Probreeding.DCFC

Probreeding.DCFC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Probreeding.DCFC, Pet breeder, Yangon-Mandalay Express Way, Myanmar, Burma (Myanmar), Paungdawthi.

23/06/2024

Pattaya walking street

23/06/2024

အစက ကိုယ့်ကိုဘယ်သူမှမလိုချင်ဘူးထင်ထားတာ

PATTAYA ရောက်မှပဲ 😂

မဖတ်ရသေးတဲ့လူတွေအတွက်ပြန်တင်ပေးတာပါProfessional Breeding (Part-1)တိုက်ကြက်ကို စည်းစနစ်ကျကျ နည်းမှန် လမ်းမှန်နဲ့စဖောက်မယ်...
17/11/2023

မဖတ်ရသေးတဲ့လူတွေအတွက်ပြန်တင်ပေးတာပါ

Professional Breeding (Part-1)

တိုက်ကြက်ကို စည်းစနစ်ကျကျ နည်းမှန် လမ်းမှန်နဲ့စဖောက်မယ်လို့ ဆုံးဖြတ်ပြီးရင် ဒီစာကိုဖတ်ကြည့်ပါ ညီတို့အကိုတို့အတွက် တစ်ထောက်တစ်နေရာကနေ အထောက်အကူဖြစ်ရင် ရေးရကြိုးနပ်ပါပြီ။

အဆင့် ၁။ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခု ညာဏ်မှီသလောက် အမြင့်ဆုံး အကောင်းဆုံး သတ်မှတ်ထားရမယ်။(Goals)

ကိုယ့်အိမ်ပေါက်ကြက်တွေအတွက် ဘာတွေဖန်တီးလို့ရလဲဆိုတော့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ၂မျိုးရှိတာပေါ့။

-ရုပ်ရည်သွင်ပြင် ဖွဲ့စည်းပုံ ကိုယ်ကိုင် အသွေးအမွှေး အရိုးအရေ ခြေကြေး အတောင်စ မျက်လုံးတွေရဲ့ ကာလာ စသဖြင့် စသဖြင့်(ရုပ်ပိုင်း)

-တိုက်ခိုက်မှု စတိုင် အယူအဆ ခွပ်မူ ခွပ်ကွက် ခြေပါဝါအမျိုးအစား သွက်လက်ပေါ့ပါးမှု အဖြတ်အတောက်အဖျက်အဆီး ခံကွက် စမတ်ကျမှု တည်ကြည်မှု သတ္တိ (စိတ်ပိုင်း)

-နေရာဒေသ၊ ဝိုင်းအမျိုးအစား ၊ ပြိုင်ပွဲစည်းကမ်း

ဒါတွေနဲ့ အံ့ဝင်ခွင်ကြ သုံးလို့ရအောင် ဖန်တီးဖောက်ယူရတာ ။

အဆင့် ၂။ Goals ပန်းတိုင် ကိုကြည့်ပြီး ဖောက်ကြက်ဖ ဖောက်ကြက်မ လိုက်ဖက်အောင် ရွေးချယ် ပေါင်းစပ်ရမယ်။

ဒါပဲလေ ကြက်ဖောက်တာလွယ်လွယ်ရှင်းရှင်းလေး။

ကြက်ဖောက်တာကို ရိုးရိုးရှင်းရှင်းနားမလည်တဲ့လူတွေက အောက်မှာဆက်ပြောမယ့် အချက်တွေကို မလေ့လာဖူး နားမလည်လို့လဲဖြစ်နိုင်တယ်။

ဒီအဆင့် ၂ခုကို နားလည်တဲ့လူတွေရှိပေမယ့် နားမလည်တဲ့ လူတွေအတွက် အကြမ်းဖျင်းလေးရှင်းပြမယ်။

အထွေထွေ ဗဟုသုတ (General Knowledge) အနေနဲ့ ကြက်ဖောက်မယ်ဆို ဒါတွေသိထားရမယ်။

၁။ဖောက်ကြက်မ နှစ်မျိုး

-Foundation Bloodline Hen (F)
(mostly Homebreed)
-Champion Bloodline Hen ( C )

ကို့အိမ်မှာရှိပြီးသား ခေတ်အဆက်အဆက် သုံးလာတဲ့ ကြက်မမျိုးတွေကို ကိုယ့်အိမ်ပေါက်မျိုးရဲ့ပြယုဒ် trademark ကို Foundation Bloodline(F) လို့မှတ်သားထားပါ။

နာမည်ကြီးကြက်ဖတွေ နဲ့ တခြားနာမည်ကြီးကြက်ဖ တွေရဲ့ သမီးတွေကိုဖောက်ထားတဲ့ ခေတ်အဆက်ဆက် အဖေအမေ အဖိုးအဖွား ဘိုးဘေး တစ်ဆက်လုံးနာမည်ကြီးတယ် ဘယ်လိုတွေကောင်းခဲ့လဲ သက်သေအတိအကျ videoတွေ record တွေပြနိုင်ပြီး မွေးစာရင်းတွေ အိမ်ထောင်စုတွေပါတဲ့အတိအကျပါတဲ့ ကြက်မမျိုးတွေကို Champion Bloodline (C)လို့မှတ်သားထားလို့ရတယ်။


၂။ဖောက်ကြက်ဖ နှစ်မျိုး

-Famous Breeder(A)
-Champion Bloodline Breeder(A+C)

