Myanmar Street Animal Protection

Myanmar Street Animal Protection We create a kinder world for animals through care, rehome, birth control, and community engagement.

“Nani Hirunkit ၏ (29) နှစ်ပြည့်မွေးနေ့အလှူ” အဖြစ် လမ်းဘေးတိလေးများအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် အလှူငွေ (၅၀,...
30/10/2026

“Nani Hirunkit ၏ (29) နှစ်ပြည့်မွေးနေ့အလှူ” အဖြစ် လမ်းဘေးတိလေးများအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် အလှူငွေ (၅၀,၀၀၀) ကျပ်ကို လှူဒါန်းသွားပါတယ်ရှင်။

🎉🎂ပျော်ရွှင်ဖွယ်ရာမွေးနေ့လေး ဖြစ်ပါစေ။🎂🎉

🎁 မွေးနေ့ရှင်နှင့်တကွ အလှုရှင်များအားလုံး အသက်ရှည်ကျန်းမာပျော်ရွှင်ပြီး၊ ဘေးအန္တရာယ်အပေါင်းကင်းဝေးဖို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင်…🙏🙏🙏

တိလေးများအတွက် လှူဒါန်းလိုပါက
K pay/ AYA pay/ CB pay/ UAB Pay/ Wave pay (Htet Htet Lwin) _____ 09 402 292 978

မှတ်ချက်တွင် လှုဒါန်းလိုသည့်အရာကို ရေးပေးပါရှင်။
အထွေထွေအတွက် ___ General
ကင်ဆာကုသရန်အတွက် __ Cancer
သောက်ရေအိုးအတွက် _ Water
ခွေးရူးကာကွယ်ဆေးအတွက် _ ARV
နားခိုရာအမိုးအကာအတွက် __ Home
ဆေးဝါးအလှုအတွက် ____ Medicine
သားကြောဖြတ်ရန်အတွက် __ CNVR

"October 30 ရက်နေ့တွင် ကျရောက်မည့် သားလေး မောင်ဝေယံမိုးမြင့် ၏ မွေးနေ့အလှူ” အဖြစ် လမ်းဘေးတိလေးများအတွက် လိုအပ်သည့်နေရာတွ...
30/10/2026

"October 30 ရက်နေ့တွင် ကျရောက်မည့် သားလေး မောင်ဝေယံမိုးမြင့် ၏ မွေးနေ့အလှူ” အဖြစ် လမ်းဘေးတိလေးများအတွက် လိုအပ်သည့်နေရာတွင်အသုံးပြုနိုင်ရန် အလှူငွေ (၅၀,၀၀၀) ကျပ်ကို လှူဒါန်းသွားပါတယ်ရှင်။

🎉🎂ပျော်ရွှင်ဖွယ်ရာမွေးနေ့လေး ဖြစ်ပါစေ။🎂🎉

🎁 မွေးနေ့ရှင်နှင့်တကွ အလှူရှင်များအားလုံး အသက်ရှည်ကျန်းမာပျော်ရွှင်ပြီး၊ ဘေးအန္တရာယ်အပေါင်းကင်းဝေးဖို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင်…🙏🙏🙏

တိလေးများအတွက် လှူဒါန်းလိုပါက
K pay/ AYA pay/ CB pay/ UAB Pay/ Wave pay
(Htet Htet Lwin) _____ 09 402 292 978

မှတ်ချက်တွင် လှုဒါန်းလိုသည့်အရာကို ရေးပေးပါရှင်။

အထွေထွေအတွက် ___ MSAP
ကင်ဆာကုသရန်အတွက် __ Cancer
သောက်ရေအိုးအတွက် ____ ရေအိုး
ခွေးရူးကာကွယ်ဆေးအတွက် ___ ARV
နားခိုရာအမိုးအကာအတွက် ____ Shelter

29.10.2026 နေ့တွင် အောက်ပါမြို့နယ် ၃ ခု အတွင်းရှိ လေလွင့်ခွေးနှင့်ကြောင် စုစုပေါင်း (၂၈) ကောင်တို့ကို မျိုးမပွားအောင် သာ...
29/10/2026

