Wonderful Rabbits Pet Spa and Clinic

Wonderful Rabbits Pet Spa and Clinic Rabbit Spa & Clinic

မနက်ဖြန် လာခေါ်တော့မဲ့၀ဲကုပေးထားရတဲ့ယုန်ကလေး ၄ကောင်ပါ၀ဲက အခြေအနေဆိုးတဲ့အထဲပါပေမဲ့စားကြသောက်ကြတော့အဆင်ပြေပြေ ပျောက်ကင်းသက...
16/02/2024

မနက်ဖြန် လာခေါ်တော့မဲ့
၀ဲကုပေးထားရတဲ့
ယုန်ကလေး ၄ကောင်ပါ

၀ဲက အခြေအနေဆိုးတဲ့အထဲပါပေမဲ့
စားကြသောက်ကြတော့
အဆင်ပြေပြေ
ပျောက်ကင်းသက်သာသွားပါပြီဗျ

အခုတော့ အစာစို Time မို့
နံနံပင် လေးကျွေးရင်း
ပုံလေးရိုက်တင်ပေးလိုက်ပါတယ်

မမှားသော ရှေ့နေမသေသော ဆေးသမားဆိုတဲ့အတိုင်းယုန်၀ဲကုတဲ့နေရာမှာအကောင်တိုင်းရှင်ရမယ်လို့အာမမခံပေးနိုင်ပေမဲ့အတတ်နိုင်ဆုံး ကယ်...
15/02/2024

မမှားသော ရှေ့နေ
မသေသော ဆေးသမားဆိုတဲ့အတိုင်း
ယုန်၀ဲကုတဲ့နေရာမှာ
အကောင်တိုင်းရှင်ရမယ်လို့
အာမမခံပေးနိုင်ပေမဲ့
အတတ်နိုင်ဆုံး
ကယ်နိုင်လောက်ပါရဲ့ဆိုပြီး
Admin တို့လက်ခံကုပေးပါတယ်ဗျ
မတတ်သာလို့ လက်လွှတ်ခဲ့ရတာတွေလဲ
ရှိပါတယ်

ဆိုးဆိုးရွားရွား၀ဲအခြေအနေတွေကို
ကုသလို့နိုင်ပေမဲ့
ယခု ပုံပါအတိုင်း
၀ဲရဲ့နောက်ဆက်တွဲဖြစ်တဲ့
Sore Hock ဖြစ်မယ်
အစာသိပ်မစားပဲ ပိန်လာမယ်
အရိုးပေါ်အရေတင်ဖြစ်လာမယ်ဆိုရင်
ရှင်ဖို့ % အရမ်းနည်းပါတယ်ခင်ဗျာ

Sore Hock ဖြစ်နေပေမဲ့
အစာအရမ်းစားမယ်
နဂိုက အ၀ဓာတ်ခံရှိတဲ့ကလေးတွေဆို
ပျောက်ဖို့အရမ်းမြန်တတ်ပါတယ်

Admin တို့ဆီမှာ
၀ဲကို ပျောက်ဖို့ အာမခံနဲ့ ကုပေမဲ့
Sore Hock ကို တော့
အိမ်မှာပဲ ဆေးဆက်ထည့်ပြီးကုဖို့ပဲ
ညွှန်ပါတယ်
ယုန်ရဲ့ ကိုယ်ခံအားနဲ့ အနေအထိုင်ပေါ်
မူတည်ပြီးတော့ 1/2လ ကြာတတ်လို့ပါ

ယခုပုံပါကလေးလေးကတော့
နှာခေါင်းထိပ် နဲ့ နားရွက်လေးတွေမှာ
၀ဲလေးတွေ ရှိတဲ့အပြင်
ခြေထောက် နဲ့လက်တွေမှာ
Sore Hock ဖြစ်ပါတယ်
နော်ခြေတစ်ဖက်ကလဲ
Abnormal ဖြစ်ပြီး
ယောင်ကိုင်း ဖုဖောင်းနေပါတယ်ဗျ
အရမ်းပိန်ပြီး ကျောရိုးထောင်နေခဲ့လို့
Admin တို့လဲ သူအစာစားတယ်ဆိုရင်
ကယ်နိုင်လောက်မှာပါဆိုပြီး
သူ့သခင်ကိုလဲ ၀ဲကုတာက မကြာပါဘူး
Sore Hock လေးကုဖို့နဲ့
အားဆေးလေး နေ့စဉ်တိုက်ဖို့ပဲ
လုပ်ပေးရမှာမို့
ခေါ်ပေးထားလိုက်ပါတယ်
၀ဲကတော့ 5ရက်အတွင်းပျောက်သွားပေမဲ့ Sore Hock အရမ်းပြင်းတာမို့
အစာစားအရမ်းနည်းလာခဲ့ပြီး
ဒီနေ့မနက်မှာပဲဆုံးသွားခဲ့ပါတယ်ဗျ

