Shun's Not-So-Secret Diary

Shun's Not-So-Secret Diary Unapologetically becoming the ME I dream of🤎
🦋It's my journey, my journal 📝
This is mine to write ✍️
📖 Chapters of becoming and pages of Peaces❣️

ဘန်ကောက်မှာ Art Gallery Date ကြိုက်တဲ့သူတွေ အနုပညာကိုတ၀ကြီးခံစားချင်တဲ့သူတွေတွက် သွားသင့်တဲ့နေရာတွေထဲက တစ်ခုပါပုံထဲက လက်...
15/06/2025

ဘန်ကောက်မှာ Art Gallery Date ကြိုက်တဲ့သူတွေ အနုပညာကိုတ၀ကြီးခံစားချင်တဲ့သူတွေတွက် သွားသင့်တဲ့နေရာတွေထဲက တစ်ခုပါ
ပုံထဲက လက်ရာတွေကတော့ BTS National Stadium မှာရှိတဲ့ BACC 🎨 (Bangkok Art & Culture Center) မှာ
အနုပညာလက်ရာတွေကို တစ်ထပ်စီ စုစည်းခင်းကျင်းပြသထားတာပါ
ကိုယ့်အတွက်တော့ အချိန်ကုန်ရတာတန်တယ်လို့ပြောလို့ရတဲ့နေရာတစ်ခု
A must to explore 💃

❣️Self-dating ❣️ကိုယ်ခံယူထားတဲ့ Self-dating ဆိုတာ တခြားသူတွေနဲ့ ကွဲပြားကောင်း ကွဲပြားလိမ့်မယ် ကိုယ့်အတွက်ကတော့ "Self-dat...
11/05/2025

❣️Self-dating ❣️
ကိုယ်ခံယူထားတဲ့ Self-dating ဆိုတာ တခြားသူတွေနဲ့ ကွဲပြားကောင်း ကွဲပြားလိမ့်မယ်
ကိုယ့်အတွက်ကတော့ "Self-dating is treating myself in the best way as much as I could effort for my own goodness instead of serving others who don't deserve for my love" ပဲ
လောကမှာ ပတ်၀န်းကျင်ကို အလင်းတွေပေးပြီး ကိုယ့်အခြေကိုအလင်းပေးဖို့ မေ့နေတတ်တဲ့ ဖယောင်းတိုင်လို အဖြစ်‌မျိုး အခြေနေတွေ ကြုံဖူးကြတယ်ဟုတ်?
အထူးသဖြင့် အတိတ်က ကိုယ်လည်းအပါအ၀င်ပဲ
People enjoyer အဖြစ် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးတယ်
"ကိုယ်ဒီစကားပြောလိုက်ရင် တစ်ဖက်သူအဆင်ပြေပါ့မလား ? ကိုယ်ဒီအပြုမူလုပ်လိုက်ရင် တစ်ဖက်သူစိတ်ထိခိုက်သွားမလား? ကိုယ့်ရွေးချယ်မှုက ခင်မင်မှုတွေပျက်စီးသွားမလား? ငါဒါကိုလုပ်ရင် လူတွေငါ့ကိုယ်ဘာပြောကြမလဲ?" စသဖြင့် သူတစ်ပါးစိတ်နဲ့ အသက်ရှင်ခဲ့တဲ့အချိန်တွေကြာလာပြီး ကိုယ့်ကိုပျောက်ဆုံးလုနီးပါးပါပဲ
အချိန်တစ်ခုကြာတဲ့အခါ မိမိကိုယ်တိုင်မှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေစုပြုံလာတယ်
"ငါဘာတွေမှားနေခဲ့တာလဲ?" လို့ အဖြေရှာရာက အဓိက အမှားက ကိုယ်ပါပဲ
ကိုယ်ဟာ တခြားသူတွေ စိတ်အဆင်ပြေရဲ့လား ပျော်နေရဲ့လား သူတို့တွက်ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ် အဆင်ပြေရဲ့လား မေးဖို့ မေ့နေခဲ့တယ်။ အဆင်မပြေကြောင်းထုတ်ပြောဖို့မေ့နေခဲ့တယ်။
တစ်ဖက်သူတွေကတော့ "ShunLe က ငါတို့ဘယ်လောက်စစ စိတ်မဆိုးဘူး ... အရမ်းသည်းခံတတ်တယ် ချစ်ဖို့ကောင်းတယ်" စတဲ့ချီးကျူးစကားတွေနဲ့ပဲမှတ်မိရင်း ကိုယ်တကယ်အဆင်ပြေနေရဲ့လား ဆိုတာကိုတော့ သူတို့ဘက်ကလည်း မေးလေ့ တွေးလေ့မရှိခဲ့ပါဘူး။