29.10.2026 နေ့တွင် အောက်ပါမြို့နယ် ၃ ခု အတွင်းရှိ လေလွင့်ခွေးနှင့်ကြောင် စုစုပေါင်း (၂၈) ကောင်တို့ကို မျိုးမပွားအောင် သားဆက်ခြားပေးခဲ့ပါတယ်။

​ရွှေပြည်သာ
- အုတ်ဖိုရပ်ကွက် - ခွေး ၇ ကောင်၊
- (၇) ရပ်ကွက် - ခွေး ၅ ကောင်၊ ကြောင် ၁ ကောင်

မရမ်းကုန်း
- ကမ္ဘာအေးဗီလာအနီး - ခွေး ၇ ကောင်

သာကေတ
- (၅) ရပ်ကွက် - ခွေး ၈ ကောင်

⛔ မိတ်လိုက်ပြီးတဲ့ ခွေးမတွေ၊ ကိုယ်ဝန်ရှိတဲ့ခွေးမတွေ၊ နို့တိုက်နေဆဲ ခွေးမတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ ခွေးမတွေကို တားဆေးထိုးပေးလို့ မရတဲ့အတွက် ချန်လှပ်ထားခဲ့ပါတယ်။

🐕🐕🐕🐕🐕🐕

လမ်းဘေးခွေးအများစုက အသက်တိုကြပါတယ်။ သူတို့အသက်ရှင်တဲ့ နှစ်ကာလတိုအတွင်းမှာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်မှုပေါင်းစုံ ကြုံနေကြရပါတယ်။

ထိုအသက်ရှင်စဥ် နှစ်အနည်းငယ်ကာလအတွင်း ထပ်ခါထပ်ခါမျိုးပွားပြီး ဒုက္ခမရောက်ရအောင် ရရှိတဲ့ အလှုငွေနဲ့လောက်အောင် မျိုးထိန်းပေးနေရတာ ဖြစ်ပါတယ်။

လမ်းဘေးတိလေးတွေကို မျိုးထိန်းပေးတာနဲ့ပတ်သက်ပြီး ယခုဆောင်ရွက်နေတာထက်ကောင်းတဲ့ အကြံဉာဏ်ပေးလိုပါက ဒီဖောင်လေးမှာ အကြံပေးနိုင်ပါတယ်ရှင်။

Feedback Form
https://forms.gle/gF5VGmr3j2m8EFr87

လမ်းဘေးတိလေးများ မျိုးပွားပြီးဒုက္ခမရောက်ကြစေဖို့ တိချစ်သူများ တတ်နိုင်သလောက် ကူညီထောက်ပံ့လိုပါက
K pay/ AYA pay/ CB pay/ UAB Pay/ Wave pay
(Htet Htet Lwin) ___ 09 402 292 978

(Note/မှတ်ချက်တွင် 'Activity'' လို့ရေးပေးပါရှင်။)

29.10.2026 နေ့တွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်ဝန်း အတွင်းရှိ လေလွင့်ခွေး (၂၃) ကောင်နှ​​င့် ကြောင် (၂) ကောင်တို့ကို မျိုးမပ...
29/10/2026

29.10.2026 နေ့တွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်ဝန်း အတွင်းရှိ လေလွင့်ခွေး (၂၃) ကောင်နှ​​င့် ကြောင် (၂) ကောင်တို့ကို မျိုးမပွားအောင် သားဆက်ခြားပေးခဲ့ပါတယ်။
​
⛔ မိတ်လိုက်ပြီးတဲ့ ခွေးမတွေ၊ ကိုယ်ဝန်ရှိတဲ့ခွေးမတွေ၊ နို့တိုက်နေဆဲ ခွေးမတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ ခွေးမတွေကို တားဆေးထိုးပေးလို့ မရတဲ့အတွက် ချန်လှပ်ထားခဲ့ပါတယ်။

