Pets Health with Dr. Nyan Phyo Thwin

Pets Health with Dr. Nyan Phyo Thwin တိ ချစ်သူများ အားလုံး မင်္ဂလာပါဗျ။

WOAH Regional Workshop on Swine Disease # Beijing
20/08/2024

WOAH Regional Workshop on Swine Disease

# Beijing

Page မှာ စာတွေ ပုံမှန်ပြန်တင်ပေးတော့ပါမယ်🤗ခုတော့ ပုံပဲတင်လိုက်ပါတယ်😁
09/07/2024

Page မှာ စာတွေ ပုံမှန်ပြန်တင်ပေးတော့ပါမယ်🤗

ခုတော့ ပုံပဲတင်လိုက်ပါတယ်😁


အာဝုတို့ ကလဲ့စားချေပြီ😟😱
28/05/2024

အာဝုတို့ ကလဲ့စားချေပြီ😟😱

ဆေးစမ်းတိရစ္ဆာန်များ၏ဘ၀🐇🐁🐀🐥✨ကူးစက်ရောဂါဆေးများရဲ့ အရည်အသွေးပြည့်မပြည့် စမ်းသပ်မှုများတွင် သူတို့က စမ်းသပ်ခံဘ၀များပေါ့......
13/10/2023

ဆေးစမ်းတိရစ္ဆာန်များ၏ဘ၀🐇🐁🐀🐥

✨ကူးစက်ရောဂါဆေးများရဲ့ အရည်အသွေးပြည့်မပြည့် စမ်းသပ်မှုများတွင် သူတို့က စမ်းသပ်ခံဘ၀များပေါ့...

✨အသက်ပေါင်းများစွာကယ်တင်ပေးနိုင်ဖို့ အကောင်းအဆိုးအရင်ဆုံး လက်ခံရတဲ့ ဘ၀များဖြစ်တယ်

✨ပိတ်လှောင်ခံဘ၀ နဲ့အတူ ကောင်းကျိုးပြုနေသော တိရစ္ဆာန်လေးများ ဖြစ်တယ်..

✨သူတို့အတွက် အစာရေစာ နဲ့ ကျန်းမာရေး ဂရုစိုက်ပေးရင်း အလုပ်တူတွဲလုပ်နေရတဲ့ ဘော်ဒါ များဆိုလည်း ဟုတ်တယ်

လူ့လောကဇာတ်ခုံမှာလဲ ထိုနည်းတူစမ်းသပ်ခံများဘယ်လောက်ရှိမလဲတွေးရင်း....

တိကုဆရာ၀န်သာလုပ်ပါ 😁ရည်းစားမရလည်း ခုလို ဓာတ်ပုံ ရိုက်လို့ရတယ်😜
09/10/2023

တိကုဆရာ၀န်သာလုပ်ပါ 😁
ရည်းစားမရလည်း ခုလို ဓာတ်ပုံ ရိုက်လို့ရတယ်😜

Omasal impactionအရပ်အခေါ်လွယ်လင့်တကူ  ဆောင်းထပ်ခြောက်တယ်ဆိုပြီး ခေါ်လေ့ရှိကြသည်။နွားတစ်ကောင်ရဲ့အစာအိမ်က rumenအစာအိမ် အခန...
06/10/2023

Omasal impaction

အရပ်အခေါ်လွယ်လင့်တကူ ဆောင်းထပ်ခြောက်တယ်ဆိုပြီး ခေါ်လေ့ရှိကြသည်။နွားတစ်ကောင်ရဲ့အစာအိမ်က
rumenအစာအိမ် အခန်းကြီး reticulum ပုဆိုးကြမ်း
omasumဆောင်းထပ် သို့မဟုတ် အထပ်တရာခန်း abomasumတူရွင်းတ်ုင် အစာအိမ်စစ် လို့ပထမခန်း ဒုတိယအခန်း တတိယအခန်း စတုတ္တအခန်းရယ်လို့ ၄ခန်းပါတဲ့အနက် ဆောင်းထပ်လို့ ခေါ်တဲ့ တတိယအခန်းပြည်ကျပ်ခြင်း သို့မဟုတ် ခြောက်ခန်းဖြစ်တယ်။ အစာမာများ အစာခြောက်များ ခဲနေခြင်းဖြစ်တဲ့ ပုံစံမျိုးပါ။

သည်ဆောင်းထပ်ခြောက်ခြင်းဟာ စမ်းသပ်ရခက်ခဲသလို
နားကြပ်ဖြင့် နားထောင်ခြင်းလက်ဖြင်ထိစမ်းခြင်း စအိုမှ နှိုက်စမ်းသော်လည်း ခက်ခဲခြင်းစသည်ဖြင့် ရောဂါစူးစမ်းရန် ခက်ခဲလေသည်။

