Pet Digest အချစ်တော်တိရစ္ဆာန်လေးများအကြောင်း

  • Home
  • Myanmar
  • Yangon
  • Pet Digest အချစ်တော်တိရစ္ဆာန်လေးများအကြောင်း

Pet Digest အချစ်တော်တိရစ္ဆာန်လေးများအကြောင်း The best therapist has fur and four legs

06/06/2025

Never leave puppies unsupervised

အိမ်ရှေ့မှာ သမီးလေးအိပ်နေတုန်း ရပ်ထားတဲ့ကားက နောက်မကြည့်ဘဲ နောက်ဆုတ်လိုက်လို့ ကားကြိတ်မိပြီး ဆုံးသွားတဲ့ သမီးလေးဖြူတုတ် ...
10/08/2023

အိမ်ရှေ့မှာ သမီးလေးအိပ်နေတုန်း ရပ်ထားတဲ့ကားက နောက်မကြည့်ဘဲ နောက်ဆုတ်လိုက်လို့ ကားကြိတ်မိပြီး ဆုံးသွားတဲ့ သမီးလေးဖြူတုတ် ရေ ကောင်းရာမွန်ရာ ဘုံဘဝကို ကူးပြောင်းနိုင်ပါစေ 🙏🙏🙏🙏
#၉/၈/၂၀၂၃

တာဝန်မဲ့ တဲ့ကားဆရာလည်း ဒီပို့ကိုမြင်ရင် ကိုယ်ချင်းစာတက်ပါစေ

အာဝုလေးတွေက ပေးတဲ့ အနွေးဓာတ် သူတို့လေးတွေမှာ မွေးရာပါ သခင်ကို အရိပ်တကြည့်ကြည့် အချစ်ခံကြတာဟာ ထုံးစံပါဘဲ သူတို့လေးတွေ စား...
26/05/2023

အာဝုလေးတွေက ပေးတဲ့ အနွေးဓာတ်

သူတို့လေးတွေမှာ မွေးရာပါ သခင်ကို အရိပ်တကြည့်ကြည့် အချစ်ခံကြတာဟာ ထုံးစံပါဘဲ

သူတို့လေးတွေ စားတယ် သောက်တယ် ဆော့တယ် အိပ်တယ် တဖြေးဖြေးနဲ့ အရွယ်ရောက်လာကြတယ် သာမန်ကလေးတစ်ယောက်လိုဘဲ

ဒီလိုကြီးပြင်းလာတဲ့အချိန်မှာ သူ့ပတ်ဝန်းကျင်က ပုံစံတွေကို လေ့လာကြတယ် အများအားဖြင့် သခင်က ဒါကြိုက်တယ် ဒါမကြိုက်ဘူး ဆိုတာတွေသိတယ် (မှတ်ချက် 😂😂 သခင်မကြိုက်ဘူး သူကြိုက်ရင် တော့ ခိုးလုပ်ပါတယ်😂)

ငေါက်ရင် ငြိမ်သွားတယ် ဆူလိုက်ရင် ချောင်ကပ်နေတယ် ဆိုတာတွေက သခင်နဲ့သူ့အကြားမှာ ဆက်စပ်မှုရှိနေတာကို သူသိတာပြနေတာပါ

သူတို့ဟာ ကလေးတွေလိုဘဲ ဆော့ရင်းနဲ့ ပတ်ဝန်းကျင်အသစ်အသစ်တွေကို သူတို့ IQ မှီသလောက် သင်ယူနေကြရတာပါ

ဆိုတော့ သခင်တွေအနေနဲ့ သူတို့မှားရင် လေ့ကျင့်ပေးပါ
စကားပြောဆိုပေးပါ ကောင်းတဲ့အလေ့အကျင့်တွေကို ကြိုက်ကြောင်းပြပေးပါ ဒါမှ သူတို့လေးတွေကောင်းတဲ့အလေ့အထနဲ့ ရှင်သန်ကြီးပြင်းလာကြမှာပါ

