26/03/2025
မြင်းစီးအားကစား ဝါသနာရှင်များ၊
မြင်းချစ်သူများ ခင်ဗျား
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်မှ
မတ်လ ၂၉ ရက်အထိ ထိုင်းနိုင်ငံ၊ ပတ္တရာမြို့
Thai Polo Club တွင် ပြုလုပ်သည့်
2025 Seagames Eventing Camp
(၂၀၂၅ အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲ Eventing အနီးကပ်
ကြီးကြပ်သင်တန်း) ကို
မြန်မာနိုင်ငံ ကိုယ်စားပြု
အားကစားသမားများ ဖြစ်ကြသည့်
- သန်းနိုင်အောင်
- စောမောင်
- ကျော်၀ဏ္ဏအောင်
တို့သည် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် အားကစားသမားနည်းပြ
ဖြစ်သည့် ဒေါ်အိသက်မွန်နှင့်အတူ သင်တန်း တက်ရောက်နေပြီ ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် Eventing
အားကစားနည်းတွင် ပါဝင်သည့်
အခက်အခဲဖြတ်ကျော် Cross Country
ကစားနည်း၊ တန်းခုန် Show Jumping ကစားနည်း နှင့်
အလှစီး Dressage ကစားနည်း (၃) ခု စလုံးနှင့် ပတ်သက်ပြီး ပြင်သစ်နိုင်ငံမှ
လာရောက်သင်ကြားသည့်
နိုင်ငံတကာနည်းပြ Maxine Livio က အနီးကပ် သင်ကြား ပြသပေးမည် ဖြစ်ပါသည်။
အဆိုပါ သင်တန်းတွင် တက်ရောက်သင်ကြားနေမှုများ၏ မှတ်တမ်း ဓာတ်ပုံများကို မျှဝေပေးလိုက်ပါသည်။