10/09/2022
Local, Auto, Photoperiod, Feminized, Regular
အထက်ဖော်ပြပါ အသုံးနှုန်းတွေကို Cannabis အကြောင်းစတင်လေ့လာနေတဲ့ စတင်စိုက်ပျိုးမယ့် Beginner grower တွေအများဆုံး ရောထွေးတတ်ကြပါတယ်။ အဲ့ရောထွေးနေတာက တချို့ချို့သော စိုက်ဖူးတဲ့သူတွေမှာပါ ရောထွေးနေတတ်ပါတယ်။
ကျွန်တော် အဲ့အပိုင်းလေးကို နည်းနည်းလေး နားလည်သလောက် ရှင်းပြပေးပါမယ်။
*စာလည်း နည်းနည်းလေးရှည်ချင်ရှည်သွားပါမယ် စာရှည်လို့ မဖတ်ဖူးဆိုတဲ့ ညိုကီတို့ကိုလည်း လာမေးရင် ဒီ post ကိုပဲ Link လုပ်ပြီး ပြန်ပို့မှာပါ
ဟဲ ဟဲ :3
1. Local
Local ဆိုတာ ဘာကိုခေါ်တာလဲ။ Local ဆိုတာ ဒေသတစ်ခု နိုင်ငံတစ်ခုမှာ ပေါက်ရောက်တဲ့ Domestic Strain or Landrace strain တစ်ခုကိုပြောတာပါ။ ကျွန်တော်တို့နိုင်ငံက သမပိုင်းဇုန်အတွင်းမှာ တည်ရှိတဲ့နိုင်ငံဖြစ်တာနဲ့အညီ ရာသီဥတုက ပူနွေးပါတယ်။ အဲ့လိုပူနွေးတဲ့ နိုင်ငံတွေမှာ Quality ကောင်းတဲ့ ဒေသမျိုးရင်း Sativa တွေရှင်သန်ပေါက်ရောက်ကြပါတယ်။ ကျွန်တော်တို့ မြန်မာမှာဆို ကျောက်၊ သရက်၊ ရှမ်း အစရှိသဖြင့်ခေါ်နေတဲ့ မျိုးတွေပေါ့။ BoB ဆိုတာကတော့ Bay of Bengal ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်ဘက်တွေမှာ ပေါက်တဲ့ Sativa အပင်တွေပါ။ တခြားနိုင်ငံရဲ့ Local တွေဆိုရင် ထိုင်းဆို Thai Sativa၊ Hindu Kush ဆိုရင် ပါကစ္စတန်နဲ့ အာဖဂန်ကြားမှာပေါက်တဲ့ ရှားပါး Rare Indica Landrace ၊ အာဖဂန်နစ္စတန်မှာဆိုရင် Afghani အစရှိသဖြင့်ပေါ့။ သူတို့တွေဟာ သူတို့နိုင်ငံတွေရဲ့ Local တွေပါပဲ။
2. Auto or Automatic Flowering
Auto ဆိုတာကတော့ စိုက်ပျိုးချိန်တိုတောင်းပြီး အလိုအလျောက်ပန်းပွင့်နိုင်တဲ့ Cannabis အမျိုးအစားပါ။ အလင်းဘယ်လောက်ပဲ ရနေပါစေ သူ့ရဲ့ အပင်သက်တမ်းရောက်ရှိရင် ဖူးလာကြတဲ့အပင်မျိုးတွေပါ။ ရာသီစက်ဝန်းကို လုံးဝမမှီခိုတဲ့ အပင်တွေဖြစ်ပါတယ်။ ရာသီအချိန်မရွေးစိုက်ပျိုးနိုင်ပါတယ်။
Indoor မှာစိုက်ပျိုးမယ်ဆိုရင် 9 weeks to 12 weeks အတွင်းမှာ Harvest လုပ်လို့ရပါတယ်။ Outdoor မှာစိုက်မယ်ဆိုရင်တော့ အပင်ရဲ့ အိုးအရွယ်အစားနဲ့ စိုက်ပျိုးသူပေါ်မှာမူတည်ပြီး 12 weeks ကနေ 16 weeks လောက်ထိကြာနိုင်ပါတယ်။ Cannabis Ma*****na သုံးမျိုးဖြစ်တဲ့ Sativa, Indica and Ruderalis ဒီသုံးမျိုးမှာ Cannabis Ruderalis တစ်ခုထဲမှာပဲ Automatic Flowering type ဖြစ်ပါတယ်။ Sativa and Indica တွေကို Auto Type ဖြစ်ချင်ရင် Ruderalis နဲ့မျိုးဖောက်ရပါတယ်။
