U Myo Thein Htay

U Myo Thein Htay စုိက်ပျိုး / တိမွေးမြူးရေးပညာရှာနေတဲ့
၀ါသနာအဆင့်ပါ

22/01/2025

ကြိုက်ရာမန့်
ငါးဆယ်မြောက်မန့် ၁၀၀၀ယူ

၃လ အကြာမှာ ဆီးချိုရောဂါကို လုံးဝပျောက်ကင်းကြောင်း ဝမ်းသာအားရ ပြောပြနေသော အဖွားဒေါ်ဝင်း မြန်မာဆေးမြီးတိုမီးကွင်း ဂမုန်းပင...
21/01/2025

၃လ အကြာမှာ ဆီးချိုရောဂါကို လုံးဝပျောက်ကင်းကြောင်း ဝမ်းသာအားရ ပြောပြနေသော အဖွားဒေါ်ဝင်း

မြန်မာဆေးမြီးတို

မီးကွင်း ဂမုန်းပင် အရွက်ကို ကျိုသောက်ရုံဖြင့် ၃လ အကြာမှာ ဆီးချိုရောဂါကို လုံးဝ (100% ) ပျောက်ကင်းကြောင်း

ဝမ်းသာအားရ ပြောပြနေသော ကရင်ပြည်နယ်. ကြာအင်းဆိပ်ကြီးမြို့က အဖွားဒေါ်ဝင်းဖြစ်ပါတယ်။

ဆေးစွမ်းထက်သော မီးကွင်း ဂမုန်းပင်

မီးကွင်းဂမုန်းပင်သည် အလွန်ပင် ဆေးဖက်ဝင်သော အဖိုးတန် အပင်တစ်မျိုး ဖြစ်ပါသည်။၎င်းအပင်ကို နေရာတိုင်းမှာ လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။

ဆီးချိုဝေဒနာရှင်များအတွက်.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မီးကွင်းဂမုန်း ၉ ရွက်ခန့်ကို သံပုရာသီးတခြမ်း ဆားအနည်းငယ် အိုးတလုံးထဲတွင် ရေမတ်ခွက်တစ်ခွက်ထည့်၍

သုံးခွက်တစ်ခွက်ကျန်အောင် ပြုပ်၍ တစ်နေ့တစ်ခွက် ရ ရက် သို့မဟုတ် ၁၀ ရက်ခန့် သောက်သုံးရုံပါပဲ။

ဆီးချိုရောဂါ ခံစားနေရသော ဝေဒနာအရှင်အပေါင်းတို့ကို ပျောက်ကင်းစေလိုသောဆန္ဒဖြင့် ပြန်လည် မျှဝေပေးပါသည်။

နားလည်တက်ကျွမ်းသော သူများအားလည်း တိုင်ပြင်ပီးမှ သောက်လျှင် ပိုပီး အဆင်ပြေပါလိမ့်မည်။မာံသုခ

(၁) နှာခေါင်းသွေးလျှံအတွက် မီးကွင်းဂမုန်း

နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာ ထောင်း၍ ၎င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။

(၂) ဆီးရောဂါ၊ ဆီးကျောက်ရောဂါ

ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍

သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။

(၃) နားကိုက်၊ နားပြည်ယို

မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။

(၄) ဝမ်းကိုက်နေလျှင်

မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ဝမ်းကိုက်၊ ဝမ်းဖော၊ ဝမ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။

(၅) ချောင်းဆိုး၊ သလိပ်ကပ်

ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၎င်းဆေးရည်ကို

သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။

(၆) သွေးကင်ဆာ

သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍

အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။

တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။DATA Doctor / ဟာကြူလီမြန်မာ့တိုင်းရင်းဆေး / shwe sin

ဗဟုသုတအနေဖြင့်သာ ပြန်လည်ဝေမျှပါတယ်..

