25/06/2022
Schnauzer ( ရှနောက်ဇာ)လေးများ အကြောင်း 💕
မြန်မာနိုင်ငံမှာ သိပ်ပြီး မမွေးကြသေးတဲ့ breedလေးပေါ့
ဘာလို့ မမွေးကြသေးလဲ မင်မင်တော့ တကယ် နားမလည်ဘူး
ဒီလောက် ချစ်ဖို့ကောင်းပြီး ဉာဏ်လည်းကောင်းတဲ့ ကလေးတွေကို မွေးကြပါလို့ 🤓
Schnauzer လေးတွေက size 3ခုရှိပါတယ်
Mini, standard, giant ဆိုပြီးတော့ပေါ့
အခု ပြောပြပေးမှာကတော့ mini schnauzer လေးတွေ အကြောင်းပါနော်
အမြင့် ၁ပေလောက်ရှိကြပြီး ဝိတ်ကတော့ ၁၁-၂၀ပေါင်ကြားမှာ ရှိပါတယ်
အမွေးရှည်ရှည် မျက်ခုံးမွေး၊ မုတ်ဆိတ်မွေးတွေနဲ့ ရုတ်တရက်ဆို လူလေးတွေနဲ့တောင် တူပါသေးတယ်။
အမွေးရှည်တယ်ဆိုပေမယ့် အမွေးကျွတ်အား နည်းတာကြောင့် စိတ်ရှုပ်ရမှာ မဟုတ်ဘူးနော် ❤️
သူတို့တွေမှာ အရောင်က ၅မျိုးလောက်ရှိတယ်ဆိုပေမယ့် American Kennal Clubက အသိအမှတ်ပြု ထားတဲ့ အရောင်တွေကတော့ ၃ရောင်ပဲ ရှိပါသေးတယ်။
Black, Black & Silver နဲ့ Salt & Pepperဆိုတဲ့ ၃ရောင်ပါပဲ 🫶🏻
ဥာဏ်ကောင်းတဲ့အမျိုးအစားမို့ သင်လွယ်တတ်လွယ်လေးတွေပါ။ ကလေးတွေနဲ့လည်း သင့်တော်တဲ့ အမျိုးအစားဖြစ်တဲ့အပြင် တခြားဝုလေးတွေနဲ့လည်း နည်းနည်း trainပေးတာနဲ့တင် သူငယ်ချင်း ဖြစ်သွားတတ်ပါတယ်။ တိုက်ခန်းထဲပဲ ထားထား၊ ခြံနဲ့ ဝန်းနဲ့ပဲ ထားထား အလိုက်အထိုက်နေတတ်တဲ့ ကလေးတွေမို့ တကယ် ချစ်စရာလေးတွေပါ။
ကျန်းမာရေးဘက်ကကြည့်ရင်း ချုချာတတ်တဲ့ စာရင်းထဲ မပါပါဘူးနော်။ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရင်ကို သက်တမ်းကြာကြာ နေနိုင်ကြပါတယ်တဲ့❤️
ကဲ
ဝုဖေဖေမေမေတွေ ဖြစ်ဖို့ စဉ်းစားနေပြီဆို schnauzer လေး မွေးစားဖို့ပဲ စဉ်းစားလိုက်တော့နော် ❤️