K9 Pet Clinic Tachileik

K9 Pet Clinic Tachileik Pet Care Center
Tachileik

Operation & Surgery
Disease Diagnosis & Treatment (X-ray Service Available)
Preventive Health Care

Pet Spa / Pet hotel /Pet food & Accessories Shop

✨ Caring for Pets Since 1999 ✨

အပ်အရှည်ကြီးကို မျိုချမိလိုက်လို့ အရေးပေါ်ခွဲစိတ်ကုသမှု ခံခဲ့ရတဲ့ နံမည်နဲ့လိုက်အောင် ကံကောင်းခဲ့တဲ့ ကို LuckyLuckyရဲ့ ပိ...
23/10/2025

အပ်အရှည်ကြီးကို မျိုချမိလိုက်လို့ အရေးပေါ်ခွဲစိတ်ကုသမှု ခံခဲ့ရတဲ့ နံမည်နဲ့လိုက်အောင် ကံကောင်းခဲ့တဲ့ ကို Lucky

Luckyရဲ့ ပိုင်ရှင်က ပြောပြတယ် မနေ့က သွေးကြောထိုးအပ် cannula အရှည်ကြီးကို luckyက မျိုချပစ်လိုက်တယ် ဒီနေ့ရောက်တော့ သူ အန်တယ် အန်တဲ့အထဲမှာ ပလက်စတစ်အပိုင်းအစတွေပါလာပေမဲ့ အပ် သံချောင်းအပိုင်းက ပါမလာဘူးဆိုပီး ကျွန်တော်တို့ဆေးခန်းကိုရောက်လာလို့ Xray ဓါတ်မှန်ရိုက်ကြည့်တော့ ဗိုက်ထဲမှာ အပ်ကြီးကိုတွေ့ရလို့ အရေးပေါ် မေ့ဆေးပေးပြီး အူထဲကနေ ဖေါက်ထွက်နေတဲ့ အပ်အစုံလိုက်ကြီးကို ခွဲထုတ်ပြီး အူကို ပြန်ချုပ်ပေးခဲ့ရပါတယ်။ပုံထဲမှာ တွေ့ရတဲ့အတိုင်း ခွဲစိတ်ပြီး တစ်လအကြာမှာ Lucky တစ်ယောက် ကျန်းမာရွှင်လန်းနေတာကိုတွေ့ရလို့ အလွန်ကို ဝမ်းသာပီတိ ဖြစ်မိပါတယ်ခင်ဗျာ -

တခြားပိုင်ရှင်တွေလဲ ကိုယ့်ကလေးလေးတွေကို ပစ္စည်းအမာတွေ
မမျိုမိအောင် သတိထားကြဖို့ အကြံပေးလိုပါတယ်ခင်ဗျာ။

🐶✨ “ลัคกี้” เจ้าตัวน้อยผู้โชคดี ผ่านการผ่าตัดช่วยชีวิตอย่างปาฏิหาริย์ ✨🐾

เมื่อไม่กี่วันก่อน เจ้าลัคกี้เผลอกลืนเข็มฉีดยาพร้อมท่อแคนูลาอันยาวเข้าไป! 😢
คุณเจ้าของรีบพามาที่คลินิกของเรา เพราะลัคกี้เริ่มอาเจียนออกมา มีเศษพลาสติกปนอยู่ แต่ไม่เห็นส่วนที่เป็นเข็มเหล็กเลยค่ะ

เมื่อเอกซเรย์ตรวจดูก็พบว่า “เข็มทั้งอัน” ยังอยู่ในช่องท้องของลัคกี้จริง ๆ 😭
ทีมสัตวแพทย์ของเราเลยต้องทำการผ่าตัดฉุกเฉิน นำเข็มออกจากลำไส้และเย็บซ่อมอย่างละเอียด 💉🩺

