16/05/2026
Sakarin Clinic မှာ ယုန်လေးတွေရဲ့ အတွင်းသွား နဲ့ အပြင်သွား တွေသေချာ စစ်ဆေး ပေးပါတယ်ဗျ
ဖြစ်တဲ့သွားပေါ်မူတည်ပြီး လိုအပ်မှ အိပ်ဆေးပေး စစ်ဆေးရတာမျိုး လုပ်ရပါတယ်
အိပ်ဆေးနဲ့ မရတဲ့အနေထားမှ မေ့ဆေးပါပေးပြီး စစ်ဆေး ရပါတယ်
80% လောက်က အိပ်ဆေး မေ့ဆေး လုံးဝ သုံးစရာမလိုပဲ စစ်ဆေးလို့ရပါတယ် 👍👍
စစ်ဆေးပြီး လိုအပ်သလို သွားတုံးပေးတာ၊ ညှိပေးတာ၊ ဖြတ်ပေးတာ တခါတည်း လုပ်ပေးပါတယ်ဗျ👍
နှုတ်ပစ်ဖို့လိုအပ်တဲ့သွား မှ နှုတ်ပေးပါတယ်
❗️ကလေးက အစာစားတာ
🔥ပုံမှန်ထက် နည်းသွားတာမျိုး၊
🔥အရွက် မြက် စားနေတဲ့ကလေးက ရုတ်တရက် မ
စားတော့တာမျိုး ၊
🔥စားပေမယ့် နည်းလာတာ၊ အစာဝါးနေတဲ့ပုံစံ မူမ။
မှန်တာမျိုး
စသဖြင့် သတိထားမိတာနဲ့ အချိန်မဆွဲပဲ ဆေးခန်းမှာ လိုအပ်တာ စစ်ဆေးပေးတာ ၊ အတွင်းပြင်သွားတွေ စစ်ဆေး ဖို့ ကလေးမိဘတွေကို တိုက်တွန်း
ပေးပါရစေဗျ ✅✅
( တခါတလေ မိဘ တစ်ချို့ က အစာစားနည်းလာတာ သတိထားမိပေမယ့် ရက်နည်းနည်းစောင့်ကြည့်လိုက်အုံးမယ် တွေးပြီး နေတတ်ကြ ပါတယ် ) 😳😳
အကယ်၍ ဖြစ်နေတာက သွားပြဿနာဆိုရင်ဖြင့်
စောင့်ကြည့်လေ အနာ ဆိုးလေ ကြုံရပါတယ် 😬😬
သွားကြောင့် ပါးစောင် နဲ့ လျှာမှာ အနာဖြစ်နေတာ
ကြာပြီဆိုရင် သွား လုပ်ပြီးပေမယ့် ကလေးက အစာကို တန်းမစားနိုင်ပဲ ရက်အတော်ကြာအနာကျက်အောင်ပြန်စောင့်ရပါတယ် 😤😤
နောက်ဆက်တွဲ လေပြဿနာ ထပ်တက်ပါတယ်ဗျ🥴
စောင့်ကြည့်ကြအုံးမှာလားလို့ ?????
Dr. Kyaw Win
Sakarin Animal Healthcare Clinic
အမှတ် ၂၂၃၊ သုဝဏ္ဏသွားဆေးတက္ကသိုလ်အနီး၊ မေတ္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
09-424223500
09-750400498