ဘာကြောင့်ဖြစ်တတ်တာလဲ သေခြာအတပ်မပြောနိုင်ကြ
သို့သော် ဖြစ်နိုင်ခြေများက နွားကို ကျွေးသော အစာအရည်အသွေး ညံ့ခြင်း အမျှင်ဓာတ်ပါသောအစားများ များစွာကျွေ့းခြင်း
ပူပြင်းသောအချိန်တွင် ရေသောက်နည်းပါခြင်း
အခြားရောဂါများဖြစ်ပွားချိန် ရေဖြတ်ထားခြင်း ရေမတိုက်ခြင်းတို့ကြောင့် ဖြစ်ပွားတတ်သည်လို့ ယူဆနိုင်သည်။

နွား ဆိတ်များ၏ဆောင်းထပ်သည်ပထမ ဒုတိယအခန်းမှာ ပို့သောအစာများကို ဆောင်းထပ်တွင်ရှိအလွှာများမှ စုပ်ယူကြသည်။ ၎င်းအလွှာများသည် စက္ကူထပ်ထားသကဲ့ပုံစံရှိသည်။ဆောင်းထပ်ခြောက်မှု ဖြစ်ပေါ်ချိန်တွင် ၎င်းအလွှာများ ပျက်စီးသွားသည်။ဆောင်းထပ်အလွှာများသည် ရေနှင့်အစာတွင်ပါသော သတ္ထုဓာတ်ဆားများကိုလည်း စုပ်ယူသည်။

ဆောင်းထပ်ခြောက်ခြင်း အစာပြည့်ကျပ်ခြင်း ဖြစ်လျှင်

နွားသည် မစားတော့
စားမြှုံ့မခတ်
အစာမစား
ဝမ်းချုပ်ခြင်း လုံးဝဝမ်းမသွားခြင်း
စအိုမှလက်ဖြင့် စမ်းလျှင် အူလမ်းကြောင်း၌မစင်မရှိခြင်း
ဗိုက်နာ၍ ဝပ်လိုက်ထလိုက်လုပ်ခြင်း
ခွာယှက်ခြင်း
မစင်အနည်းငယ်တွင် အကျိအဖတ်များပါခြင်း
တခါတရံ လူနှင်တိရစ္ဆာန်များ ရန်မူ့ခြင်း
အစာအ်ိမ် ပြည့်ကယ်နေခြင်း
ရေဓာတ်ခန်းသခြင့် ရေမြင်လျှင် အငမ်းမရသောက်လိုခြင်း
လည်ပင်း ခေါက်လာခြင်း
တိုလာခြင်းတို့ ဖြစ်တတ်သည်။
နောက်ဆုံး သေဆုံခြင်းတ်ို့ ဖြစ်တတ်သည်။
ထို့ပြင် ရုတ်တရက်သေဆုံ့းခြင်းလဲ ရှီတတ်သည်။

ကုသရန်လွယ်သလား

မလွယ်ကူပါ
ရောဂါမှန်းဆရန်ပင်မလွယ်ကူပါ
အချို့့ ဆီတိုက်ခြင်း အစာအိမ်ထဲ ဆိတစ်မျိုးထည့်ပြိး ကုသခြင်း ဝမ်းနှုတ်ဆေး တိုက်ကျွေ့းခြင်း ကုသသော်လည်း
အောင်မြင်ရန် ရာခိုင်နှုန်း နည်းပါသည်။

ကာကွယ်ခြင်း

ပူပြင်းသောရာသိတွင် အရိပ်ကောင်းစွာလုပ်ပေးပါ ထားပေးပါ။
ရေပုံမှန်တိုက်ကျွေးပါ။
အရည်အသွေးမကောင်းသော အစာကြမ်းများ မကျွေးရ။
အစာနု အစာကြမ်းမျှတစွာ ကျွေးရန် လိုအပ်ပါသည်။

အခြားရောဂါများနှင့်မှားတတ်သည်
လေချုပ် အစာကြပ်ရောဂါများ
တူရွင်းတိုင်လို့့ ခေါ်သည့်စတုတ္တအစာအိမ် နေရာလွဲခြင်းများနှင့် မှားတတ်သည်။

နားလည်သော တိကုဆရာဝန်များ၏ အကြံဥာဏ်ရယူပါ

ပူပြင်းသော ရာသီတွင် နွားများ ဆောင်းထပ်ခြောက်ရောဂါမှ ကင်းဝေးစေကြောင်း ရေးသားရပါသည်။

Crd

ခွေးတွေ ဘာကြောင့် အမွေးကျွတ် ၊၀ဲ စွဲတာလဲ?🗯ခွေးတော်တော်များများဟာ အသက်ရွယ်ကြီးလာတာနဲ့အမျှ အမွေးကျွှတ်ခြင်းနှင့် ၀ဲဆွဲ ခြင...
03/10/2023

ခွေးတွေ ဘာကြောင့် အမွေးကျွတ် ၊၀ဲ စွဲတာလဲ?

