Ci Ci & Di Di Cat Collection

  • Home
  • Ci Ci & Di Di Cat Collection

Ci Ci & Di Di Cat Collection Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ci Ci & Di Di Cat Collection, .

👉Persian အထီး၊ အဖြူမျက်လုံးပြာ၊ 4လ ၊ အမွှေးရှည် ၊ အမွှေးအရမ်းနု၊ နုနုထူထူလေး ၊အရမ်းကိုင်လို့ကောင်း၊ လူလာရင် လိုက်ပြီးပွတ...
10/09/2022

👉Persian အထီး၊ အဖြူမျက်လုံးပြာ၊ 4လ ၊ အမွှေးရှည် ၊ အမွှေးအရမ်းနု၊ နုနုထူထူလေး ၊အရမ်းကိုင်လို့ကောင်း၊ လူလာရင် လိုက်ပြီးပွတ်ကပ်တတ် ၊ကာကွယ်စျေးအကုန်ထိုးပြီး၊သန်ချပြီး။ စျေး-350000ks

👉Persian ထိုင်းImport အထီး၊ အဝါအဖြူအရော လည်ပင်းအဖြူစပ်၊ 10လ ၊ အမွှေးရှည်၊ လူယဥ်ကြောင်တိုင်းနဲ့တဲ့ ရန်မဖြစ်တတ်၊ အရမ်းလိမ္မာ၊ သန်းချပြီး၊ ကာကွယ်ဆေးထိုးပြီး ထိုင်းမှာတခါ မြန်မာနိုင်ငံမှာတခါ ထိုးပြီး၊ သန်ချပြီး။
သားဖောက်ချင်တဲ့အိမ် ချက်ချင်းဖောက်လို့ရပြီနော်။
စျေး- 280000ks

မန်းလေးမြို့ကပါရှင့်။ အကုန်လုံး အိမ်မွှေးတွေပါ၊
အကုန်လုံးစည်းကမ်းရှိပြီး သဲဗန်းအကုန်ကျင့်ပြီးထားပါရှင့်။
ကျန်းမာရေး အားလုံး ကောင်းမွန်။
မန်းလေးကဘဲဦးစားပေးရောင်းပေးမယ်နော်။
ကျေးဇူးတင်ပါတယ်ရှင့်။

ကြောင်စာကျွေးခြင်း အယူအဆအမှားများကြောင်စာတွေအကြောင်းရေးရင်း အလွဲတွေတွေ့ရပါများလာလို့ သတိထားမိသလောက် စုစည်းရေးသားလိုက်ရပါ...
30/03/2022

ကြောင်စာကျွေးခြင်း အယူအဆအမှားများ
ကြောင်စာတွေအကြောင်းရေးရင်း အလွဲတွေတွေ့ရပါများလာလို့ သတိထားမိသလောက် စုစည်းရေးသားလိုက်ရပါတယ်။

ကြောင်က နဲနဲပဲစားတယ်
ဟုတ်ပါတယ် အစာအိမ်သေးလို့ နဲနဲပဲစားပေမယ့် ခဏ ခဏ ဆာတတ်တာမို့ မကြာခဏစားပါတယ်။ လူတွေလို့ တစ်ခါစားပြီး တနေကုန်ဝနေတတ်တဲ့ သတ္တဝါမျိုးမဟုတ်လို့ ဗိုက်ဆာတဲ့အချိန် အသင့်စားနိုင်ဖို့ ပြင်ထားပေးသင့်ပါတယ်။

သောက်ရေခွက်မထားပေးခြင်း
ကြောင်တွေလည်း ရေသောက်ဖို့လိုပါတယ်။ အထူးသဖြင့် ကြောင်စာခြောက်ကျွေးရင် ပိုတောင်များများသောက်ဖို့လိုပါတယ်။ မဟုတ်ရင် ကျောက်ကပ်ထိခိုက်ပါတယ်။ အလွယ်တကူသောက်နိုင်ဖို့ သောက်ရေသန့်သန့်ကို ခွက်နဲ့ သေချာလေးထားပေးဖို့လိုပါတယ်။