ကောင်းကောင်မွန်မွန်နဲ့ ကြီးပြင်းလာတဲ့ ၁နှစ်ပြည့်သမီးလေးရိုစီ
10/04/2023

ကောင်းကောင်မွန်မွန်နဲ့ ကြီးပြင်းလာတဲ့ ၁နှစ်ပြည့်သမီးလေးရိုစီ

အိမ်က ကလေး မနက်တိုင်း အဝါရောင်အမြုပ်လေးတွေ အန်နေလို့ ၃ ရက် ၄ရက်လောက် သတိထားမိတယ် ၁ ။ Aircon ခန်းထဲမှာ အအေးပတ်တာလားပေါ့  ...
12/12/2022

အိမ်က ကလေး မနက်တိုင်း အဝါရောင်အမြုပ်လေးတွေ အန်နေလို့ ၃ ရက် ၄ရက်လောက် သတိထားမိတယ်

၁ ။ Aircon ခန်းထဲမှာ အအေးပတ်တာလားပေါ့
နောက်ရက်တွေ Aircon ပိတ်ထားလည်း အန်တာပဲ
၂။ အစားစားပီး ဆော့လို့အန်ရအောင်လည်း အစာမကျွေးခင် ဖြစ်နေတယ် ပြီးတော့ အဝါရောင် အရည်လေးတွေပါ အစာအိမ်ထဲ အစာမရှိလို့ အဝါရောင်အန်တာ

၃။ ကျွေးတဲ့ အစာတွေ စဉ်းစားမိတယ် ကြက်သားပြုတ်ရယ် ထမင်းရယ်

၄။ အန်ပြီးလည်း လန်းနေတယ် ကလေးက

ဆိုတော့
Fiber ဓာတ်နည်းနေတယ်
အစာကို တနေ့ ၂ကြိမ်ကနေ နည်းနည်းချင်းစီ ၃ကြိမ် ခွဲကျွေးကြည့်တယ်

Brocolli နဲ့ တခြားဟင်းရွက်တွေပါ နည်ကျွေးတယ်

အဆင်ပြေသွားတယ်

နောက်ပိုင်းမအန်တော့ဘူး

အသီးအရွက်ထည့်ကျွေးတယ်
၃ကြိမ်ကျွေးတယ်

လန်းနေတာ ကြောက်ဖို့တောင်ကောင်းတယါ 😂😂😂

ပုံက အမှောင်ထဲမှာ သူ့ဘောလုံးနဲ့ဆော့နေတာ flash နဲ့ ရိုက်လိုက်လို့ အံ့ဩတဲ့အကြည့်နဲ့ သမီးရိုစီပါ 😍😍😍😍😍

သူလေးက မင်မင်တို့နဲ့ကံစပ်လို့ရောက်လာတာ လိုချင်တဲ့ အချိန်မှာ ကွက်တိရလိုက်တာ ရှီဇူးနဲ့ တယ်ရီယာစပ်လေး နှာခေါင်းတိုမျိုးလေးပ...
29/06/2022

သူလေးက မင်မင်တို့နဲ့ကံစပ်လို့ရောက်လာတာ

လိုချင်တဲ့ အချိန်မှာ ကွက်တိရလိုက်တာ

ရှီဇူးနဲ့ တယ်ရီယာစပ်လေး နှာခေါင်းတိုမျိုးလေးပါ

ကာကွယ်ဆေး မစုံသေးတော့ အရင်က သံထမှာစိုးလို့ အစာခြောက်တမျိုးတည်းပဲ ကျွေးလာရင်းကနေ
ကြက်သားပြုတ် ထမင်းနဲ့ ရွှေဖရုံသီး တို့နဲ့ကျွေးလာတော့ စားတာမှ ဖလမ်းလမ်းထ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မည်

