19/05/2026
Happy 1st birthday, Milky & Mocha!! 🎂🥳
၂၀၂၅၊ မေလ ၁၉ ရက် နေ့လည်ပိုင်းလောက်မှာ Milky နဲ့ Mocha ကို စတွေ့ခဲ့တာ... 🤍🤎 ကိုယ်တွေနေတဲ့ တိုက်ရဲ့ လှေကားနောက်ဘက်က စတိုခန်းလို နေရာလေးမှာ ကြောင်ပေါက်စလေး နှစ်ကောင်။ လမ်းတောင် ကောင်းကောင်းမလျှောက်တတ်သေးဘူး၊ မျက်လုံးကလည်း မပွင့်တပွင့် မျက်ချေးတွေနဲ့။ စစချင်းတွေ့တော့ "သူတို့အမေကြီး နို့လာတိုက်မှာပါလေ" ဆိုပြီး အမှုမဲ့အမှတ်မဲ့ နေလိုက်မိတယ်။
ဒါပေမဲ့ ည ၇ နာရီလောက် အပြင်ကပြန်ရောက်တော့ ကလေးတွေက ချိနဲ့နေသလိုမို့ ဘေးဘီကို စုံစမ်းကြည့်ရတယ်။ အဲ့တော့မှ မွေးချင်း ၃ ကောင်မှာ ၁ ကောင်က ဆိုင်ကယ်ကြားညှပ်ပြီး သေသွားရှာပြီ၊ အမေကြီးကိုလည်း မတွေ့မိဘူးလို့ သိရတာနဲ့... ရင်ထဲမကောင်းတာနဲ့တင် ချက်ချင်း New born kitten စားတဲ့ ကြောင်စာလေးတွေ သွားဝယ်ကျွေးလိုက်ရတယ်။ အစာစားရမှ ကလေးတွေ တဖြည်းဖြည်း အားပြန်ပြည့်ပြီး လမ်းလျှောက်၊ ဆော့ကစားလာကြတာ။ 🥺
အဲ့လိုနဲ့ ခိုးကျွေးလာလိုက်တာ (တိုက်က pet friendly ပေမယ့် တိုက်ပိုင်ရှင်က ကြောင်မုန်းတာမို့) ၂ ပတ်လောက်နေတော့ တိုက်ပိုင်ရှင်က သိသွားပြီး ကလေးနှစ်ကောင်ကို ဖမ်း၊ လမ်းထိပ်က အမှိုက်ပုံမှာ သွားပစ်ဖို့ လုပ်ပါရော။ မလုပ်ဖို့ တားပေမယ့်မရ၊ Shelter သွားပို့ပေးမယ်ဆိုတာတောင် လက်မခံဘူး။ အဲ့ဒီအချိန်တုန်းက ဆုတောင်းရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ဘူး... 😔
ဒါပေမဲ့ ကံကောင်းချင်တော့ သူတို့ ဘယ်လိုဖမ်းဖမ်း ဖမ်းမရဘူး။ ကိုယ်တွေလည်း နောက်နေ့ မနက်ထဲက လူမသိအောင် ခိုးဖမ်းတာ နေ့လည် ၁ နာရီကျမှ မိုခါးလေးကို မိတယ်။ အိမ်ထဲခေါ်ထည့်ထားပေမယ့် ကလေးက သူ့ညီမလေးမပါတော့ အစာမစားဘူး။ မစ်ကီလေးကကျတော့ ငယ်ငယ်ကတည်းက အရမ်းလျင်တော့ ဘယ်လိုမှဖမ်းမရ... ယောက်ျားကလည်း ကယ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ ကြိုးစားပမ်းစား ဒူးအပြဲခံ၊ လက်အပွန်းခံပြီး ဖမ်းပေးရှာတာ နောက်ဆုံး ည ၉ နာရီခွဲမှ ဖမ်းမိတော့တယ် (တော်သေးတာပေါ့) 😅
အခန်းထဲ ခိုးထည့်ထား၊ သန့်ရှင်းရေးလုပ်ပေး၊ အစာကျွေးနဲ့ တဖြည်းဖြည်း ရင်းနှီးပြီး ဆော့လာကြတယ်။ နောက် ၂ ပတ်လောက်နေတော့ တိုက်ပိုင်ရှင်က Random check ဝင်စစ်ပါရော။ ကံကောင်းချင်တော့ ကလေးနှစ်ကောင်က ဘယ်နားသွားအိပ်နေလဲမသိ၊ သူတို့နဲ့ နာရီဝက်လောက် စကားပြောနေတာတောင် အပြင်ထွက်မလာဘူး။ ကလေးတွေရဲ့ ကံဇာတာပေါ့လေ... 🫶
