Ears up Encyclopedia

Ears up Encyclopedia 🐾Fun dog facts & tips🐾
🐶All breeds, all ears, all love🐶

31/08/2025

ဘယ်လိုတောင် သောင်းကြမ်းပြီး အဆော့မက်တဲ့ကောင်လေးတွေလဲဆိုတာ 🐾
မွေးထားတဲ့ ဖေဖေ မေမေတို့တော့ ပျင်းရမှာမဟုတ်ဘူးနော်
Reader တို့ထဲမှာရော Husky လေးတွေမွေးထားကြတာမျိုးရှိလား အတွေ့အကြုံလေး တွေ ပြောသွားကြဦးနော် ✨


🐾Hello Readers တို့ရေ မင်္ဂလာပါနော် 🐾admin က ခုတလော language exam တစ်ခုအတွက် ပြင်ဆင်နေလို့ page လေးကို မrunနိုင်ဖြစ်သွား...
30/08/2025

🐾Hello Readers တို့ရေ မင်္ဂလာပါနော် 🐾
admin က ခုတလော language exam တစ်ခုအတွက် ပြင်ဆင်နေလို့ page လေးကို မrunနိုင်ဖြစ်သွားတာပါ😔
အခု အချိန်လေးခဏပေးပြီးတော့ admin ရဲ့ second favourite ဖြစ်တဲ့ Huskies လေးတွေအကြောင်းကို ရေးပေးလိုက်ပါတယ်။ ဒီ Huskies လေးတွေကိုစချစ်မိသွားတာတော့ ငယ်ငယ်တုန်းက Togo ဆိုတဲ့ ရုပ်ရှင်လေးကိုကြည့်မိပြီး တစ်နေ့ကျရင် နှင်းတောထဲ Huskies လေးတွေမွေးပြီး Aurora တွေလည်းသွားကြည့်မယ် စသဖြင့်စိတ်ကူးယဉ်ရာလေး ဖြစ်ခဲ့တာပေါ့နော်။
စာတွေလည်းရှည်ကုန်ပါပြီ 🤭

ဒါဆိုရင်တော့ Knowledge sharingလေးကို ဆက်ဖတ်ပေးကြပါဦးနော် ✨

References

American Kennel Club https://www.akc.org/dog-breeds/siberian-husky/

Encyclopedia Britannica – Siberian Huskyhttps://www.britannica.com/animal/Siberian-husky

DogTime – Siberian Husky
https://dogtime.com/dog-breeds/siberian-husky

ရုပ်တည်ကြီးနဲ့ ပေါတာနော် 🤭🐾Reader တို့ထဲမှာရော GSD ပိုင်ရှင် ဖေဖေ မေမေတို့ရှိကြလားနော် 🐾
14/08/2025

ရုပ်တည်ကြီးနဲ့ ပေါတာနော် 🤭

🐾Reader တို့ထဲမှာရော GSD ပိုင်ရှင် ဖေဖေ မေမေတို့ရှိကြလားနော် 🐾

🐕‍🦺ဂျာမန်သိုးထိန်းခွေး (သို့) နားရွက်ထောင်ထောင်နဲ့ သစ္စာရှိတဲ့ စစ်သည်တော်တွေ🐾Hello အာဝုလေးတွေကိုချစ်ကြတဲ့ reader တို့ရေ ...
13/08/2025

🐕‍🦺ဂျာမန်သိုးထိန်းခွေး (သို့) နားရွက်ထောင်ထောင်နဲ့ သစ္စာရှိတဲ့ စစ်သည်တော်တွေ🐾

Hello အာဝုလေးတွေကိုချစ်ကြတဲ့ reader တို့ရေ ✨
ဒီနေ့ပြောပြပေးသွားမဲ့ မျိုးစိတ်လေး အကြောင်းကတော့ admin ရဲ့ အကြိုက်ဆုံးဖြစ်တဲ့ German Shepherd (ဂျာမန်သိုးထိန်းခွေး)လေးတွေအကြောင်းပါ 🐶

