Exotic Bully TGI

Exotic Bully TGI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Exotic Bully TGI, Pet service, Taunggyi.

23/03/2026

နေပူဆာလှုံတယ်ထင်တာ သေချာကြည့်မှ
သေးပေါက်နေတဲ့ style က အမြင့်ကြီးး😂😂


EBT ခြံရဲ့ မိသားစုဝင် အသစ်လေးး ယိုယို( Mario ) ၊❤️‍🔥ချစ်ခင်ပေးကြပါအုံးရှင့် ထိုင်းနိုင်ငံကနေ ကိုယ်ပိုင် TKC certificate ...
23/03/2026

EBT ခြံရဲ့ မိသားစုဝင် အသစ်လေးး
ယိုယို( Mario ) ၊❤️‍🔥

ချစ်ခင်ပေးကြပါအုံးရှင့်
ထိုင်းနိုင်ငံကနေ
ကိုယ်ပိုင် TKC certificate ပါပီးသား
ကလေးလေးပါ

Age . 5 months old
Breed . French bulldog
Colour . Cream

ခွေးလေးအမျိုးပေါင်း များစွာတွေထဲမှာမှ Bull မျိုးနွယ် ကလေးတွေက သူတို့ရဲ့ထူးခြားတဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံကြောင့် အစာခြေစနစ်...
26/02/2026

ခွေးလေးအမျိုးပေါင်း များစွာတွေထဲမှာမှ

Bull မျိုးနွယ် ကလေးတွေက
သူတို့ရဲ့ထူးခြားတဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံကြောင့် အစာခြေစနစ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ
ဂရုစိုက်မှုအနည်းငယ်ပိုလိုအပ်ပါတယ်

ဒါကြောင့် ၆ လအောက် ခွေးပေါက်လေးတွေကို
ကျွေးမွေးတဲ့အခါ အောက်ပါအချက်တွေကို
သေချာလိုက်နာသင့်ပါတယ်

၁။ အစာအမျိုးအစား ရွေးချယ်ခြင်း

· ခွေးပေါက်အစား (Puppy Food) သာကျွေးပါ - ခွေးပေါက်လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အစားအစာမှာ သူတို့ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်
· အရည်အသွေးမြင့် အစာရွေးချယ်ပါ -
ပရိုတိန်းဓာတ်ကြွယ်ဝပြီး ဖြည့်စွက်စာတု၊
အရောင်ဆိုးဆေးတွေ အနည်းဆုံးပါတဲ့ အစာကို ရွေးချယ်ပါ
· Bulldog မျိုးစိတ်အတွက် ထုတ်ထားတဲ့ အစာ
(Breed-specific formula) ဆိုရင် ပိုကောင်းပါတယ်
ဒါမှမဟုတ် ခွေးပေါက်လေးတွေအတွက်
ထုတ်ထားတဲ့ အစာမျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်

၂။ ကျွေးမွေးရမည့် အကြိမ်ရေ

ခွေးပေါက်လေးတွေရဲ့ အစာအိမ်က သေးငယ်ပြီး တစ်ခါကျွေးရင် အများကြီးမစားနိုင်ပါဘူး
ဒါကြောင့် တစ်နေ့ကို အကြိမ်ရေခွဲကျွေးဖို့ လိုအပ်ပါတယ်

· ၂ လသားအရွယ် - တစ်နေ့ ၄ ကြိမ်
· ၃ လမှ ၆ လအရွယ် - တစ်နေ့ ၃ ကြိမ်

၃။ တစ်နေ့တာကျွေးသင့်သော ပမာဏ

ဒါကတော့ သင်ရွေးချယ်ထားတဲ့ အစာအမှုန့်အိတ်ပေါ်မှာ ဖော်ပြထားတဲ့ ပမာဏအတိုင်း အတိအကျလိုက်နာသင့်ပါတယ်
ယေဘုယျအားဖြင့် ခွေးပေါက်လေးတွေဟာ
တစ်နေ့ကို ခွက်ရဲ့ ၁/၂ ခွက်ကနေ ၁ ခွက်ခွဲအထိ (အစာအမျိုးအစားနဲ့ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး)
စားသုံးလေ့ရှိပါတယ်

· ခွေးလေးရဲ့ နံရိုးတွေကို စမ်းကြည့်ပါ
မမြင်ရပေမယ့် လက်နဲ့အလွယ်တကူစမ်းမိရင်
ဝိတ်ကောင်းတယ်လို့ဆိုနိုင်ပါတယ်
· နံရိုးတွေ ပေါ်နေရင် ပိုကျွေးဖို့လိုမယ်
လက်နဲ့စမ်းမရတော့ဘဲ အဆီတွေဖုံးနေရင်
လျှော့ကျွေးသင့်ပါတယ်

