07/06/2025
Nasal discharge (နှာရည်ယိုခြင်း)
👉ခွေးလေးတွေ ကြောင်လေးတွေမှာ ဖြစ်တတ်တဲ့ နှာရည်
ယိုခြင်း အကြောင်းကို ပြောပြချင်ပါတယ်။
👉နှာရည်ယိုခြင်း အကြောင်းမပြောခင်မှာ ခွေး/
ကြောင်လေးတွေရဲ့ အသက်ရှူလမ်းကြောင်းဖွဲ့စည်းပုံကို ပြော
ချင်ပါတယ်။
👉အသက်ရှုလမ်းကြောင်းမှာ နှစ်ပိုင်းရှိပါတယ်။
➡️Upper respiratory tract ( nasal passages, sinuses, pharynx and larynx)
➡️ Lower respiratory tract (trachea,bronchi, bronchioles, alveoli, interstitium vasculator of lungs)
ဆိုပြီး နှစ်မျိုးရှိပါတယ်။
👉နောက်ထပ်တစ်ခုကတော့ nasal discharges (နှာရည်)မှာဆို သုံးမျိုးရှိပါတယ်။
✅serous nasal discharge (နှာရည်ကြည်)
✅Mucopurulent discharge with or without hemorrhage (နှာရည်အပျစ်)
✅Epistaxis (နှာခေါင်းသွေးကျခြင်း)
နှာရည်ကျရခြင်းရဲ့ အကြောင်းအရင်းတွေကတော့
နှာရည်ကျတဲ့ အမျိုးအစားပေါ်မူတည်ပါတယ်။
1️⃣Serous nasal discharge (နှာရည်ကြည်ကျခြင်း)
➡️နှာရည်ကျတဲ့ ပမာဏ/ ကျတဲ့ ြကာချိန်ပေါ်မှာမူတည်ပါတယ်။
➡️ပုံမှန်အားဖြင့် ခွေး/ကြောင်တွေမှာ ပြင်ပက ဖုန်မှုန့်တွေ/allergies တွေကြောင့် ခဏတစ်ဖြုတ်နှာရည်ကြည်ကျတတ်ပါတယ်။
➡️ဒါပေမယ့် နှာရည်ကြည်ကျတဲ့ပမာဏများပြီး အချိန်ကြာတယ်ဆိုရင်တော့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးရဲ့ အစလည်းဖြစ်နိုင်ပါတယ်။
2️⃣ Mucopurulent nasal discharge with or without nasal discharge (နှာရည်အပျစ်ကျခြင်း)
👉ဖြစ်စေတဲ့အကြောင်းအရင်းများ
- Nasal passages inflammation ဖြစ်ပြီး
နောက်ဆက်တွဲ bacteria ပိုးဝင်ရောက်ခြင်း
- Infectious agents
- Bacteria, Virus, Fungus, and nasal parasites
- Foreign body
- Neopalasia
- Nasopharyngeal polyp
- Extension of oral disease
- Tooth root abscess
- Oronasal fistula
- Deformed palate
- Allergic rhinitis
- Feline Chronic rhinosinusitis
- Canine chronic/ lymphoplamacytic rhinitis
- Lower respiratory tract infection ကြောင့်ဖြစ်တတ်ပါတယ်
3️⃣Epistaxis (နှာခေါင်းသွေးကျခြင်း)
- Trauma
- Neopalasia
- Fungal infection
- Thrombocytopenia
- Thrombocytopathies
- Rodenticide toxicity
- Vasculitis
- Systemic hypertension
- E.canis
- Bartonellosis တွေကြောင့်ဖြစ်တတ်ပါတယ်။
☑️ နှာရည်ကျတာပေါ်မူတည်ပြီး ရောဂါအခြေအနေကို
ချည်းကပ်မယ်ဆိုရင် ကျတဲ့နှာရည်ရဲ့အရောင်
(mucopurulent nasal discharges'
colour)ပေါ်မူတည်ပါသေးတယ်။
👉Cloudy or White (အဖြူရောင်) ဆိုရင်
bacteria or upper respiratory tract
inflammation ဖြစ်နိုင်ပါတယ်
👉Yellow or Green tint (စိမ်းဖန့်ဖန့်) ဆိုရင် viral
or fungal infection ဖြစ်နိုင်ပါတယ်။
➡️ နောက်ထပ်ထည့်စဉ်းစားရမယ့်အချက် နှာခေါင်းပေါက်
တစ်ဖက်တည်းကနေကျတာလား(unilateral) or
နှစ်ဖက်စလုံးကျတာလား(Bilateral )
အပေါ်မှာမူတည်ပါေသးတယ်။
➡️အကယ်၍ နှာခေါင်းပေါက်တစ်ဖက်တည်းကျတာဆိုရင်
ကျတဲ့ဘက်က nasal passageမှာ trauma,
foreign bodies, tumor or
extension of oral diseases တွေကြောင့်ဖြစ်နိုင်ပါတယ်။
➡️နှာခေါင်းပေါက် နှစ်ခုစလုံးက ကျမယ်ဆိုရင်
systemic infection ကြောင့်ဖြစ်နိုင်ပါတယ်။
အခုလိုမိုးရာသီးမှာခွေးလေးတွေကြောင်လေးတွေကမိုးမိပြီး/
အအေးပတ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ
ဖြစ်နိုင်တဲ့အတွက် မိုးမမိအောင်/အအေးမပတ်အောင်
ဂရုစိုက်ပေးဖို့ပြောချင်ပါတယ်ရှင့်။
#ပြည်တော်သာတိရစ္ဆာန်ကုဆေးခန်း
#0️⃣0️⃣9️⃣7️⃣7️⃣5️⃣6️⃣6️⃣5️⃣4️⃣8️⃣5️⃣