🐕🐕🐕🐕🐕🐕

လမ်းဘေးခွေးအများစုက အသက်တိုကြပါတယ်။ သူတို့အသက်ရှင်တဲ့ နှစ်ကာလတိုအတွင်းမှာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်မှုပေါင်းစုံ ကြုံနေကြရပါတယ်။

ထိုအသက်ရှင်စဥ် နှစ်အနည်းငယ်ကာလအတွင်း ထပ်ခါထပ်ခါမျိုးပွားပြီး ဒုက္ခမရောက်ရအောင် ရရှိတဲ့ အလှုငွေနဲ့လောက်အောင် မျိုးထိန်းပေးနေရတာ ဖြစ်ပါတယ်။

လမ်းဘေးတိလေးတွေကို မျိုးထိန်းပေးတာနဲ့ပတ်သက်ပြီး ယခုဆောင်ရွက်နေတာထက်ကောင်းတဲ့ အကြံဉာဏ်ပေးလိုပါက ဒီဖောင်လေးမှာ အကြံပေးနိုင်ပါတယ်ရှင်။

Feedback Form
https://forms.gle/gF5VGmr3j2m8EFr87

လမ်းဘေးတိလေးများ မျိုးပွားပြီးဒုက္ခမရောက်ကြစေဖို့ တိချစ်သူများ တတ်နိုင်သလောက် ကူညီထောက်ပံ့လိုပါက
K pay/ AYA pay/ CB pay/ UAB Pay/ Wave pay
(Htet Htet Lwin) ___ 09 402 292 978

(Note/မှတ်ချက်တွင် 'Activity'' လို့ရေးပေးပါရှင်။)

အိမ်နားမှာ ခွေးလေးတွေပေါက်တာ မွေးစားမဲ့သခင်ရှာပေးချင်လို့ပါ။ အိမ်ရာဝင်းထဲက တခြားအိမ်က သူတို့ကားအောက် ကလေးမွေးလို့ ကလေးတွ...
29/10/2026

အိမ်နားမှာ ခွေးလေးတွေပေါက်တာ မွေးစားမဲ့သခင်ရှာပေးချင်လို့ပါ။ အိမ်ရာဝင်းထဲက တခြားအိမ်က သူတို့ကားအောက် ကလေးမွေးလို့ ကလေးတွေကို ဂေါ်ပြားနဲ့ကော်ပြီး ချုံထဲပစ်ထားတာကို ကယ်ထားတာပါ။

ကလေးတွေ ကြီးလာရင် အိမ်ရာကလူတွေ ငြိုငြင်ပြီး သတ်ပစ်ကြမှာစိုးလို့ပါ။ ၅ ကောင်ရှိပါတယ်။

ကလေးတွေက အခုမျက်စိစပွင့်နေပါပြီ။ အစာလည်း ကောက်နေပါပြီ။ လာခေါ်မယ် လာကြည့်ချင်တယ်ဆို သာကေတ ၉ရပ်ကွက်၊ ကမ်းသာယာအိမ်ရာ ၂ 09796170995 ကိုဆက်လို့လည်းရပါတယ်။ ရန်ကုန်တွင်းဆို အိမ်ထိလာပို့ဆိုလည်း ပို့ပေးမှာပါ။

ခွေးမကြီးကတော့ အိမ်ကကျွေးနေတဲ့လူတွေ အနားကပ်လို့ပြီး၊ လူစိမ်းသိပ်မယဉ်လို့ ခုကလေးတွေနို့ပြတ်ရင် သားအိမ်ထုတ်ပေးမှာပါ။

တိုက်ရိုက်ဆက်သွယ်ရန်

Facebook: Myat Noe Maung
https://www.facebook.com/share/1E1xFSEj1o/

ဖုန်း - 09796170995

တည်နေရာ - သာကေတ ၉ရပ်ကွက်၊ ကမ်းသာယာအိမ်ရာ ၂၊ ရန်ကုန်။



ညီမက မိန်းကလေးအဆောင်မှာနေတာ ၂လရှိပါပြီ။ အဆောင်စရောက်ကတည်းက အဲ့ကြောင်ကရှိနေပြီး ပိန်လိန်နေလို့အစာကျွေးပါတယ်။ အဆောင်မှူးကတ...
29/10/2026