၄။ ကျွေးမွေးနည်းနဲ့ သတိထားစရာများ

· အစာကိုစိမ်ကျွေးခြင်း - ၃ လသားလောက်အထိ အခြောက်အစာကို ရေနွေးနွေးလေး (သို့) ခွေးနို့မှုန့် (သို့) အသားဖရုံသီးပြုတ်ရည်နဲ့ စိမ်ပြီးကျွေးပေးနိုင်ပါတယ်
ဒါမှ အစာဝါးရလွယ်ပြီး အစာခြေစနစ်ကိုလည်း
ချောမွေ့စေပါတယ်
· အစာလုံးအရွယ်အစား - ကလေးတွေရဲ့ ပါးစပ်က
သေးငယ်တာမို့ အစာလုံးအသေးစား (Small kibble) ကိုရွေးပါ
· ရေသန့်သန့် - ရေကို အမြဲသန့်သန့် ဖြည့်ပေးထားပါ
· အစာလဲလှယ်ခြင်း - တစ်မျိုးနဲ့တစ်မျိုး ရုတ်တရက်လဲလှယ်ကျွေးမွေးတာမျိုး မလုပ်ပါနဲ့
တဖြည်းဖြည်းချင်း အစာဟောင်းနဲ့ရောပြီး လဲလှယ်ပေးပါ

၅။ ရှောင်ကြဉ်ရမည့် အစားအစာများ

· လူတွေစားတဲ့ အစာများ (အထူးသဖြင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချောကလက်၊ စပျစ်သီး၊ ထောပတ်သီး)
· အရိုးများ (အထူးသဖြင့် ကြက်အရိုး၊ ငါးအရိုး) - အစာအိမ်ကိုထိခိုက်စေနိုင်ပါတယ်
· အဆီများတဲ့ အစာ
· နွားနို့ (တချို့ခွေးလေးတွေ ဝမ်းလျှောတတ်ပါတယ်)

Bull မျိုးနွယ်ကလေးတွေဟာ အစာစားပြီး လေပွတတ်တဲ့ မျိုးရိုးဖြစ်တာမို့ အစာစားပြီးတိုင်း
လေထုတ်ပေးဖို့လည်း မမေ့ပါနဲ့
ဒါ့အပြင် သူတို့ရဲ့အစာခြေစနစ်က နူးညံ့တတ်တာမို့
အစာအသစ်ကျွေးရင် ဝမ်းသွားပုံကို
သေချာစောင့်ကြည့်ပေးပါ

သင့်ခွေးလေးရဲ့ ကိုယ်အလေးချိန်နဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး
တိကျတဲ့ပမာဏအတွက်တော့
ကျွမ်းကျင်တဲ့ breeder များ
တိရစ္ဆာန်ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးဖို့
အကြံပြုလိုပါတယ်

🌹Lucky Frenchie🌹ဘောလုံးဖြူလေး မိဘအသစ်များရရှိသွားပါပီအရမ်းချစ်ပေးမဲ့ အဖေအမေ လက်ထဲကို ရောက်ရှိမှာမို့ပျော်ရွှင်ရပါတယ် Ygn...
05/02/2026

🌹Lucky Frenchie🌹

ဘောလုံးဖြူလေး မိဘအသစ်များရရှိသွားပါပီ
အရမ်းချစ်ပေးမဲ့ အဖေအမေ လက်ထဲကို ရောက်ရှိမှာမို့
ပျော်ရွှင်ရပါတယ်
Ygn မှ ချစ်ခင်စွာ ယုံကြည်စိတ်ချစွာ
အားပေးသွားပါသော
မောင်လေးနဲ့ ညီမလေးတို့လည်း
ကလေးနဲ့အတူ ကံကောင်းခြင်းတွေ
အများကြီးရရှိပါစေ ရှင် 🥰

05/02/2026

ဆိုးအောက်သွားပီ ဖြစ်တဲ့ သားသားလေးး 🥰

သမီးလေး Choco ကို အိမ်အထိလာရောက် wal ယူသွားပါသော ညောင်ရွှေမှ bro ကိုအထူးကျေးဇူးတင်ရှိပါသည် 🥰 ရှမ်းပြည်နယ်သူလေးပဲ ဖြစ်သွာ...
02/02/2026

သမီးလေး Choco ကို
အိမ်အထိလာရောက် wal ယူသွားပါသော
ညောင်ရွှေမှ bro ကိုအထူးကျေးဇူးတင်ရှိပါသည် 🥰

ရှမ်းပြည်နယ်သူလေးပဲ ဖြစ်သွားရတဲ့ အတွက်
အရမ်းဝမ်းမြောက်မိပါတယ်ရှင် ..