ဘာလို့ဒေါင်ဒေါင်မည်ပြောသလဲဆိုတော့

အသက်မပြည့်ခင်မာ ရေမချိုးပေးဘူး
Dry wash ပဲ လုပ်ပေးတယ်

ကာကွယ်ဆေးစုံအောင်ထိုးပေးတယ်
ကာကွယ်ဆေးထိုးပေးချိန် နဲ့ သံချတဲ့အချိန်ဆို probiotic sachets လေးတွေတိုက်တယ်

ဌက်တွေ များတဲ့နေရာ ဉပမာ ခိုတွေ ခိုချေးတွေပေါတဲ့နေရာ ခေါ်မသွားဘူး

သန့်သန့်ရှင်းရှင်းနဲ့ နွေးနွေးထွေးထွေးထားတယ်

ဆော့လည်းပေးရသေးတယ် 😜😜

အစာကို သူ့အချိန်နဲ့သူ တနေ့ ၂ကြိမ်ကျွေးတယ် ရေသောက်အောင်လည်း အမြဲဖြည့်ပြီးလဲပေးတယ်

အခုဆိုရင် လူကိုတော်တော်ခင်နေပြီ🥰🥰🥰

နွေးထွေးမှုပေးတဲ့ အိမ်ကိုရောက်လာတဲ့ ကံကောင်းမလေးရိုစီပေါ့ 🦮🦮🐶🐶🐶🐶

ဖုန်းရွှေ မှာလည်း ယတြာ ရှိပါတယ်။ ယတြာလို ပြောတာထက် အဆောင်ပစ္စည်း တွေလိုပြောရင်ပိုကောင်းလိမ့်မယ်။ ဖုန်းရွှေအဆောင်ပစ္စည်းတ...
24/06/2022

ဖုန်းရွှေ မှာလည်း ယတြာ ရှိပါတယ်။ ယတြာလို ပြောတာထက် အဆောင်ပစ္စည်း တွေလိုပြောရင်ပိုကောင်းလိမ့်မယ်။ ဖုန်းရွှေအဆောင်ပစ္စည်းတွေက ညီညွတ်မျှတမှု မရှိတဲ့နေရာမှာ အချိုးအစားညီညွတ်မျှတအောင် လုပ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ် မကောင်းကျိုးကိုတားပြီး ကောင်းကျိုးပေးတတ်တဲ့ စွမ်းအင်ရှိလို ဖုန်းရွှေအဆောင်ပစ္စည်းတွေကို ဖုန်းရွှေယတြာလို ပြောရတာပါ။

မိမိအိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေရှိခြင်းကလည်း "ဖုန်းရွှေယတြာ"တွေပါပဲ....

အိမ်တွေမှာ ကြောင် တွေ ခွေးတွေ မွေးထားတာကလည်း ဖုန်းရွှေယတြာ တစ်မျိုးပါပဲ။ ဖုန်းရွှေ အရ ပြောမယ်ဆိုရင်တော့ အိမ်မွေးတိရစ္ဆာန်တွေဟာ ဇီဝရဲ့ သင်္ကေတဖြစ်ပြီး ရှင်သန်ခြင်းကို အားပေးတယ်။ဟန်ချက်ပျက်နေတာကို ကုစားပေးနိုင်တယ်။မကောင်းကျိုးကိုတားပြီး ကောင်းကျိုးပေးတတ်တဲ့ စွမ်းအင်ရှိလို ဖုန်းရွှေယတြာ တစ်ခုလိုပြောလိုရပါတယ်။

ဗဟုသုတရစရာအကြောင်းအရာများကို ဆက်လက်တင်ဆက်ပေးသွားပါမည်...