ထမင်းနဲ့ အသားနယ်ကျွေးခြင်း
အကုန်အကျသက်သာသလို မြန်မာပြည်မှာ အမြဲကျွေးလေ့ရှိပါတယ်။ တကယ်တော့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲ စတာတွေမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်က ကြောင်တွေအတွက်မလိုအပ်တာကြောင့် ထမင်းစားရတဲ့အခါ ကြောင်က ဗိုက်ဝသွားတာပဲရှိပြီး ထင်သလောက် အာဟာရမဖြစ်ပါဘူး။

ထမင်းကျွေးပြီး ကြောင်စာကို တခါတလေကျွေးတယ်
ကြောင်စာက ကြောင်တွေ နေ့စဉ်စားဖို့ထုတ်ထားတာဖြစ်ပြီး ထမင်းနဲ့ ရောကျွေးစရာ ဖြည့်စွက်စာမဟုတ်ပါဘူး။ ကြောင်စာကို သူအတိုင်းသီးသန့်ပဲကျွေးရမှာပါ။

အစာခြောက်တွေက ကျောက်ကပ်ထိတယ်
အစာခြောက်တွေမှာ အဲ့လို သိသာတဲ့ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ အဲ့လိုဖြစ်တဲ့ကြောင်တွေက သောက်ရေလုံလောက်စွာမရလို့၊ ရေသောက်နည်းလို့သာဖြစ်ရခြင်းပါ။ အစာခြောက်ကျွေးမယ်ဆို ကြောင်အတွက် သောက်ရေ မပြတ်ထားရှိပေးရပါမယ်။

ကြောင်တွေက ငါးကြိုက်တယ်
တကယ်တော့ ကြောင်က ငါးနဲနဲပဲစားဖို့လိုအပ်ပါတယ်။ ကြောင်တွေ ငါးစားတာဟာ အနံ့ကြောင့်သာဖြစ်ပြီး ငါးတွေမှာ အများအပြားပါတဲ့ သိုင်ယာမင်းနိစ်ဓာတ်က ကြောင်တွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ ချက်ပြုတ်လိုက်ရင်တော့ အတော်သင့်လျော့နဲသွားတာ ကြောင်တွေအတွက် ကံကောင်းတယ်လို့ပဲဆိုရမှာပေါ့။

ကြောင်တွေက အချိုကြိုက်တယ်
ကြောင်တွေမှာ ချိုတဲ့အရသာကို ခံစားနိုင်စွမ်းမရှိပါဘူး။

ကြောင်တွေက နွားနို့ကြိုက်တယ်
ကြောင်ကနွားနို့သောက်ပါတယ်။ အစာစားဖို့ကို အနံ့နဲ့ဆုံးဖြတ်တာဖြစ်လို့ နွားနို့အနံ့က ကြောင်အတွက်သောက်ချင်စရာမို့ သောက်တာပါ။ ဒါပေမယ့် နွားနို့မှာပါတဲ့ သကြားဓာတ်ကို ချေဖျက်ဖို့ရာ လိုအပ်တဲ့ ဓာတ်ပစ္စည်းမရှိတာကြောင့် နွားနို့ဟာ ကြောင်တွေရဲ့ အစာခြေစနစ်နဲ့ အစာအိမ်၊ အူလမ်းကြောင်းကို ကောင်းကောင်း ဒုက္ခပေးပါတယ်။

ကြောင်တွေက ပျားရည်ကြိုက်တယ်
နွားနို့လိုတူတူပါပဲ။ ပျားရည်မှာပါတဲ့ သကြားဓာတ်က ကြောင်တွေကို ဒုက္ခကြီးကြီးပေးနိုင်ပြီးတော့ နွားနို့ထက်ဆိုးတာက လက်ဘရည်ဇွန်း တစ်ဇွန်းစာဆိုရင်ပဲ ကြောင်တစ်ကောင်အတွက် အင်မတန်များပြားတဲ့ ပမာဏဖြစ်နေပါပြီ။

တခြားအချက်တွေလည်း ရှိပါသေးတယ်။ နောက်များမှာ ကြုံရင် ထပ်ရေးပါဦးမယ်။

# CatFood

Address


Website

Alerts

Be the first to know and let us send you an email when Ci Ci & Di Di Cat Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share