ညီမက မိန်းကလေးအဆောင်မှာနေတာ ၂လရှိပါပြီ။ အဆောင်စရောက်ကတည်းက အဲ့ကြောင်ကရှိနေပြီး ပိန်လိန်နေလို့အစာကျွေးပါတယ်။

အဆောင်မှူးကတွေ့လို့ ခဏခဏဆူပြောပြီး မကျွေးရဆိုလို့ ဘယ်သူမှကျွေးခွင့်မရှိပါဘူးရှင်။ ခိုးကျွေးပေမဲ့ မဝရေဆာဖြစ်နေလို့ သူကအခန်းထဲတွေကနေ လိုက်ခိုးစားရင်လဲရိုက်ခံရပါတယ်။

ကျွေးမိရင်လည်း သူကအနားကပ်တော့ အဆောင်မှူးရိပ်မိပြီးပြောလို့ပါ။ သူရဲ့အနေဆင်းရဲ အစားဆင်းရဲဘဝကို မကြည့်ရက်တော့လို့ ကြောင်ချစ်သူများ အဆင်​ပြေရင် ခေါ်မွေးပေးကြပါဦးရှင်။

တိုက်ရိုက်ဆက်သွယ်ရန်

Facebook: Thaddar Htet Eaim
https://www.facebook.com/share/1cbeQYLzpP/

ဖုန်း - 09 6988 52 338

တည်နေရာ - ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။


28.10.2026 နေ့တွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်ဝန်းအတွင်းရှိ လေလွင့်ခွေး (၄၈) ကောင်တို့ကို မျိုးမပွားအောင် သားဆက်ခြားပေးခဲ့...
28/10/2026

28.10.2026 နေ့တွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်ဝန်းအတွင်းရှိ လေလွင့်ခွေး (၄၈) ကောင်တို့ကို မျိုးမပွားအောင် သားဆက်ခြားပေးခဲ့ပါတယ်။
​
⛔ မိတ်လိုက်ပြီးတဲ့ ခွေးမတွေ၊ ကိုယ်ဝန်ရှိတဲ့ခွေးမတွေ၊ နို့တိုက်နေဆဲ ခွေးမတွေ နဲ့ ကျန်းမာရေးမကောင်းတဲ့ ခွေးမတွေကို တားဆေးထိုးပေးလို့ မရတဲ့အတွက် ချန်လှပ်ထားခဲ့ပါတယ်။

🐕🐕🐕🐕🐕🐕

လမ်းဘေးခွေးအများစုက အသက်တိုကြပါတယ်။ သူတို့အသက်ရှင်တဲ့ နှစ်ကာလတိုအတွင်းမှာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်မှုပေါင်းစုံ ကြုံနေကြရပါတယ်။

ထိုအသက်ရှင်စဥ် နှစ်အနည်းငယ်ကာလအတွင်း ထပ်ခါထပ်ခါမျိုးပွားပြီး ဒုက္ခမရောက်ရအောင် ရရှိတဲ့ အလှုငွေနဲ့လောက်အောင် မျိုးထိန်းပေးနေရတာ ဖြစ်ပါတယ်။

လမ်းဘေးတိလေးတွေကို မျိုးထိန်းပေးတာနဲ့ပတ်သက်ပြီး ယခုဆောင်ရွက်နေတာထက်ကောင်းတဲ့ အကြံဉာဏ်ပေးလိုပါက ဒီဖောင်လေးမှာ အကြံပေးနိုင်ပါတယ်ရှင်။

Feedback Form
https://forms.gle/gF5VGmr3j2m8EFr87

လမ်းဘေးတိလေးများ မျိုးပွားပြီးဒုက္ခမရောက်ကြစေဖို့ တိချစ်သူများ တတ်နိုင်သလောက် ကူညီထောက်ပံ့လိုပါက
K pay/ AYA pay/ CB pay/ UAB Pay/ Wave pay
(Htet Htet Lwin) ___ 09 402 292 978

