13/02/2026
သားလေး #ဂါး ဆုံးတာ တစ်လခွဲကျော် ရှိပြီ
ဒီနေ့ထိ သတင်းမေးကြသူများ၊အားပေးစကားပြောကြားကြသူများကို
ကျေးဇူးတင်ပါတယ်
နှစ်စဉ် Medical check up ပြုလုပ်ခြင်း ၊ ၂ ကြိမ်ခွဲစိတ်ကုသခြင်း နှင့် ဆုံးမည့် ည(၁၂)နာရီတွင် ဆေးရုံပိတ်ချိန်ဖြစ်သော်လည်း #ဂါး လေးအတွက် ဆရာကိုယ်တိုင်စောင့်ပြီး အကောင်းဆုံးစီစဉ်ကုသပေးခဲ့ပြီး ပုံမှန်ဆေးရုံတင်လျှင် မိဘများပေးမစောင့်သော်လည်း သားလေးနား အတူနေနိုင်ရန် အခန်းစီစဉ်ပေးခဲ့သော AMSC ဆေးရုံမှ ဆေးရုံအုပ် ဆရာ William Min နှင့်တာဝန်ကျ ဝန်ထမ်းများကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင်
လူကိုယ်တိုင်လည်း ကြည့်ရှုကုသပေးပြီး လိုအပ်သည့်ညွှန်ကြားချက်များကို လှမ်းပြောတိုင်း တိုင်ပင်တိုင်း ဖုန်း၊Viber များဖြင့်ပြောပေးခဲ့သော ဆရာစိုး (May Vet Clinic )မှ ဆရာစိုးမင်းလင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင်
လိုအပ်သမျှသော ဆေးဝါးမှန်သမျှ အမြန်ဆုံးရရှိအောင်မှာပေးခဲ့သော Wolf Nation 2.0 မှ ကိုဟန်မင်းလတ် ၊ Adminနဲ့အဖွဲ့သားတွေ
ကိုလည်း ကျေးဇူးတင်ပါတယ်
သားလေးသတင်း စကြားထဲက ဖုန်းဆက်သတင်းမေးသူမိတ်ဆွေများ၊သားလေးကိုချစ်ကြသူများနှင့် Facebook၊ Comment၊Chat box၊Messenger တို့မှ သတင်းမေး၊အားပေးစကားပြောကြသူများ၊ဝမ်းနည်းကြောင်းပြောကြသူများ၊ဆုတောင်းမေတ္တာပို့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ။ သားလေး page လေးနဲ့ ပိုစ့်တွေကိုပြန်ကြည့်မိရင် အရမ်းခံစားရလို့ ဝမ်းနည်းပူဆွေးတဲ့စိတ်နဲ့ reply လုပ်ဖို့ ပျက်ကွက်ခဲ့မိတာများကိုလည်း နားလည်ပေးပါရှင်
သားလေးရေ
မေမေ အထူးကျေးဇူးတင်ရမှာကတော့ သားဖေဖေပါ မေမေအရမ်းခံစားရမှန်းသိလို့ သူကိုယ်တိုင်အရမ်းစိတ်ထိခိုက်နေတဲ့ကြားက သားရဲ့နောက်ဆုံးခရီးကိုမေမေ့စိတ်တိုင်းကျ အကုန်လိုလေသေးမရှိ
လုပ်ပေးခဲ့တာတွေ၊အပင်ပန်းခံခဲ့တာတွေ၊
#ဂါး ဆိုတဲ့ အသံလေးကြားရုံနဲ့တင်၊ပုံလေးမြင်ရုံနဲ့တင် မေမေငိုလွန်းလို့ သတင်းမေးတဲ့ဖုန်းတွေ၊ မိတ်ဆွေတွေကို မေမေမသိအောင် မကြားအောင် မေမေ့ရှေ့အပြောမခံပဲ ကြိတ်ဖြေခဲ့တာတွေ မေမေသိတာပေါ့
သားရယ်
မိသားစု မိတ်ဆွေ အသိုင်းအဝိုင်းကလည်း
မေမေ့ရှေ့မှာမပြောမိအောင်သတိထားနေကြပြီး စိတ်သက်သာအောင် မေမေ့ကို
ဝိုင်းဂရုစိုက်ပေးကြတယ်
သားဖေဖေကလေ မေမေ့ကို အရင်ကလည်းအရမ်းချစ်တာ သားလေးသိပါတယ် အခုတော့သားစိတ်နဲ့ မေမေတစ်ခုခုဖြစ်မှာစိုးပြီးအရင်ထက်ကိုပိုချစ်၊ ပိုဂရုစိုက်ပြီး၊ပိုနွေးထွေးပေးတယ် အသေးစိတ်လေးကအစ ဂရုစိုက်ပေးတယ် အဲ့ဒါကြောင့်မို့ အမေ့ကိုအရမ်းချစ်တဲ့၊တပူးတွဲတွဲနေခဲ့တဲ့သားလေးလည်း စိတ်မပူနဲ့နော်
ဖေဖေနဲ့မေမေကတော့သားကို အမြဲသတိရတမ်းတနေမှာပေါ့ သားရဲ့ ဒီ page လေးကိုလည်း အမြဲအသက်ဝင်အောင် သားအကြောင်းလေးတွေ သတိရရင်တင်မယ်နော်
မေမေလည်း အလွမ်းပြေ၊ သားကို ချစ်တဲ့၊သတိရသေးတဲ့ သူတွေလည်းသားရဲ့
ပုံရိပ်လေးတွေမြင်ရအောင်
သားနဲ့Memory လေးတွေ
သားရဲ့ Story လေးတွေကို
မေမေအမြဲတင်ပြီး
သားရဲ့အမှတ်တရကောင်းလေးတွေကို
ဒီ page လေးမှာဖန်တီးမယ်နော်
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်🙏🏻