Pet Care Center-Yangon

Pet Care Center-Yangon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pet Care Center-Yangon, Pet service, Myaungmya.

မိုးတွင်းစိုစွတ်တဲ့ရာသီရောက်ရင် ချစ်ရတဲ့မြောင်လေးတွေ နေမကောင်းဖြစ်မှာ တိဖေဖေမေမေတိုင်းစိတ်ပူတတ်ကြပါတယ်။ ⛈️ စိုစွတ်မှုမြင...
16/07/2025

မိုးတွင်းစိုစွတ်တဲ့ရာသီရောက်ရင် ချစ်ရတဲ့မြောင်လေးတွေ နေမကောင်းဖြစ်မှာ တိဖေဖေမေမေတိုင်းစိတ်ပူတတ်ကြပါတယ်။ ⛈️

စိုစွတ်မှုမြင့်မားတဲ့မိုးရာသီမှာ မြောင်တို့ကိုနေမကောင်းဖြစ်စေတဲ့ Bacteria နဲ့ ဗိုင်းရပ်စ်တွေပျံ့နှံ့လွယ်တဲ့အပြင် အကြောက်ရဆုံးက ကြောင်တုပ်ကွေးရောဂါခံစားရမှာကိုပါ။

မိုးတွင်းမှာ အပြင်လျှောက်သွားတတ်တဲ့ သူတို့လေးတွေ အမြဲနွေး​နွေးနေဖို့မလွယ်ကူတာကြောင့် အအေးဒဏ်ခံစားရပြီး အအေးမိရာကနေ ကြောင်တုပ်ကွေးကူးစက်လာနိုင်ပါတယ်။

ကြောင်တုပ်ကွေးပိုးတွေဖြစ်တဲ့ -
🦠 တစ်ခါကူးစက်ပြီးရင်တစ်သက်လုံးမပျောက်ကင်းတော့ပဲ ရောဂါပြန်ထတတ်တဲ့ Feline Herpesvirus-1 (FHV-1)
🦠 ကူးစက်တဲ့အခါ နှာရည်ယို၊ ချောင်းဆိုးခြင်းရုံမပြီးဘဲ ကလေးတွေပါးစပ်ထဲမှာ အနာတွေဖြစ်စေတတ်ပြီး အဆုတ်ရောင်စေနိုင်တဲ့ Feline Calicivirus (FCV) စတဲ့ရောဂါပိုးတွေ လွယ်လွယ်ကူးစက်ခံရနိုင်ချေအရမ်းကိုမြင့်မားပြီး အခန့်မသင့်ရင်ကလေးတွေရဲ့ အသက်အန္တရာယ်အထိပါ စိုးရိမ်ရနိုင်ပါတယ်။‼️🥺

ဒီလိုမဖြစ်စေချင်ရင် ကလေးတွေနေတဲ့နေရာကို နွေးနွေးထွေးထွေးရှိနေအောင် ဂရုစိုက်ပြီး သန့်ရှင်းရေးဂရုစိုက်၊ အာဟာရမျှမျှတတကျွေးတာအပြင် အရေးအကြီးဆုံးဖြစ်တဲ့ တုပ်ကွေးရောဂါကာကွယ်ဆေးကို အချိန်မှန် အချိန်မီထိုးနှံ့ထားဖို့ပါပဲ။ 💉
ကလေးတွေနဲ့ ကျန်းမာရေး အခြေအနေ နဲ့ ကာကွယ်ဆေး စျေးနှုန်းတွေ သိချင်တယ်ဆိုရင်တော့ 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်ရှင့်



#ယုံကြည်စိတ်ချရတဲ့ဆေးခန်း


𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)

📱 09450593999
📱 09450594999

အိမ်ကမြောင်တို့ဝုတို့ ကိုယ့်ကိုချစ်မချစ်သိချင်ရင် သူနဲ့ကိုယ်နဲ့ရှိတဲ့အချိန် "ချစ်လား" လို့ တိုးတိုးလေးမေးကြည့်ပါ။တကယ်လို...
14/07/2025

အိမ်ကမြောင်တို့ဝုတို့ ကိုယ့်ကိုချစ်မချစ်သိချင်ရင် သူနဲ့ကိုယ်နဲ့ရှိတဲ့အချိန် "ချစ်လား" လို့ တိုးတိုးလေးမေးကြည့်ပါ။

တကယ်လို့ "ချစ်တာပေါ့" ပြန်ဖြေရင်တော့ ဆေးခန်းပြပါ... ကလေးတွေကိုတော့မဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ်ပြရတော့မှာပါ။ (စတာနော် 🙄)

ဒါပေမဲ့ သူတို့လေးတွေလည်း အပြုအမူတွေနဲ့ ချစ်တဲ့အကြောင်း ပြန်ဖော်ပြတဲ့အချိန်ရှိပါတယ်။ သူတို့လေးတွေက သခင်ကိုချစ်ပြီဆိုရင်…