หลังจากพักฟื้นได้ครบหนึ่งเดือน ตอนนี้ลัคกี้กลับมาแข็งแรง ร่าเริง และยิ้มเก่งเหมือนเดิมแล้วค่ะ 💖
เราเองก็รู้สึกดีใจสุดหัวใจ ที่ได้เห็นรอยยิ้มของทั้งลัคกี้และคุณเจ้าของอีกครั้ง 🥰

ขอฝากถึงคุณเจ้าของทุกท่านด้วยนะคะ —
อย่าลืมระวังไม่ให้ลูก ๆ ขนฟูของเราหยิบของแข็งหรือของมีคมเข้าปากนะคะ เพราะอาจเป็นอันตรายถึงชีวิตได้เลยค่ะ ⚠️💔

ด้วยรักและความห่วงใยจากทีมสัตวแพทย์ K9 🐾💙

Lucky : the dog who truly lived up to his name 🐶🍀

After accidentally swallowing a long IV cannula needle, Lucky had to undergo an emergency surgery to remove it from his intestine. Thanks to the quick decision of his owner and our dedicated veterinary team, the operation was a success. 💉💛

One month later, Lucky is now healthy, happy, and back to his cheerful self — a true “Operation of Hope.” 🩵✨

We are so proud of this brave little fighter, and we kindly remind all pet owners to keep sharp or hard objects away from their furry babies’ reach. Safety first, always with love and care. 🐾💖

#ကရုဏာတိကုဆေးခန်း

เราต้องการแบ่งปันเคล็ดลับสำคัญเพื่อช่วยคุณดูแลทารกแรกเกิดที่บ้านหากสัตว์เลี้ยงของคุณคลอดลูก ให้ผูกสายสะดือด้วยเชือกสะอาด...
15/03/2025

เราต้องการแบ่งปันเคล็ดลับสำคัญเพื่อช่วยคุณดูแลทารกแรกเกิดที่บ้าน
หากสัตว์เลี้ยงของคุณคลอดลูก ให้ผูกสายสะดือด้วยเชือกสะอาดอย่างระมัดระวัง ดังที่แสดงในภาพ จากนั้นค่อยๆ ตัดสายสะดือ เพื่อให้แน่ใจว่าลูกน้อยของคุณปลอดภัย ให้ฉีดสเปรย์แอลกอฮอล์บริเวณบาดแผลเพื่อป้องกันการติดเชื้อ เราพร้อมให้การสนับสนุนคุณในทุกย่างก้าว
อย่าลังเลที่จะติดต่อเราหากต้องการคำแนะนำหรือความมั่นใจ

အာဝုလေးတွေ မြောင်းမြောင်လေးတွေ အိမ်မှာကလေးမွေးရင် ပုံထဲကလို ချက်ကြိုးလေးကို ကြိုးနဲ့ချည်ပီး ချက်ကြိုးဖြတ်ပေးရင် ကောင်းပါတယ်။နောက်ပီး ဖြတ်ထားတဲ့နေရာကို အရက်ပျံလေး လိမ်းပေးရပါမယ်ခင်ဗျာ။

We want to share an important tip to help you care for newborns at home.
If your pet gives birth, carefully tie the umbilical cord with a clean string, as shown in the picture, and then gently cut the cord. To ensure your little one stays safe, apply an alcohol spray to the cut area to prevent infection. We're here to support you every step of the way.
Don't hesitate to reach out if you need guidance or reassurance.

Note - While this guidance is helpful for emergencies, it's always best to consult with a vet beforehand for tailored advice and ensure your pet has access to professional care if needed.

📍https://maps.app.goo.gl/wnycB4FubmAKaSSL9?g_st=il📍

📲 - 09451503300
📲 - 09254965188

#ကရုဏာ #ကရုဏာတိကုဆေးခန်း #ကရုဏာတာချီလိတ် #တာချီလိတ်တိကုဆေးခန်း

Animal Anesthesia Ventilator Machine ကျွန်တော်တို့ရဲ့ K-9 ကရုဏာ တိရစ္ဆာန်ဆေးကုခန်းမှာ ယခုထပ်မံပြီး Upgrade ပြုလုပ်လိုက်တ...
15/01/2025