3. Photoperiod
Photoperiod အပင်တွေဆိုတာကတော့ ရာသီစက်ဝန်းနဲ့ နေ့အလင်း၊ ညအမှောင်ရရှိမှုအပေါ်မှာ အပြည့်အဝမှီခိုပြီး ပန်းပွင့်ကြတဲ့အပင်မျိုးတွေပါ။ ရုရှားနိုင်ငံနဲ့ အာရှအလယ်ပိုင်းမှာ ပေါက်တဲ့ Cannabis Ruderalis တွေကလွဲရင် ကျန်တဲ့မျိုးရင်း Local cannabis တွေအားလုံးဟာ Photoperiod အပင်အမျိုးအစားတွေပါ။ သူတို့တွေကို Outdoor မှာစိုက်မယ်ဆိုရင် ရိတ်သိမ်းဖို့အတွက် 6 လကနေ 8 လကြားကြာနိုင်ပါတယ်။ Photoperiod အပင်တွေဟာအဖူးဖူးဖို့ရာ ရာသီစက်ဝန်းနဲ့ အလင်းအမှောင်ရရှိမှု ပမာဏာကို မှီခိုတဲ့အတွက် နေ့တာတိုပြီး ညတာရှည်တဲ့ ရာသီဥတုဖြစ်တဲ့ ဆောင်းတွင်းရောက်မှ ဖူးပါတယ်။ အဲ့တာကြောင့် Local Photo ပင်ကိုစိုက်ထားတဲ့ ညိုကီတို့အမေးများသော မေးခွန်းဖြစ်တဲ့ 1 လပိုင်းထဲက စိုက်ထားတာ အခုထိမဖူးသေးဆိုတဲ့မေးခွန်းရဲ့ အဖြေကတော့ ဆောင်းထိစောင့်ပါ။
4. Feminized
လာပါပြီ အဓိက ဇာတ်လိုက်တွေထဲက တစ်ကောင်။Feminized ဆိုတဲ့ အသုံးအနှုန်းကို Premium seed bank တွေက ထုတ်တဲ့ Seed တွေကို စိုက်ချင်လို့ စုံစမ်းတဲ့အခါ Seed ရောင်းတဲ့ Page တွေမှာ အများဆုံးမြင်ဖူးပါလိမ့်မယ်။ အလားတူ Seed bank တွေရဲ့ Website တွေမှာပါပဲ။ Feminized ဆိုတာဟာ Female ဆိုတာသေချာတဲ့ Female ဖြစ်အောင်လုပ်ပေးထားတဲ့ အစေ့တွေကို ဆိုလိုတာပါ။ ဒီမှာ နှစ်ခု ထပ်ကွဲပါတယ်။ Auto Feminized နဲ့ Photoperiod Feminized နဲ့ဆိုပြီးပါ။
Auto Feminized ဆိုတာကတော့ No.2 မှာရေးထားတဲ့ Auto ပင်တွေကို Breeder တွေက မျိုးစပ် မျိုးဖောက်တာတွေလုပ်ပြီး Female ပင်ဖြစ်အောင်လုပ်ထားတဲ့ Seed ပါ။ Photo Feminized ဆိုတာကတော့ No.3 မှာရေးထားတဲ့ Photo အပင်အမျိုးအစားတွေကို Breeder တွေက မျိုးစပ် မျိုးဖောက်တာတွေလုပ်ပြီးတဲ့အခါမှာ Female ပင်ဖြစ်အောင်လုပ်ထားတဲ့ Seed ပါ။
*** ဒီမှာ ရောသွားတတ်တာက Seed page တွေမှာ ရေးထားတတ်တဲ့ Auto/ Feminized ပါ။ Auto လို့ တစ်လုံးထဲ ရေးထားရင် အဲ့တာ Auto flower Feminized ပါ။
Feminized ပဲရေးထားတယ်ဆိုရင်တော့ အဲ့တာ Photoperiod Feminized ပါ။ ***