-တိုက်ဝိုင်းတွေထဲမှာ ထူးထူးချွန်ချွန်နဲ့ ပွဲတွေအများကြီးနိုင်ထားပြီး အများလက်ခံလောက်တဲ့ အရည်အချင်း ရှိပြီးသား ချပြပြီးသားနာမည်ရကြက်ကို (A) လို့စိတ်ထဲမှတ်

(Aတွေက အဖေ အမေ အိမ်ထောင်စု အတိအကျရှိတာ မရှိတာ အရေးကြီးတဲ့ ကိတ်စမဟုတ်ဘူး)

-နာမည်ရကြက်(A)တွေနဲ့ Champion Bloodlineကြက်မကပေါက်တဲ့ သားတွေကို (A+C)လို့မှတ်ကြည့်ပါ။

ဒီလိုအပေါမှာပြောခဲ့တဲ့ ကြက်ဖတွေ ကြက်မတွေ နှစ်မျိုးကိုသုံးပြီးဖောက် ထားတဲ့ ကြက်တွေကိုမှ "မျိုးရိုးအာမခံ" ဆိုပြီးခေါင်းစဥ်တပ်သင့်တယ် ။

A + F , A+C

(A+C)+F , (A+C)+C

တိုက်ကြက်ဖောက်ခြင်းမှာ ဒီလိုformulaတွေအပြင်တစ်ခြား ရိုးရှင်းမှန်ကန်တာမရှိ။

တိုက်ကြက်ကို professional ဆန်ဆန် ဖောက်မယ်လို့ ဆုံးဖြတ်ပြီးရင် အကောင်းဆုံးဆိုတာထက် လက်တစ်လုံးပိုအောင် လုပ်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ပေးဆပ်မယ် ဆိုတဲ့စိတ်ကို ခေါင်းထဲအရောက် ထည့်ထားရမယ်။
ဒါမှလည်းကြက်ဖောက်တာ တစ်နှစ်ထက်တစ်နှစ်ပိုတိုးတက်လာမယ်။
ကြက်ဖောက်ဖို့ ကုန်ကြမ်းကိုယ့်မှာ မရှိရင်ရှာဝယ်လို့ရတယ်။

အပေါမှာပြောခဲ့တဲ့ ၁။ နဲ့ ၂။ ကိုကိုယ်အားသန်သလို ပေါင်းစပ်ဖောက်လို့ရလာတဲ့ ကြက်တွေကို ၆လ တစ်နှစ်ကြာပြီးတဲ့နောက်မှာ စံနှုန်းတိုင်းပြီး ကောင်းသည် ဆိုးသည် ကောက်ချက်ချတာကတော့ ကြက်သားဖောက်သူရဲ့ အတွေ့ကြုံနဲ့ ကျွမ်းကျင်မှုကအရေးကြီးတယ်။

၃။စံနှုန်းတိုင်းခြင်း

တိုက်ကြက်တွေတိုင်းတာဖို့ ပေတံနှစ်ချောင်းရှိတယ် ၊ ငွေပေတံရယ် ကျော်ကြားမှုပေတံရယ်ပဲ။ ဒီစံနှုန်းတိုင်းတာကိုတော့ ထွေထူးမရှင်းပြတော့ဘူး။

၄။ချိန်ဆခြင်း

ရုပ်ပိုင်းဆိုင်ရာ (Physical )
စိတ်ပိုင်းဆိုင်ရာ (Mental )
တည်ငြိမ်ခြင်း ပီပြင်ခြင်း ( Consistency )

၅။သားဖောက်နည်းနှစ်မျိုး

In Breeding ( သွေးနီးသားစပ်ခြင်း)
-close breeding
-line breeding *

Out Breeding( သွေးဝေးသားစပ်ခြင်း)
-Out Crossing ***
-Cross Breeding

သားဖောက်နည်းတွေကတော့ ဒီလိုတွေရှိတယ် ဒါပေမယ့်
တိုက်ကြက်ဖောက်တဲ့အခါ လက်တွေ့မှာ line breeding နဲ့ out crossing နှစ်မျိုးပဲ သုံးလို့သင့်တော်တယ်။(ကျွန်တော့် အမြင်သီးသန့်)

တိုက်ကြက်တွေဖောက်ရင် ဒီခေတ်မှာOutBreeding ပဲအသုံးများတော့တယ်။

Out Crossing ဆိုတာကိုယ့်မှာရှိတဲ့ ကြက်ဖ ကြက်မတွေနဲ့ လိုက်ဖက်မယ့် သူများဆီက ကိုယ်ကြိုက်တဲ့ ကြက်ဖ ကြက်မတွေနဲ့ မျိုးတူတာချင်းဖောက်တာကို ဆိုလိုတယ် ရှင်းရှင်းလေး။ ကြက်သမားအများစုက ဒီလိုပဲဖောက်ကြတာပဲ။

Cross breeding ဆိုတာ ဗီဇမတူတဲ့ ကြက်တွေကို ပေါင်းစပ် ဖောက်ခြင်းဖြစ်တယ်။

ဗီယက်နာမ်မျိုးရင်းကြက်တွေကို ကြားခံအနေနဲ့ထားပြီး မြန်မာမျိုးရင်းတွေနဲ့ ဖောက်တာတွေ ယိုးဒယားမျိုးရင်းတွေနဲ့ဖောက်တာတွေက ဒီနေ့ခေတ် ယိုးဒယားနိုင်ငံမှာ တိုက်နေတဲ့ကြက်တွေ ပဲဖြစ်တယ် ယိုးဒယား Vs မြန်မာ (pakhoy Vs anti-pakhoy) ။ဒါလည်း cross breeding လုပ်ခြင်းကရလာတဲ့ အသီးအပွင့် ရလဒ်ပါပဲ။ ဒီနေ့ခေတ်ကြက်သမားတွေက ဒါတွေကိုယ်တိုင်လုပ်စရာမလိုတော့ဘူး လိုချင်တဲ့ပုံံစံကို အဆင်သင့်ဝယ်သုံးလို့ရနေပြီ။