Animal Anesthesia Ventilator Machine
ကျွန်တော်တို့ရဲ့ K-9 ကရုဏာ တိရစ္ဆာန်ဆေးကုခန်းမှာ ယခုထပ်မံပြီး Upgrade ပြုလုပ်လိုက်တာကတော့ အိမ်မွေးတိလေးတွေကို မေ့ဆေးအငွေ့ပေးပြီး ခွဲစိတ်ကုသရာမှာ သာမန်မေ့ဆေးစက်များနဲ့မတူပဲ အသက်ရှူစက်(Ventilator)ပူးတွဲပါရှိတဲ့ ခေတ်မှီ V5မေ့ဆေးစက် အသုံးပြုခြင်း ဖြစ်ပါတယ်ခင်ဗျာ။

V5မေ့ဆေးစက်မှာ digital display touch screen ပါရှိသည့်အတွက်ကြောင့် ခွဲစိတ်ခံ တိလေးတွေရဲ့ အသက်ရှူသွင်း/ရှူထုတ်ပုံစံ(ventilation mode) အမျိုးမျိုးကို ကြိုက်နှစ်သက်သလို ရွေးချယ်အသုံးပြုနိုင်သလို၊ အချက်ပြ သတိပေးအသံ/အလင်းရောင် (sound,light and other alarms )ထုတ်လွှင့်ခြင်းစံနစ်နှင့် Oxygen generator တို့လည်း ပါရှိသည့်အတွက်ကြောင့် ခွဲစိတ်နေစဉ်အတွင်း oxygen level နှင့် CO2 level တို့ကိုလည်း အမြဲမပြတ် စောင့်ကြည့်/ထိန်းသိမ်းနိုင်ပါတယ်။ ဒါ့အပြင် Lithium-ion ဘတ္ထရီလည်း ပါရှိသည့်အတွက်ကြောင့် ခွဲစိတ်နေစဉ်အတွင်း မီးပြတ်သွားရင်တောင်မှ အောက်ဆီဂျင်အိုးနှင့်တွဲပြီး မေ့ဆေးစက်ကို ဆက်လက်အသုံးပြုနိုင်ပါတယ်ခင်ဗျာ။

မေ့ဆေးရဲ့သဘာဝအရ အသက်ရှူတာကို နှောက်ယှက်မှု(Respiratory depression)ဖြစ်စေတာကို အသက်ရှူစက်(Ventilator)က ပုံမှန်အသက်ရှူနေအောင် ပြုလုပ်ပေးခြင်းအားဖြင့် အသက်ရှူရပ်မသွားအောင် ဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

V5မေ့ဆေးစက်ကို Vital sign monitor နှင့် ပူးတွဲ သုံးစွဲသည့်အတွက်ကြောင့် ခွဲစိတ်နေစဉ်အတွင်း တိရဲ့ သွေးပေါင်ချိန်၊ ခန္ဓာကိုယ်အပူချိန်နှင့် နှလုံးခုန်နှူန်းတို့ကိုလည်း အမြဲမပြတ် စောင့်ကြည့်နိုင်ပါသေးတယ်ခင်ဗျာ။

ဒါကြောင့် ယခုအခါ ကျွန်တော်တို့ရဲ့ K-9ကရုဏာ တိ-ကုဆေးခန်းမှာ မေ့ဆေးပေးပြီး ခွဲစိတ်ကုသရမည့် တိလေးတွေကို ယခင်ကထက်ပိုပြီး သက်တောင့်သက်သာနဲ့ ခွဲစိတ်ကုသမှု အန္တရာယ်အနဲဆုံး (wide margin of safety)ဖြစ်အောင် ဝန်ဆောင်မှု ပေးနေပြီဖြစ်ပါကြောင်း တိချစ်သူအပေါင်းတို့အား သတင်းကောင်း ပါးလိုက်ပါတယ်ခင်ဗျာ။