သခင်ကို အကျိုးအကြောင်းပြောပြပြီး
ခြံထဲမှာပဲ မြေတူးပြီး သေချာလေးမြှုပ်
အပေါ်က နှင်းဆီပင်လေးစိုက်ဖြစ်ပါတယ်
ကောင်းရာမွန်ရာ ရောက်ပါစေ
ယုန်ကလေးရေ

ယုန်ပိုင်ရှင်များအနေနဲ့လဲ
၀ဲရောဂါကို မပေါ့ကြပဲ
၀ဲဖြစ်တာနဲ့ ကုကြဖို့ အသိပေးလိုပါတယ်
နောက်ဆက်တွဲရောဂါတွေ ရလာရင်
ကလေးတွေ အသက်ဆုံးတတ်တာမို့ပါ

ကျေးဇူးတင်ပါတယ်ခင်ဗျာ

Hotel လာနေတဲ့ကလေးတွေရယ်၀ဲလာကုရင်းHotelနေတဲ့ကလေးတွေ😍အသပြာထက် စေတနာအရင်းခံကုတာမို့စျေးနှုန်းအရမ်းအများကြီးမယူပါဗျHotel ထား...
06/01/2024

Hotel လာနေတဲ့ကလေးတွေရယ်
၀ဲလာကုရင်းHotelနေတဲ့ကလေးတွေ😍

အသပြာထက် စေတနာအရင်းခံကုတာမို့
စျေးနှုန်းအရမ်းအများကြီးမယူပါဗျ

Hotel ထားရင် တစ်ရက် 4000
၀ဲကုရင် တစ်ရက် 5000 ပါ

Admin တို့ ဆီမှာ
၀ဲဖြစ်တဲ့အကောင်ရော
ရိုးရိုးHotel ထားတာရောလက်ခံတာမို့
Hotel လာထားပြီး
၀ဲကူးမှာ မစိုးရိမ်ပါနဲ့ဗျ
လာထားပြီး
၀ဲပျောက်တာပဲရှိပါတယ်
၀ဲကူးတာ မရှိဖူးပါ
သန့်ရှင်းရေးဉီးစားပေးပါတယ်ဗျ

Promotion လေးတွေလဲ
ပေးထားပါတယ်ဗျ
အသေးစိတ်ကို နောက်Post မှာ
တင်ပေးပါ့မယ်ဗျ

2023 December လရဲ့ 35ကောင်မြောက် ၀ဲကုပေးဖြစ်တဲ့ယုန်လေးပါခြေချောင်းလက်ချောင်းတွေနားရွက်ထိပ်တွေနှာခေါင်းထိပ်တွေမှာ ၀ဲဖြစ်န...
24/12/2023

2023 December လရဲ့
35ကောင်မြောက် ၀ဲကုပေးဖြစ်တဲ့
ယုန်လေးပါ

ခြေချောင်းလက်ချောင်းတွေ
နားရွက်ထိပ်တွေ
နှာခေါင်းထိပ်တွေမှာ ၀ဲဖြစ်နေလို့
သခင်က လာထားပြီး ကုတာပါ

အစာခြောက် မစားတတ်
ယုန်ရေဘူးလဲ မသောက်တတ်ခဲ့ပေမဲ့
ယုန်Hotel နေရင်း
အကုန်လုပ်တတ်သွားပါပြီ😅

ကုတာကြာချိန် 5ရက်ပါ
ဒီထက် မြန်မြန်ကုလို့ရပေမဲ့
ကလေးရဲ့ ကျန်းမာရေးအခြေအနေကို
ငဲ့ပြီး ကုပေးလိုက်ပါတယ်ဗျ

