Moe Ma Kha Veterinary Clinic

  • Home
  • Moe Ma Kha Veterinary Clinic

Moe Ma Kha Veterinary Clinic To know our services,To share some of our experiences in clinic & knowledge, To get some advices and comments from you positively to develop our clinic.

This is a veterinary small clinic. It is situated near the Hantarwadi circle. If you have any discussions about your pet, you can connect us. Now, our clinic can pay the services as the following.
1. Suggest for your pets' health states
2. Puppies' De - worming program and vaccination guideline
3. Regular De - worming
4. Contraception
5. Other surgical treatments ( ear trimming, tail docking, and spaying , neutering ...etc; )

13/07/2025

အဲ့ဒါကြောင့် ချေနေကြတာ...

13/07/2025
10/07/2025
25/05/2025
24/05/2025
01/05/2025
20/04/2025

ခွေးပေါက်ကလေးရဲ့ သွားနဲ့ခြစ်မိတဲ့ သွေးစို့ဒဏ်ရာကို အမှုမဲ့ အမှတ်မဲ့နေရာက အမျိုးသမီးငယ်တစ်ဦး ခွေးရူးပြန်ရောဂါ​​ဖြစ်ကာ သေဆုံး
၁၃. ၄ .၂၀၂၄
Written by Hey Mar
လွန်ခဲ့တဲ့ ၆ လခန့်က ခွေးသွားနဲ့ခြစ်မိရာကနေ ကာကွယ်ဆေးမထိုးမိတာကြောင့် မနေ့က ဧပြီ ၁၂ ရက်နေ့မှာ ခွေးရူးပြန်ရောဂါနဲ့ အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီးသေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး သုံးဆယ်မြို့နယ်အခြေစိုက် အ​ဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ခွေးရူးပြန်ရောဂါဝေဒနာခံစားရသူနဲ့ သူ့မိသားစုက ပဲခူးရိုးမ မြိုင်​ဟေဝန်ဆင်စခန်းမှာ နေထိုင်ကြသူတွေလို့ သိရှိရပြီး ဝေဒနာနဲ့ သေဆုံးခဲ့သူအမျိုးသမီးငယ်ဟာ လွန်ခဲ့တဲ့ ၆ လခန့်က ပေါက်စလေးအား လက်ပွန်းတတီး ပွေ့ချီ စနောက်မိရာက ခွေးသွားနဲ့ခြစ်မိတဲ့ သွေးစို့ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ အမှုမဲ့အမှတ်မဲ့ နေထိုင်ခဲ့ရာက ဧပြီလ ၉ ရက်နေ့မှာ ရောဂါ လက္ခဏာ ပြလာတဲ့အတွက် နီးစပ်ရာ ကျန်းမာရေးဆေးပေးခန်းဆီ ပြသကုသပေမယ့် ဆေးပေးခန်းက သာယာဝတီဆေးရုံဆီ တင်ပို့ကုသဖို့ ညွှန်ကြားတာကြောင့် လာရောက်ကုသစဥ် ခွေးရူးပြန်ရောဂါလက္ခဏာ ပြင်းထန်လာတဲ့အတွက် သာယာဝတီဆေးရုံက ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံ လွှဲပြောင်းတာကြောင့် အဖြူရောင်ပရဟိတလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်နဲ့ သယ်ဆောင်လာတဲ့ လမ်းခုလတ်မှာပဲ အဆိုပါအမျိုးသမီးငယ် သေဆုံးတယ်လို့ သိရပါတယ်။

အဖြူရောင်ပရဟိတအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး သာယာဝတီမြို့နယ် ကြက်ခြေနီတပ်ခွဲမှူး ဦးအောင်ကျော်လင်းက” ခွေးကိုက်တာနဲ့ ပတ်သက်လို့ တချို့ ပေါ့ပေါ့တန်တန်ပဲ သဘောထားပြုမူနေကြတုန်းပဲ။ ခွေးရဲ့ သွားရေက ကိုက်ခံရပြီဆိုတာနဲ့ဒဏ်ရာထဲ ဝင်မှာပဲ။ ဆေးကြောတာ ပိုးသတ်တာ လုပ်ပြီးရင်လည်း ကာကွယ်ဆေးက ထိုးကို ထိုးသင့်တယ်။ ခွေးပဲ ကိုက် ကိုက် ကြောင်ပဲ ကိုက် ကိုက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးကို ထိုးသင့်ပါတယ်။ ခွေးရူးပြန်ရောဂါက ကာကွယ်လို့ပဲရပြီး ဖြစ်ရင် ကုသလို့ မရတော့ပါဘူး။ သေတာပါပဲ။ အခု အမျိုးသမီးလေးလည်း ကျွန်တော့် ကားပေါ်တင် ရောဂါလက္ခဏာ ပြင်းထန်တာနဲ့ ဆေးရုံတောင်မရောက်လိုက်ဘူး သေတယ်။ သေတဲ့အခါ ခွေးတစ်ကောင်ရဲ့ အပြုအမူလိုပဲ အော်တယ်။ ကုတ်ဖဲ့တယ် ပေါ့။ အရေပြားအောက်သွေးကြောတွေ ပေါက်တာတွေ ဖြစ်တယ်။ သူ့မိသားစုကိုလည်း ဆက်စပ်ထိတွေ့ သံသယလူနာအဖြစ် ကာကွယ်ဆေးထိုးဖို့တော့ အသိပေးပြောပြခဲ့တယ်” လို့ MT News က မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ ခွေးရူးပြန်ရောဂါကြောင့် တစ်နှစ်ကို လူ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့်အထိ အသက်ဆုံးရှုံးလျက်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်တွေအရသိရပြီး မြန်မာနိုင်ငံမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားမှုလျှော့ချရေး အမျိုးသားစီမံကိန်း (၂၀၁၈-၂၀၃၀) ကို ရေးဆွဲထားပြီး နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွေမှာ ခွေးများကို ခွေးရူးပြန် ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။mtnewstoday

​မေတ္တာဖြင့်
မျှ​ဝေသည်။

19/04/2025
13/04/2025

Address


Opening Hours

Monday 18:00 - 20:00
Tuesday 18:00 - 20:00
Wednesday 18:00 - 20:00
Thursday 18:00 - 20:00
Friday 18:00 - 20:00
Saturday 18:00 - 20:00
Sunday 18:00 - 20:00

Telephone

+9595373150

Website

Alerts

Be the first to know and let us send you an email when Moe Ma Kha Veterinary Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moe Ma Kha Veterinary Clinic:

  • Want your business to be the top-listed Pet Store/pet Service?

Share