21/05/2026
မြောင်တို့ Cats' Association က လက်ရှိပရောဂျက်ဖြစ်တဲ့ မြောင်တို့နဲ့အတူ ပညာရေးကူ ကမ်ပိန်းမှတဆင် ကျောင်းသားကျောင်းသူ များကို စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်များကို ပြန်လည်တင်ပြလိုက်ပါတယ်ခင်ဗျာ။
မြောင်တို့ ပရောဂျက် ကာလအတွင်းမှာ တားဂတ်ရဲ့ 60% ရရှိထားပါတယ်ခင်ဗျာ။ ဟူးမန်းတို့အနေနဲ့ မြောင်တို့နဲ့အတူ အခုလို ပါဝင်လှူဒါန်းနိုင်ပါတယ်-
📝 စာရေးကိရိယာ တစ်စုံ - ၃၀,၀၀၀ ကျပ်
🎓 တစ်နှစ်စာ ပညာသင်ဆု - ၇၀,၀၀၀ ကျပ်
💰 အခြား မိမိအဆင်ပြေရာ ပမာဏဖြင့်လည်း ပါဝင်နိုင်ပါတယ်ခင်ဗျာ။
ကမ်ပိန်းလေး Target ပြည့်တဲ့အထိ ဟူးမန်းတို့ အားလုံး ဝိုင်းဝန်းကူညီပေးကြဖို့ မျှော်လင့်ပါတယ်ဗျ။ ၅ နှစ်ကျော်လာတဲ့အထိ မယိုင်လဲတဲ့ စိတ်ဓာတ်တွေနဲ့ အတူတူ ရုန်းကန်နေကြတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို မြောင်တို့က အမြဲ ဂုဏ်ယူနေပါတယ်ခင်ဗျာ။
📍 ပါဝင်လှူဒါန်းရန် Telegram-
t.me/catsassociation24