အဲ့လိုနဲ့ ဒီတိုင်းထားရင်တော့ မဖြစ်တော့ဘူးဆိုပြီး Shelter ပို့ဖို့ လုပ်ရတော့တာပေါ့။ Shelter ပိုင်ရှင် ဟောင်ကောင်မကြီးကလည်း အတော်သဘောကောင်းရှာပါတယ်။ ကိုယ်တွေ ကလေးတွေအပေါ် သံယောဇဉ်ရှိတာ သိနေတော့ "နင်တို့လင်မယားပဲ မွေးလိုက်ပါလား၊ ငါ့ဆီမှာ ခဏထား၊ Pet-friendly အခန်းရှာဖို့ပဲလုပ်" လို့ အကြံပေးတယ်။
ဒါပေမဲ့ အခန်းကလည်း ရှာရအတော်ခက်၊ ဘာသာစကားအခက်အခဲနဲ့ဆိုတော့ ပိုဆိုးတာပေါ့။ ဒီကြားထဲ "တကယ်လို့ မွေးစားမယ့်သူရှိရင်လည်း ကလေးနှစ်ကောင်လုံး မွေးစားနိုင်မှ ပေးပါနော်၊ သူတို့က အရမ်းချစ်ကြတာမို့ပါ" ဆိုပြီး Request လုပ်ခဲ့ရသေးတယ်။
Shelter ပို့ပြီး ၁ လအကြာမှာ မိုခါးလေး အစာအဆိပ်သင့်လို့ ဆေးရုံတက်ရသေးတယ်။ သိသိချင်း ဆေးရုံသွားကြည့်တော့ မိုခါးလေးက ကိုယ်တွေအသံကြားတာနဲ့ တန်းပြေးလာတာ။ လှောင်အိမ်ထဲထည့်ထားပြီး လက်မှာ ပိုက်တန်းလန်းနဲ့မို့ လှုပ်မရတာတောင် ကိုယ်တွေကိုမှတ်မိပြီး သူ့မှာ စကားတွေ အတင်းပြောနေရှာတာ... 🥺 အဲ့ကအပြန် ကိုယ်တိုင်လည်း ငိုရသေးတယ်၊ အခန်းကလည်း ရှာမရ၊ ကလေးတွေကိုလည်း ပြန်ခေါ်ချင်နေပြီမို့ စိတ်တွေညစ်ရတာပေါ့။ ယောက်ျားဆိုလည်း မိုခါးလေး မှတ်မိနေတာကို အံ့သြဝမ်းသာဖြစ်လို့... ကြောင်လေးတွေက အဲ့လောက်ထိ သံယောဇဉ်ကြီးတတ်မယ် သူမထင်ခဲ့ဘူးတဲ့။
၂ လအကြာမှာ အိမ်ခန်းရှာတွေ့ခဲ့တယ်။ Shelter ပိုင်ရှင်ကတောင် ပြောနေသေးတယ် "မိုခါးလေးက လှတော့ မွေးစားခံရမယ် ထင်ထားတာ၊ နင်တို့နဲ့ ရေစက်ပါလို့ ဖြစ်ရမယ်၊ အခုထိ Shelter မှာ ရှိနေသေးတာ" တဲ့။ အခုဆို ကလေးနှစ်ကောင်ကို ပြန်ခေါ်ထားလိုက်တာ အိမ်သစ်စပြောင်းထဲကဆိုတော့ ၉ လလောက်ရှိပြီ။ 🥰
ကလေးတွေကို စတွေ့တဲ့နေ့လေး (19.5.2025) ကိုပဲ Birthday အနေနဲ့ သတ်မှတ်လိုက်တာ ခုဆို ၁ နှစ်ပြည့်သွားပြီပေါ့။ 🫶
Happy 1st birthday ပါ ကလေးတို့ရေ... 🎂🥳🫶
ဘာရယ်မဟုတ်ဘူး... ကိုယ်တွေလင်မယားအတွက် သားသမီးလို တန်ဖိုးထား ချစ်ရတဲ့ ကလေးတွေမို့ Diary လေးအဖြစ် အမှတ်တရ ရေးဖြစ်တာပါ။ ချစ်ရတဲ့ မစ်ကီနဲ့ မိုခါးလေး အမြဲကျန်းမာပျော်ရွှင်ပါစေကွယ်။ 🫰❤️
゚viral