
02/06/2025
☔️☔️မိုးရာသီမှာ ပြင်ပက moisture and damp conditions ကြောင့် မိမိတို့ pet လေးတွေမှာ အရေပြားရောဂါတွေဖြစ်ပွါးတတ်ပါတယ် 😥
၁။ Mange (Sarcoptic or Demodectic) ဟာ
မွှားကြောင့်ဖြစ်ပေါ်စေပြီး စိုထိုင်းသောရာသီဥတုမှာ အဖြစ်များပါတယ်
အရေပြားယားယံခြင်း၊ အမွေးကျွတ်ခြင်း၊ crusty skin များဖြစ်ပေါ်တတ်ပါတယ်
၂။ Dermatophytosis (Ringworm) လို့ခေါ်တဲ့ ဝဲရောဂါဟာ
စိုစွတ်တဲ့ပတ်ဝန်းကျင်မျိုးမှာ အဖြစ်များပါတယ်
အမွေးကျွတ်ခြင်း၊ အရေပြားအကွက်လိုက်/အချပ်လိုက်ကွာကျခြင်း နှင့် အရေပြားရောင်ရမ်းခြင်းတို့ဖြစ်တတ်ပါတယ်
၃။ Bacterial Skin Infections (pyoderma) ဟာ အရေပြားပေါက်ပြဲမှုကြောင့် skin အောက်တွင် ဘက်တီးရီးယားပိုးပေါက်ပြီး ပြည်စုသောကြောင့် ဖြစ်ပေါ်စေနိုင်ပြီး အရေပြားယောင်ရမ်းခြင်း၊ ပြည်တည်ခြင်း၊ အရေပြားအနံ့နံခြင်း နဲ့ skin redness တွေဖြစ်ပေါ်စေနိုင်ပါတယ်
၄။ Yeast or fungal Infections (Malassezia dermatitis) လို့ခေါ်တဲ့ မှိုရောဂါဟာ ပြင်ပအပူချိန်နဲ့စိုထိုင်းမှုကြောင့် ဖြစ်ပေါ်လာပြီး အရေပြားယားယံခြင်း၊ မွေးကျွတ်ခြင်း၊ အရေပြားစေးကပ်ကပ်ဖြစ်ခြင်း၊ ညှီစိစိအနံ့ရခြင်း နဲ့ အရေပြားစိုထိုင်းမှုကြောင့် အရေပြားယောင်ရမ်းနာကျင်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်
၅။ Hot Spots (Acute Moist Dermatitis) ဟာ မိမိတို့petကလေးတွေ စိုထိုင်းတဲ့ရာသီဥတုမှာ စိုစွတ်မှုကိုမနှစ်မြို့ဖြစ်ပြီး ခဏခဏ ခန္ဓာကိုယ်ကိုလျှာနဲ့လျက်ခြင်း သို့မဟုတ် အနာတရဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားနာတမျိုးပဲဖြစ်ပါတယ်
👉🤗 ဒီလို အရေပြားရောဂါမျိုးတွေဟာ စိုထိုင်းဆများတဲ့ မိုးရာသီတွေမှာ အဖြစ်များတဲ့အတွက် မိမိတို့petလေးတွေကို ကျန်းမာပြီး သန့်ရှင်းလှပတဲ့ ကလေးတွေဖြစ်အောင် တကိုယ်ရည်ကျန်းမာရေးတွေပုံမှန်ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်ရှင်
Care Pet Spa မှာလဲ petလေးတွေရဲ့ အရေပြားအခြေအနေအလိုက် ဘယ်လို 🧴shampoo မျိုးရွေးချယ်သုံးသင့်တယ်ဆိုတာကို 👩🏻⚕️ဆရာဝန်နဲ့အခမဲ့တိုင်ပင်ပြီး Care Veterinary Services NPT ကို public နဲ့ facebook check-in ဝင်ပေးရုံနဲ့ 🧖Spa အတွက် June လ တလုံး 🔟% promotion ရမှာဖြစ်တဲ့အတွက် အမြန်ဆုံးလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်
𝐂𝐚𝐫𝐞 𝐕𝐞𝐭𝐞𝐫𝐢𝐧𝐚𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 (𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰)
📍28th lane, between kayay st and Yuzana st, nearby Yarza Htarni Rose shape roundabout, Zawana restaurant, Pyinmana township, Nay Pyi Taw
⏰ အင်္ဂါနေ့မှလွဲ၍ နေ့စဉ် မနက် 9:00 မှ ညနေ 6:00 ထိဖွင့်ပါသည်
(🙅♂️အပတ်စဉ် အင်္ဂါနေ့တိုင်း ပိတ်ပါသည်)
☎️ 09-699054254, 09-699054255
(Booking လေးကြိုယူပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်🙏)