မနက်ဖြန် SPA လုပ်ပြီးတာနဲ့
အိမ်ပြန်တော့မဲ့ကလေးလေးပါ😍

Super Sunday မှာSpa လာလုပ်ကြတဲ့ယုန်လေးတွေ ထဲက တစ်ချို့ပါ
10/12/2023

Super Sunday မှာ
Spa လာလုပ်ကြတဲ့
ယုန်လေးတွေ ထဲက တစ်ချို့ပါ

ဒါကတော့အိမ်မှာပဲ ၀ဲဆေးလိမ်းကုမယ်ဒါပေမဲ့ ဆရာတို့ဆီ Spa အရင်လာလုပ်ချင်တယ်ပြီးမှ ဆေးဆက်လိမ်းမယ်ဆိုလို့SPA လုပ်ပေးပြီး၀ဲဖတ်တ...
08/12/2023

ဒါကတော့
အိမ်မှာပဲ ၀ဲဆေးလိမ်းကုမယ်
ဒါပေမဲ့ ဆရာတို့ဆီ Spa
အရင်လာလုပ်ချင်တယ်
ပြီးမှ ဆေးဆက်လိမ်းမယ်ဆိုလို့

SPA လုပ်ပေးပြီး
၀ဲဖတ်တွေ ကွာကျသလောက်ကွာအောင်
လုပ်ပေးပြီး
နှာခေါင်းထိပ်လေး
ဆေးလေးပါလိမ်းပေးလိုက်တဲ့
ယုန်လေးတွေပါ

အခုလို ၀ဲဖြစ်တဲ့ယုန်လေးတွေကို
SPA လုပ်ပေးရမယ်ဆိုရင်
SPA စျေးက 6000-8000 ကျပါမယ်ဗျ

😁ဖုန်းလေးကြိုဆက်ပြီးBookingယူပါ
မနက်စောစောလာပါ
ညနေပိုင်း မလုပ်ပေးပါဘူးခင်ဗျာ
၀ဲနဲ့ဆိုတော့ သတိထား လုပ်ရလို့ပါ
အချိန် ၁နာရီခွဲ နီးပါးကြာပါမယ်
စောင့်နိုင််မှ လုပ်ပေးပါတယ်ခင်ဗျာ

ကျေးဇူးအထူးတင်ရှိပါတယ်ဗျ

အခုတစ်ပတ်အတွင်းSpa လာလုပ် / ၀ဲကုကြတဲ့ယုန်လေးတွေထဲကပုံရိုက်ထားမိသလောက်ပါမရိုက်လိုက်ရတာတွေ အများကြီးရှိခဲ့ပါတယ်ပုံထဲ မပါခဲ...
08/12/2023

အခုတစ်ပတ်အတွင်း
Spa လာလုပ် / ၀ဲကုကြတဲ့
ယုန်လေးတွေထဲက
ပုံရိုက်ထားမိသလောက်ပါ

မရိုက်လိုက်ရတာတွေ အများကြီးရှိခဲ့ပါတယ်
ပုံထဲ မပါခဲ့ရင် ခွင့်လွှတ်ပါ😁

ယုန်တွေမှာအဖြစ်များတဲ့၀ဲရော ဂါ ကုသနည်းယုန်တွေမှာ ဘာကြောင့်၀ဲဖြစ်တာလဲ?https://facebook.com/100071845854102/posts/36683786...
28/11/2023

ယုန်တွေမှာအဖြစ်များတဲ့
၀ဲရော ဂါ ကုသနည်း

ယုန်တွေမှာ ဘာကြောင့်၀ဲဖြစ်တာလဲ?
https://facebook.com/100071845854102/posts/366837862387739

ယုန်၀ဲက လူကိုကူးနိုင်လား ?
https://facebook.com/100071845854102/posts/366868555718003/

၀ဲကုနည်း အမျိုးအစားများ
https://facebook.com/100071845854102/posts/366881585716700/

၀ဲ ပြန်ပြန်ဖြစ်နေတဲ့အကြောင်းများ
https://facebook.com/100071845854102/posts/366890959049096/

၀ဲကုတာ ဘယ်လောက်ကြာလဲ ?
https://facebook.com/100071845854102/posts/366894995715359/

အမြန်ဆုံးသော ယုန်၀ဲကုသနည်း
https://facebook.com/100071845854102/posts/366910712380454/

ယုန်၀ဲကို အိမ်မှာဘယ်လိုကုမလဲ ???တစ်ကယ်တော့ ယုန်မှာဖြစ်တဲ့၀ဲကုတယ်ဆိုတာ မခက်ပါနည်းသိရင် အရမ်းလွယ်လှပါတယ်အချိန်ပေး ဂရုစိုက်...
28/11/2023

ယုန်၀ဲကို အိမ်မှာဘယ်လိုကုမလဲ ???