ထိုင်းတိုက်ဝိုင်းတွေရဲ့ လိုအပ်ချက်အရ ဒီလိုသုံးလို့ကောင်းပြီး အောင်မြင်တဲ့မျိုးစိတ်တွေရဖို့ ယိုးဒယားကြက်သမားတွေက နှစ်၂၀ကျော်အချိန်ပေးခဲ့ရတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကမှ အောင်မြင်ခဲ့တာဆိုတော့ စုစုပေါင်း နှစ်၃၀ကျော်လောက်ကြာပြီပေါ့ သူတို့ဆီမှာ breeding industry စခဲ့တာ။

မြန်မာမျိုးရင်းကြက်တွေနဲ့ ယိုးဒယားမျိုးရင်းကြက်တွေကို ရောဖောက်တာလည်း cross breeding လုပ်တာပါပဲ။ ဒီလိုဖောက်တဲ့လူတွေလည်းရှိတယ်၊ ဒီလိုဖောက်တာမျိုးကိုမကောင်းဘူးလို့တော့ မပြောချင်ဘူး ကျွန်တော်ကတော့ မကြိုက်ဘူး။

ကျန်တဲ့ဖောက်နည်းတွေက အချိန်ပုတ်တယ် ငွေကုန်တယ် စိတ်ကူးယဥ်ဆန်တယ် လက်တွေ့မှာ အလုပ်မဖြစ်ဘူး errors တွေအများကြီးရှိတယ်။
ဥပမာ-ခင်ဗျားတို့ လိုင်းပေါမှာတွေ့တွေ့နေတဲ့ ဇယားတွေနဲ့ F1 တို့ F2 တို့ F4တို့ကိုပြောတာ ။အဲဒါတွေက linebreeding ,inbreeding ဆိုတာဘယ်လိုလုပ်ရလည်းကို ပြထားတာ ဒီနေ့ခေတ်မှာ တိုက်ကြက်တွေကို ဒီလိုဖောက်ရမယ်လို့ဆိုလိုတာမဟုတ်ဘူး။

ဒီလို ဇယားတွေနဲ့ ရူးနေတဲ့သူတွေမြင်ဖူးကြမှာပါတိုက်ကြက်ကို ဒီလိုဖောက်ရတယ်လို့ အရူးထခိုင်းတာမဟုတ်ဘူး။ နောက်ကြုံမှအသေးစိတ်ရှင်းပြမယ်။ဆက်ပြောရင် ရှည်သွားမယ်။ အဲလိုဖောက်နေတဲ့လူတွေ ရှိရင်လည်း အားမငယ်ပါနဲ့ ဆက်လုပ်ပါ။ အချိန်တန်ရင် သဘောပေါက်လာလိမ့်မယ်။

၆။ ကြက်အမျိုးစား နှစ်မျိုး

မျိုးစစ် သွေးသန့် (Pure Breed)
မျိုးမစစ် သွေးနှောကပြား (Hybrid or Mix Breed)

၇။ခွပ်မူခွပ်စဥ် နှစ်မျိုး

ကြက်တွေခွပ်တာကို

အမိုက်ခွပ်နဲ့
အလိမ်မာခွပ် ခွဲတယ်

(ခွပ်မူကိုကြည့်ရုံနဲ့ တိုက်ကြက်တွေကို ကြက်မိုက် ကြက်လိမ်မာ သတ်မှတ်ရင် မတိကျနိုင်ဘူး)

ခံပုံ ခံနည်း ခံကွက် ခေါင်းပညာ လည်ယိမ်း အယူအဆ ပြိုင်ဖက်ကို ဘယ်လိုအပြီးသတ်ချင်တာလဲ နှင့် IQ ညာဏ်ရည်အနိမ့်အမြင့်ပေါမူတည်ပြီး ကြက်လိမ်မာ ကြက်မ်ိုက် လို့ခွဲတာ ပိုပြည့်စုံတယ်။

၈။ပန်းတိုင် နှစ်ခု (Goals)

ကြက်ဖောက်တဲ့အခါမှာ ဆန့်ကျင်ဖက် အစွန်းနှစ်ဖက်ရှိတယ်ဆိုပါတော့ တစ်ဖက်ကို ကြက်မိုက်လို့ ယူဆပြီး တစ်ဖက်က ကြက်လိမ်မာဆိုပါတော့ ။

Breeder တစ်ယောက်အနေနဲ့ အစွန်းတစ်ခုရွေးချယ်ပြီး Carrier တစ်ခုပဲ ပီပြင်အာင်လုပ်သွားရမှာမို့ တစ်မျိုးကိုရွေးချယ်ရမယ်။
အောင်မြင်နေတဲ့ယိုးဒယားFarmတော်တော်များများကလည်း ကြက်ကို တစ်မျိုးပဲဖောက်ကြတယ် မြန်မာFarmဆိုရင် မြန်မာပဲဖောက်တယ်၊ ယိုးဒယား ပါကွိုင် ကိုင်ချိန်း တာ့ ငေါ့ တွေဖောက်တဲ့ farmတွေကလည်း ယိုးဒယားမျိုးရင်းအမိုက်တွေပဲ ဖောက်ကြတယ်။