(Note/မှတ်ချက်တွင် 'General' လို့ရေးပေးပါရှင်။)

"မောင်ညီဝန်းရံ အတွက် ရည်စူးအလှူအဖြစ်" လမ်းဘေးတိလေးများအတွက် လိုအပ်သည့်နေရာတွင်အသုံးပြုနိုင်ရန် အလှူငွေ (၅၀,၀၀၀) ကျပ်ကို ...
28/10/2026

"မောင်ညီဝန်းရံ အတွက် ရည်စူးအလှူအဖြစ်" လမ်းဘေးတိလေးများအတွက် လိုအပ်သည့်နေရာတွင်အသုံးပြုနိုင်ရန် အလှူငွေ (၅၀,၀၀၀) ကျပ်ကို ထည့်ဝင်လှူဒါန်းသွားပါတယ်။

❤️ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ ❤️

ဤကောင်းမှုကုသိုလ်အလှူရဲ့ အကျိုးကျေးဇူးကြောင့် "မောင်ညီဝန်းရံ" လည်းအစဉ်ထာဝရငြိမ်းချမ်းတဲ့ ကောင်းရာမွန်ရာရောက်ရှိဖို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။

လှူဒါန်းပေးသူအလှူရှင်လည်း စိတ်သက်သာရာရပြီး၊ တိလေးတွေအတွက် ဒီထက်မက ကူညီစောင့်ရှောက်ပေးနိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်...🙏🙏

တိလေးများအတွက် လှူဒါန်းလိုပါက
K pay/ AYA pay/ CB pay/ UAB Pay/ Wave pay
(Htet Htet Lwin) ____ 09 402 292 978

မှတ်ချက်တွင် လှုဒါန်းလိုသည့်အရာကို ရေးပေးပါရှင်။
အထွေထွေအတွက် _______ General
ကင်ဆာကုသရန်အတွက် __ Cancer
သောက်ရေအိုးအတွက် _____ Water
အစားအစာအတွက် ________ Food
ခွေးရူးကာကွယ်ဆေးအတွက် _ ARV
နားခိုရာအမိုးအကာအတွက် _ Home
ဆေးဝါးအလှုအတွက် ___ Medicine
သားကြောဖြတ်ရန်အတွက် __ CNVR

ဟိုတစ်ခါက မြစ်ငယ်ဘူတာ မီးရထားလမ်းဘေးနားမှာ စွန့်ပစ်ခံထားရတဲ့ ခွေးမေမေကြီးနဲ့ ကလေးတွေအကြောင်း သခင်ရှာပို့စ် တင်ပေးခဲ့ဖူးပ...
28/10/2026

ဟိုတစ်ခါက မြစ်ငယ်ဘူတာ မီးရထားလမ်းဘေးနားမှာ စွန့်ပစ်ခံထားရတဲ့ ခွေးမေမေကြီးနဲ့ ကလေးတွေအကြောင်း သခင်ရှာပို့စ် တင်ပေးခဲ့ဖူးပါတယ်။

အခုတော့ ကလေးလေးတွေထဲက တစ်ကောင်ပဲကျန်တော့တယ်လို့ သိရပါတယ်။ သားပေါက်လေးက အခုဆို အစာလည်း ကိုယ်တိုင်စားတတ်နေပါပြီ။

ဒါပေမယ့် မီးရထားလမ်းဘေးနားမှာ နေနေရတာဖြစ်လို့ အချိန်မရွေး အန္တရာယ်ကြုံရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်သေးတဲ့ အရွယ်လေးဖြစ်လို့ မီးရထားလမ်းဘေးမှာပဲ ဆက်နေစေမယ့်အစား လုံလုံခြုံခြုံနားခိုနိုင်မယ့် အိမ်လေးတစ်အိမ် ရစေချင်ပါတယ်။

ကလေးလေးကို မိသားစုဝင်တစ်ယောက်လို သဘောထားပြီး ရေရှည်တာဝန်ယူ စောင့်ရှောက်ပေးနိုင်သူများ ဆက်သွယ်ပေးကြပါဦးနော်။