တစ်ကယ်တော့
ယုန်မှာဖြစ်တဲ့၀ဲကုတယ်ဆိုတာ မခက်ပါ
နည်းသိရင် အရမ်းလွယ်လှပါတယ်
အချိန်ပေး ဂရုစိုက်ဖို့လေးပဲလိုတာပါ

ဘယ်လိုကုကြမလဲ?
အရင်ဆုံး ပုံထဲက ပစ်စည်း 4မျိုး
အရင်၀ယ်လိုက်ပါခင်ဗျာ
ပြီးတာနဲ့ လုပ်ငန်းစလို့ရပါပြီ
အ၀ယ်မမှားရအောင်
စျေးအမှန်လေးတွေကိုပါပြောပါမယ်
N.S Drip (Normal Saline)=2000
ဂုတ်အစက်ချဆေး=7500
Zinc Oxide =7000
Collar No.5/6 =5500
ဒီစျေးတွေထက်ပိုရင် မ၀ယ်ပါနဲ့
ဘယ်က၀ယ်ရမယ်မဆိုလိုပါဘူး
Admin တို့ ဆိုင်မှာလဲရောင်းပါတယ်
Pet ဆိုင်တွေမှာလဲရပါတယ်
စျေးတူရင် နီးရာကသာ၀ယ်ပါ
ယုန်၀ဲပျောက်ဖို့အရေးကြီးပါတယ်

ကဲ စပါတော့မယ် 😁
ယုန်ကို အရင်ချီလိုက်ပါ
တစ်ကိုယ်လုံးပတ်ကြည့်ပါ
နားရွက်နားဖြစ်လား
ခြေချောင်းလက်ချောင်းတွေထဲလား
နှာခေါင်းထိပ်လား
အမြှီးဖျားမှာလား
စတာတွေ လိုက်ပတ်ကြည့်ပြီးရင်
N.S ဘူးလေးကို ဖောက်ပြီး
ဆေးထိုးပိုက်နဲ့စုပ်ပါ အပ်ပြန်ဖြုတ်ပါ

၀ဲနေရာလေးတွေကို လိုက်ပြီးဖြန်းပြီး
သန့်ရှင်းရေးလုပ်ပါ
၀ဲအဖတ်များကို အစိမ်းလိုက်ဆွဲမခွာရ
ယုန်အဖို့ အရမ်းနာပါမည်
ဆေးလိမ်းရင်း သူ့ဟာသူကွာကျပါမယ်
မလောပါနဲ့

၀ဲနေရာအကုန်ကို ဆေးကျောသန့်စင်ပြီးရင် Wet tissue နဲ့ လိုက်သုတ်ပါ
အချို့သော ၀ဲများဟာ အလွှာပါးရင်
ရေနဲ့ဆေးတောင် ကွာကျပါတယ်
ပြီးတာနဲ့ Dryer မှုတ်ပါမယ်

👉Zinc Oxide လိမ်းပါမယ်
လိမ်းတဲ့နေရာမှာ ဆေးမနှမြောပါနဲ့
ပထမအကြိမ်လိမ်းတဲ့အခါ ထူထူလိမ်းရပါမယ်
လျက်မိမှာကိုလဲ မစိုးရိမ်ပါနဲ့
Collar ၀ယ်ထားပါတယ်😅

ဆေးတွေလိမ်းပြီးပြီဆိုတာနဲ့
Collar တပ်ပါမယ်
တစ်နာရီလောက် တပ်ထားရမှာမို့
အစာမစားရသေးခင် မတပ်သင့်ပါ
အစာစားပြီးပြီးချင်းလဲ မတပ်သင့်ပါ
မတပ်ခင် ဆေးမလိမ်းခင်
တစ်နာရီလောက်ကြိုပြီးအစာကျွေးပါ
အဲ့ဒါမှ ယုန်လေးလဲ အဆင်ပြေပါမယ်