K9ကရုဏာ တိ-ကုဆေးခန်း
၄/၂၆ ဆန်ဆိုင်း(ခ)ရပ်ကွက်
(၄)လမ်း ကျုံးကုန်စုံဆိုင်ရှေ့လမ်း
တာချီလိတ်မြို့။

Blood test & Vital sign monitor 🐶🐱👨‍⚕️ကျွန်တော်တို့ရဲ့ K-9 ကရုဏာ တိ-ကုဆေးခန်းမှာ ယခုတစ်ဖန် ထပ်မံပြီး upgrade ပြုလုပ်လိုက...
29/04/2024

Blood test & Vital sign monitor 🐶🐱👨‍⚕️
ကျွန်တော်တို့ရဲ့ K-9 ကရုဏာ တိ-ကုဆေးခန်းမှာ ယခုတစ်ဖန် ထပ်မံပြီး upgrade ပြုလုပ်လိုက်တာတွေကတော့ ခေတ်မှီ သွေးစစ်စက်ကြီးများဖြင့် သွေးစစ်ဆေးခြင်း တိ-ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း ဝန်ဆောင်မှုနှင့် တိ-လေးတွေကို မေ့ဆေးပေးပြီး ခွဲစိတ်မှုပြုလုပ်ချိန်မှာ သူတို့လေးတွေရဲ့ oxygen level ၊သွေးခုန်နှုန်း ၊ ခန္ဓာကိုယ်အပူချိန် ၊ သွေးပေါင်ချိန်တို့ကို စောင့်ကြည့်ပေးတဲ့ Vital sign monitor စက် အသုံးပြုမှု ဝန်ဆောင်မှုပေးခြင်းတို့ ဖြစ်ပါတယ်ခင်ဗျာ။

ယခုအခါ ကျွန်တော်တို့ရဲ့ K-9 ကရုဏာ တိ-ကုဆေးခန်းမှာ တိ-ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုထိရောက်စွာ ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ခေတ်မှီသွေးစစ်ဆေးခြင်းများပါဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း တိ-ချစ်သူအပေါင်းတို့အား သတင်းကောင်း ပါးလိုက်ပါတယ်ခင်ဗျာ။

ဆန်ဆိုင်း (ခ) ၄ လမ်း တာခိီလိတ်မြို့📍

ပွဲလမ်းသဘင်ရှိလို့ မီးရှူး မီးပန်း ဗြောက်က်အိုး အသံကျယ်တွေ ဖောက်တဲ့အချိန်မျိုးတွေမှာ အိမ်မွေးတိလေးတွေကို အပြင်မထွက်အောင်...
10/02/2024

ပွဲလမ်းသဘင်ရှိလို့ မီးရှူး မီးပန်း ဗြောက်က်အိုး အသံကျယ်တွေ ဖောက်တဲ့အချိန်မျိုးတွေမှာ အိမ်မွေးတိလေးတွေကို အပြင်မထွက်အောင် သေသေချာ‌ချာ ထိန်းသိမ်းထားပေးဖို့ လိုပါတယ်။
ဒီပုံထဲက ကလေးလေးဟာ ဗြောက်ဖောက်သံတွေကြောင့် ကြောက်လန့်ပြီး နီးစပ်ရာခြံထဲတိုးဝင်သွားမိလို့ အဲဒီအိမ်ထဲက ခွေးကြီးတွေ ဝိုင်းကိုက်တာ ခံလိုက်ရပါတယ်ခင်ဗျာ။

သူ့နံမည်က ကျပဲ့ပါ၊သူ့ရဲ့ ဘယ်ဘက်‌ခြေထောက်က မသန်တော့ပါဘူး၊အရင်တုန်းကတော့ သူဟာ အလွန်သန်မာသွက်လက်ခဲ့သူတစ်ယောက်ပါဘဲ။အရင်တုန်း...
09/12/2023