မူရင်းတင်သူအား-crd ပေးပါတယ်

21/01/2025

1*1*2025Dateနဲ့
13*1*2025 Date

လာမယ့်နှစ် ခွပ်လမ်း မြင်တာနဲ့ တဆယ်မှာ တယောက်တော့ ကြုိက်ရင်ပဲ
တော်ပါပြီး🤣

မထနိုင်လို့ ထမင်းတောင်မစားရဘုး
20/01/2025

မထနိုင်လို့ ထမင်းတောင်မစားရဘုး

15/01/2025

သဘောထား ရင့်ကျက်သူတွေတာ လက်ခံနိုင်တဲ့ အသိတရား

ရှမ်းမလေးတွေ အထာတော့မဖြစ်နိုင်ပုး
14/01/2025

ရှမ်းမလေးတွေ အထာတော့မဖြစ်နိုင်ပုး

16ရက်နေ့  100000 တဦးမဲဖောက်ပါ့မယ်
14/01/2025

16ရက်နေ့

100000 တဦးမဲဖောက်ပါ့မယ်

04/01/2025

ကြက်ဝိုင်းအတွင်းမှ အလကာင်္များ။

★ ဘော်ဒါရီး ဒို့ ကြက်တွေ ဘယ်အမျိုးအစားထဲမှာ ပါလဲဗျ ★

{{{မြန်မာ့ရိုးရာ တိုက်ဝိုင်းအတွင်းမှ ချစ်စရာ စကားသံလေးများ}}}

#စည်ပင်ပါခေါ်ထားလိုက်အုန်း
သူ့ကြက်ခွပ်၍ ခြုံထဲထိ ထွက်ပြေးရင် ခြုံရှင်းဖို့ စည်ပင်ခေါ်ထားခိုင်းသည်ဟု ရည်ညွှန်းပါသည်

#အလှူအိမ်မဟုတ်ဘူးစွတ်စွတ်ဝင်မလာနဲ့
အကာအရိုက် အပိတ်အစို့ အဖြတ်အတောက် ကောင်း၍ အမိုက်ရှင်းတော်သောကြက် ပိုင်ရှင်မှ ဂုဏ်ယူစွာအော်သော အသံကို ရည်ညွှန်းပါသည်

#လာလမ်းကိုမျှော် လာလမ်းသို့မျှော်
မခံနိုင်တော့၍ ထွက်ပြေးကာနီးတွင် ပြောလေ့ပြောထရှိသော စကားသံဖြစ်ပါသည်

#ရတနာထွန်း
တိုက်တိုင်း ရှုံးနေသောအဖွဲ့ကို တိုက်တိုင်းပြောင်သည့် ရတနာထွန်းသွားတိုက်ဆေးနှင့် တင်စား၍ နောက်ပြောင်ခေါ်ဝေါ်သောစကား ဖြစ်ပါသည်

#သဘောင်္ကြီးအဖွဲ့
တိုက်တိုင်းရှုံးနေသောအဖွဲ့ကို တိုက်တန်းနစ်သဘောင်္နှင့် တင်စား၍ နောက်ပြောင်ခေါ်ဝေါ်သော စကားဖြစ်ပါသည်

#ထန်းပင်တက်နေရတယ်
ကြက်ကပ်မှား၍ အမြင့်ပေးတိုက်မိသောအခါ ရေထဲမိုးထဲအပေါ်မရောက်တာကို ရည်ညွှန်းသော စကားဖြစ်ပါသည်

#မြွေပွေးကိုက်တာမှအုန်းရည်သောက်လို့ မှီချင်မှီအုန်းမယ်
ခြေပိုင် ပြီးခြေရှိသောကြက်များ တလုံးကောင်း ခွပ်လိုက်ချိန်တွင် ထအော်တတ်ကြသော စကားဖြစ်ပါသည်

#တွံတေးစိုးအောင်အစိုင်း
ကြက် အပြင်အဆင် ညံ့သောအစိုင်းအား တောစိုင်းဟု တိုက်ရိုက်မသုံးဘဲ တွံတေးစိုးအောင်အစိုင်းဟု ခေါ်ဝေါ်သော စကားဖြစ်ပါသည်

