Alinn Yaung -Cats Rescue and Shelter

Alinn Yaung -Cats Rescue and Shelter ဆက်သွယ်လှူဒါန်းလိုပါက
09987310969

❝ လူသားတို့၏ မေတ္တာများဖြင့် ကူရာမဲ့နေသော တိလေးများဘဝ နွေးထွေးလုံခြုံစေရမည် ❞

21/07/2025

ပေါက်ပေါက် ကို သန့်ရှင်းရေးလုပ်ရတာလေး ပြချင်လို့ပါ
ဒီကလေးက ကျွန်မဂေဟာကိုရောက်တာ ၂နှစ်ကျော်ပါပြီရှင်
ခွေးကိုက်ခံရပြီး လည်ပင်းပေါက်သွားတာပါ

(အစာစားချိန် နဲ့ ရေသောက်တဲ့ အချိန်တိုင်း
ရေနဲ့အစာ တချို့တဝက်က အဲ့အပေါက်လေးကနေ ပြန်ပြန်ကျပါတယ်
လေပြွန်နဲ့နီးနေလို့ ချုပ်လို့လည်း မရတော့
အမြဲသန့်ရှင်းရေးလုပ်ပေးရပါတယ်ရှင်)
Alinn Yaung Cats Rescue and Shelter

❝ မွန်မြတ်သော အလှူ 💛 ❞အလင်းရောင်ဂေဟာမှ တိလေးများအတွက်အလှူရှင် မမဆုမြတ် ချစ်သောကလေးလေး အမွှေစိန်လေးတို့ မှ အလှူငွေ ၁သိန်း...
12/04/2025

❝ မွန်မြတ်သော အလှူ 💛 ❞

အလင်းရောင်ဂေဟာမှ တိလေးများအတွက်
အလှူရှင် မမဆုမြတ် ချစ်သောကလေးလေး အမွှေစိန်လေးတို့ မှ အလှူငွေ ၁သိန်းကျပ်ကို စေတနာတရား ထက်သန်စွာဖြင့် လှူဒါန်းပါတယ်ရှင် 💛

ယခုကဲ့သို့လှူဒါန်းရသော အကျိုးကျေးဇူးကြောင့် အလှူရှင်မိသားစု ကျန်းမာ ၊ ချမ်းသာပြီး အေးချမ်းပြည့်စုံသောဘဝကို ပိုင်ဆိုင်နိုင်ပါစေ ။ ရောဂါဘယကင်းဝေးပြီး ဒီထပ်ပို၍ ပေးကမ်းလှူဒါန်းနိုင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ ၊ စီးပွါးဥစ္စာများ ဆထပ်တပိုး တိုးပွါးပါစေ ၊ အမွေစိန်လေးလည်း ချစ်ရသောသခင်၏အရိပ်အောက်မှာ အေးချမ်းသာယာပျော်ရွှင်ပါစေ လို့ဆုမွန်ကောင်းတောင်းပြုအပ်ပါတယ်ရှင် 🙏

Alinn Yaung Cats Rescue and Shelter

❝ လူသားတို့၏ မေတ္တာများဖြင့် ကူရာမဲ့နေသော တိလေးများဘဝ နွေးထွေးလုံခြုံစေရမည် ❞

📞 09987310969

ဂေဟာသို့ ဆက်သွယ်လှူဒါန်း ကုသိုလ်ယူလိုပါက -

K pay & Wave Acc
◾09987310969
Acc Name - Aye Myat Mon

🏠 ဂေဟာလိပ်စာ
ရန်ကုန်တိုင်း ထန်းတစ်ပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ်အနီး

 #ကူညီShareပေးကြပါဦးရှင့် #မန္တလေး64လမ်း၃၁&၃၂ကြားအိမ်အောက်ထပ်ပြိုသွားချိန် ကလေးလေး ၂ကောင်ပျောက်သွားလို့ပါရှင့်Mainecoon...
05/04/2025

#ကူညီShareပေးကြပါဦးရှင့်
#မန္တလေး64လမ်း၃၁&၃၂ကြား
အိမ်အောက်ထပ်ပြိုသွားချိန် ကလေးလေး ၂ကောင်ပျောက်သွားလို့ပါရှင့်
Mainecoon 1ကောင်နဲ
Persian cat 1ကောင် တွေရှိခဲ့လျှင်ကူညီဆက််သွယ်ပေးပါရှင့် ကျေးဇူးဆပ်ပါမည်ရှင့်
#09426800205
#09798899322
#09799994940