ဒါမှ တစ်ဖက်မှာ နံပါတ်၁ ဖြစ်ပြီး တစ်ဖက်ကမ်းခတ်နားလည်မယ်။ နှစ်မျိုးလုံးရောဖောက်တဲ့ ဟိုယောင်ယောင် ဒီယောင်လုပ်တဲ့ လူတွေဆီကကြက်တွေကလည်း ဟိုယောင်ယောင် ဒီယောင်ယောင်ပဲ လာမယ်ဆိုတာ လက်ခံကြတယ်မလား။

Breederတွေကကိုယ်ဖောက်တဲ့ ကြက်တွေကို ဘယ်လိုကြက်တွေက နိုင်မလဲ ဘယ်လိုကြက်တွေနဲ့ ပြန်သတ်ရမလဲဆ်ိုတာ ကိုယ်ရောက်နေတဲ့ levelရဲ့ ဆန့်ကျင်ဘက်ကို အမြဲတွေးနေရတယ် ။ ဒါမှ ကိုယ့်ရဲ့ breeding program ကအမြဲတိုးတက်နေမှာ ။

အချုပ်ဆိုရရင် အပေါမှာရေးခဲ့တဲ့ အချက် ၈ချက်က မြန်မာပြည်မှာရော ယိုးဒယားနိုင်ငံမှာပါ တိုက်ကြက်နဲ့ပတ်သက်ပြီး လုပ်နေကြတဲ့ လူတွေကိုကြည့်ပြီး မြင်မိသမျှကို ဝါသနာရှင်တို့ဖတ်လို့အဆင်ပြေအောင် ရေးထားပေးတာပါ။

တိုက်ကြက်သားဖောက်ခြင်းဆိုတာကတော့ ကြက်ဖောက်တာပဲ ဒါပေမယ့် တိုက်ကြက်ဖောက်တာ အသားတိုးကြက်ဖောက်သလိုတော့ မရိုးရှင်းဘူး။

အပေါကရေးထားတာတွေကို အခုဖတ်လို့နားမလည်ရင် ဒီစာတွေကို သိမ်းထားပါ၊ ကိုယ်တိုင်ကြက်ဖောက်ကြည့်ပါ နောက်တစ်နှစ်ကြာတဲ့အခါ ထပ်ဖတ်ကြည့်ပါ နားလည်လာပါလိမ့်မယ်။ နားမလည်သေးရင် ဒီလိုပဲဆက်လုပ်သွား ပါရမီပြည့်လာတဲ့ တစ်နေ့နားလည်လာလိမ့်မယ်။

ကိုယ်တိုင်ကြက်ဖောက်နေရင်းနဲ့ တစ်နှစ်ပြီး တစ်နှစ် အသက်တွေကြီးလာတဲ့အခါ ထားရှိတဲ့ ပန်းတိုင်ကလည်း ပိုပိုမြင့်မားလာပြီး ပိုကောင်းတာတွေ ကြိုက်တတ်လာပြီးတဲ့နောက်မှာ နောက်ဆုံးကိုယ့်ခြံပေါက်ကြက်တွေက ဘယ်လိုကြက်မျိုးဖြစ်စေချင်တာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ကိုယ်တိုင်မြင်လာပါလိမ့်မယ်။

ကျွန်တော့် ပန်းတိုင်ကတော့ ကြက်လိမ်မာ အမှိုက်ရှင်းပါ။ ဒါတွေပဲကြိုက်လို့ ဒါတွေပဲဖောက်တယ် နောက်မှ ကျွန်တော်ခြံမှာ ကြက်တွေ ဘယ်လိုဖောက်လဲ ရေးပြပါဦးမယ်။

ကြက်တိုက်တဲ့ ကြက်သမားတွေအတွက်
ကြက်တစ်ကောင်အပေါ အမြင်အတွေ့က အဓိကဖြစ်ပြီးတော့

ကြက်ဖောက်တဲ့ ကြက်သမားတွေအတွက်
ကြက်တစ်ကောင်ရဲ့မျိုးရိုးခိုင်မာမှုက အသက်ဖြစ်ပါတယ်

ProBreeding
လွတ်လပ်စွာShareနိုင်သည်

ဒေါင်းကြီးသား ဗြာနီ နဲ့ ဝိုင်းထဲအမြင်တွေ့ကြိုက်လို့ဝယ်ထားတဲ့ အမိုက်ရှင်းခွပ်ကွက် စုံတဲ့ကြက်တစ်ကောင်ရဲ့ အမေနဲ့ မွေးထားတာလ...
16/02/2023

ဒေါင်းကြီးသား ဗြာနီ နဲ့ ဝိုင်းထဲအမြင်တွေ့ကြိုက်လို့ဝယ်ထားတဲ့ အမိုက်ရှင်းခွပ်ကွက် စုံတဲ့ကြက်တစ်ကောင်ရဲ့ အမေနဲ့ မွေးထားတာလေးတွေ

ကြက်သက် ၂လခွဲ

အဖေကြီးပုံနောက်ဆုံးမှာထည့်ထားတယ်

ကျန်တာမန့်ထဲမှာကြည့်ပါ။

ဒေါင်းကြီးသမီး တစ်ကောင်ကြီးထွားလာပုံအဆင့်ဆင့်၂လ ၊ ၅လ၊ ၇လ ပုံတွေပါတစ်နှစ်သမီးအရွယ်ရောက်ရင် မတွေးဝံ့စရာပဲ။ ဒေါင်းကြီးမျိုး...
12/02/2023

