DAWN VETERINARY CLINIC

DAWN VETERINARY CLINIC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DAWN VETERINARY CLINIC, Yangon.

ဒီနေ့လာပြတဲ့ patient လေးတွေထဲကထူးထူးခြားခြားလေး သားအမိပါ။သားဖြစ်သူက အသက်26နှစ်တဲ့။ဟုတ်ရဲ့လား2ခါပြန်မေးယူရတယ်။ကျမက အသက်24...
11/06/2025

ဒီနေ့လာပြတဲ့ patient လေးတွေထဲကထူးထူးခြားခြားလေး သားအမိပါ။သားဖြစ်သူက အသက်26နှစ်တဲ့။ဟုတ်ရဲ့လား2ခါပြန်မေးယူရတယ်။ကျမက အသက်24နှစ်ထိရှိတဲ့ကြောင်မလေးတစ်ကောင်ကိုဘဲတွေ့ဖုးခဲ့လို့ပါ။ သူတို့ကိုကြည့်ရတာအပြင်ပန်းအနေအထားက10/12နှစ်ဘဲထင်ရ။ Client ကသူ့မောင်လေးအသက်နဲ့အတူတူပါဘဲမို့ အသက်ကတကယ်အမှန်အကန်ပါတဲ့ရှင့်။ကြောင်မေမေကတော့28
နှစ်ခန့်မှန်းပါတဲ့လေ။26နှစ်သားလေးကတော့ castrate လုပ်ထားတာပါ။အမေကတော့ ငယ်ငယ်က တားဆေးထိုးထားခဲ့ပြီးခုမထိုးတာ နှစ်20ခန့်ရှိပါပြီတဲ့။
သူတို့သားအမိရဲ့ အသက်ဇီဝဓာတ်အားကောင်းပုံလေးကိုဆင်ခြင်မိတာပါ။တိလေးတွေလာဖြစ်တာတောင်မှ အသက်ရှင်မှုအချိန်ကာလတွေမတူကြပါဘူး‌ေနာ်။ဒါတောင်မှပိုင်ရှင်က အထူးတလည်ယုယုယယထားတာမဟုတ်ဘဲပုံမှန်လောက်ဘဲဂရုစိုက်တာရှိပါတယ်လို့ပြောတယ်ရှင့်။ခုလဲ အဆုတ်အအေးမိတာ သူတို့အရွယ် တခြားကြောင်လေးတွေမှာဆို seriously ဖြစ်နိုင်သော်လည်း သူတို့ကတော့ တစ်ရက်နှစ်ရက်အတွင်း respond မြန်မြန်နဲ့နလံထူနိုင်ကြပါတယ်။နားရွက်လေးတွေနွေး ခြေဖျားတွေနွေး ပုံမှန်ပြန်စားသောက်နိုင်ကြပါပြီ။ ကြက်စွပ်ပြုတ်ရည်ရေလေးတိုက် ။Oxygen တောင်မှပေးစရာမလို steam inhalation လေးလောက်ပါဘဲ။
Castrate လုပ်ထားတဲ့ကြောင်လေးမို့အသက်ရှည်တယ်ပြောနိုင်ပေမဲ့သူ့အမေကတော့ သားအိမ်ထုတ်တာမျိုးမရှိပါဘူး။သူ့အကြောင်းလေးတွေနဲ့သူလာကြတယ်ဆိုတာမျိုးပေါ့နော်။အသက်ရှည်ကျန်းမာတဲ့ကလေးတွေတွေ့ရင်ဝမ်းသာရပါတယ်။သူတို့လေးတွေကို ကုသလိုက်လို့ မြန်မြန်ဆန်ဆန်သက်သာသွားရင် စိတ်ချမ်းသာမှုကပြောမပြတတ်အောင်ကိုပါဘဲရှင်။ အားလုံးသော ကလေးတွေကျန်းမာကြပါစေ။

11/04/2025

Melted my heart

11/04/2025
11/04/2025

Great job

ကစ်ကစ်နဲ့ Brown
15/03/2025

ကစ်ကစ်နဲ့ Brown

ရာသီဥတုအခြေအနေအရပါရှန်။မြောင်ကအပူရှောင်ရုံလေးပါ။ရေဖြန်းထားတဲ့မြက်တွေပေါ်အကြာကြာကြီးအိပ်ရင်းတမျိုး  ရေချိုးခန်းထဲကကျောက်ပ...
15/03/2025

ရာသီဥတုအခြေအနေအရပါရှန်။မြောင်ကအပူရှောင်ရုံလေးပါ။
ရေဖြန်းထားတဲ့မြက်တွေပေါ်အကြာကြာကြီးအိပ်ရင်းတမျိုး ရေချိုးခန်းထဲကကျောက်ပြားတွေပေါ်သွားအိပ်ရင်းတမျိုးနဲ့နှာတွေချေ ဖြစ်လာတတ်ကြပါတယ်။ရေစိုစွတ်မှုများတဲ့နေရာတွေမှာခပ်ကြာကြာပေးမအိပ်ကြပါနဲ့နော်။

တခါတလေကျရင် ဆေးခန်းထဲကိုမဝင်ချင်လို့ အပြင်မှာဘဲယောင်ခြောက်ဆယ် လုပ်နေတတ်တဲ့ သားလေးတွေရှိတယ်။သူတို့လေးတွေကျတော့လဲ ချော့ချေ...
14/01/2025

တခါတလေကျရင် ဆေးခန်းထဲကိုမဝင်ချင်လို့ အပြင်မှာဘဲယောင်ခြောက်ဆယ် လုပ်နေတတ်တဲ့ သားလေးတွေရှိတယ်။သူတို့လေးတွေကျတော့လဲ ချော့ချော့မော့မော့နဲ့ သူတို့ကြိုက်တဲ့နေရာမှာဘဲ ဆေးထိုးပေးရတာပေါ့လေ။ပေကပ်နေတာလေးကိုက ချစ်စရာ။

Ovariotomy
14/01/2025

Ovariotomy

Address

Yangon

Telephone

+959965149905

Website

Alerts

Be the first to know and let us send you an email when DAWN VETERINARY CLINIC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share