ဒီကလေးတွေကို မှတ်မိကြသေးလားရှင်အင်းလေးရေဘေးက ကလေးတွေပါကယ်တင်ခြင်းနဲ့နောက်ဆက်တွဲမှာသူတို့လေးတွေကို နေ့စဥ်ကျွေးမွေးရတယ်နေမ...
03/02/2025

ဒီကလေးတွေကို မှတ်မိကြသေးလားရှင်
အင်းလေးရေဘေးက ကလေးတွေပါ
ကယ်တင်ခြင်းနဲ့နောက်ဆက်တွဲမှာ
သူတို့လေးတွေကို နေ့စဥ်ကျွေးမွေးရတယ်
နေမကောင်းရင်ဆေးကုသရတယ်
သူတို့လေးတွေဘဝကို တစ်သက်လုံး တာဝန်ယူစောင့်ရှောက်ရတာပါရှင်🐈🐈🐈

ကလေးတွေအတွက် ဆန်ဝယ်ယူမှုစာရင်းလေးပါရှင်ဂေဟာလေးမှာ ကြောင်၃၀၀ ကျော်ခွေး ၁၀၀ဝန်းကျင်ရှိပါတယ် ကြောင်သီးသန့်ဆိုဆန်သိပ်မကုန်ပေ...
19/01/2025

ကလေးတွေအတွက် ဆန်ဝယ်ယူမှုစာရင်းလေးပါရှင်
ဂေဟာလေးမှာ ကြောင်၃၀၀ ကျော်
ခွေး ၁၀၀ဝန်းကျင်ရှိပါတယ်

ကြောင်သီးသန့်ဆိုဆန်သိပ်မကုန်ပေမယ့်
ခွေးလေးတွေပါများလာတော့(ခြံရှေ့ထိလာပစ်တာတွေ ရွာထဲက မျက်နှာမလွှဲရက်လို့ခေါ်ရတာတွေ)
ဆန်ပိုကုန်ပါတယ်
ဆန်စက်က ဝယ်တာမို့ အပြင်မှာ ၈သောင်းကျော်တန်အိတ်ကို ၇၀၀၀၀ နဲ့ရတာပါရှင်
ကြောင်လေးတွေက ဆန်ကြမ်းရင်သိပ်မစားတာမို့
ကြောင်အတွက် ဆန်က သီးသန့်ထပ်ဝယ်ရပါတယ်
ဆန် 15 အိတ် - 1,050,000 ကျပ်
ကြက်လည်ချောင်း kg 150.70 - 497,310 ကျပ်
ရေခဲ - 15000 ဖိုး
စုစုပေါင်းကျသင့်ငွေ 1,562,310 ကျပ်
၁၅သိန်းကျော် ကျသင့်ပါတယ်ရှင် 🐕🐈
(Comment မှာ ဘောက်ချာကြည့်လို့ရပါတယ်ရှင်)

❝ ချစ်စရာသားသား Milo နဲ့ BoO BoO တို့အလှူ 💛 ❞အလင်းရောင်စံအိမ်မှ သူတို့သူငယ်ချင်းများအတွက် ချစ်စရာ ခလေးများဖြစ်ကြသော အိဖြ...
19/01/2025

❝ ချစ်စရာသားသား Milo နဲ့ BoO BoO တို့အလှူ 💛 ❞

အလင်းရောင်စံအိမ်မှ သူတို့သူငယ်ချင်းများအတွက် ချစ်စရာ ခလေးများဖြစ်ကြသော အိဖြူ မယ်ကျား အီဂျီ တို့၏ ၉နှစ်ပြည့်မွေးနေ့အလှူအဖြစ် အလှူငွေ ၃သောင်း ကျပ်ကို စေတနာတရား ထက်သန်စွာဖြင့် လှူဒါန်းပါတယ်ရှင် 💛 ။