ဒေါင်းကြီးသမီး တစ်ကောင်ကြီးထွားလာပုံအဆင့်ဆင့်

၂လ ၊ ၅လ၊ ၇လ ပုံတွေပါ
တစ်နှစ်သမီးအရွယ်ရောက်ရင် မတွေးဝံ့စရာပဲ။

ဒေါင်းကြီးမျိုးကို ဝယ်တဲ့ညီကိုတွေ အရွယ်ရောက်ရင် ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ကူးရင်လို့ရအောင်ပါ။ ကြက်မလေးကတော့ ပိုင်ရှင်ရှိပြီးသားပါ

CoCo နဲ့ Ninja ရဲ့ဗီဇတွေ အပြည့်အဝစီးဆင်းနေတဲ့ ဒေါင်းကြီးကို ကျွန်တော့်ရဲ့ အမိုက်ရှင်းVIPကြက်မနဲ့ မွေးလာတဲ့ကလေးတွေ အရိုးအ...
12/02/2023

CoCo နဲ့ Ninja ရဲ့ဗီဇတွေ အပြည့်အဝစီးဆင်းနေတဲ့ ဒေါင်းကြီးကို ကျွန်တော့်ရဲ့ အမိုက်ရှင်းVIPကြက်မနဲ့ မွေးလာတဲ့ကလေးတွေ

အရိုးအဆစ်ဖွဲ့စည်းပုံ ရုပ်ထွက်တွေ ပထမတန်စား

ငုတ်စူပါ

မြန်မာမူ အရွခွပ်

တစ်ကောင်ဆိုတစ်ကောင်မွေးပြီး ပင်တိုင်မျိုးထားချင်တဲ့ ညီကိုတွေအတွက် အကျိုးအမြတ်အများကြီးဖြစ်ထွန်းစေမယ့်ကလေးတွေပါ။ ကြက်သက်ပြည့်လို့ကြီးလာရင် တစ်စိမ့်စိမ့် ထိုင်ကြည့်နေရင်တောင် တန်မယ့်ကလေးတွေပါ။

ကြက်သက် ၄လ

ဒီကလေးတွေလို gradeမျိုး ယိုးဒယားကနေသွင်းရင် ကျွန်တော်မျှပေးတဲ့နှုန်းထားထက် ၅ဆလောက်ပိုပေးမှရမှာပါ။ အသေးစိတ်သိချင်တာရှိရင် CB or 09766617545

စကားပြောမကောင်းတဲ့ ပညာတတ်ကလေးတွေ မီဆူဝမ် ဝတုတ်မျိုးကို မြန်မာလမ်းအတတ် ငုတ်အထူးနဲ့တွဲထားတာလေးတွေ။ ၄လသားလိုအပ်က CB Oh-0976...
09/02/2023

စကားပြောမကောင်းတဲ့ ပညာတတ်ကလေးတွေ

မီဆူဝမ် ဝတုတ်မျိုးကို မြန်မာလမ်းအတတ် ငုတ်အထူးနဲ့တွဲထားတာလေးတွေ။

၄လသား

လိုအပ်က CB
Oh-09766617545

ဒီညီကို ၄ယောက်ကံထူးပါတယ် page message ကို ဆက်သွယ်ပေးကြပါခင်ဗျာ ❤️
19/12/2022

ဒီညီကို ၄ယောက်ကံထူးပါတယ် page message ကို ဆက်သွယ်ပေးကြပါခင်ဗျာ ❤️

မနေ့က ကတိအတိုင်း အာဂျင်တီးနား ဖလားရလို့ ကျွန်တော့်ရဲ့ပင်တိုင်မျိုးဖောက်ကြက်တွေရဲ့ သားသမီး ၄ကောင်ကိုမဲဖောက်ပေးမှာဖြစ်ပါတယ...
19/12/2022

မနေ့က ကတိအတိုင်း အာဂျင်တီးနား ဖလားရလို့

ကျွန်တော့်ရဲ့ပင်တိုင်မျိုးဖောက်ကြက်တွေရဲ့ သားသမီး ၄ကောင်ကိုမဲဖောက်ပေးမှာဖြစ်ပါတယ်။ ဘယ်မျိုးတွေပါမလဲဆိုတော့

ဒေါင်းကြီးမျိုး၊ ဗင်လာဒင်မျိုး(ရစ်မျိုး) ၊ ရွှေဥဒေါင်းမျိုး၊ အရူးမျိုး၊ ဂေါ်ဇီလာမျိုး( Blackdragon) ။

မဲပေါက်တဲ့သူကို ဘယ်လိုရွေးချယ်မလဲဆိုတော့ အခုပိုစ့်အောက်မှာ comment ပေးထားတဲ့သူတွေထဲက ၄ယောက်ကို comment picker app တစ်ခုနဲ့ random ရွေးချယ်မှာဖြစ်ပါတယ်။

စည်းမျဉ်းတွေကတော့

၁။Page ကို Like လုပ်ထားသူဖြစ်ရမယ်။

၂။ ယခု Post ကို share ထားရမယ်။

၃။ အရေးကြီးဆုံးက ယခုပိုစ့်အောက်မှာ Comment တစ်ခုတစ်ကြိမ်သာပေးထားရမည်။ ဥပမာ မဲပေါက်ရင် ကိုယ်ရယူချင်တဲ့ ကြက်မျိုးရဲ့နာမည် စသည်ဖြငိ့ပေါ့။