တိုက်ရိုက်ဆက်သွယ်ရန်

Facebook: Aye Nandar Htun

https://www.facebook.com/share/19vsPCRXwf/?mibextid=wwXIfr

Ph - 09 966 122 957

တည်နေရာ - မြစ်ငယ်ဘူတာ။


MSAP အဖွဲ့သားတွေ လေလွင့်ခွေးလေးတွေကို မျိုးထိန်းပေးဖို့ စစ်ကိုင်းကိုရောက်နေပါပြီနော်။ ကြိုမသိသေးသူများအတွက် မိမိအနီးဝန်း...
28/10/2026

MSAP အဖွဲ့သားတွေ လေလွင့်ခွေးလေးတွေကို မျိုးထိန်းပေးဖို့ စစ်ကိုင်းကိုရောက်နေပါပြီနော်။ ကြိုမသိသေးသူများအတွက် မိမိအနီးဝန်းကျင်မှာ သားဆက်ခြားပေးဖို့လိုတဲ့ ခွေးလေးတွေရှိရင် ဖုန်းဆက်လို့ရပါတယ်။

ဖုန်း & Viber - 09889913917

လမ်းကြောင်းဆွဲလို့အဆင်ပြေအောင် ရပ်ကွက်အမည်နဲ့ Viber နံပါတ်လေး cb မှာ ပို့ပေးရင် ပိုအဆင်ပြေပါတယ်။

ဘယ်လိုခွေးမတွေကို တားဆေးထိုးပေးလို့မရဘူးလဲ။

❌ အသက် ၆ လအောက်ခွေးမလေးများ
❌ ဟိလာနေသော/မြိုင်လာနေသော ခွေးမများ
❌ မိတ်လိုက်ထားသော ‌ခွေးမများ
❌ ကိုယ်ဝန်ရှိသော ‌ခွေးမများ
❌ နို့တိုက်နေဆဲ ခွေးမများ
❌ မကျန်းမာသော ‌ခွေးမများ
❌ အပိန်လွန်နေသော/ အဝလွန်နေသော ခွေးမများ

▪ သတင်းကောင်းတစ်ခုကတော့ စစ်ကိုင်းမှာ တခြားနေရာတွေလို အဆိပ်ချတာမျိုး မရှိဘူးတဲ့။ သို့သော်လည်း လေလွင့်ခွေးတွေ အရမ်းပွားများလာရင် သူ​တို့ နေ့စဥ်ကြုံနေရတဲ့ ဆာလောင်ငတ်မှုတွေ၊ လူအချို့ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေ၊ ရောဂါအနာဘယဖြစ်တဲ့အခါ လျစ်လျူရှုမှုတွေနဲ့ ခွေးရူးရောဂါဖြစ်ပွားမှု လျော့နည်းရအောင် မျိုးထိန်းပေးခြင်းကလည်း အရေးကြီးပါတယ်။

▪ လမ်းဘေးခွေးတွေအ​တွက်ရော၊ လူ့ပတ်ဝန်းကျင်အတွက်ပါ ကြုံလာနိုင်တဲ့ ဒုက္ခအခက်ခဲပေါင်းစုံကိုလည်း မျိုးထိန်းခြင်းဖြင့် ကြိုတင်တားဆီးလို့ရပါတယ်။

▪ အသေးအဖွဲ ရောဂါအနာဘယတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေပေးလို့ရအောင် Medical box လည်း ယူသွားပါတယ်။

စစ်ကိုင်းကခွေးလေးတွေအတွက် တိချစ်သူများ အလှုငွေအားဖြင့် ကူညီပါဝင်လို့ပါက 👇

K pay/ AYA pay/ CB pay/ UAB Pay/ Wave pay
(Htet Htet Lwin) 09 402 292 978

မှတ်ချက်တွင် 'စစ်ကိုင်း' လို့ ရေးပေးပါရှင်။

်ကိုင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Street Animal Protection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share