တစ်နာရီပြည့်ရင်
Collar ကို မဖြုတ်ခင်
ဆေးတွေကို Wet tissue လေးသုံးပြီး
အကုန်ပြောင်သွားအောင်သုတ်ပါ
ပြောင်ပြီဆိုမှ Collar ချွတ်ပါခင်ဗျာ

တစ်နေ့ ၁ကြိမ် ၃ရက်ဆက်တိုက်
လိမ်းပေးရပါမယ်
အခြေအနေဆိုးတဲ့၀ဲဆိုရင်တောင်
၅ရက်ထက် မပိုပါဘူးခင်ဗျာ

ဆေးလိမ်းပြီးပထမရက်မှာ
၀ဲတွေပွလာပါပြီ ပိုးတွေသေနေပါပြီ
အနဲအကျဉ္း ကျန်ပါမယ်
ဒုတိယရက်မှာ ဆေးမလိမ်းခင်
ပထမရက်ကလိုပဲ
သန့်ရှင်းရေးအရင်လုပ်ပါ
ပြီးရင် Zinc oxide လိမ်းပါ

အခုလိုမျိုး ၃ရက်ဆက်တိုက်လိမ်းပြီး
ကုပေးလိုက်ယုံနဲ့
ယုန်၀ဲကုတာ အဲ့လောက်လွယ်ပါလား
ဆိုပြီး Admin ကို
ကျေးဇူးတင်နေပါလိမ့်မယ်😁

ကိုယ့်ယုန်ကို ဘယ်မှမပို့ပဲ Stress မရှိ
အကုန်အကျသက်သာစွာနဲ့
လျှင်မြန်စွာ ကုသနိုင်အောင် စေတနာနဲ့
လူမုန်းခံတင်ပေးတဲ့Adminတို့ပါခင်ဗျာ

Admin တို့လဲ
၀ဲကို Hotel ထားပြီးလက်ခံကုပေးပေမဲ့
တစ်ချို့ မတတ်နိုင်ကြတဲ့
ယုန်ပိုင်ရှင်တွေ ကိုယ်တိုင်ကုနိုင်အောင်ပါ
အစာရောင်းပြီးစီးပွားရှာပေမဲ့
အသက်တစ်ချောင်းအရင်းပြုပြီး
စီးပွားရေးမဆန်ခြင်လို့ပါခင်ဗျာ

အထက်ပါ ကုသနည်းကို
အဆင်မပြေလို့ ကိုယ်တိုင်လဲမကုအားလို့
ဆိုရင်တော့
Admin တို့ဆီ လာပြီး
ဆေးလာထည့်ပါ
ပထမရက်SPA +ဆေးထည့်=6000
ဒုတိယရက် ဆေးထည့်=2000
တတိယရက် ဆေးထည့်=2000 ပဲယူပါတယ်ခင်ဗျာ
ဇီ၀ိတ ဒါနပါ
ကိုယ်တတ်နိုင်သလောက်ကယ်တာပါ

Hotel ထားကုမယ်ဆိုလဲ
လိမ်းဆေးဖိုး (7500)
ယုန်၁ကောင်၁ရက်=5000 ပဲယူပါတယ်
7ရက်ဆို အရှင်းပျောက်ပါတယ်
မတတ်နိုင်တဲ့သူတွေဆို
အတတ်နိုင်ဆုံး လျှော့ပါသေးတယ်ဗျ

မသိတာရှိလာမေးလို့ရပါတယ်
Welcome ပါခင်ဗျာ

ယုန်၀ဲက ဘယ်လောက်ကြာကြာကုရလဲ?Admin ကတော့ကိုယ်တိုင်အိမ်မှာလဲ ကုနိုင်ဘေးထွက်ဆိုးကျိုးလဲ နဲတဲ့လိမ်းဆေးလိမ်းနည်းကိုပဲ အားသန်သ...
28/11/2023

ယုန်၀ဲက ဘယ်လောက်ကြာကြာကုရလဲ?