မဲပေါက်တဲ့ သူ ၄ယောက်က မိမိစိတ်ကြိုက် ကြက်မျိုးထဲက ကြိုက်တဲ့ ကြက်ကလေးတွေကိုရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်စရာပုံလေးတွေကိုတော့ မဲပေါက်သူတွေထံပို့ပေးမှာပါ။ ဒီနေ့ည ၁၁နာရီမှာ မဲပေါက်တဲ့သူတွေကို ရွေးချယ်ပေးပါမယ် အားလုံးပဲ ကံထူးကြပါစေဗျာ❤️❤️❤️

ရွှေဥဒေါင်းနဲ့ ဒေါင်းကြီးသမီးကပေါက်တဲ့ အချောအလှလေး ပတ်ပြေးအတိုကိုမှ ကြက်ဆပ်ကိုငုတ်လိုင်း။ တန်းဖောက်ရုံပဲ ဥတော့မယ်
14/11/2022

ရွှေဥဒေါင်းနဲ့ ဒေါင်းကြီးသမီးကပေါက်တဲ့ အချောအလှလေး ပတ်ပြေးအတိုကိုမှ ကြက်ဆပ်ကိုငုတ်လိုင်း။

တန်းဖောက်ရုံပဲ ဥတော့မယ်

ရွှေဥဒေါင်း သမီး၃ကောင် နှုတ်သီးကို ခြေအားစိုက်တဲ့ရွှေဥဒေါင်းကို ကျွန်တော့်ဆီက VIP ကြက်မကြီးနဲ့မွေးထားတဲ့မာလော့အတိုပြေး အ...
20/10/2022

ရွှေဥဒေါင်း သမီး၃ကောင်

နှုတ်သီးကို ခြေအားစိုက်တဲ့ရွှေဥဒေါင်းကို ကျွန်တော့်ဆီက VIP ကြက်မကြီးနဲ့မွေးထားတဲ့

မာလော့အတိုပြေး အဝှိုက်အဆတ်မျိုးတွေ

သမီး၃ကောင် တင်ပေးပါလိုက်တယ်။

မြန်မာကြက် ငုတ်ကြ အခွပ်အတတ်လမ်းကြက်ဖတွေနဲ့ စိတ်ချလက်ချသာတွဲ ရှယ်တွေပဲထွက်ရမယ်။ ပတ်ပြေးပါတဲ့ ကြက်ဖနဲ့မွေးရင်လည်း ပတ်ပြေးရှယ်တွေထွက်မယ်။

ကျန်တာ commentမှာကြည့်ပါ❤️

မဂို ၃၃သိန်း Yatips +( Black Magic+9million) နဲ့ ကျွန်တော့်အိမ်ပေါက် သားထွက်ကြက်မ (နန်းမွေစံ)ကနေ၂လပိုင်း ၉ရက် ၂၀၂၂ကမွေးတ...
22/08/2022

မဂို ၃၃သိန်း Yatips +( Black Magic+9million) နဲ့ ကျွန်တော့်အိမ်ပေါက် သားထွက်ကြက်မ (နန်းမွေစံ)ကနေ
၂လပိုင်း ၉ရက် ၂၀၂၂ကမွေးတဲ့ ဒုတိယသုတ်ကလေး ၄ကောင်မှာ ၃ကောင်မျှပေးခဲ့ပြီးပါပြီ။

၂လသားကို ၁သိန်း (ပုံ-၃၊၅)
၅လသားက်ု ၂သိန်း နဲ့ပါ ။(ပုံ-၆)

ဒီအတွဲက ပထမသုတ်ကလေး၄ကောင်မှာ ၄ကောင်လုံး ၂သိန်းခွဲနဲ့ မျှပေးခဲ့တာ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေရပြီး သခင်ချစ်တွေဖြစ်ပြီး သားဖောက်တာဝန်ကို ထမ်းဆောင်နေကြပါပြီ။

ခွပ်မူအမျိုးအစား

-အမိုက်ရှင်း မာလော့

ခွပ်ကွက်

-ကြက်နဲ့ပတ်သက်တာ အကုန်ပါတယ်။

မဂို ၃၃သိန်းနဲ့ အိမ်ပေါက်သားထွက်ကြက်မကြီးရဲ့ကလေးတွေကို အမှတ်တရအနေနဲ့ တင်ထားခြင်းပါ။

အခုပုံပါကြက်မကြီးကတော့ အညာမှာ Pro Breeding ရဲ့ဂုဏ်ဆောင် ကြက်လေးတွေမွေးထုတ်ပေးဖို့ အညာမှာ သားဖောက်တာဝန်တွေထမ်းဆောင်နေပါတယ်။

သားကောင်းတို့ရဲ့အဖေ မဂို ၃၃သိန်း(ရာတစ်ရဲ့သား)ကတော့ ကျွန်တော့်လက်ထဲမှာ ကျန်းမာစွာရှိနေပါတယ်❤️

ရစ်ကြီးသားထဲက ရစ်ကြီးခြေရာနှင်းတဲ့သား ဒုံးပျံ ကြက်ခွပ်အမြန် High Speed ကြီးနဲ့ Black Dragon + Black Magic+ 9million+ Coc...
20/08/2022

ရစ်ကြီးသားထဲက ရစ်ကြီးခြေရာနှင်းတဲ့သား

ဒုံးပျံ ကြက်ခွပ်အမြန် High Speed ကြီးနဲ့

Black Dragon + Black Magic+ 9million+ Coco+ Cherry + FreeKick+ Gray 35000 မျိုးတွေပါတဲ့ကြက်မ ပေါင်းစပ်မှုကရာလာတဲ့ကြက်ကလေးတွေ မျှပေးပါမယ်။

