05/04/2026
ချစ်ခင်လေးစားအပ်ပါသော တိချစ်သူအလှူရှင်အပေါင်းတို့ရှင်...🙏
အလင်းရောင်ဂေဟာလေးမှာ လမ်းဘေးရောက် စွန့်ပစ်ခံထားရတဲ့ နာမကျန်းဖြစ်နေတဲ့ ဂိလာနဖြစ်နေတဲ့ အပြစ်မဲ့တိလေးတွေကို တတ်နိုင်သမျှ ကယ်ဆယ်စောင့်ရှောက်ထားပါတယ်။ လက်ရှိမှာ တိလေးများအတွက် နေ့စဉ်စားနပ်ရိက္ခာ၊ ဆေးဝါးကုသမှုနဲ့ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်တဲ့ဘဝလေးတွေ ဖန်တီးပေးနိုင်ဖို့ အခက်အခဲအချို့ ရှိနေပါတယ်။.
အလှုရရှိငွေက အရမ်းနည်းတာမို့
ဂေဟာလေး ရပ်တည်လည်ပတ်ဖို့ အလှုရှင်များစွာလိုအပ်ပါတယ်ရှင်🙏
အရင်လက ခလေးတွေရဲ့ ဆေးကုသစရိတ် ဆေးရုံစရိတ်
Dc ဆေးခန်းကို သိန်း ၂၀ ကျော် အကြွေးတင်နေပါတယ်ရှင် 🥺
ဒီလက သင်္ကြန်ပိတ်ရက်တွေနဲ့ဆိုတော့
အစာတွေလည်း ကြိုမှာရပါမယ်ရှင်
အစာအိတ်တွေလည်း မဝယ်ရသေးပါဘူးရှင်🥺
အကူအညီလိုအပ်နေတဲ့ခလေးတွေကို ဆက်လက်ပြီး ကယ်တင်နိုင်ဖို့နဲ့ ဂေဟာမှာ လက်ရှိခိုလှုံနေကြတဲ့ ခလေးတွေ အစာရေစာဝဝလင်လင်နဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှူတွေ ပေးနိုင်ဖို့အတွက် အားလုံးရဲ့ ဖေးကူမှူ လိုအပ်ပါပါတယ်ရှင်
ငွေမလှုပေးချင်ရင် အစာဆိုင်ကနေ
အစာအိတ်ဝယ်လှုပေးလို့ရပါတယ်ရှင်
လက်ရှိကယ်တင်ထားတဲ့ ခွေး ကြောင် အကောင်ရေ
၄၀၀ ကျော်ရဲ့ နေ့စဥ်အစာဖိုး ဆေးကုသစရိတ်နဲ့
အထွေထွေစရိတ်တွေ တရိပ်ရိပ်တက်လာတဲ့ အစာအိတ်စျေး
ကုန်ဈေးနှုန်းတွေနဲ့ အတူ ကုန်ကျစရိတ်အားလုံးကို
ရတဲ့အလှူငွေနည်းနည်းလေးနဲ့ ရပ်တည်အံတုနေရတာမို့ ဒီဂေဟာက ကလေးလေးတွေရဲ့ အာဟာရအတွက် နည်းများမဆို ပါဝင်လှူဒါန်းပေးကြဖို့ အသနားခံ အလှူခံလိုက်ပါတယ်ရှင်🙏
ဒီ Post လေးကို Share ပေးခြင်းကလည်း
ဂေဟာက တိလေးတွေအစာအာဟာရအတွက် များစွာအထောက်အကူဖြစ်တာမို့ Share ပေးကြပါဦးနော်🙏
Alinn Yaung Cats Rescue and Shelter
ဂေဟာမှ တိလေးများအတွက် လှူဒါန်းလိုပါက -
🟦 K pay 🟨 Wave Acc
◾09987310969
Acc Name - Aye Myat Mon
🏠 ဂေဟာလိပ်စာ
ရန်ကုန်တိုင်း ထန်းတစ်ပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ်အနီးပါရှင်