တစ်နေ့တော့ ကိုယ်ဟာ ကိုယ့်ဘက်ကပဲ ဆွဲထားမှ မြဲတဲ့ လက်တွေကို ရုတ်တရက်လွှတ်ချလိုက်တယ်
ကိုယ်မှနားမလည်ပေးရင် ပျက်စီးလုနီးနီးဆက်ဆံရေးတွေကို ရပ်တံ့လိုက်တယ်
ကိုယ်မပါလည်း ပျော်ရွှင်နေနိုင်တဲ့သူတွေပေါ် ကိုယ့်ဘက်ကပဲ အစစအရာရာ လိုက်ပူနေရတာတွေရပ်တံ့လိုက်တယ်
မနက်မိုးလင်းတယ်
ငါဘာစားချင်လဲ? ဒီနေ့ဘယ်သွားချင်လဲ? ငါဘာ‌ကိုဝါဿနာပါလဲ? ဘာလုပ်ရင်ကောင်းမလဲ? စတဲ့ ကိုယ့်ကို အရင်စဉ်းစားတတ်လာတယ်
ကိုယ့်ကို စိတ်အနှောင့်ယှက်ဖြစ်မယ့်စကားမျိုးပြောတဲ့သူတွေဆိုရင် စကားကြောင့်ရော အပြုမူကြောင့်ရော ကိုယ့်စိတ်ကိုလာထိခိုက်လို့မရအောင် Self-protection mechanism အနေနဲ့ ကိုယ့်ဆန္ဒမပါရင် သွားမတွေ့တော့ဘူး အားနာပြီးလည်း စကားတွေဖောင်ဖွဲ့မပြောဖြစ်တော့ဘူး
အစပိုင်းမှာတော့လူတွေက Anti social ဖြစ်လာတယ်လို့ ထင်ကြတယ်။ အချိန်အနည်းငယ်ကြာတော့ ကိုယ့်ရဲ့ ပုံစံအသစ်ကို လက်ခံလာကြတယ်။
လက်မခံကြလည်း ပြဿနာမဟုတ်ပါဘူး။ ကိုယ့် personal life ပဲ ....
ကိုယ့်ကို ရှာတွေ့သွားတယ်ဆိုပါတော့....

Self-dating ဆိုတာ ကိုယ့်တွက်တော့ ကိုယ့်ကိုယ်ကို အကောင်းဆုံး ကြိုးစားပြီး ဂရုစိုက်ပေးခြင်းပဲ
ကိုယ့်တွက်မဟုတ်တဲ့သူတွေကို ဂရုစိုက်မယ့်အစား ဘ၀ဆိုတဲ့ပြဇာတ်မှာ ကိုယ့်ကိုမလိုအပ်တဲ့ ဇာတ်၀င်ခန်းတွေမှာ ၀င်ပြေးသရုပ်ဆောင်ပေးနေမယ့်အစား ကိုယ့်တွက်ကိုယ်ဦးစားပေးခြင်းပဲ ....
ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ကိုယ့်ပေါ်မှာပဲ မူတည်ပြီး ကိုယ့်ရဲ့ ၀မ်းနည်းမှု အခက်ခဲတွေကိုလည်း ကိုယ်တိုင်ဖြေရှင်းရင်း ကိုယ့်ကို တစ်ရက်ချင်း တည်ဆောက်လာတာမျိုး