သူ့နံမည်က ကျပဲ့ပါ၊သူ့ရဲ့ ဘယ်ဘက်‌ခြေထောက်က မသန်တော့ပါဘူး၊အရင်တုန်းကတော့ သူဟာ အလွန်သန်မာသွက်လက်ခဲ့သူတစ်ယောက်ပါဘဲ။အရင်တုန်းက တောင်ပေါ်သား (---) လူမျိုးမုဆိုးတွေက အမဲလိုက်တဲ့အချိန်မှာ သားကောင်ဖမ်းဖို့အတွက် ကျပဲ့ကို သုံးခဲ့ကြပါတယ်၊တစ်နေ့မှာတော့ ကံမကောင်းစွာနဲ့ဘဲ မုဆိုးပစ်လိုက်တဲ့ တူမီးကျည်ဆံက သားကောင်ကို မမှန်ဘဲ ကျပဲ့ရဲ့ခြေထောက်ကို ထိမှန်ခဲ့ပါတော့တယ်၊အဲဒီနောက်ပိုင်း ကျပဲ့ရဲ့ခြေထောက်ဟာ ခဲဆိပ်တက်ပြီး တဖြေးဖြေးနဲ့ သေးသိမ်လာပြီး မသန်တော့ပါဘူး။ အဲဒီလိုနဲ့ ကျပဲ့ကို အမဲလိုက်တဲ့နေရာမှာ သုံးမရတော့ မုဆိုးတွေက သူ့ကိုသတ်စားဖို့ စီစဉ်ကြပါတော့တယ်။အဲဒါကို ကြားသိသွားတဲ့ ထိုင်းလူမျိုးတစ်ဦးက ကျပဲ့ကို ငွေနဲ့ပေးဝယ်ပြီး ကယ်တင်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာ ကျပဲ့ရဲ့ဘဝက လုံးဝပြောင်းလဲသွားပြီး အဲကွန်းနဲ့နေရတဲ့ဘဝကို ရောက်ရှိခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ တစ်နေ့မှာတော့ ထိုင်းလူမျိုးဟာ သူ့နိုင်ငံကို ပြန်ရတော့မဲ့ အခြေအနေ ရောက်လာတော့ ကျပဲ့ကို တိချစ်တတ်တဲ့ မြန်မာမိသားစု တစ်စုထံမှာ အပ်နှံပေးခဲ့ပါတယ်။ကျပဲ့အတွက် လစဉ်ထောက်ပံ့ကြေးကိုလည်း ပုံမှန် လွှဲပို့ပေးခဲ့ပါတယ်။တကယ်တော့ အိမ်မွေးတိလေးတွေရဲ့ ဘဝတွေဟာ သူတို့ရောက်ရှိခဲ့ရာ ပိုင်ရှင်တွေရဲ့ စိတ်ဓာတ်တွေအပေါ် မူတည်ပြီး သူတို့ရဲ့ ဘဝပေးအခြေအနေတွေ ကွာခြားကြတာပါလားလို့ ကျွန်တော့်စိတ်ထဲမှာ ခံစားမိလိုက်ပါတယ်ခင်ဗျာ