Cred

မင်မင်ရဲ့ သမီးချောလေးပါ ငြိမ်တုန်းရိုက်ထားရတာ 😀😀😃
11/05/2022

မင်မင်ရဲ့ သမီးချောလေးပါ ငြိမ်တုန်းရိုက်ထားရတာ 😀😀😃

ရာသီအကူးအပြောင်းတွေမှာ အာဝုလေးတွေ အအေးမိတက်ကြပါတယ် ⛈⛅️🌥☃️🌧❄️နှာရည်ထွက်မယ် 😪😪😪မျက်ရည်ပူတွေကျမယ် 🤧🤧🤧ချောင်းနည်းနည်းဆိုးမယ်...
17/12/2021

ရာသီအကူးအပြောင်းတွေမှာ အာဝုလေးတွေ အအေးမိတက်ကြပါတယ် ⛈⛅️🌥☃️🌧❄️

နှာရည်ထွက်မယ် 😪😪😪

မျက်ရည်ပူတွေကျမယ် 🤧🤧🤧

ချောင်းနည်းနည်းဆိုးမယ် 🤮🤮🤮

ပုံမှန် အအေးမိတာလေးတွေက အိမ်မာသက်သာအောင် လုပ်လို့ရပါတယ် (Vet နဲ့ဝေးတဲ့ အခြေအနေမှာပေါ့)

၁။ အာဝုလေးတွေရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်လုပ်ပေးပါ 🐶🐶🐶
၂။ သူတို့အားနည်းနေတဲ့အတွက် တခြားခွေးလေးများနဲ့ခွဲထားပါ 🙈🙈🙈🙈
၃။ ရေများများတိုက်ပါ 🧊🧊🧊
၄။ အစားကိုဝင်အောင်ကျွေးပါ 🍗🍖🦴🦴
၅။ အနားယူပါစေ
၆။ warm humidifier သုံးပေးပါ

ဒါဆိုရင် မြန်မြန်သက်သာပီးဆော့လာနိုင်ပါလိမ့်မယ်

Warm mist humidifier က အအေးမိနေတဲ့အချိန်မာ လူတွေလိုဘဲ အာဝုလေးတွေ ရဲ့ အအေးမိတဲ့လက္ခဏာတွေကို သက်သာစေပါတယ် ဒါပေမဲ့ သူတို့မှီနိုင်တဲ့နေရာမာ မထားရဘူးနော် ရေပူတွေဖိတ်စင်တာတို့ လျှပ်စစ်ကြိုးနဲ့ထိမိတာတို့ဆိုရင် ကိုယ်ပေါ်အပူတွေဖိတ်ကျနိုင်လို့ပါ

Humidifier မှာ အခြေခံအားဖြင့် cool mist , warm mist ဆိုပီးရှိတယ်

နေမကောင်းတဲ့အချိန် ဉပမာ နှာစေးနေတဲ့အချိန် warm mist humidifier လေးကတော့ မြန်မြန် သက်သာစေတာပေါ့


01/12/2021

အာဝုလေးတွေရဲ့ လည်မြိုမှာ တစုံတရာတစ်ဆို့နေရင် သူတို့လေးတွေ အသက်ရှုဖို့ခက်ပါလိမ့်မယ်

ဒါဆိုရင် အရေးပေါ်လုပ်ဆောင်ပေးနိုင်တဲ့ video clip လေးကိုကြည့်လိုက်နော် video ထဲမှာတော့ အာဝုအသေးမျိုးနဲ့ပြထားတော့ တခါတလေ အကြီးမျိုးတွေဆို မနိုင်တော့ ခြေထောက်၂ဖက်ကို မြှောက်ထားပေးလိုက်ပါ

Gravity အရ တစ်ဆို့နေတဲ့ဟာတွေ ပါးစပ်ကနေထွက်သွားပါလိမ့်မယ်

သိပ်ဆိုးတယ်နော် အာဝုလေးတွေ အကုန်ကောက်မျိုကြတာ

နို့ဖျား (Milk Fever) (သို့) သွေးတွင်းကယ်လ်စီရမ် (Calcium) ဆုံးရှုံးခြင်း တော်တော်များများ ထင်ကြတယ် နို့ဖျားက အာဝုအပေါက်...
30/11/2021