🐶 ဝုတို့က တိဖေဖေမေမေတို့ဘာလုပ်လုပ်စိတ်ဝင်စားတဲ့အမူအရာနဲ့ လိုက်ကြည့်တယ်... မကြာခဏ အကြည့်ချင်းဆုံဖို့ ကြိုးစားတယ်။ပြောစကားနားထောင်တယ်။

🐶 သူအကြိုက်ဆုံးပစ္စည်းတွေကို ဖေဖေမေမေတို့ကိုသာပေးထိပြီး တစ်ခါတလေ မတ်တပ်ရပ်ပြီး ဟူးမန်းတို့ခြေတောက်ကို လာမှီမယ်။

😺 မြောင်တို့ကတော့ သခင်ရှိရင် မြေပေါ်လှိမ့်ပြတယ်။ အသံပျော့ပျော့လေးနဲ့ ချွဲမယ်။ လက်ဖဝါးပေါ် လာအိပ်မယ်။ ဟူးမန်းတို့ကို နှိပ်ပေးမယ်။

😺🐶 ကလေးတွေက သူတို့မျက်နှာနဲ့ဟူးမန်းတို့ကို လိုက်ပွတ်သပ်မယ်။ အိမ်ထဲမှာ ဘယ်သွားသွား လိုက်ကပ်နေမယ်။
အချိန်နည်းနည်းလောက်ခွဲရရုံနဲ့တင် အတော်လေးလွမ်းနေတတ်ပြီး ပြန်လာတဲ့အခါ ဝုတို့ကအမြှီးကိုရမ်းပြလိမ့်မယ်။ မြောင်တို့ကတော့ အသံအကျယ်ကြီးနဲ့အော်ပြီးအကြာကြီးထားခဲ့လို့ ဟူးမန်းတို့ကိုဆူမှာပါ။

ဒီလိုအချက်ကလေးတွေအပြင် ကိုယ်အနားယူနေရင် ခြေရင်းနားမှာလာအိပ်တာ၊ လှဲအိပ်ရင် သူတို့ဝမ်းဗိုက်ကိုပြထားတာမျိုးတွေ လုပ်ပြီဆိုရင်လည်း စိတ်ချလိုက်ပါတော့ မြောင်တို့ဝုတို့က ဟူးမန်းကိုအရမ်းချစ်ပါတယ်တဲ့။ 💕

ဟူးမန်းတို့အိမ်က ကလေးတွေရဲ့ Love Language ကရော ဘယ်လိုမျိုးလဲ?
Comment မှာ အမှတ်တရအနေနဲ့ ပြောပြပေးသွားပါဦးနော်… 🤗


#အကောင်းဆုံးတိဆေးခန်း
#ယုံကြည်စိတ်ချရတဲ့ဆေးခန်း


𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)

📱 09450593999
📱 09450594999

အလုပ်အရမ်းများတဲ့ တိဖေဖေမေမေတို့အနေနဲ့ အိမ်ကအချစ်တော်လေးတွေကို ဂရုစိုက်ဖို့ အရင်လိုမခက်ခဲတော့ဘူးနော် 😺🐶မြောင်တို့ဝုတို့ဆ...
12/07/2025

အလုပ်အရမ်းများတဲ့ တိဖေဖေမေမေတို့အနေနဲ့ အိမ်ကအချစ်တော်လေးတွေကို ဂရုစိုက်ဖို့ အရင်လိုမခက်ခဲတော့ဘူးနော် 😺🐶

မြောင်တို့ဝုတို့ဆိုတာ ရောဂါကင်းဖို့ရာသီအလိုက်ပြုစုစောင့်ရှောက်မှုပုံစံတွေပြောင်းရပြီး သူတို့လေးတွေ ကျန်းမာရေးပြဿနာရှိ၊ မရှိကိုလည်း အမြဲစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ဒီနေ့ခေတ်လူနေမှုပုံစံကိုက အလုပ်အရမ်းများလို့ တိဖေဖေမေမေတို့အနေနဲ့ ကလေးတွေအတွက် အချိန်အမြဲပေးနိုင်ဖို့ဆိုတာ မလွယ်ကူဘူးလေ။ 🥺

ဒီလိုအခက်အခဲမျိုးရှိနေရင် တိလေးတွေအမြဲကျန်းမာနေဖို့ 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ရဲ့တာဝန်သာ ထားလိုက်နော်
တိဖေဖေမေမေတို့တာဝန်ကတော့ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ပဲ။ 💕

ခေတ်မီစက်ကိရိယာတွေရှိတဲ့ 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 က ကလေးတွေရဲ့ဆေးစစ်ချက်တွေကို အမြဲတိကျသေချာစွာ အဖြေထုတ်ပြီး ထိရောက်စွာကုသပေးလို့ ကလေးတွေကျန်းမာရေးအတွက် အချိန်ပေးပြီး အသေးစိတ်ဂရုမစိုက်နိုင်တဲ့ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားစေမှာပါ တိဖေဖေမေမေတို့ရေ...