ဒီကြက်ကလေးကို မြန်မာဝိုင်းစည်းကမ်းမှာ သုံးရင် အဆင်ပြေမယ် ထူးခြားတဲ့ရသကို ခံစားရမယ် ကောင်းနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖန်တီးထားတာပါ။

မွေးနေ့- ၁/၀၃/၂၀၂၂

ခွပ်လမ်းအမျိုးအစား

- အမြန်ခွပ် အမိုက်ရှင်း
- သူတို့ကို ဖိအားမပေးနိုင်တဲ့ ပြိုင်ဖက်တွေကို ဖိခွပ်ပစ်မယ့် ကြက်ကလေးတွေပါ။

ခွပ်ကွက်

- ဗလာ
-ကြက်ဆပ်
-ကြက်ချွတ်
- နှုတ်အရွ

ဆောင်းပေါက်အတွက် ကိုယ်ပိုင်ကြက်ကလေးတစ်ကောင်နဲ့ ဝိုင်းအလယ်မှာဝင့်ကြွားချင်တဲ့ ဆန္ဒရှိရင်တော့ ဒါလေးတွေကို ဥထားရင် နောက်၃လလောက်ဆို Pro ဖောက်ထုတ်လိုက်တဲ့ ကြက်တွေက ဘယ်အဆင့်လဲဆိုတာ သိရမှာပေါ့ဗျာ။

မေးခွန်း- အကိုရေ ဒီကြက်ကလေးတွေ ၂သိန်းနဲ့ ဝယ်ပြီးတော့ အရွယ်ရောက်လို့ ထင်သလို စိတ်ကျေနပ်စရာကောင်းလောက်အောင် မထူးချွန်ခဲ့ရင် ဘယ်လိုတာဝန်ပြန်ယူပေးမလဲ ?

အဖြေ- ကျန်းမာရေးနဲ့ အမွှေးအတောင်သာကောင်းပါစေ နှစ်သိန်းခွဲ ပေးပြီးပြန်ယူပါတယ်။

( ကျွန်တော့်ဆီက ဘယ်ကြက်ဝယ်ဝယ် ဒီအာမခံချက်က အကောင်တိုင်းအတွက်ပါပါတယ်) ❤️

“ဓါး” White Bo မြေး မာလော့အတိုနဲ့ လှည်းကူးရစ်နယားကြီး သမီးနှစ်ကောင်ကပေါက်တဲ့ ကြက်မလေးတွေ မျှပေးပါမယ်။အဖေဖက်က အမိုက်ရှင်း...
14/08/2022

“ဓါး” White Bo မြေး မာလော့အတိုနဲ့

လှည်းကူးရစ်နယားကြီး သမီးနှစ်ကောင်ကပေါက်တဲ့ ကြက်မလေးတွေ မျှပေးပါမယ်။

အဖေဖက်က အမိုက်ရှင်းကောင်းပြီး နှုတ်သီးကိုင်ခွပ်တာ ခြေပါဝါကြီးပြီး ငုတ်အထူးကျပါတယ်။

အမေဖက်က ကြက်ချွတ်ကောင်းပြီး ပွိုင့်ကျကျ ခွပ်တတ်တဲါကြက်မျိုးတွေပါ။

ကြက်မလေးတွေ ၂၆ရက်နေ့ ၁လပိုင်းကပေါက်တာပါ ။

ညာဖက်မှာခြေကွင်းတပ်ထားတဲ့ကြက်မတွေရဲ့ မအေက လှည်းကူးကျောက်စိမ်းနဲ့ တကျင်းထဲကျကြက်မပါ။

ပို့ခတစ်ကြောင်းစာပါပြီး ၁၇၀၀၀၀ပါ။

အရည်အချင်းရှိတဲ့ကြက်မျိုးတွေ ကိုယ်တိုင်ဖန်တီးချင်လို့ ကြက်မ မျိုးကောင်းကောင်း ရှာနေတဲ့ ညီကိုတွေ မျိုးရိုးbloodline တစ်လျှောက် ပြိုင်ဖက်ကင်းကြက်တွေ ထွက်ဖူးတဲ့ ဒီကြက်မျိုးရိုးကို ယုံကြည်စွာပဲ အိမ်ထဲခေါထားလိုက်ပါတော့ဗျာ❤️

Black Dragon မြေး ၊ ရစ်ကြီးမြေး ဆွေကြီးမျိုးကြီးထဲကရှယ်ကြီးတစ်ကောင်ပြင်နေရင်း ကြားတောင်လေးတွေစိုက်လာလို့ ပြန်မျှပေးပါမယ်...
12/08/2022

Black Dragon မြေး ၊ ရစ်ကြီးမြေး ဆွေကြီးမျိုးကြီးထဲကရှယ်ကြီးတစ်ကောင်

ပြင်နေရင်း ကြားတောင်လေးတွေစိုက်လာလို့ ပြန်မျှပေးပါမယ်။

ခွပ်လမ်းအမျိုးအစား

-အမြန်ခွပ်
-အဆိုင်အမ ၊ အပိတ်အတားပါတယ်
- နှုတ်အယူအဆ ယဉ်တယ်
-နှုတ်သီးခြေပါဝါ အားစိုက်တယ်

ဒီကြက်မျိုးတွေရဲ့ထူးခြားချက်က သူတို့မှာရှိတဲ့အရိုးအဆစ်ဖွဲ့စည်းပုံနဲ့ လိုက်ဖက်စွာ energyတွေ ရုန်းအားတွေ အရမ်းကောင်းပါတယ်။