🗯ခွေးတော်တော်များများဟာ အသက်ရွယ်ကြီးလာတာနဲ့အမျှ အမွေးကျွှတ်ခြင်းနှင့် ၀ဲဆွဲ ခြင်းပြဿနာအဖြစ်များပါတယ်။

🗯၀ဲဆွဲ ခြင်းသည် Bacteria၊ Fungus၊Allergies စတဲ့ အကြောင်းရာများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။
ပတ်၀န်းကျင်မသန့်ရှင်းခြင်း နှင့် ကျွေးသော အစာများကြောင့်လည်း ၀ဲ စွဲခြင်းသည် တစ်ဖြည်းဖြည်းဆိုး၀ါးလာပါသည်။

🗯မိတ်ဆွေတို့အနေနဲ့ သန်ပုံမှန်ချပေးခြင်း၊ရေချိုးပေးရာတွင်လည်း သင့်တော်သော Shampoo ကိုရွေးချယ်တတ်ဖို့ အလွန်အရေးကြီးပါသည်။

🗯ဤပုံတွင် သန်းမွှား မရှိပဲ သန်းမွှာသေသောshampoo ကို လများစွာသုံးပြီးအရည်ပြား ပြဿနာဖြစ်နေသောခွေးလေးဖြစ်ပါသည်။တစ်ကိုယ်လုံးအမွေးကျွတ်နေရာမှ၂လအကြာတွင် shampoo နှင့် အစားကျွေးမွေးပုံပြောင်းလဲ ပြီးနောက် ပြန်လည်သက်သာလာသော ခွေးလေးဖြစ်ပါတယ်။

Shampoo ဆိုတိုင်း မသုံးသင့်ပဲရွေးချယ် တတ်ဖို့လိုကြောင်း အကြံပေးရင်း

လေးစားစွာဖြင့်
ဒေါက်တာ ဥာဏ်ဖြိုးသွင်

မွေးရပ်မြေရွှေကျင်မြို့ရဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း 🐶အခုလိုလေးတွေ ပရဟိတ အနေနဲ့ လိုက်လံကုသပေးပါတယ် ခင်ဗျ။😊
06/08/2023

မွေးရပ်မြေရွှေကျင်မြို့ရဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း 🐶အခုလိုလေးတွေ ပရဟိတ အနေနဲ့ လိုက်လံကုသပေးပါတယ် ခင်ဗျ။😊

🐶 မင်္ဂလာပါ ခင်ဗျ။ 🐶 Pets Health with Dr.Nyan Phyo Thwin  page လေးမှ အားလုံးကို ကြိုဆိုပါတယ် ခင်ဗျ ..🐶 ကျွန်တော်သည် ယခုလ...
05/08/2023

🐶 မင်္ဂလာပါ ခင်ဗျ။

🐶 Pets Health with Dr.Nyan Phyo Thwin page လေးမှ အားလုံးကို ကြိုဆိုပါတယ် ခင်ဗျ ..

🐶 ကျွန်တော်သည် ယခုလက်ရှိ ရန်ကုန်မှာ တိရစ္ဆာန်လေးများ၏ ကျန်းမာရေးနှင့် ပက်သက်ပြီး Home serviceဖြင့် ကိုယ်တိုင် အိမ်အရောက် ကုသပေးနေသူ တစ်ဉီးလည်း ဖြစ်ပါတယ် ခင်ဗျ။

🐶 ယခုလို ကုသပေးနေစဉ် ကာလအတွင်း ကြုံတွေ့ရသည့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဒီ page လေးကနေ တစ်ဆင့် တိချစ်သူများထံ ဆေးပညာဗဟုသုတတွေ မျှဝေပေးဖို့ရည်ရွယ်ထားပါတယ် ခင်ဗျ။

🐶 သွားလာရေး ခက်ခဲသောကြောင့် ဆေးခန်းသို့ လာရောက်ပြသရန် အဆင်မပြေသော တိလေးများကို အိမ်အရောက် ကျန်းမာရေး ၀န်ဆောင်မှု ပေးနေပြီ ဖြစ်ကြောင်း တိချစ်သူလေးများထံ အသိပေးလိုပါတယ် ခင်ဗျ။

🐶 လူကြီးမင်းတို့အနေဖြင့် မိမိတို့၏ တိလေးများကျန်းမာရေးနှင့် ပက်သက်ပြီး သိလိုသည်များကို ကျွန်တော့် Page လေးရဲ့ Chat box ကနေ တစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ် ခင်ဗျ။

လေးစားစွာဖြင့်
ဒေါက်တာ ဥာဏ်ဖြိုးသွင်
ph no - 09663682200
အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့

Address

Shwegyin
Pegu

Telephone

+959663682200

Website

Alerts

Be the first to know and let us send you an email when Pets Health with Dr. Nyan Phyo Thwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pets Health with Dr. Nyan Phyo Thwin:

Share

Category