Miku - Premium Cat Hotel & Supplies

Miku - Premium Cat Hotel & Supplies Our priority is to create a stress free & fun environment for your beloved cats 🐈🐈‍⬛️

Shoyo ကြီးကို check-up ဘာညာအကုန်လုပ်တာအကုန်​ကောင်းတာမို့ blood type တူတာနဲ့သွားလှူပါ​တော့မယ်၊ ဒါ​ပေမယ့်အကယ်၍မတူခဲ့တာ or ...
19/05/2025

Shoyo ကြီးကို check-up ဘာညာအကုန်လုပ်တာအကုန်​ကောင်းတာမို့ blood type တူတာနဲ့သွားလှူပါ​တော့မယ်၊ ဒါ​ပေမယ့်အကယ်၍မတူခဲ့တာ or ​သွေးထပ်လိုခဲ့ရင်လဲလှူလို့ရ​အောင်လှူဖို့စိတ်ဝင်စားရင် viber 09798565077 ကိုဆက်သွယ်​ပေးပါဦးရှင့် 🙏

ဟိုတယ်မှာအရင်က​နေသွားတဲ့က​လေး​လေး​သွေးအ​ရေး​ပေါ်လို​နေလို့ပါ 🙏🙏
18/05/2025

ဟိုတယ်မှာအရင်က​နေသွားတဲ့က​လေး​လေး​သွေးအ​ရေး​ပေါ်လို​နေလို့ပါ 🙏🙏

Update: က​လေး​တွေအိမ်ရသွားပါပြီ 💕1-2 နှစ်​လောက် foster လုပ်​ပေးနိုင်မယ့်အိမ်ဆိုလဲရပါတယ်၊ က​လေး​တွေအိမ်ကပိုက်ဆံစုပြီး​ခေါ...
09/04/2025

Update: က​လေး​တွေအိမ်ရသွားပါပြီ 💕
1-2 နှစ်​လောက် foster လုပ်​ပေးနိုင်မယ့်အိမ်ဆိုလဲရပါတယ်၊ က​လေး​တွေအိမ်ကပိုက်ဆံစုပြီး​ခေါ်နိုင်ဖို့ကြိုးစားချင်လို့ပါတဲ့..foster အိမ်ကိုက​လေး​တွေရဲ့စားစရိတ်နဲ့​ဆေးစရိတ်​လဲပို့​ပေးပါမယ်တဲ့ရှင့် 🙏

Update: က​လေး​တွေအိမ်ရသွားပါပြီ 💕‼️Billi & Billu ​လေးအတွက်အိမ်ရှာပို့စ်​လေးပါရှင့်‼️Miku မှာက​လေး​တွေလာထားဖူးတဲ့သူတိုင်း...
07/04/2025

Update: က​လေး​တွေအိမ်ရသွားပါပြီ 💕

‼️Billi & Billu ​လေးအတွက်အိမ်ရှာပို့စ်​လေးပါရှင့်‼️

Miku မှာက​လေး​တွေလာထားဖူးတဲ့သူတိုင်းသိကြမယ့်အရမ်းလူခင်တဲ့​မောင်နှမ Billi & Billu ​လေး forever home ရှာနေပါတယ် 🙏

က​လေး​တွေရဲ့အိမ်က​နိုင်ငံခြား​ပြောင်းသွား​တော့အဲ့ကို​ခေါ်ဖို့အစီအစဥ်ရှိတာ​ကြောင့် Miku မှာအပ်ခဲ့တာ ၁ နှစ်​ကျော်ခဲ့ပါပြီ။ Miku ကအပြီးပိတ်​တော့မှာမို့ဟိုကို​ခေါ်ဖို့ပြင်ဆင်​နေတုန်းမှာပဲအရင်လကုန်ကဖြစ်ခဲ့တဲ့ငလျင်ဒါဏ်​ကြောင့်က​လေး​တွေပိုင်ရှင်ရဲ့အသက်ကြီးမိဘအိမ်အကုန်ပါသွားပါတယ်😿 အဲ့တာ​ကြောင့်ပိုင်ရှင်​တွေအတွက်ပြည်ပ​ခေါ်ဖို့အရမ်းခက်ခဲသွားတာမို့စိတ်မ​ကောင်းစွာနဲ့ forever home ရှာဖို့ပဲဆုံးဖြတ်ခဲ့တာပါ။