ကလေးနဲ့အတူ ကံကောင်းခြင်းတွေ အများကြီးရရှိပါစေရှင် ❤️❤️❤️

ဒါလေး က Exotic Bully Tgi ရဲ့ TT acc လေးပါ ပထမ အကောင့်လေး ပျက်သွားလို့ ဒီအကောင့်လေးကို Follow ပေးကြပါအုံးနော် ❤️❤️❤️
31/01/2026

ဒါလေး က
Exotic Bully Tgi ရဲ့ TT acc လေးပါ
ပထမ အကောင့်လေး ပျက်သွားလို့ ဒီအကောင့်လေးကို
Follow ပေးကြပါအုံးနော် ❤️❤️❤️

13.9k Followers, 125 Following, 47.9k Likes - Watch awesome short videos created by Exotic_Bully_TGI(Akanpyaedar)

Exotic Bully crazy တယောက်အနေနဲ့ ရင်ခုန်စိတ်ဝင်စားဖို့ အကောင်းဆုံး ကာလကိုရောက်လာပါပီ Choco မလေး နားသပီးစီးသောအခါ ရုပ်ထွက်...
31/01/2026

Exotic Bully crazy တယောက်အနေနဲ့
ရင်ခုန်စိတ်ဝင်စားဖို့ အကောင်းဆုံး ကာလကို
ရောက်လာပါပီ

Choco မလေး နားသပီးစီးသောအခါ
ရုပ်ထွက်နဲ့ short body က အရမ်းကို အမတန်းထဲမှာ ထူးခြားပါတယ် ..

အသက် ၄ လကျော် အရပ်က တကယ့် ဂျပုမလေးပါ
ပုပေမဲ့ တစ်တိုနေတဲ့ body ရှိပါတယ်
လက်တွေက အစ အထီးတကောင်လို လှပပါတယ်

🤎Colour
💙Eyes
🤍Short body
❤️Micro size
🩷Big neck တခုချင်းစီကို
ပြောစရာမလိုတောင် ပြည့်စုံပါတယ်

အထီးဆိုရင်အတော်လေးကို ပြည့်စုံတဲ့
bully Qty တန်းဝင်ပါပဲ ..

တန်ဖိုးသိမှ တန်ဖိုးရှိမှာမို့
ဒီကလေးလေးက zay မနိမ့်ပါဘူး

သူ့ကိုဘယ်သူပိုင်မလဲ ..
ရင်ခုန်စရာ ကောင်းလာပါပီ ..



ညဆို 5• ထိ ကျဆင်းဆဲ 🥶🥶🥶
26/01/2026

ညဆို 5• ထိ ကျဆင်းဆဲ 🥶🥶🥶

26/01/2026

ဒီလို ဗိုက်ပူပူနဲ့ တလှိမ့်လှိမ့် တစက်မှ မငြိမ် ဆော့တာ
ခံနိုင်မှ
မီးမီး Choco ရဲ့ဘဝထဲ ဝင်လာပါ 😂😍


23/01/2026

မင်မင် တို့ အရင်အပတ်စနေ က မကွေး တခါ
၃-၄ ရက်ခြားပီး မြိတ်က ကလေးကို
ရန်ကုန်ကိုရောက်ဖို့ နေပြည်တော် အမြန်လမ်း ထိ တခါ
အခု ၃ ရက်ခြားပီး
နက်ဖနိ မိတ္ထီလာဆင်း puppy လေးတွေ
အရောက်ပို့ပေးနေပါတယ်

ကလေးတွေ သက်သာအဆင်ပြေဖို့ အတွက်
တတ်နိုင်သမျှ
အများကြီးကြိုးစားထားပေးပါတယ်
ဝယ်ယူအားပေးကြတဲ့ EBT ရဲ့ customers တွေကိုလည်းအများကြီးကျေးဇူးတင်ရပါတယ် ❤️❤️

Address

Taunggyi

Telephone

+959755705272

Website

Alerts

Be the first to know and let us send you an email when Exotic Bully TGI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category