မြန်မာကြက်မစစ်စစ် ကြက်ခွပ် အရွအမြန်တွေနဲ့ သားဖောက်ရင် တကယ်ကိုထူးချွန်တဲ့ ကြက်ပေါက်လေးတွေ ထွက်လာမယ်ဆိုတာကို အာမခံပေးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့တကျင်းထဲကျ ကြက်ကို ပင်တိုင်သားထိုးထားပါတယ်။

ဒီရစ်အုပ်စုက ကြက်မတွေ ဝယ်ထားသူတွေရဲ့ feedback ကတော့ ကြက်မတွေမှာ ခြေပါဝါကတော့ မမြင်ဖူးလောက်အောင်ကောင်းတယ်လို့ဆိုပါတယ်။

-၁ပိသာာ ၄၀တန်း
-၁၃လသား
-၃သိန်း
- ပြစ်ချက်မရှိ

09766617545

Blackdragon မြေးတစ်ကောင် ထပ်မျှပေးပါမယ်။ အဖေ - Black Dragon + (Black Magic+9million)အမေ - ရစ်ကြီး+ Ninja မြစ်မ Blackdrag...
27/06/2022

Blackdragon မြေးတစ်ကောင် ထပ်မျှပေးပါမယ်။

အဖေ - Black Dragon + (Black Magic+9million)
အမေ - ရစ်ကြီး+ Ninja မြစ်မ

Blackdragon, Black Magic, 9million , Ninja တို့ဆိုတာကတော့ ယိုးဒယားကြက်လောကရဲ့ ထိပ်တန်းအဆင့်ကြက်တွေဖြစ်ပြီး နိုင်ငံတကာကမှာလည်း သူတို့တွေရဲ့ Bloodlineက နာမည်ကျော်ကြား အရှိန်အဝါကြီးပြီး ကြက်သမားတွေရဲ့အသဲစွဲ ဆိုလည်းမမှားပါဘူး။
ယိုးဒယားကနေ နာမည်ကြီးFarmကြီး တွေကနေ ကြက်ဝယ်ရင် သူတို့တွေရဲ့ သွေး bloodline မှမပါရင်မပြီးပါဘူး။

ဒီရစ်လေးရဲ့ Bloodline တစ်ခုလုံးကို ခြုံပြီးကြည့်လိုက်ရင် သားပေးတဲ့မျိုးရိုး နဲ့ အကုန်လုံးက legendaryကြက်တွေပါပဲ။ ကျွန်တော့်ရဲ့ ရစ်ကြီးဆိုတာကလည်း တစ်ပတ်ပွဲတစ်ပွဲ ၃လအတွင်း ၁၁ပွဲထိတိုက်ရတဲ့ ရင်ထဲစွဲနေရတဲ့ကြက်တစ်ကောင်ဖြစ်ပါတယ်။

ပုံ-၁ထဲက ရစ်လေးကတော့ ၁ပိသာာ၄၀ကျော် ဂွင်ဂွတောင့်တောင့် နဲ့ ကြက်အလျားရှည်တာက ကြက်နဲ့မလိုက်ပါဘူး အဲတာကြောင့်အပြင်မှာကြည့်ရင် အရှည်ပေါက်ကိုမှ အဝဲဆင်ဖြစ်ပါတယ်၊ ကြက်သက် ၁၄လပါ။

မျိုးရိုးအထူးကောင်း ရှယ်ဖောက်ကြက်ဖတစ်ကောင်လည်းဖြစ် တိုက်လို့လဲရတဲ့ကြက်တစ်ကောင်ကိုရှာနေတယ်ဆိုရင်တော့ ဒီကြက်လေးက အထူးသင့်လျော်မှာပါ။

ကြက်ခွပ်လမ်း

-အခွပ်အတတ်ဆန်ပါတယ်၊
-ဗလာပါတယ်
-ကြက်ဆပ်ပါတယ်
-အပိတ်အတားပါတယ်
-လေပေါမှာနှစ်ကောင်ပြိုင်ဆောင့်တာတွေအားပါတယ်
-နှုတ်သီးခန်းမှာ ကျိုးကြေနိုင်တဲ့ခြေအမျိုးအစားပါတယ်
-အထောင်ခွပ် အမျိုးအစားကို ငုတ်ကျပါတယ်။

ဘယ်လိုကြက်တွေနဲ့ မျိုးဖောက်းမှာလဲ ?

မြန်မာကြက်မ စစ်စစ်တွေ ဖွဲ့စည်းပုံ အရှည်ပေါက် ထဲကမှကြက်ခွပ်အမြန် ၊ ကြက်ခွပ်ရွတဲ့ အခွပ်အတတ်ကြက်မတွေ ၊ အမိုက်ခွပ်ကိုမှ Iqကောင်းတဲ့ကြက်မတွေ ဖောက်ရင်အဆင်ပြေပါပြီ ။

ဒီလိုမျိုးရိုးလဲကောင်း ကြက်ကောင်းတဲ့ ကြက်မျိုးတွေက်ို Pro Breeding ဆီကနေ ဘယ်နိုင်ငံမှာမှ ရှာလို့မရတဲ့စျေးနဲ့ ရယူပိုင်ဆိုင်နိုင်ပါပြီ။

တန်ဖိုး- 250000ကျပ်
ဖုန်း- 09766617545

Address

Yangon-Mandalay Express Way, Myanmar, Burma (Myanmar)
Paungdawthi

Telephone

+959766617545

Website

Alerts

Be the first to know and let us send you an email when Probreeding.DCFC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category