သစ္စာရှိပြီး သခင်ကိုသိတတ်ကြတဲ့ ဒီသိုးထိန်းခွေးမျိုးစိတ်ကတော့ လူသိလည်းများတဲ့မျိုးစိတ်တစ်ခုပါ။ သူတို့ရဲ့ တည်ကြည်ခန့်ညားတဲ့ အသွင်ပြင် ၊ အမြဲ သတိရှိနေတဲ့ပုံစံ၊ နားရွက်ထောင်ထောင်နဲ့ စူးရှတဲ့ မျက်လုံးတွေက သူတို့ရဲ့ သစ္စာစောင့်သိတတ်ပြီး အလုပ်ကြိုးစားကြတဲ့ ပင်ကိုယ်အကျင့်စရိုက်နဲ့လည်း ပနံသင့်လှပါတယ်။

🐾ကဲ ဒီ အာဝုလေးတွေအကြောင်းကိုတော့ ပုံလေးတွေထောက်ပြီး ဆက်ကြည့်ပေးပါနော် 🐾

✨Admin CiCi ဖြစ်ပါတယ်ရှင့်✨

References:

American Kennel Club – German Shepherd Dog Breed Information
https://www.akc.org/dog-breeds/german-shepherd-dog

The Spruce Pets – German Shepherd Dogs and Puppies
https://www.thesprucepets.com/german-shepherd-dogs-and-puppies-4175707

Wikipedia – German Shepherd
https://en.wikipedia.org/wiki/German_Shepherd

မင်မင်ဒီနေ့ပြောပြမဲ့‌ တော့ပစ်လေးကတော့အာဝုလေးတွေရဲ့ အရေးပေါ်အခြေအနေနဲ့ပတ်သတ်ပြီးအာဝုလေးတို့အစာခြောက်များပြတ်လတ်သွားခဲ့ရင်...
12/08/2025

မင်မင်ဒီနေ့ပြောပြမဲ့‌ တော့ပစ်လေးကတော့
အာဝုလေးတွေရဲ့ အရေးပေါ်အခြေအနေနဲ့ပတ်သတ်ပြီး
အာဝုလေးတို့အစာခြောက်များပြတ်လတ်သွားခဲ့ရင်
အာဝုမေမေတို့ဖေဖေတို့အနေနဲ့ ဗျာများစရာမလိုပါဘူး
စိတ်အေးအေးထားပြီး ချီးကျွေးလို့ရပါတယ်တဲ့ရှင်

မင်မင်ရဲ့ ဗသုတရစရာလေးတွေသဘောကျရင်
ဝုတ်လို့မန့်ခဲ့ပေးပါနော်

Hello အာဝုလေးတွေကို ချစ်ကြတဲ့ reader တို့ရေ 🐶Pageနာမည်က Ear ups Encyclopedia ဆိုပေမဲ့ ပထမဆုံးပြောပြပေးမဲ့ အာဝုလေးအကြောင်...
12/08/2025

Hello အာဝုလေးတွေကို ချစ်ကြတဲ့ reader တို့ရေ 🐶

Pageနာမည်က Ear ups Encyclopedia ဆိုပေမဲ့ ပထမဆုံးပြောပြပေးမဲ့ အာဝုလေးအကြောင်းကိုတော့ နားရွက်ထောင်ထောင်မဟုတ်ပေမဲ့ လူတိုင်းချစ်ကြတဲ့ Labrador Retriever လေးအကြောင်းကိုပြောပြသွားမှာပါ✨

🐾ပုံလေးတွေကိုထောက်ပြီး ဖတ်ကြည့်ပေးပါနော်🐾

References📖:

American Kennel Club – Labrador Retriever Dog Breed Information
https://www.akc.org/dog-breeds/labrador-retriever/

Wikipedia – Labrador Retriever
https://en.wikipedia.org/wiki/Labrador_Retriever

National Service Animal Registry – Labrador Retriever – Everything You Need to Know
https://www.nsarco.com/labrador-retriever-everything-you-need-to-know/