26/11/2023

Lucky monkey လေး 🐵🐒
---------------------------------
အရင်တုန်းကတော့ သူ့မှာ နှစ်ရှည်လများ ခံစားနေရတဲ့ ခါးပတ်ပတ်လည်မှာ စိုက်ဝင်နေတဲ့ သံကြိုးကွင်းစွပ် အနာကြီးက အပုပ်နံ့တွေ တထောင်းထောင်းနဲ့ဆိုတော့ တခြားမျောက်အဖွဲ့အစည်း‌‌​ေတွနဲ့ အတူတူ မနေရဘဲ တစ်ကိုယ်တည်း သင်းကွဲမျောက်ဘဝနဲ့ နေခဲ့ရတာ၊ အခုတော့ အနာတွေပျောက်ပြီး တစ်သွေး တစ်မွေးလှလာလို့ အတွဲတွေ ဘာတွေနဲ့တောင် ဖြစ်နေပါပြီ။ ခါးက သံကွင်းတွေ ဖြတ်ထုတ်ပြီး ၂ ပတ်ခန့် ကတည်းက တစ်ခြားမျောက်အဖွဲ့အစည်းတွေနဲ့ ပြန်ပေါင်းခဲ့တာလို့ သိရပါတယ်။ ကျွန်တော်တို့ သူ့ကို ၂ လအကြာ ပြန်တွေ့တဲ့အခါမှာ ခန္ဓာကိုယ် တော်တော်ဖွံ့ဖြိုးလာပြီး ဒါဏ်ရာနေရာမှာလည်း အမွှေးတွေ တော်တော်ပြန်ပေါက်လာတာ တွေ့ရတော့ အလွန်ကို ကြည်နူးပီတိ ဖြစ်မိပါတယ်ခင်ဗျာ။ ၂ လ အကြာမှာ တွေ့ရတဲ့ သူ့ရဲ့ပုံကို comment မှာ တင်ပေးထားပါတယ်။ သူ့ရဲ့ လက်ရှိအ‌ခြေအနေကို လာလာမေးတဲ့သူတွေရှိလို့ ဒီ post ကို တင်ပေးလိုက်တာပါ ခင်ဗျာ။
https://fb.watch/oz0L95iSa3/?mibextid=Nif5oz

Digital Vet. X-Ray 🐶🐕🐈🐱ကျွန်တော်တို့ K-9ကရုဏာတိကုဆေးခန်းမှာ အိမ်မွေးတိရစ္ဆာန်လေးများရဲ့ ခန္ဓာကိုယ်အတွင်းပိုင်း ကြည့်ရှူစ...
24/10/2023

Digital Vet. X-Ray 🐶🐕🐈🐱
ကျွန်တော်တို့ K-9ကရုဏာတိကုဆေးခန်းမှာ အိမ်မွေးတိရစ္ဆာန်လေးများရဲ့ ခန္ဓာကိုယ်အတွင်းပိုင်း ကြည့်ရှူစစ်ဆေး ရောဂါရှာဖွေခြင်းအတွက် ခေတ်မှီ Digital X-Ray ဓာတ်မှန်စက်ကြီးဖြင့် ဝန်ဆောင်မှုပေးနေပြီဖြစ်ပါကြောင်း တိ-ချစ်သူအပေါင်းတို့အား သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ_
ချစ်ခင်ရပါသော ကျွန်တော်တို့ရဲ့မိတ်ဆွေအပေါင်းနှင့် တိလေးများအားလုံး ကျန်းမာချမ်းသာကြပါစေ