5. Regular
နောက်ထပ် ဇာတ်ကောင်တစ်ခုပါပဲ။
Regular ဆိုတာဘာလဲ။ Regular ဆိုတာ Cannabis Seed တစ်ခုကို Male or Female မခွဲခြားထားတဲ့ အမျိုးစားပါ။ စိုက်လိုက်လို့ ပေါက်လာတဲ့အခါ အဖိုပင်ဖြစ်ချင်ဖြစ်မယ် အမပင်ဖြစ်ချင်ဖြစ်မယ်။ ဒီနေရာမှာ Feminized တွေလိုပဲ နှစ်ခုထပ်ကွဲပါမယ်။ Auto regular and Photo regular !!! Auto Regular တွေဆိုတာ Auto ပင်တွေကိုမှ အဖို အမ မခွဲထားတဲ့ Seed တွေဖြစ်ပါတယ်။ တချို့သော Seed bank ကြီးတွေက Regular seed ထုတ်မရောင်းပါဘူး။ တချို့ကတော့ ထုတ်ရောင်းပါတယ် (eg. Ethos Genetic)။ Regular seed စိုက်ပြီး အဖိုပင်ပေါက်လာတဲ့အခါ သာမန်စိုက်ပျိုးသူတွေအတွက် အဖူးမရလို့ စိတ်ညစ်တတ်ကြပေမယ့် Breeder တွေအတွက်ကတော့ အပျော်ကြီးပျော်ကြတာပါ။ Genetic တည်ငြိမ်ပြီးသား Strain တစ်ခုရဲ့ Male pollen ဟာ Breeding လုပ်တဲ့အပိုင်းမှာ တန်ဖိုးကြီးပါတယ်။ Photo Regular ကလည်း အပေါ်ကနဲ့ အကြောင်းအရာ အတူတူပဲမို့လို့ ထပ်မရေးတော့ပါဘူး။
:3
တစ်ခုဖြည့်စွက်ပြီးပြောချင်တာကတော့ Group တွေထဲမှာ ရောင်းနေတဲ့ F1, F2 ဆိုတာတွေသည် Strain တစ်ခုရဲ့ Breeding လုပ်ထားသော မျိုးဆက်အဆင့် Generation 1 and 2 ဆိုတာတွေကို ရည်ညွှန်းတာပါ။ Auto ဖြစ်သည် မဖြစ်သည်ကို မရည်ညွှန်းပါဘူး။ Auto male + Auto Female ကို breeding လိုက်တဲ့အခါမှာ True breeding ဖြစ်တဲ့အတွက် Auto F1 regular seed ရပါတယ်။ အဲ့ဒီ F1 သည် အဖိုအမ မခွဲခြားနိုင်တဲ့ Auto F1 ဖြစ်ပါတယ်။ Auto + Photo Breed တာတွေက True Breeding မဖြစ်တဲ့အတွက် ရလာတဲ့ seed ကလည်း F1 အဆင့်မှာ Auto မဖြစ်ပါဘူး။ Auto+Photo breeding လုပ်တာကနေ Auto ပြန်ရဖို့အတွက် မျိုးဆက် သုံးဆက်ထိ အနည်းဆုံး ဖောက်ဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်ဝယ်လိုက်တဲ့ F1, F2 တွေသည် Auto ဖြစ်တယ် မဖြစ်ဘူးဆိုတာ Breeder နဲ့သာဆိုင်ပါတယ်။ Colloidal Silver ဆေးရည်သုံးပြီး မျိုးယူထားတဲ့ F1 တွေကတော့ Feminized တွေဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြမယ်လို့ထင်ပါတယ်
မပြေလည်း ပြေလိုက်တော့ လက်ညောင်းတယ်ဟ။
- crd Myanmar Herb Knowlege