပ်ကွက် ၉၊ နယ်မြေ ၁၊ လမ်းသွယ် ၁၀ မှာ အမျိုးသား တယောက် ဓားပြတိုက် ခုတ်သတ်ခံခဲ့ရပြီး ဧပြီလ ၂၄ ရက်နေ့က ဓာတ်ပုံလာရိုက်တဲ့ မင်္ဂလာ စုံတွဲ ငွေ သိန်း ၁၀၀ နဲ့ ကားတစီး ဓားပြတိုက်ခံရကာ ဧပြီလ ၂၃ ရက်နေ့မှာလည်း ထင်းရှူးမြိုင်ဘက်သွားရာ ပါရမီလမ်းမှာ မိန်းကလေး တယောက် လုယက် ဓားခုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က MNDAA ထိန်းချုပ်ထားတဲ့ အချုပ်ထောင်ကို နိုင်ငံရေး အကျဉ်းသား နဲ့ စစ်သုံ့ပန်း မိသားစုတွေကလွဲလို့ ယခင် ပြစ်မှုမျိုးစုံနဲ့ အကျဉ်းသားဟောင်းတွေရော အကျဉ်းသား သစ်တွေပါ မကျန် ထောင်ခါ လွတ်ခဲ့ပြီးနောက် အဲဒီ အကျဉ်းထောင်က လွတ်မြောက်လာသူ တချို့က လားရှိုးမြို့မှာ အခြေပြု သွားလာနေကာ ခိုးမှု၊ လုယက် ဓားခုတ်မှု ပိုဆိုးရွားလာတာ တွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photo Crd # ဒေသခံ

#လားရှိုး #ခိုးဆိုးလုယက် #ဓားပြတိုက်မှု

10/05/2025
08/05/2025

နီးလာပြီဆိုတော့...😌

30/09/2024
30/09/2024

farm myanmar
myanmar
09970831295

09/06/2024

Nano farm myanmar

12/05/2023

🔶 အိမ်မွေးတိရစ္ဆာန်အတွက် အေးမြပြီး လေ၀င်လေထွက်ကောင်းသည့် နေရာတစ်ခုထားပါ။

🔶 တိရစ္ဆာန်များစွာသည် လေဝင်လေထွက်ကောင်းရန် (အငွေ့ပျံသောအအေးခံခြင်း) ကြောင့် အပူဆုံးရှုံးသွားသောကြောင့် လေဝင်လေထွက်ကောင်းရန် အရေးကြီးပါသည်။

🔶 ပြင်ပအိမ်မွေးတိရစ္ဆာန်များသည်လည်း အရိပ်ရရန် အမြဲရှိသင့်သည်။

🔶 အိမ်မွေးတိရစ္ဆာန်အားလုံးသည် သန့်ရှင်းလတ်ဆတ်သော သောက်သုံးရေကို အချိန်တိုင်း များများသောက်သုံးသင့်သည်။ (ဓာတ်ဆား နှင့် သဘာဝအသီးဖျော်ရည်များ)

🔶 အပူချိန်အလွန်လျင်မြန်စွာမြင့်တက်ပြီး အိမ်မွေးတိရစ္ဆာန်များကို လျင်မြန်စွာအသက်ဆုံးရှုံးနိုင်သောကြောင့် အိမ်မွေးတိရစ္ဆာန်များကို ကားထဲတွင် ဘယ်တော့မှမထားပါနှင့်။

🔶 ပူပြင်းသောရာသီဥတုတွင် တိရစ္ဆာန်များကို လေ့ကျင့်ခန်းလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။

🔶 ပူပြင်းသောသဲ၊ ကွန်ကရစ်၊ ကတ္တရာလမ်းနေရာများ သို့မဟုတ် အပူရောင်ပြန်ဟပ်နိုင်သော နေရာများကို ရှောင်ကြဉ်ပါ။

🔶 အပူရှိန်ပြင်းမှုကြောင့်ဖြစ်တတ်သောရောဂါလက္ခဏာတွေကို သတိထားပါ။

🔶 အိမ်မွေးတိရစ္ဆာန်ကို ပူပြင်းသောပတ်ဝန်းကျင်မှ ချက်ချင်းဖယ်ရှားပါ။

🔶 အိမ်မွေးတိရစ္ဆာန်၏ အမွေးနှင့် အရေပြားပေါ်သို့ ကြက်သီးနွေးရေ/အေးမြသောရေကို အနည်းငယ် ဖြန်းပေးပါ။ ထို့နောက် အပူဆုံးရှုံးမှုအများဆုံးဖြစ်စေရန် ပန်ကာ/ လေအေးပေးစက် ကို အသုံးပြုပါ။

🔶 အိမ်မွေးတိရစ္ဆာန်နေထိုင်ရာ အနီးတစ်ဝိုက်ရှိ ဧရိယာကို ရေဖြန်းပေးခြင်းကလည်း ကူညီပေးနိုင်ပါသည်။ ရေခဲရေမသုံးပါနှင့်။

🔶 ထို့နောက် အိမ်မွေးတိရစ္ဆာန်ကို အနီးဆုံးတိရစ္ဆာန်ဆေးကုဆရာဝန်ထံ ချက်ချင်းခေါ်သွားပါ။

🔶 Heatstroke သည် အရေးပေါ်အခြေအနေဖြစ်သည်။

🔶 တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် အမြဲပြသပါ။

🔶 အိမ်မွေးတိရစ္ဆာန်သည် ပြန်လည်ကောင်းမွန်လာပုံရသည် သို့မဟုတ် ၎င်းတို့တွင် အပူဒဏ်ခံရနိုင်သည်ဟု သံသယရှိသော်လည်း တိရစ္ဆာန်ဆေးကုဆရာဝန်ဆီမှာ အမြဲတမ်းစစ်ဆေးသင့်ပါတယ်။

Dr. Hazel
Pet Nutrition Consultant
Nutrition for Pet

12/05/2023

ဒီလိုပါပဲလေ 😕😕

နာမည်​ကျော် Price Timitor ရဲ့ ​​​မြေးလှလှ​လေး​တွေပါ😍၄၅ရက်သား​လေး​တွေစိတ်ဝင်စားရင် 09970831295၀၉၄၃၁၉၉၀၅၉ ကို ဆက်သွယ်ဂယ်ယူ...
09/04/2023

နာမည်​ကျော် Price Timitor ရဲ့ ​​​မြေးလှလှ​လေး​တွေပါ😍
၄၅ရက်သား​လေး​တွေ
စိတ်ဝင်စားရင်
09970831295
၀၉၄၃၁၉၉၀၅၉ ကို ဆက်သွယ်ဂယ်ယူနိုင်ပါတယ်

09/04/2023

Address

Hmawbi
11361

Website

Alerts

Be the first to know and let us send you an email when MIN MIN Aquarium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category