🐾မင်္ဂလာပါ ဒီ page လေးကို စ runဖြစ်တဲ့ရည်ရွယ်ချက်ကတော့ အာဝုလေးတွေရဲ့ ထူးခြားကွဲပြားတဲ့ ပုံစံ၊ အရွယ်အစားနဲ့ မတူညီတဲ့ ပင်က...
12/08/2025

🐾မင်္ဂလာပါ ဒီ page လေးကို စ runဖြစ်တဲ့ရည်ရွယ်ချက်ကတော့ အာဝုလေးတွေရဲ့ ထူးခြားကွဲပြားတဲ့ ပုံစံ၊ အရွယ်အစားနဲ့ မတူညီတဲ့ ပင်ကိုယ်အကျင့်စရိုက်တွေကို နားလည်သိရှိပြီးတော့ အာဝုမေမေတို့ ဖေဖေတို့အတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်ကူဖြစ်စေဖို့ပါ။ အာဝုပိစိလေးတွေကစလို့ အရွယ်အစားကြီးမားတဲ့ အာဝုလေးတွေအထိ မွေးမြူပြုစုထိန်းသိမ်းဖို့အတွက် မတူညီတဲ့ လိုအပ်ချက်တွေ ကိုယ်စီရှိကြတယ်လို့ ယုံကြည်ထားပါတယ် 🐾

ဒီ page လေးမှာ ပုံမှန်တင်ပေးသွားမဲ့ contentတွေထဲမှာတော့ -

🐕ကွဲပြားတဲ့ အာဝုမျိုးစိတ်တွေအကြောင်း၊ တွေ့ရှိခဲ့တဲ့ ရာဇဝင်၊ အမူအကျင့်တွေ၊ ‌ဘယ်လိုတွေဂရုစိုက်ပေးဖို့လိုအပ်မယ်ဆိုတာတွေ🐕

💕ဖေဖေ မေမေ တို့အနေနဲ့ အာဝုလေးတွေနဲ့ ပိုမိုခိုင်မာတဲ့ bondတွေ တည်ဆောက်ဖို့အတွက် tipsလေးတွေ💕

✨အာဝုလေးတို့ ကျန်းမာပျော်ရွှင်စေဖို့အတွက် ကျန်းမာရေးနဲ့ပတ်သတ်တာလေးတွေ✨

🐶အာဝုတို့ရဲ့ ပျော်ရွှင်ဖွယ် အံ့ဩဖွယ် ကမ္ဘာကို တစ်စေ့တစ်စောင်းတင်ပြသွားမဲ့ video၊ ပုံ၊ meme လေးတွေ တင်သွားမှာဖြစ်ပါတယ်🐶

🧡🧡မင်မင်တို့အနေနဲ့ လူတွေကြားရေပန်းစားတဲ့ Labrador Retriever လို German Shepherd လိုမျိုးကစလို့ တစ်ခါမှကြားဖူးမှာမဟုတ်တဲ့ ရှားပါးမျိုးစိတ်တွေအထိ စုံစုံလင်လင် စူးစမ်းလေ့လာပြီး တင်ပြ‌ပေးသွားမှာပါ။ ခုမှ ပထမဆုံးအကြိမ် အာဝုပိုင်ရှင်ဖြစ်လာတဲ့ မေမေ ဖေဖေတို့အတွက်ရော၊ အတွေ့အကြုံရှိပြီးဖြစ်တဲ့ အာဝုမေမေ ဖေဖေတို့အတွက်ပါ ဒီနေရာလေးက ချစ်ရတဲ့ ကလေးတို့အကြောင်း ပိုမိုလေ့လာသိရှိနိုင်မဲ့နေရာလေးဖြစ်ဖို့ မျှော်လင့်ပါတယ်နော် 🧡🧡

ကိုယ်ကြိုက်နှစ်သက်တဲ့ အာဝုမျိုးစိတ် ဒါမှမဟုတ် မေးချင်တဲ့အကြောင်းအရာ တင်ပေးစေချင်တဲ့ contentမျိုးရှိတယ်ဆိုရင်လည်း ကောမန့်ထဲမှာပြောသွားကြပါဦးနော်💁🐶

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ears up Encyclopedia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category