#ပိုးကျနေပြီ
ကြက်ရဲ့လည်တွေ နာထားလို့ လည်မကောင်းလည်မျောနေတာကို လယ်ကွက်ထဲပိုးကျတာနှင့် ခိုင်းနှိုင်းပြောဆိုသော စကားဖြစ်ပါသည်

#ယင်ကောင်တွေဖမ်းနေပြီ
မျက်လုံးနှစ်လုံးစလုံး မမြင်တော့၍ ထောင်ဟပ်ကာ ဝါးတားတားဖြင့် နှုတ်လိုက်ပေါက်နေသောကြက်ကို ယင်ကောင်ဖမ်းနေပြီဟု ပြောဆိုသော စကားဖြစ်ပါသည်

#ဂိုးတိုင်မှန်တာ
မျက်လုံးကို ဒဲ့မထိဘဲ မျက်ထိပ်ကို အခွပ်ခံရတာကို ဂိုးတိုင်မှန်သည်ဟု သွယ်ဝိုက်၍ ပြောဆိုသောစကားဖြစ်ပါသည်

#ဂျီမနဲ့ပဲခင်းတွေ့တာဘဲ
အမိုက်ခြေကျသောကြက်နှင့် အခံအပေး ပက်စက်သောကြက် တွေ့ကြသောအခါ ပြောလေ့ပြောထရှိသော စကားဖြစ်ပါသည်

#ကျားများငတ်လာရင် သစ်ရွက်ခြောက်ကအစ ကောက်စားတယ်
၁၀လေး~၁လေး ၂၀လေး~၁လေး ပေး၍ ရသလောက် အမှော်ကအစ အကုန်သိမ်းနေသူကို ရည်ညွှန်းပြောဆိုသော စကားဖြစ်ပါသည်

#ကျားတွေကြောက်ပြီဆိုရင်လည်း သစ်ရွက်ကြွေတာကအစ လန့်တတ်တယ်
အပေါ်ကြေးတွေ မဟားတရားပေးထားပြီး အနဲငယ်အခြေမလှဖြစ်တာကို ကြောက်ပြီး ပြန်ထွက်သူကို ရည်ညွှန်း၍ ပြောဆိုသောစကား ဖြစ်ပါသည်

#ကြက်တိုက်နေပေမယ့် ကုသိုလ်ရအောင် လုပ်ပေးတဲ့ကြက်
လွှတ်စနှင့်ရေလယ်လောက်ထိ တောက်လျှောက်အပေါ်ကြေး အရှင်းကြီးကနေ ရေထဲမိုးထဲရောက်မှ အခံမတတ်၍ သူတလုံး ကိုယ်တလုံးဖြင့် စိုးရိမ်ခန်းရောက်လာသောကြက်အား အပေါ်ကြေးသမားတွေ "ဘုရားတ"နေရ၍ ကုသိုလ်ရအောင် လုပ်ပေးသောကြက်ဟု တင်စားပြောဆိုသော စကားဖြစ်ပါသည်

#မီတာတက်တယ်
ဖြတ်ကြေးအခန်းတွင် မရတော့သောအနေအထား ရောက်နေတာကို မကောက်သေးဘဲ ပေထားနေ၍ တလီပြီးတလီ ဖြတ်ကြေးတွေများလာတာကို ဆိုလိုသောစကားဖြစ်ပါသည်

#အလွမ်းပြေစကားတောင်မပြောလိုက်ရဘူးကွယ်
ကြက်စိတ်မမှန်၍ ပြေးခန်းမရောက်သေးပါဘဲ ထွက်သွားချိန်တွင် ထအော်တတ်ကြသော စကားဖြစ်ပါသည်

#ပူးစား
နိုင်ကြက်မွှေးကြောက်နှင့် လာတူနေ၍ တန်းမစိန်သေးဘဲ ၁ရေ၂ရေ ရဲ မရဲ စမ်းသည်ကို ပူးစားဟု ပြောဆိုလေ့ရှိကြပါသည်