က​လေး ၂ ​ကောင်လုံးကသင်း/သားအိမ်ထုတ်ပြီးသားပါ။ လူအရမ်းခင်တာ​ကို​တော့လာ​ဖူးတဲ့ဧည့်သည်တိုင်းသိကြမှာပါ။ ဒါ​ပေမယ့်က​​လေး​တွေက​ကြောင်အချင်းချင်း​တော့မတည့်ကြတာမို့​ကြောင်မရှိတဲ့အိမ်မှာပဲအဆင်​ပြေမှာပါ။ အပြင်လဲတစ်ခါမှမထွက်ဘူးတဲ့က​လေး​တွေမို့အိမ်တွင်းသီးသန့်​မွေး​ပေးမယ့်အိမ်​လေးလိုချင်ပါတယ်ရှင်။

Update: 1-2 နှစ်​လောက် foster လုပ်​ပေးနိုင်မယ့်အိမ်ဆိုလဲရပါတယ်၊ က​လေး​တွေအိမ်ကပိုက်ဆံစုပြီး​ခေါ်နိုင်ဖို့ကြိုးစားချင်လို့ပါတဲ့..foster အိမ်ကိုက​လေး​တွေရဲ့စားစရိတ်နဲ့​ဆေးစရိတ်​လဲပို့​ပေးပါမယ်တဲ့ရှင့် 🙏

စိတ်ဝင်စားရင် Miku page/09950445523 မှာဆက်သွယ်လို့ရပါတယ်ရှင့်။

Miku မပိတ်ခင်​လေး farewell meowcation လာ​နေသွားတဲ့ Minty ​လေး US ကို​ချော​ချောမွတ်မွတ်​ရောက်သွားပါပြီ 😻
28/01/2025

Miku မပိတ်ခင်​လေး farewell meowcation လာ​နေသွားတဲ့ Minty ​လေး US ကို​ချော​ချောမွတ်မွတ်​ရောက်သွားပါပြီ 😻

မောင်​ရွေးခင် (ခ) Gingerbread ​လေးမင်မင်တို့အပြီးမပိတ်ခင်​လေးနှုတ်ဆက် meowcation ​လေးလာ​နေသွားပါတယ် 🥹🫶ဘာလို့​မောင်​ရွေးခ...
08/01/2025

မောင်​ရွေးခင် (ခ) Gingerbread ​လေးမင်မင်တို့အပြီးမပိတ်ခင်​လေးနှုတ်ဆက် meowcation ​လေးလာ​နေသွားပါတယ် 🥹🫶

ဘာလို့​မောင်​ရွေးခင်နာမည်​ပေးထားတာလဲဆိုရင်သူကမင်မင်အငယ်​တွေဆိုရင်မုန့်​ကျွေးရင်​တောင်ဖြီးဖြဲလုပ်​ပေမယ့်မင်မင်အကြီးကသဲဗန်း​တွေကြားမ​နေနဲ့၊ မမနားလာဆိုစကားနား​ထောင်ပြီးလာတယ်၊ သူ့ကိုချီရင်လဲမ​အော်ပဲမင်မင်အကြီးကိုမှ​ရွေးချွဲသူမို့ပါ 😹 မမတို့အမြဲသတိရ​နေမယ်​နော် အချစ်​တော်ကြီး Ginger ​လေး​ရေ 💗 ​မေ​မေ့နားအကြားကြီးပိုချွဲပိုစိတ်​​ကောက်နိုင်ပါ​စေ​နော် 🤭

06/01/2025

မျက်လုံးကြီး​တွေပြူးပြီးအရမ်း​ကြောက်တတ်တဲ့ပုံမို့အစာများစားပါ့မလားစိတ်ပူခဲ့ရတာ​..ဒါ​​ပေမယ့်ရောက်တဲ့​နေ့ထဲကအပီကျိတ်တာ၊ မုန့်​ကျွေးချိန်ဆိုရင်​လေ zoo ထဲ​ရောက်သွားသလိုပဲ၊ အစာကိုမြန်မြန်ပစ်​ကျွေးရတာ..မဟုတ်လို့က​တော့လက်ကိုပါဆွဲပြီးကိုက်တာ 😹

Miku cat hotel ကို​​လေစင်္ကာပူက ဒီ The Luxe Meownor ဆိုတဲ့ကြောင်ဟိုတယ်လို botique style ထိတိုးချဲ့ဖို့စဥ်းစားထားတာ၊ လာ​န...
04/01/2025