Admin ကတော့
ကိုယ်တိုင်အိမ်မှာလဲ ကုနိုင်
ဘေးထွက်ဆိုးကျိုးလဲ နဲတဲ့
လိမ်းဆေးလိမ်းနည်းကိုပဲ အားသန်သူမို့
လိမ်းဆေးနဲ့ကုသကြာချိန်ကိုပဲ
ပြောပါမယ်

ဘယ်လောက်ဆိုးဆိုးရွားရွားဖြစ်နေပစေ
ယုန်က အစာစားမယ်
လန်းလန်းဆန်းဆန်းရှိနေမယ်
ကျောရိုးမထောင် ပိန်မနေဘူးဆိုရင်
အလွန်ဆုံး 5ရက်ပါ
၀ဲ နဲတဲ့ ယုန်ဆို ၃ရက်ဆို ပျောက်ပါပြီ

ဆေးလိမ်းနည်းကတော့
နောက်Post တစ်ခုမှာ ထပ်တင်ပါမယ်ဗျ

ဖတ်ရှုသူအားလုံးကို
ကျေးဇူးတင်ပါတယ်ခင်ဗျာ

ယုန်လေးတွေမှာ၀ဲက ဘာဖြစ်လို့ ပျောက်လိုက်ပြန်ဖြစ်လိုက်ဖြစ်တာလဲ???အဖြေကတော့ အဖြေမရှာလို့ပါခင်ဗျာယုန်မှာ၀ဲဖြစ်ရခြင်းရဲ့ အခြေ...
28/11/2023

ယုန်လေးတွေမှာ
၀ဲက ဘာဖြစ်လို့
ပျောက်လိုက်ပြန်ဖြစ်လိုက်ဖြစ်တာလဲ???

အဖြေကတော့ အဖြေမရှာလို့ပါခင်ဗျာ
ယုန်မှာ၀ဲဖြစ်ရခြင်းရဲ့
အခြေခံအကြောင်းတရားသည်
ယုန်သေးပြန်စိုခြင်းမှစပါတယ်

မိမိအိမ်မှာ၀ဲဖြစ်တဲ့ယုန်အကုန်
ပျောက်ကင်းသက်သာပြီးကာမှ
ပြန်ဖြစ်နေရင်တော့ တစ်ခုခုလွဲနေပါပြီ
ဘာကလွဲသလဲ အဖြေရှာရပါမယ်

Admin ရဲ့ အတွေ့အကြုံအရ
အချို့သော အမှားများဟာ
မထင်မှတ်ပဲ သတိမထားမိကြပါဘူး

👉မှန်ကန်သော Toilet မရွေးချယ်တာ
ပုံထဲက ယုန်အိမ်သာ သည်အမှန်ပါ
ခွေးအိမ်သာကို ယုန်သုံးဖို့မသင့်ပါ
အီးကျဖို့အပေါက်
အစိတ်အကျဲကွာသလို
အီးဗန်းနဲ့ခြေနင်းအကွာအ​ေ၀းလဲကွာပါတယ်
မသုံးသင့်ပါ ယုန်အိမ်သာပဲ၀ယ်ပါဗျ

နောက်တစ်ချက်က
ကော်ပုံးထဲ လွှစာမှုန့်/Bedding ထည့်
ယုန်ကို ကြောင်လို
၀င်ပြီးသေးပေါက်ခိုင်းတာ
အဲ့နည်းက ယုန်ပေါ်မူတည်ပြီး
Risk ရှိပါတယ်
သေးပေါက်တဲ့နေရာမှာ
ခဏပဲထိုင် ပေါက်ပြီးပြန်တဲ့ယုန် နဲ့
အကြာကြီးနေ တူးဆွ ယက်တဲ့ယုန်
ဘယ်ယုန်က ၀ဲဖြစ်ဖို့
ပိုများမယ်ထင်ပါသလဲဗျ
အကောင်းဆုံးကတော့
ဒီနည်းကိုမရွေးချယ်ပဲ
Youtube ကနေ DIY Rabbit Toilet
လုပ်နည်းတွေကြည့်ပြီး လုပ်ပေးကြပါဗျ

👉အစာခွက်ထဲ ၀င်ထိုင်သေးပေါက်တတ်တာ
တစ်ချို့ယုန်တွေ အစာခြောက်တွေ မြက်ခြောက်တွေကို မစားချင်တော့ရင်
သေးထိုင်ပေါက်ပစ်တယ်ပြီးရင်
အဲ့သေးပေါက်ထားတဲ့အထဲ ၀င်ထိုင် ၀င်အိပ်နေမယ်
အဲ့လိုနေတာကလဲ ၀ဲဖြစ်စေပါတယ်