Self-dating doesn't mean "against relationship or marriage"
ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ချစ်ပေးတာထက် ပိုပြီး အမြတ်တနိုး တန်ဖိုးထားတတ်တဲ့သူမျိုးမဟုတ်ပဲ မပြည့်၀တဲ့ ချစ်ခြင်းတွေ ဆက်ဆံရေး ခင်မင်မှုတွေကိုပဲ ငြင်းဆိုတာ...
ဆိုတော့ ကိုယ့်ကို "အပျိုကြီး"လို့နောက်တာတို့ တစ်စုံတစ်ယောက်နဲ့ date ဖို့ Force လုပ်တာတို့က ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးမထားသလိုခံစားရတယ်။
ကိုယ့်ကို တကယ် မိတ်ဆွေကောင်းတစ်ယောက် သူငယ်ချင်းကောင်းတစ်ယောက်လိုသဘောထားရင် လက်ရှိ ကိုယ်ပျော်နေတဲ့ပုံစံကို လက်ခံပြီးမှ ကိုယ်နဲ့ဆက်ဆံရေးတွေရှေ့ဆက်စေချင်တယ်
Because it's the "Me" I am becoming 🦋

လွန်ခဲ့တဲ့ ၃ နှစ် ဒီလိုချိန် မှာ ကိုယ်ဟာ လမ်းပျောက်လို့ပျောက်နေမှန်းမသိတဲ့ လမ်းပျောက်နေဆဲ လူငယ်တစ်ယောက် ဘ၀ရဲ့ အကောင်းဆုံ...
03/05/2025

လွန်ခဲ့တဲ့ ၃ နှစ် ဒီလိုချိန် မှာ ကိုယ်ဟာ လမ်းပျောက်လို့ပျောက်နေမှန်းမသိတဲ့ လမ်းပျောက်နေဆဲ လူငယ်တစ်ယောက်
ဘ၀ရဲ့ အကောင်းဆုံး ချိန်တွေဖြတ်သန်းနေရမယ့် ၂၅-၂၆ အရွယ်ပေါ့
လုပ်နေကျ အလုပ်ကို အတတ်နိုင်ဆုံး ကြိုးစားခဲ့ရင်း ရှေ့မှာ ဘာတွေဖြစ်လာမယ် ဆိုတာလည်း ကြိုမတွေးချင်တော့ပဲ နေ့ရက်တိုင်းမှာ ကိုယ့်ရဲ့ Accomplish ဖြစ်တဲ့ Daily achievement တိုင်းကို self-appreciate လုပ်ရင်း ဖြတ်သန်းနေခဲ့တဲ့အချိန်ပေါ့
ပြန်တွေးလိုက်တော့ "အဲ့ချိန်မှာ ငါပျော်နေခဲ့သလား?" ဆိုရင်
ပျော်အောင်နေနေခဲ့ရတယ်
မပျော်နိုင်သော အရာတွေကို ကြိုးစားမေ့ပြီး ဘ၀ကို စိတ်ကိုပျော်အောင် နေနေခဲ့တယ်
လူကတော့ Comfort zone ထဲရောက်နေခဲ့တယ်
Career တစ်ခုမှာလည်း လမ်းခုလတ်ရဲ့ နေရာတစ်ခုထိ ရောက်နေခဲ့ပြီး ရှေ့ဆက်ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ တွေးဖို့ တွန့်ဆုတ်နေခဲ့တဲ့အချိန်ပေါ့
အိပ်မက်တွေအကြီးကြီးမက်ခဲ့ပေမဲ့ ကိုယ်တွေမျိုးဆက်ရဲ့ Midlife Crisis ဟာ သူများနိုင်ငံတွေက လူငယ်တွေထက် ပို ကာလကြာရှည်တယ် ပြောရမလားပဲ
ရှေ့လျှောက် Future Plan ကဘာလဲလို့ Motivation Question တွေကို Job interview တွေ University Entrance တွေမှာဖြေတိုင်း အားတင်းဖြေခဲ့ကြရတယ်

ကိုယ်လည်း သူတို့ထဲက တစ်ဦးတစ်ယောက်ပေါ့
အနည်းငယ်လည်း Comfort Zone မှာပျော်‌အောင်နေခဲ့တယ်ဆိုပါတော့