လိပ်စာ-ဆန်ဆိုင်းခ ၄လမ်း ရောင်နီဦးသောက်ရေသန့်ရှေ့ တာချီလိတ်မြို့

#ကရုဏာတိကုဆေးခန်း #တာချီလိတ် #တာချီလိတ်ဆေးခန်း #တိချစ်သူ

26/08/2023

တာချီလိတ်ကျိုက်ထီးရိုးတောင်ပေါ်ကဒုက္ခရောက်နေတဲ့မျောက်လေးကယ်နိုင်ခဲ့ပြီ
ဒီမျောက်လေးဟာ သူ့ရဲ့ခါးပတ်ပတ်လည်မှာ သံကြိုးကြီးနဲ့ပတ်မိနေတဲ့ဝဠ်ဒုက္ခကြီးကိုခံစားနေရတာ၂နှစ်နီးပါးကြာခဲ့ပါပြီ မျောက်ဖမ်းမုဆိုးရဲ့လက်ကလွတ်ထွက်လာခဲ့တာလို့ထင်မိပါတယ် ကျွန်တော့်ဆေးခန်းမှာလွန်ခဲ့တဲ့နှစ်ကတည်းကဒီမျောက်ကိုကယ်ချင်လို့အကြံလာတောင်းတဲ့လူတွေ၁၀ရောက်ထပ်မနည်းရှိခဲ့ပါတယ် (2021လောက်ကပေါ့) နှစ်ကြာလာတော့ သူ့ခန္ဓာကိုယ်ကထွားလာတော့သံကြိုးကြီးကအသားထဲစိုက်ဝင်သွားပြီးအနာတွေဖြစ်ကာ အပုပ်နံ့တော်တော်နံနေပါပြီ သူ့ရဲ့အပုပ်နံ့ကြောင့် တစ်ခြားမျောက်တွေကလည်း သူ့ကိုအကပ်မခံကြတော့ သူ့မှာတစ်ကိုယ်တည်းနေရရှာပါတယ် တစ်ဖြေးဖြေးနဲ့ အာရုံကြောတွေထိလာတော့ သူ့ရဲ့ခြေထောက်တစ်ဖက်ကလည်းကောင်းကောင်းမထောက်နိုင်ရှာတော့သလို အစာလည်းသိပ်ရှာမစားနိုင်တော့ဘူး ကျွန်တော်တို့လည်း သူ့ကိုမရရအောင်ကယ်မယ်ဆိုပြီး တစ်ရက်ကြိုတင်ပြီး လိုအပ်တဲ့ပစ္စည်းတွေပြင်/ကျွန်တော့်မိတ်ဆွေပန်းရံဆရာတွေကိုခေါ်ပြီး ဒီနေ့မနက်စော ၅နာရီထပြီး တောင်ပေါ်တက်ခဲ့ပါတယ် အဓ်ိကကတော့သူ့ကိုကျွန်တော်တို့ဖမ်းမိဖို့ပါပဲ
အဲ့တာနဲ့ကျွန်တော်တို့ကယ်ဖို့ဆုံးဖြတ်ပြီးမနက်၆နာရီတောင်ပေါ်စတက်ခဲ့တယ် လမ်းတလျောက်တလမ်းလုံးရှာရင်း8နာရီမှာတောင်ထိပ်ထိရောက်သွားတယ်မျောက်ကိုမတွေ့ခဲ့ပါ
ပြန်ဆင်းလာတော့ သူများတွေမေးကြည့်တော့သူနေတတ်တဲ့နေရာတွေလိုက်ရှာရင်းဘုန်းကြိးကျောင်းအနီးမှာတွေ့ခဲ့တယ် မနက်9နာရီ18 မိနစ်မှာစချဉ်းကပ်ဖို့ကြိုးစားခဲ့တယ် အိမ်ကတည်းကဆေးဝါးအစုံလင်ယူသွားတယ် အိပ်ဆေးပြားကိုလဲအမှုန့်ချေပြီး ငှက်ပျောသီးနုဲ့ရောနည်သွားပြီးသူ့ကိုပန်းကန်နဲ့ချကြွေးတော့ လာယူရှာတယ် ဒါပေမဲ့အနံ့ခံကြည့်ပြီးဆေးပါမှန်းသိသွားပုံရတယ် ဒါကြောင့်နောက်တကြိမ် ဆေးပြားအပြားလိုက်ငှက်ပျောသီးထဲထည့်ကြွေးတော့လဲ ဆေးပြားကိုဖယ်ပစ်ပြီးငှက်ပျောသီးပဲရွေးစားပါတယ် ဘယ်လိုမှမဖြစ်တဲ့အဆုံး ကြိုးနဲ့ဖမ်းမယ်ဆိုပြီး ကျွန်တော်ခေါ်လာတဲ့ပန်းရံဆရာအဖွဲ့ကလုပ်တော့မျောက်ကချက်ချင်းထွက်ပြေးတယ် အဲ့တာနဲ့တခါပြန်ချော့ခေါ်ရပြန်တယ် ငှက်ပျောသီးပြပြီးခေါ်တော့တခါပြန်ရောက်လာတယ် (တော်တော်ဗိုက်ဆာနေပုံရတယ်😥)ဒီတခါတော့အလွတ်မပေးတော့ဘူးဆိုပြီးပါလာတဲ့အင်္ကျီလက်ရှည်နဲ့အုပ်ဖမ်းပြီးပန်းရံဆရာ၄ယောက်ဝိုင်းချုပ်ရပါတယ်