👉ယုန်တွေမှာတော့
၀ဲဖြစ်ပြီးပျောက်သွားပေမဲ့
သူတို့ရဲ့အသုံးအဆောင်တွေကို
မဆေးကျော ပိုးသတ်ထားခြင်းမရှိပဲ ပြန်သုံးခြင်းကလဲ ၀ဲကိုပြန်ဖြစ်စေပါတယ်ခင်ဗျာ

👉သင့်တော်သော လှောင်အိမ်ခြေနင်းအခင်းအသုံးမပြုခြင်း
အချို့ယုန်ပိုင်ရှင်တွေဟာ
အခင်းပြားမသုံးပဲ အရုပ်တွေ
စောင်တွေ မွေ့ယာတွေ ခြေသုတ်ခုံတွေ
ထည့်ပေးထားတတ်ကြပါတယ်
ယုန်က အဲ့အပေါ်မှာသေးပေါက်မိရင်
တော်တော်နဲ့မခြောက်ပဲ သေးစိုအ၀တ်ကို ကြာရှည်စွာ ထိမိကိုင်မိရာကနေလဲ
၀ဲဖြစ်တတ်ပါတယ်ခင်ဗျာ

လှောင်အိမ်တစ်ခုမှာ
ခြေနင်းပြားကအရေးပါပါတယ်
သံတိုင်အောက်က ဗန်းထဲမှာသေးရှိမှာဖြစ်လို့ ဗန်းထဲကို ခြေထောက်တွေလက်တွေ နားရွက်တွေမကျမိစေဖို့
မှန်ကန်တဲ့ အခင်းပြားနဲ့ ခင်းပုံနည်းစနစ်လဲ လိုအပ်ပါတယ်ခင်ဗျာ

အထက်ပါအချက်များကို
သတိပြုဆင်ခြင်ပြီး
မိမိတို့ယုန်လေးတွေ
၀ဲရောဂါ ခဏခဏ မဖြစ်စေဖို့
ကာကွယ်နိုင်ကြပါစေခင်ဗျာ

ယုန်၀ဲကုနည်း ဘယ်နှမျိုးရှိသလဲ???ဘယ်ဟာအကောင်းဆုံးလဲ ???ယုန်တွေမှာ ၀ဲကုတယ်ဆိုတဲ့နေရာမှာ👉တိဆေးခန်းမှာသွားပြီး ဆေးထိုးကုသတာ ...
28/11/2023

ယုန်၀ဲကုနည်း ဘယ်နှမျိုးရှိသလဲ???

ဘယ်ဟာအကောင်းဆုံးလဲ ???

ယုန်တွေမှာ ၀ဲကုတယ်ဆိုတဲ့နေရာမှာ

👉တိဆေးခန်းမှာသွားပြီး ဆေးထိုးကုသတာ
နဲ့
👉မိမိကိုယ်တိုင် ဂုတ်အစက်ချ ဆေးချ
လိမ်းဆေး လူးကုတာ

နည်း၂နည်းကို အများဆုံးသုံးကြပါတယ်

အထက်ပါ ၂နည်းမှာ

👉ဆေးခန်းသွား ဆေးထိုးကုတာက ကောင်းပါတယ် ဒါပေမဲ့
ဆေးခန်းက ယုန်ကုနေကျဆေးခန်းဖြစ်ရပါမယ်
၀ဲဆေးပမာဏကို Dose သေချာချိန်ပြီး
ထိုးပေးတတ်မှလဲ ပျောက်ပါမယ်
ဆေးပမာဏနည်းရင် မပျောက်သလို
ဆေးပမာဏများရင်လဲ သေပါတယ်
ဆေးခန်းက
လိမ်းဆေးတွေပေးတတ်ပါတယ်
ဒါပေမဲ့ ဘာမှန်းမသိတဲ့ဆေးတွေပေး/
ငှက်၂ကောင်လိမ်းဆေးတွေ ပေးလိုက်ရင်
လိမ်းသာလိမ်းတယ် မပျောက်ဖြစ်ပါတယ်
Zinc Oxide သာ ပေးသင့်ပါတယ်
သခင်တွေဘက်ကလဲ သေချာ အချိန်ပေးပြီး လိမ်းပေးရပါမယ်