နို့ဖျား (Milk Fever) (သို့) သွေးတွင်းကယ်လ်စီရမ် (Calcium) ဆုံးရှုံးခြင်း

တော်တော်များများ ထင်ကြတယ် နို့ဖျားက အာဝုအပေါက်လေးတွေမှာဖြစ်တယ်လို့ပြောကြတယ် တကယ်တော့ သူတို့လေးတွေကိုမွေးပေးရတဲ့ မိခင်အာဝုကြီးမှာ ဖြစ်တာပါ ဖြစ်လေ့ဖြစ်ထရှိသလို သေသေချာချာမပြုစုနိုင်ရင် ရေရှည်ဒုက္ခပေးနိုင်တဲ့ ဖျားနာမှု တမျိုးပါ
ကဲဒါဆို မဖြစ်ခင်က ကြိုတင်ကာကွယ်ထားလို့ရလား ဆိုရင် “Yes “ လို့ဘဲ ပြောပါရစေ

အာဝုလေးတွေကို မွေးပြီး မိခင်က နို့တိုက် တယ်ဆိုတာ တကယ်တော့ နို့ရည်ထဲမှာပျော်ဝင်နေတဲ့ Calcium တွေပေးနေတာဘဲဖြစ်တယ် ဆိုတော့ မိခင်က Calcium ဆုံးရှုံးမှုများမှာ အမှန်ဘဲ

ဘယ်လိုအခြေအနေတွေက နို့ဖျားဖြစ်စေနိုင်တာလဲဆိုတော့ …………

၁။ ကျွေးတဲ့အစားအစာတွေထဲမှာ လုံလောက်တဲ့ အာဟာရ ဥပမာ ပရိုတိန်း အင်နာဂျီ နဲ့ calcium တို့မပါဝင်တာ
၂။ မမွေးခင် Calcium Supplement တွေအများကြီးကျွေးမိနေတာ
၃။ မွေးပြီး ထွက်တဲ့နို့ကများနေပြီး ခန္ဓာကိုယ်က ပြန်လည်မဖြည့်ပေးနိုင်တာ
၄။ သွေးထဲမှာ အသားဓာတ်လျော့နည်းနေတာ
၅။ ဟိုမုန်းပြဿနာတွေရှိနေတာ ကနေ Calcium Level ကို ထိခိုက်တာ

ဘယ်လိုအာဝုတွေအဖြစ်များလဲ ဆိုတော့ ………….

အာဝုလေးတွေအရေအတွက်များများမွေးတဲ့အခါမှာ ဖြစ်စေ အရင်တခေါက်မွေးတုန်းကလည်း နို့ဖျားဖြစ်ဖူးတဲ့ မိခင်အာဝုတွေမှာ အဖြစ်များပါတယ်

နို့ဖျားလက္ခဏာတွေကဘာတွေလဲ ……………

၁။ ပင်ပန်းနေမယ်
၂။အစာစားချင်စိတ်မရှိဖြစ်နေမယ်
၃။ တံတွေးတွေအဆက်မပြတ်ထွက်နေမယ်
၄။အန်နေမယ်
၅။ ကြွက်သားတွေနာကျင်နေမယ်

အဲဒီအချက်တွေကနေတဆင့်
၁။ ခြေချောင်းတွေမထောက်နိုင်တော့တာတွေ
၂။ ကိုယ်အပူချိန်တွေတက်တာတွေ
၃။ သတိလစ်တာတွေ အထိဖြစ်နိုင်ပါတယ်