ယခုကဲ့သို့လှူဒါန်းရသော အကျိုးကျေးဇူးကြောင့် ခလေးလေးတို့ ချစ်ရသောသခင်ရဲ့ မေတ္တာအရိပ်အောက်မှာ အနာရောဂါများ ကင်းဝေးပြီး အသက်ရှည်ကျန်းမာပါစေ ခလေးတို့ရေ.... 🥰🥰

အလှူရှင်မိသားစုလည်း ကျန်းမာ ၊ ချမ်းသာပြီး အေးချမ်းပြည့်စုံသောဘဝကို ပိုင်ဆိုင်နိုင်ပါစေ ။ ရောဂါဘယကင်းဝေးပြီး ဒီထပ်ပို၍ ပေးကမ်းလှူဒါန်းနိုင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပြုအပ်ပါတယ်ခင်ဗျာ ။

Alinn Yaung Cats Rescue and Shelter

❝ လူသားတို့၏ မေတ္တာများဖြင့် ကူရာမဲ့နေသော တိလေးများဘဝ နွေးထွေးလုံခြုံစေရမည် ❞

📞 09987310969

ဂေဟာသို့ ဆက်သွယ်လှူဒါန်း ကုသိုလ်ယူလိုပါက -

K pay & Wave Acc
◾09987310969
Acc Name - Aye Myat Mon

🏠 ဂေဟာလိပ်စာ
ရန်ကုန်တိုင်း ထန်းတစ်ပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ်အနီး

ခြေဖြတ်လေး အနာတွေလည်းတော်တော်ကျက်လာပါပြီဆော့တာလည်း မနိုင်ဘူးအမြင့်တွေခုန်တက်လို့ ပြုတ်ကျမဆိုးလို့ ကြည့်ရသေးတာ
19/01/2025

ခြေဖြတ်လေး အနာတွေလည်းတော်တော်ကျက်လာပါပြီ
ဆော့တာလည်း မနိုင်ဘူး
အမြင့်တွေခုန်တက်လို့ ပြုတ်ကျမဆိုးလို့ ကြည့်ရသေးတာ

တိုက်ပေါ်ကပြုတ်ကျပြီးမေးရိုးကျိုးသွားတဲ့ ကလေးရဲ့ကယ်ခါစပုံ နဲ့ အခုပုံလေးပါရှင်😍နေကောင်းကျန်းမာလာလို့ ဆေးရုံကဆင်းလာပါပြီရှ...
17/12/2024

တိုက်ပေါ်ကပြုတ်ကျပြီး
မေးရိုးကျိုးသွားတဲ့ ကလေးရဲ့
ကယ်ခါစပုံ နဲ့ အခုပုံလေးပါရှင်😍
နေကောင်းကျန်းမာလာလို့ ဆေးရုံကဆင်းလာပါပြီရှင်

( လမ်းဘေးကလေးတွေ ဂီလာန ရောဂါသည်လေးတွေ ကယ်ရတဲ့အခါ အရေးပေါ်ဆေးရုံတင်ကုသပါတယ်ရှင်
ဒါကြောင့်လည်း ဆေးရုံစရိတ် ဆေးကုသစရိတ်စာရင်းလည်းများပါတယ်ရှင်
တခါတလေ မအားတာနဲ့ ကယ်သမျှကလေးတိုင်း update မတင်ဖြစ်ခဲ့တာပါ
ကယ်သမျှကလေးတိုင်းအတွက်လည်း အလှုမခံဖြစ်
ပါဘူးရှင် လိုအပ်မှသာ အလှုခံတတ်သူပါ)
ကလေးတွေအတွက် စေတနာထား လှူဒါန်းပေးကြတဲ့
အလှုရှင်အားလုံးကိုလည်း အမြဲဆုတောင်းမေတ္တာ ပို့သပေးပါတယ်ရှင်🙏🙏🙏

17/12/2024

ကိုလေပေါကြီးပါဗျာ😘

❝ ကိုယ်တောင် ကောင်းကောင်းစားချင်ရင် ၊ သူတို့လေးတွေလည်း ကောင်းကောင်း စားချင်မှာပဲ ❞အဲ့ဒီစိတ်နဲ့ပဲ ကလေးတွေကို ကောင်းကောင်း...
17/12/2024

❝ ကိုယ်တောင် ကောင်းကောင်းစားချင်ရင် ၊ သူတို့လေးတွေလည်း ကောင်းကောင်း စားချင်မှာပဲ ❞