👉မိမိကိုယ်တိုင် အိမ်မှာကုသပေးတာ
ဒီနည်းက မိမိယုန်နဲ့ မိမိ ဆက်ဆံနေကျမို့
Stress မရစေပါဘူးခင်ဗျာ
နေနေကျနေရာမှာထားပြီးကုတာမို့ပါ

ဘာနဲ့ကုမလဲကတော့ ၂နည်းရှိပါတယ်
1. ဂုတ်အစက်ချဆေး ချမယ်
2. Zinc Oxide လိမ်းဆေးလူးမယ်

နံပါတ် 1 နညး်ကတော့
၀ဲစဖြစ်ကာစ ယုန်တွေမှာဆို
ယုန်ရဲ့ Body ၀ိတ် ကိုချိ်န်ပြီး
လိုအပ်သလို ၁စက်မှ ၃စက်ထိ
ဂုတ်အရေပြားပေါ် ဆေးစက်ချပေးရမှာပါ
အစက်ချတာ များသွားရင်
အစာမစားတာ / အကြောဆွဲသေတာထိ
ဖြစ်သွားနိုင်သလို
အစက်ချတာ နဲသွားရင်လဲ
တော်တော်နဲ့ မပျောက်ပါဘူးခင်ဗျာ

2. Zinc oxide ဆေးလိမ်းကုမယ်
ဒီနည်းက ၀ဲဖြစ်တာကြာပြီဖြစ်တဲ့ယုန် တွေ နဲ့ ၀ဲက အထူကြီးဖြစ်နေပြီဆိုတဲ့ယုန်တွေမှာ သုံးကြပါတယ်

လိမ်းဆေးက အ၀ါရောင် အဆီဖြစ်တာမို့
အရောင်စွန်းတတ်တဲ့အားနည်းချက်ရှိပါတယ်
အဆီမို့ ၀ဲပျောက်ပြီးပေမဲ့ အမွှေးလေးတွေမှာ ဆီလိမ်းထားသလို လုံးကပ်နေတတ်ပါတယ်
SPA 3ခါလောက် လုပ်မှ Original အမွှေးပြန်ဖြစ်ပါတယ်ဗျ
လိမ်းဆေးဖြစ်တာမို့
ယုန်တွေရဲ့ သဘာ၀က
ဘဲတွေလိုအမွှေးပြန်လျက်ပြီး
တသသနေတတ်တဲ့အကျင့်ရှိတာမို့
ပြန်မလျက်မိစေအောင်
ဆေးလိမ်းပြီးတိုင်း Collar လေး တပ်ပြီး
အနံဆုံး ၁နာရီ ထားပေးရပါမယ်ဗျ

Collar အတပ်မခံတဲ့ယုန်လေးတွေလဲ
ရှိပါသေးတယ်
အသဲငယ်ပြီးကြောက်တတ်တာမို့ Collarတပ်ရင်း ရုန်းကန်ပြီး
tayသွားခဲ့တာမျိုး မြင်ခဲ့ဖူးပါတယ်ခင်ဗျာ
အဲ့လို အတပ်မခံတဲ့ယုန်လေးတွေဆို
သခင်က တစ်နာရီလောက်
ပွေ့ချီ ပေးထားရပါမယ်ခင်ဗျာ

ပြီးတာနဲ့ လိမ်းထားတဲ့ဆေးတွေကို
တစ်နေရာမှမကျန်အောင်
Wet tissue နဲ့ စုတ်ပြီးသုတ်ရပါမယ်ဗျ
ဒါမှ ပြန်လျက်မိရင်တောင်မစိုးရိမ်ရမှာပါ
ဆေးရဲ့side effect က
အနဲငယ်လျက်မိရင် အစာစားနဲတာပါ

အထက်ပါ ကုသနည်းတွေထဲက
မိမိက ဘယ်နည်းနဲ့အဆင်ပြေမလဲဆိုတာ
မိမိကိုယ်တိုင် ချင့်ချိန်ပြီး ကုသကြပါဗျ

ဖတ်ရှုပေးကြတဲ့အတွက်
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

Address

Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959974180326

Website

Alerts

Be the first to know and let us send you an email when Wonderful Rabbits Pet Spa and Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category