နို့ဖျားက မကုသဘူးဆိုရင် ၁ နာရီအတွင်း သေစေနိုင်ပါတယ်

ဖြစ်ပီလို့သံဿယရှိရင် ကလေးတွေကိုအမေနဲ့ခွဲထားရပါမယ် (အာဝုလေးတွေကို နွေးထွေးတဲ့နေရာကို ခွဲထားရပါမယ်) ပြီးမှ မိခင်ကြီးကို ရေအေးနဲ့ရေပတ်တိုက်တာတွေ ရေတိုက်တာတွေ နဲ့ ဖြစ်နေတဲ့ လက္ခဏာတွေသက်သာစေမဲ့ ဆေးကို Vet နဲ့တိုင်ပင်ပြီး တိုက်ရပါမယ်
သွေးတွင်း Calcium level ကို တိုင်းတာရန်လည်းလိုအပ်ပါတယ် ဒါမှ မှန်ကန်တဲ့ ကုသမှုတွေဆက်လက်ပေးနိုင်မှာပါ

ကာကွယ်ခြင်းက ကုသမှုထက် ကောင်းသလို ထိခိုက်မှုတွေကိုလည်း ရှောင်ရှားနိုင်မှာပါ မိမိရဲ့အာဝုအရွယ်အစားပေါ်မူတည်ပြီး ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ဘယ်လောက် Calcium supplement လိုအပ်မလဲဆိုတာကတော့ နီးစပ်ရာ Vet တွေမှာ ဆွေးနွေးပါနော်

ပြီးတော့ မိခင်က ကိုယ်ဝန်မဆောင်ခင်မှာ ကာကွယ်ဆေးစုံမှ မွေးလာမဲ့အာဝုလေးတွေကို နို့မှ တဆင့် ဖြစ်ပေါ်လာမည့် ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ

သင့်ရဲ့ မိသားစုဝင်လေးတွေကို ဂရုစိုက်ပေးပါ




ဟူးမန်းတွေသုံးတဲ့ Wet Tissues ကို အာဝုလေးတွေမှာ လုံးဝ သုံးလို့မရပါဘူးနော် ..........................ဘာလို့လဲဆိုတော့ လူသာ...
29/11/2021

ဟူးမန်းတွေသုံးတဲ့ Wet Tissues ကို အာဝုလေးတွေမှာ လုံးဝ သုံးလို့မရပါဘူးနော် ..........................

ဘာလို့လဲဆိုတော့ လူသားတွေရဲ့ အရေပြားမှာရှိတဲ့ PH အချိုးအစားနဲ့ အာဝုလေးတွေရဲ့ အရေပြားမှာမှာ ရှိတဲ့ PH အချိုးအစားဟာ မတူညီကြလို့ပါဘဲ

ဆိုတော့ ဟူးမန်းတွေသုံးတဲ့ Wet Tissues တွေက ဟူးမန်းတွေရဲ့ အရေပြားကို အခြေခံပြီးတော့ထုတ်ထားတာပါ

ဟူးမန်းတွေရဲ့ အရေပြားမှာ ရှိတဲ့ PH က အက်စစ်ဘက်ကိုပိုသွားတော့ ဟူးမန်းတွေသုံးတဲ့ Wet Tissues တွေက အက်စစ်ဓာတ်ပါတယ်

အဲဒီအက်စစ်ဓာတ်ပါတဲ့ Tissues တွေကို အာဝုလေးတွေကို သုံးမယ်ဆိုရင် အရေပြားရောင်ရမ်းတာတွေနဲ့အတူ မှိုရောဂါတချို့ပါစွဲကပ် နိုင်တော့ မသုံးကြဖို့ တိုက်တွန်းချင်ပါတယ်

ဖီဖီမီမီတို့ အာဝုလေးတွေအတွက် Wet Tissues သုံးချင်ရင် တော့ သူတို့လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဟာဘဲသုံးပါနော်

Chlorine တို့ Alcohol ပါတဲ့ Wet Tissues တွေမသုံးပေးပါနဲ့နော်


Address

South Oakkalarpa
Yangon

Telephone

+959795099480

Website

Alerts

Be the first to know and let us send you an email when Pet Digest အချစ်တော်တိရစ္ဆာန်လေးများအကြောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pet Digest အချစ်တော်တိရစ္ဆာန်လေးများအကြောင်း:

Share

Category