လက်ရှိချိန်မှာတော့ လွန်ခဲ့တဲ့ ၃ နှစ်နဲ့ပြန်ယှဉ်ကြည့်တဲ့အခါ
အများကြီးပြောင်းလဲလာခဲ့တယ်
ဘ၀ထဲမှာ မလိုအပ်တဲ့ အဆိပ်တောက်လို အတွေးခေါ်တွေ လူတွေကို ဖယ်ထုတ်နိုင်ခဲ့တယ်
အရင်က စနစ်တကျ အခြေခံကနေ ဆက်လက်သင်ယူချင်ခဲ့ပေမဲ့ ဘယ်လိုလေ့လာသင်ယူရမယ်ဆိုတာ နည်းလမ်းမမှန်ခဲ့လို့ လက်လျှော့လုနီးနီးဖြစ်ခဲ့တဲ့ ပညာရပ်ကိုလည်း လက်ရှိမှာ ကိုယ့်ပေါ် အရမ်းဂရုစိုက်ပြီး အစစအရာရာ မှားနေရင်ကစ အပြစ်မတင်ပဲ သင်ကြားပေးတဲ့ သူတွေဆီက ဆက်လက်သင်ယူခွင့်ရခဲ့တယ်
လူတွေကို ဘယ်လိုတန်ဖိုးထားတတ်ဖို့ ကိုယ့်ကိုယ်ဘယ်လိုတန်ဖိုးသိဖို့ ကိုယ့်အရည်ချင်းတွေကိုမြင်အောင်ကြည့်တတ်ဖို့ အခက်ခဲတွေကို ဘ၀သင်ခန်းစာလေ့ကျင့်ခန်းတွေလို့ပြောင်းတွေးပြီး ဆက်လက်ကြိုးစားသွားဖို့ ပညာတင်မက ခံယူချက်နဲ့ အတွေးခေါ်တွေကစ သင်ကြားပေး ကိုယ်တိုင်ပြုမူတဲ့ ဆရာဆရာမတွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့တယ်
အသက်ရှင်ရတဲ့နေ့ရက်တွေက အိပ်မက်တွေကြီးလာတာနဲ့အမျှ ပိုပင်ပန်းပေမဲ့ "ရှင်သန်နေရတာ အဓိပ္ပာယ် မဲ့နေတယ် ဆိုတဲ့ ခံစားချက်" ကို တဖြေးဖြေး လျော့လာခဲ့တယ်
အရင်က သင်ယူခြင်းတွေမှာ "အဲ့တာက ဘာကြီးလဲ" ဆိုပြီး မသိလို့ ဘာမှမမေးရာက "ဒါက ဘာလို့ ဘာကြောင့် အဲ့လိုဖြစ်ရတာလဲ" ဆိုတဲ့ ပိုသိချင်စိတ်နဲ့ မေးခွန်းထုတ်တတ်တဲ့ သင်ယူခြင်းတွေကို ပြောင်းလာခဲ့တယ်

Stretch Zone ထဲမှာ Coping Mechanism နဲ့ နေနေရတော့ ကိုယ့်ကို Appreciate မလုပ်နိုင်ခဲ့တာ
မနေ့က ကိုယ့် Advisor တွေဆီက "You really improved" ဆိုတဲ့စကားကိုကြားပြီးမှ
"ဪ ငါသေချာကြိုးစားနေထိုင်နေတာပါလား" ဆိုတဲ့အတွေးနဲ့ ကိုယ့်ကို ပြန် Appreciate လုပ်မိတော့တယ်

တကယ်တော့ ကိုယ်တို့အားလုံးက Self Appreciation ကို နေ့ရက်တိုင်းမှာလိုအပ်ပါတယ်
အကယ်၍ ကိုယ့်ကို appreciate မလုပ်နိုင်ရင် appreciate လုပ်ပေးနိုင်တဲ့ ရပ်၀န်း မှာ Optimistic People တွေနဲ့နေပါ ❤️
Who say I don't deserve those things?
ရှေ့လျှောက်လည်း မပြီးသေးတဲ့ ခရီးရှည်ကြီးတွေ ဆက်ရဦးမယ် 💪❣️

The "Me" I created 💃        The "Me" I unapologetically becoming 🦋                 The "Me" that I want to meet 🤎
20/04/2025

The "Me" I created 💃
The "Me" I unapologetically becoming 🦋
The "Me" that I want to meet 🤎

Last Christmas 🎁🦌🎄❄️ 📸 Charlie Dae
29/12/2024

Last Christmas 🎁🦌🎄❄️
📸 Charlie Dae

25/08/2024

Hello guys 👋
May I upload some of my Not-So-Secret posts here 🤭💞

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Shun's Not-So-Secret Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category