21/07/2026
🦴 ဝု လေးတွေရဲ့ အရိုးအဆစ် ကျန်းမာရေးအတွက် Nutramax Cosequin® Joint Health Supplement 🐕✨
ဝု ချစ်သူတို့ရေ... သင့်အိမ်က ဝု လေးတွေ ဆော့ကစားပြီးပြန်လာရင် ခြေဆော့ရတာ လေးနေသလို ခံစားရဖူးပါသလား? ဒါမှမဟုတ် အသက်ရလာလို့ အရင်လို တက်တက်ကြွကြွ မလှုပ်ရှားနိုင်တော့ဘူးလား? 🤔🐾
ဒီနေ့မှာတော့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ အများဆုံး အကြံပြုကြတဲ့ Nutramax Cosequin Joint Supplement အကြောင်း Knowledge Sharing လေး လုပ်ပေးချင်ပါတယ်ရှင်! 💡🐶
🌟 ဘာကြောင့် Cosequin ကို ရွေးချယ်သင့်တာလဲ?
Cosequin မှာ ဝု လေးတွေရဲ့ အရိုးနဲ့ အဆစ်အမြစ်တွေကို သန်မာစေမယ့် အဓိက ပါဝင်ပစ္စည်း ၄ မျိုး စနစ်တကျ ပါဝင်ပါတယ် -
1. Glucosamine Hydrochloride (600 mg): အရိုးအဆစ်ကြားက အရိုးနု (Cartilage) တွေကို ပြန်လည်ပြုပြင်ပေးပြီး ကာကွယ်ပေးပါတယ်။ 🦴
2. Sodium Chondroitin Sulfate (300 mg): အရိုးနုတွေ ပျက်စီးမှုကို တားဆီးပေးပြီး အဆစ်အမြစ် လှုပ်ရှားမှုကို စော့ပျော့ အဆင်ပြေစေပါတယ်။ 💧
3. MSM - Methylsulfonylmethane (250 mg): အဆစ်အမြစ် ရောင်ရမ်းတာနဲ့ နာကျင်တာတွေကို သက်သာစေတဲ့ သဘာဝ ဒြပ်ပေါင်းဖြစ်ပါတယ်။ 🔥✨
4. Manganese (3 mg): အရိုးနုနဲ့ အရိုးအဆစ် တည်ဆောက်ရေးမှာ အကူအညီပေးတဲ့ သတ္တုဓာတ်ပဲ ဖြစ်ပါတယ်။ ⚡
🐶 ဘယ်လို ဝု လေးတွေ တိုက်ပေးသင့်သလဲ?
🐾 အသက်ရလာတဲ့ ဝု အိုကြီးများ: ထရတာ၊ လမ်းလျှောက်တာ ခက်ခဲနေတဲ့ ဝု လေးတွေ။
🐾 အရွယ်အစားကြီးတဲ့ ဝု လေးတွေ (Large Breeds): ကိုယ်အလေးချိန်ကြောင့် အဆစ်အမြစ် ဝန်ပိလေ့ရှိတဲ့ Golden Retriever, German Shepherd, Labrador, Rottweiler, Alaskan, စတဲ့ ဝု လေးတွေ။
🐾 အဆစ်အမြစ် ရောင်ရမ်း/နာကျင်နေသော ဝု လေးတွေ: ခုန်ပေါက်ဆော့ကစားဖို့ ဝံ့မရဲဖြစ်နေတဲ့ ဝု လေးတွေ။
🐾 ကြိုတင်ကာကွယ်ချင်သော ဝု လေးတွေ: အဆစ်အမြစ် ကျန်းမာရေး ကောင်းမွန်နေစေဖို့ ကြိုတင် အာဟာရဖြည့်ချင်တဲ့ ဝု ချစ်သူတို့အတွက်လည်း သင့်တော်ပါတယ်။
💊 အသုံးပြုရမည့် ပမာဏ (Directions for Use)
(Chewable Tablet ဖြစ်လို့ ဝု လေးတွေ မုန့်လိုမျိုး ကြိုက်နှစ်သက်စွာ စားသုံးနိုင်ပါတယ်)
1️⃣ စတိုက်သည့် ပထမ (၄) ပတ် မှ (၆) ပတ်အတွင်း (Initial Period):
၁၅ ပေါင်အောက်: ၁ ရက်လျှင် ½ တောင့်
၁၆ ပေါင် - ၃၀ ပေါင်: ၁ ရက်လျှင် ၁ တောင့်
၃၁ ပေါင် - ၆၀ ပေါင်: ၁ ရက်လျှင် ၂ တောင့်
၆၀ ပေါင်အထက်: ၁ ရက်လျှင် ၃ တောင့်
2️⃣ (၆) ပတ်ကျော်ပြီးနောက် ထိန်းသိမ်းရန် ပမာဏ (Maintenance Period):
၁၅ ပေါင်အောက်: ၂ ရက်လျှင် ½ တောင့်
၁၆ ပေါင် - ၃၀ ပေါင်: ၁ ရက်လျှင် ½ တောင့်
၃၁ ပေါင် - ၆၀ ပေါင်: ၁ ရက်လျှင် ၁ တောင့်
၆၀ ပေါင်အထက်: ၁ ရက်လျှင် ၁ မှ ၂ တောင့်
❤️ သင့်အိမ်က ဝု လေးတွေကို အမြဲတမ်း တက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်ဆော့ကစားနိုင်ဖို့ အရိုးအဆစ် ကျန်းမာရေးကို အထူးဂရုစိုက်ပေးကြပါနော်! 🐕💨✨