Miku cat hotel ကို​​လေစင်္ကာပူက ဒီ The Luxe Meownor ဆိုတဲ့ကြောင်ဟိုတယ်လို botique style ထိတိုးချဲ့ဖို့စဥ်းစားထားတာ၊ လာ​နေကြ​​ကြောင်​လေး​တွေရဲ့အိမ်ကို​တောင်အ​နောက်ခြံကိုဒီလို​တွေတိုးချဲ့မှာဆိုပြီး​ပြောပြခဲ့​သေးတာ 🥹

ဒီဟိုတယ်ကမင်မင်အတွက်​​တော့ inspirational အဖြစ်ဆုံး၊ fave cat hotel in the whole wide world ပဲ 😭💕..ပိုင်ရှင်ကအရင်ထဲက​ကြောင်​လေး​တွေကိုကယ်ဆယ်​ရေးလုပ်တာ၊ သူ့ staff ​တွေအကုန်လုံးကလဲ certified cat carer ​တွေ..✨️

အခန်း​တွေဆိုလဲအကျယ်ကြီးမို့ play area လဲ share စရာမလိုတော့က​လေး​တွေအတွက်လဲပို safe ဖြစ်တယ်၊ အခန်းတိုင်းကသုံးထားတဲ့​ကြောင်ပစ္စည်း​တွေကအစ custom လုပ်ထားတာ၊ ပြီးရင်အခန်း​တွေဆိုလဲလူဟိုတယ်​တွေလို window view တို့ဘာတို့နဲ့မို့အရမ်းသ​ဘောကျတာပဲရှင်..💕

ပြီးရင်အခန်းတွင်းအပူချိန်ကအစ​ကြောင်​လေး​တွေအတွက်အသင့်​တော်ဆုံး (27-28C) ကြားပဲအမြဲထားတာ (Miku မှာလဲအဲ့​လောက်ပဲ​နော်၊ ဟူးမန်း​တွေအတွက်ပူသလိုဖြစ်တယ်ထင်ရ​ပေမယ့်ဟိုတယ်ထဲအမြဲ​နေ​နေတဲ့က​လေး​တွေအတွက်​တော့အသင့်​တော်ဆုံးအပူချိန်မို့ပါ)

တစ်​နေ့​ငွေအင်အား​ရော၊ စိတ်ဓါတ်ခွန်အား​ရောအပြည့်ရှိလာရင်ဒီလိုအရမ်းမိုက်တဲ့ botique style cat hotel ​လေးကို passion project အ​နေနဲ့ရ​အောင်ဖွင့်ဦးမှာ၊ ​လော​လောဆယ်​တော့ရန်ကုန်မှာပိုပိုမိုက်ပြီးက​လေး​တွေကိုတစ်ကယ်ဂရုစိုက်​ချစ်ပေးတဲ့ဟိုတယ်​လေး​တွေ​အများကြီးထပ်ပေါ်လာဖို့​မျှော်လင့်ပါတယ်ဗျို့ 🫶

Photos credit to The Luxe Meownor's google page & website 💗

02/01/2025

ခင်ချင်သလိုလို၊ မခင်ချင်သလိုလိုနဲ့ mixed signal ​ပေးလွန်းတဲ့ Miku ရဲ့ red flag ကြီး CoCo 🤭🦋

30/12/2024

ကိုးကငယ်ငယ်ထဲကလာ​နေကျမို့ရင်းနှီးပြီးသားကိုဒီတစ်ခေါက်​ရောက်ထဲကကိုယ့်ကို​တွေ့တာနဲ့ hiss ပြီးလုံးဝအထိမခံ​တော့ဝမ်းနည်း​နေခဲ့တာ..🥹

ဒီရက်ပိုင်းအလုပ်ရှုပ်​နေ​တော့​ခေါင်းမ​လျှော်ဖြစ်ပဲဟိုတစ်​နေ့ကမှအချိန်ရှိတုန်း​ခေါင်း​လျှော်ပြီးဟိုတယ်ထဲသွား​တော့အခန်းထဲက​နေလှမ်း​အော်​ခေါ်တာပါရှင့်၊ အစကသူကကိုယ့်ကိုမကြိုက်​တော့ကိုယ့်ကို​ခေါ်မှန်းမသိခဲ့ဘူး၊ ၃ ခါ​လောက်​အော်​ခေါ်နေမှကိုယ့်ကို​ခေါ်မှန်းသိတော့တယ်..😅