#စစ်သူကြီးမပါဘဲရှေ့တန်းထွက်တာကိုး
ကြက်ကု ဂျော်ကီ အင်၍ အသုံးမကျ၍ နိုင်ရမှာကို သရေ(or)ရှုံးသွားသောအခါ ပြောဆိုလေ့ရှိသော စကားဖြစ်ပါသည်

#ဘုရားလှူထားတယ်
ကြက်၂ကောင် အောက်စအတတ်ကြီးတွေက သေတတ်ထိပေါက်တွေဖြစ်နေပါလျှက် အတတ်နဲ့မခွပ်သောအခါ ပြောဆိုလေ့ရှိသော စကားဖြစ်ပါသည်

#ရပ်တော်မူပါအုန်း
အထိနာ ဒဏ်ရာများနေ၍ မရပ်တည်နိုင်တော့သောအခြေအနေတွင် တဖက်မှ ပျော်ရွှင်စွာလှောင်ပြောင်၍အော်လေ့ရှိသော စကားဖြစ်ပါသည်

#စောင်ခြုံနေပြီ
အားအင်ကုန်ခမ်း ကြွက်တတ်၍ တကိုယ်လုံးတုန်လာတာကို ရည်ညွှန်းပြောဆိုသော စကားဖြစ်ပါသည်

#စော်ကြည်သွားပြီ
နှာဖုန်း အမောက်တိုင်ရင် စမ်း ကဲ့သို့သော နေရာကို အခွပ်ခံရ၍ သွေးကျလာတာ သွေးများဖြင့်ရွှဲလာတာကို ပက်စီတွေယိုလာပြီ စော်ကြည်သွားပြီဟု ပြောဆိုလေ့ရှိကြပါတယ်

#အညာမိုး
ခြေပါအောင်မခွပ်ဘဲ မေ့လောက်သင့်မှ တလုံးလောက် ထွက်ခွပ်တတ်သောကြက်ကို အညာမိုးဟု တင်စားခေါ်ဝေါ်ကြပါသည်

#တရုတ်သရဲ
ထိထိမိမိမခွပ်ဘဲ ခုန်စွခုန်စွလုပ်နေသောကြက်ကို တရုတ်သရဲဟု ရည်ညွှန်းပြောဆိုလေ့ရှိကြသည်

#ကျောက်ခဲဝါးနေရတယ်
အမာအတေ ခံသားကောင်းသောကြက်နှင့်တိုက်မိ၍ တော်တော်နှင့်ပွဲမသိမ်းနိုင်ခြင်းကို ရည်ညွှန်းပြောဆိုသောစကားဖြစ်ပါသည်

#ဖြေးဖြေးပေါ့ ကျက်ရင်စားရမယ်
အတင်းတွန်း အတင်းမောင်းခိုင်းနေ၍ မလောမိစေရန် သတိပေးပြောဆိုသောစကား ဖြစ်ပါသည်

#ဘဝင်တွေမြင့်ကုန်ပြီ
လည်တွေအခွပ်ခံထားရ၍ ကြက် အောက်မငုံ့နိုင်တော့ဘဲ ထောင်ဟပ်နေခြင်းကို ရည်ညွှန်းပြောဆိုသော စကားဖြစ်ပါသည်

ခဏနေ editလုပ်၍ ဆက်ရေးပါအုန်းမည်
ဘော်ဒါတို့လည်း တိုက်ဝိုင်းအတွင်းမှ ချစ်စရာစကားသံလေးတွေကို (ရိုင်းစိုင်းကြမ်းတမ်း)သော စကားများအားဖယ်ကာ ဝင်ရောက်ပြောဆို မန့် နိုင်ပါသည်
"ဘော်ဒါအားလုံးကို ကျေးဇူးပါ"

#ကြက်သမားမို့ကြက်အကြောင်းရေးသည်
crd pc pc

Address

Pakokku
95/

Website

Alerts

Be the first to know and let us send you an email when U Myo Thein Htay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category