ကျွန်တော်ထင်ခဲ့တာကသူ့ခါးကသံကြိုးကလွှ/ဓားနဲ့ဖြတ်ပြီးရင်ရပြီလို့ထင်ခဲ့တယ် ဒါပေမဲ့အဲ့သံကြိုးကပတ်ထားတာကြာပြီဆိုတော့အသားထဲကပ်နေရုံမကပဲစိုက်ဝင်နေပြီ (အဲ့တာကြောင့်သူ့ခြေထောက်တဖက်လဲမထောက်နိုင်ဘူး) အဲ့လိုနဲ့အသားထဲစိုက်ဝင်နေတဲ့သံကွင်းတွေကိုတခုချင်းဆီဆွဲထုပ်ရပါတယ် ခါးပတ်ပတ်လည်အသားထဲစိုက်ဝင်နေတဲ့သံတိုသံစသံကွင်းတွေကိုထုပ်တာ မိနစ် ၃၀ ဝန်းကျင်တောင်ကြာသွားပါတယ် ပြီးတော့ဆေးထည့် ပတ်တီးပတ်ပြီးပြန်လွှတ်ပေးလိုက်ပါတယ် လွှတ်ပေးလိုက်ရင်စိတ်တိုတိုနဲ့ပြန်ကိုက်မလားထင်ခဲ့တာ အစကတော့လွှတ်ပေးပေးချင်းထွက်ပြေးသွားပြီး မလှမ်းမကမ်းကနေသူ့အနာသူကြည့်လိုက် ကျွန်တော်တို့ကိုကြည့်လိုက်နဲ့ကျေးဇူးတင်တယ်ပြောချင်ပုံရတယ်လို့ခံစားမိပါတယ် သံကွင်းကြီးကျွတ်သွားတော့သူလဲတော်တော်ပေါ့သွားမှာပါ (နောက်ခြေထောက်လဲပြန်ထောက်နိုင်တာမြင်ခဲ့ရလို့တော်တော်အံ့ဩဝမ်းသာမိပါတယ်)
နောက်ဆုံးတော့ကျွန်တော်တို့အောင်မြင်ခဲ့ပါပြီ
ဒီအကြောင်းကြားသိရတဲ့မိတ်ဆွေတို့လဲကျွန်တော်တို့နဲ့ထပ်တူပီတိရကြပါစေခင်ဗျာ
ကျိုက်ထီးရိုးတောင်ပေါ်တက်ဖြစ်ရင်လဲငှက်ပျောသီးတွေယူသွားကြပါ တောင်အောက်ကဆိုင်တွေမှာလဲရောင်းပါတယ်ခင်ဗျာ 🙏
✅📍သံကြိုးဖြုတ်ပြီး၄ရက်မြောက်နေ့မှာသူ့အနာတော်တော်သက်သာသွားပြီးအစားတွေလဲအရမ်းစားနိုင်နေပါပြီ💙👏🫶
✅📍သံကြိုးဖြတ်ပြီး၁လအကြာမှာသင်းခွဲမျောက်လေးဟာအတွဲနဲ့ဖြစ်နေပါပြီ Comment တွင်ပုံကြည့်နိုင်ပါသည်

#ကရုဏာတိကုဆေးခန်းတာချီလိတ် #တာချီလိတ်တိကုဆေးခန်း #တိကုဆေးခန်း # #တာချီလိတ်တိကျန်းမာရေး #တာချီလိတ်တိကျန်းမာရေး #တိကုဆေးခန်း

A full-service Pet Spa 🐶🖤San Sai , Tachileik 📍     Win Hlaing #ကရုဏာတိကုဆေးခန်း
22/06/2022

A full-service Pet Spa 🐶🖤

San Sai , Tachileik 📍




Win Hlaing
#ကရုဏာတိကုဆေးခန်း

Address

San Sai , 4 Th Street
Tachileik

Telephone

+959451503300

Website

Alerts

Be the first to know and let us send you an email when K9 Pet Clinic Tachileik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category