ကိုးက​ကောင်မ​လေးလှလှ​လေး​တွေကြိုက်တယ်လို့ကိုးအိမ်ကအရင်ထဲက​ပြောထား​​ပေမယ့်ရုပ်ဘယ်​လောက်လှလှဆံပင်စုတ်ဖွားဆိုကိုးကမကြိုက်မှန်းဒီတစ်​ခေါက်လာလည်​တော့သိသွားပါပြီရှင် 😜

*** 𝑰𝒎𝒑𝒐𝒓𝒕𝒂𝒏𝒕 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕 - W𝒆 𝒂𝒓𝒆 𝒑𝒆𝒓𝒎𝒂𝒏𝒆𝒏𝒕𝒍𝒚 𝒄𝒍𝒐𝒔𝒊𝒏𝒈 𝒃𝒚 𝒕𝒉𝒆 𝒆𝒏𝒅 𝒐𝒇 𝑱𝒂𝒏uary ***Miku Cat Hotel ​လေးစဖွင့်ခဲ့တဲ့ ၂ နှစ်ပ...
29/12/2024

*** 𝑰𝒎𝒑𝒐𝒓𝒕𝒂𝒏𝒕 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕 - W𝒆 𝒂𝒓𝒆 𝒑𝒆𝒓𝒎𝒂𝒏𝒆𝒏𝒕𝒍𝒚 𝒄𝒍𝒐𝒔𝒊𝒏𝒈 𝒃𝒚 𝒕𝒉𝒆 𝒆𝒏𝒅 𝒐𝒇 𝑱𝒂𝒏uary ***

Miku Cat Hotel ​လေးစဖွင့်ခဲ့တဲ့ ၂ နှစ်ပြည့်တဲ့ဒီ​နေ့မှာစိတ်မ​ကောင်းစရာသတင်း​လေးတစ်ခုအသိ​ပေးပါရ​စေ။Miku Cat Hotel ကိုဇန်နဝါရီလကုန်မှာအပြီးပိုင်ပိတ်လိုက်​တော့မှာဖြစ်ပါတယ်ရှင့် 🥺🙏

ကိုယ်တိုင်​ကြောင်စ​မွေးဖြစ်တဲ့အချိန်ကစပြီးကိုယ့်​ကြောင်​တွေနဲ့ခွဲရမှာစိတ်မချတာနဲ့ပဲခရီးမသွားဖြစ်ခဲ့ပါဘူး။ အထူးသဖြင့်အဲ့တုန်းကဆိုကြောင်​လေး​တွေအတွက်သီးသန့်ဒီလိုသစ်သားအခန်း​လေးနဲ့ထား​ပေးတဲ့​ကြောင်ဟိုတယ်ဆိုတာမရှိသ​လောက်ဖြစ်တာမို့နိုင်ငံခြားက​ကြောင်ဟိုတယ်ပုံ​လေး​တွေရှာ၊ inspire ယူပြီး design လဲကိုယ်တိုင်လက်သမားဆရာနဲ့တိုင်ပင်ပြီးလုပ်ခဲ့တာ​ပေါ့​နော်။

ကိုယ့်လို​ကြောင်ပိုင်ရှင်​​တွေအတွက်​လုံခြုံစိတ်ချရမယ့်​နေရာ​လေးရှိ​အောင်ရယ်၊ ကိုယ်ကလဲ​ကြောင်​တွေကိုအရမ်းချစ်​တော့​ကြောင်မျိုးစုံ personality မျိုးစုံ​နဲ့တွေ့ချင်တာရယ်​ကြောင့် passion project အ​နေနဲ့စခဲ့တာ​ပါ။ အဲ့တုန်းကဆို​ကြောင်​တွေကိုလာထားပါ့မလားဆိုပြီး​​မေးကြလို့လုပ်ငန်းအသစ်စရမှာကြောက်စိတ်ဝင်ခဲ့​ပေမယ့်မင်မင်တို့ရဲ့ပထမဆုံး customer ​​လေး Alex ရဲ့မိဘ​တွေကအခန်း​တွေလာကြည့်​တော့အရမ်းသ​ဘောကျတာမြင်​တော့​ motivated ဖြစ်ပြီးရင်တစ်ထိတ်ထိတ်နဲ့စခဲ့တာ​​ပေါ့နော်။ တစ်ကယ်လဲစဖွင့်​တော့လာထားကြသူအမြဲလိုလိုရှိတာ​ကြောင့်မင်မင်ကိုယ်တိုင်​တောင် surprised ပြန်ဖြစ်ခဲ့တာပါ 😹🙈