အဲ့ဒီစိတ်နဲ့ပဲ ကလေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ သန့်သန့်ရှင်းရှင်း ကျွေးမွေးပါတယ်ရှင်😍😍

Alinn Yaung Cats Rescue and Shelter
Alinn Yaung Cats Rescue and Shelter - 2
ကလေးများအတွက် လှူဒါန်းပေးလိုပါက
09987310969
Aye Myat Mon
Wave /Kpay သို့လှူဒါန်းလို့ရပါတယ်ရှင်

ဆေးရုံတင်ထားရတဲ့ကလေးတစ်ချို့ ဒီနေ့ ဆေးရုံဆင်းရပါတယ် ရှင် ☺️ခြေဖြတ်ရမယ့်ကလေးကတော့ Recovery ယူနေတုံးမို့ ခုထိမဖြတ်ရသေးလို့...
15/12/2024

ဆေးရုံတင်ထားရတဲ့ကလေးတစ်ချို့ ဒီနေ့ ဆေးရုံဆင်းရပါတယ် ရှင် ☺️
ခြေဖြတ်ရမယ့်ကလေးကတော့ Recovery ယူနေတုံးမို့ ခုထိမဖြတ်ရသေးလို့ ဆေးရုံဆက်တင်ထားရပါတယ်ရှင်
ဆေးခန်းစရိတ် နဲ့ လိုအပ်တဲ့ ဆေးဝါးများ
AD ဘူးနဲ့ Rc ထုပ်တွေ သန်ချဆေးကဒ်များဝယ်ယူရာတွင် 625000 ကျပ် + ဆေးရုံဆင်းစရိတ် 403500 ကျပ်+ ယခင်ပေးရန်ကျန်ငွေ 1566500 ကျပ်
စုစုပေါင်းစာရင်း 2595000 ကျပ်
( 26 သိန်းနီးပါးပါရှင်) 😢😢

တိလေးတွေကယ်တင်ရာမှာ နေရာတစ်ခုပေးရုံနဲ့ မပြီးပါဘူးရှင်.....အစာဖိုး ဆေးဖိုး အထွေထွေစရိတ် ဝန်ထမ်းစရိတ်တွေ နဲ့ လုံးချာလည်နေတာ
စိတ်ရောလူရောအင်မတန်ပင်ပန်းရတယ်ဆိုတာ
ဂေဟာတိုင်းလိုလို တစ်နိုင်ကယ်နေကြသူတိုင်းလိုလို ရုန်းကန်ကြရတာ အသိဆုံးပါရှင် 😞
အစစအရာအရာခက်ခဲကြတဲ့အချိန်မှာ အလှူရငွေလည်းအင်မတန်နည်းပါတယ်ရှင်😔
နိုင်သလောက်လေးတွေ ဝိုင်းဝန်းပေးကြပါ
Post လေးတွေ share ပေးကြပါရှင်🥺🥺

Kpay Wave
09987310969
Aye Myat Mon ပါရှင် ☺️

ဒီနေ့ကယ်ပေးရတဲ့ မျက်မမြင်လေးပါမျက်လုံးမမြင်တော့လို့ စွန့်ပစ်တယ် ထင်ပါတယ် 😞😞မျက်လုံး ပြန်မြင် မမြင်ကတော့ မနက်ဖြန် ဆေးခန်း...
12/12/2024

ဒီနေ့ကယ်ပေးရတဲ့ မျက်မမြင်လေးပါ
မျက်လုံးမမြင်တော့လို့ စွန့်ပစ်တယ် ထင်ပါတယ် 😞😞
မျက်လုံး ပြန်မြင် မမြင်ကတော့ မနက်ဖြန် ဆေးခန်းပြကြည့်မှ သိရမှာပါ ရှင် 😢
(ခွဲစိပ်ဖို့လိုအပ်ရင်လည်း ခွဲစိပ်ရပါ့မယ်ရှင်)
အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ပေးသွားမှာပါရှင်

Address

ထန်းတပင်မြို့နယ် ၊ အနောက်ပိုင်းတက္ကသိုလ်အနီး
Yangon
11391

Website

Alerts

Be the first to know and let us send you an email when Alinn Yaung -Cats Rescue and Shelter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category