ဝါသနာနဲ့အလုပ်ထပ်တူကျတဲ့ဒီ cat hotel ကို​နောက်ပိုင်းပို​ကောင်းတဲ့ facilities နဲ့တိုးချဲ့လုပ်ဖို့အထိ​စဥ်းစားခဲ့တာမို့အရမ်းလဲနှ​မြော၊ အရမ်းလဲစိတ်မ​ကောင်းဖြစ်ရပါတယ်။ ဒါ​ပေမယ့်မင်မင် abroad ကိုအပြီးပြောင်း​ဖို့က​တော်​တော်​​သေချာ​နေပြီဖြစ်တာကြောင့်​ရယ်၊ မ​ပြောင်းဖြစ်ရင်​တောင်အသွားအပြန်အမြဲလုပ်​နေရမယ့်အ​ခြေအ​နေမို့ cat hotel ကိုအချိန်မ​ပေးနိုင်မှာစိုးရိမ်တာ​ကြောင့်ပိတ်ဖို့ကိုပဲဆုံးဖြတ်ချက်ချလိုက်ရတာပါ။

Miku ​ကြောင်ဟိုတယ်​လေးစဖွင့်တုန်းကဆိုရန်ကုန်မှာ​ကြောင်​လေး​တွေအတွက်​သေချာသီးသန့်အခန်း​လေး​တွေနဲ့ cater လုပ်တဲ့ဟိုတယ်​လေး​တွေသိပ်မရှိ​ပေမယ့်ခု​နောက်ပိုင်း​တော့ပိုများလာပြီမို့မင့် customer ​လေး​တွေထားစရာ​​နေရာမရှိ​တော့ဘူးဆိုပြီးအရမ်း​တော့မစိုးရိမ်ကြနဲ့​နော်..ဒီ page ​လေးကိုလဲက​လေး​တွေရဲ့အမှတ်တရပုံ​လေး​တွေတင်ဖို့ဖွင့်ထားဦးမှာပါရှင့် 💗

နောက်ဆုံးအ​နေနဲ့ယုံကြည်မှုတစ်ခုထဲနဲ့ချစ်ရတဲ့က​လေး​တွေကိုမင်မင်တို့ဆီအပ်ခဲ့တဲ့ pawrents အ​ရောက်ချင်းစီတိုင်းကိုရင်ထဲမှလှိုက်လှဲစွာကျေးဇူးတင်ပါတယ်​နော်၊ က​လေး​တွေနဲ့​တွေ့ရတာအရမ်း​ပျော်ရပြီးက​လေး​တွေကိုလဲအမြဲအမှတ်ရ​နေမှာပါ။ က​လေး​တွေအကုန်လုံးလဲချစ်ရတဲ့မိသားစုနဲ့ကျန်းကျန်းမာမာသက်တမ်းစေ့​နေသွားရဖို့ Miku မှဆု​တောင်း​ပေးပါတယ် 🙏

PS: ဇန်နဝါရီလအတွက်လက်ရှိလက်ခံထားတဲ့ booking ​တွေရယ်၊ အရင်လာ​ဖူးတဲ့ customer ​တွေကလွဲပြီး booking အသစ်များကိုလဲလက်ခံ​တော့မှာမဟုတ်ပါဘူးရှင့် 🙏

With love,
Miku Team 🐾

ဘယ်သူစလိုက်တဲ့ trend လဲ​တော့မသိဘူး၊ ခုလက်ရှိ Miku က ​မြောင်​တွေက​တော့ဒီပုံစံ​နေရတာကို​တော်​တော်စွဲလမ်း​နေကြတယ် 😹🏡 Insein...
26/12/2024

ဘယ်သူစလိုက်တဲ့ trend လဲ​တော့မသိဘူး၊ ခုလက်ရှိ Miku က ​မြောင်​တွေက​တော့ဒီပုံစံ​နေရတာကို​တော်​တော်စွဲလမ်း​နေကြတယ် 😹

🏡 Insein အင်းစိန်
📱09950445523

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Miku - Premium Cat Hotel & Supplies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category