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 မှာဆိုရင် တိလေးတွေကိုတကယ်ချစ်မြတ်နိုးတဲ့ဆရာဝန်တွေကိုယ်တိုင် ဆေးခန်းထိုင်ပြီး သူတို့လေးတွေလိုအပ်တဲ့ဆေးဝါး၊ အရည်အသွေးမြင့် အစာတွေအပြင် ကလေးတွေအကြိုက်ကစားစရာတွေကိုပါ တစ်နေရာတည်းမှာအကုန်အစုံရရှိနိုင်ပါတယ်။ 🤗

ဆေးခန်းမလာခင် သိချင်တာ၊ တိုင်ပင်ချင်တာရှိရင်လည်း Page Chatbox မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်... 🙆🏼‍♀️


#ယုံကြည်စိတ်ချရတဲ့ဆေးခန်း


𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)

📱 09450593999
📱 09450594999

ဒီတစ်ခေါက် 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ကိုရောက်လာတဲ့ Case လေးကတော့ ကလေးဆက်မမွေးနိုင်တော့လို့ပါ။ပိုင်ရှင်မဲ့မြောင်မလေးက ကလေးဆက်မမွေးန...
10/07/2025

ဒီတစ်ခေါက် 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ကိုရောက်လာတဲ့ Case လေးကတော့ ကလေးဆက်မမွေးနိုင်တော့လို့ပါ။

ပိုင်ရှင်မဲ့မြောင်မလေးက ကလေးဆက်မမွေးနိုင်တော့တဲ့အခြေအနေမလို့ လိုအပ်တာတွေစစ်ဆေးပြီး Xray ရိုက်ကြည့်ခဲ့ပါတယ်။ Muscle ပေါက်ပြဲဒဏ်ရာနဲ့ အူရောသားအိမ်ရော Muscle အပြင်ကိုထွက်နေပြီမလို့ အရေးပေါ် Operation လုပ်ပေးခဲ့ပါတယ်။

မြောင်မလေးကို 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 က ဆရာဝန်တွေကအောင်မြင်စွာခွဲပေးနိုင်ခဲ့ပေမဲ့ ကလေးတစ်ယောက်ကတော့ အထဲမှာ ပုပ်နေပါပြီ။

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 မှာဆိုရင် ခေတ်မှီစမ်းသပ်ကိရိယာအစုံအလင်ရှိပြီး ဆေးခန်းမလာခင် ကလေးရဲ့လက္ခဏာတွေအကြောင်းကို Page Chatbox ကနေတဆင့် ကျွမ်းကျင်တိဆရာဝန်တွေကိုယ်တိုင် ကြိုတင်ဆွေးနွေးပေးပါတယ်နော်

Page Chatbox ကိုဆက်သွယ်ပြီးလည်း Appointment ယူနိုင်ပါတယ်ရှင့် 💙



#ယုံကြည်စိတ်ချရတဲ့ဆေးခန်း

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)
📱 09450593999
📱 09450594999

မနက်ခင်းလေးက မျက်လုံးမဖွင့်ခင်သူတို့လေးတွေလာနှိုးတာနဲ့ အစပြုတယ်လေ။ နိုးတိုင်းလည်း အစာခွက်ထဲကို အစာဖြည့်ပြီးသားပဲ။ 🫡တစ်နေ...
08/07/2025

မနက်ခင်းလေးက မျက်လုံးမဖွင့်ခင်သူတို့လေးတွေလာနှိုးတာနဲ့ အစပြုတယ်လေ။ နိုးတိုင်းလည်း အစာခွက်ထဲကို အစာဖြည့်ပြီးသားပဲ။ 🫡

တစ်နေ့တာမှာ လုပ်စရာတွေဘယ်လောက်များများ ဟူးမန်းကို ပင်ပန်းမှုတွေနဲ့အထီးကျန်မှုတွေ ပျောက်စေတဲ့ခန္ဓာကိုယ်လေးကို ပွေ့ဖက်ဖို့လည်းမမေ့ဖူးဘူး...

အပြင်ထွက်ချင်လို့ မြောင်တို့ဝုတို့ရဲ့လက်သေးသေးလေးတွေနဲ့ လာကုတ်ခြစ်တိုင်း "ငါ့ကလေးလေး" ဆိုတဲ့စိတ်ကလည်း တသိမ့်သိမ့်ကြည်နူးရတာပဲနော်

ပြောစကားနားမထောင်လို့ အမြဲဆူနေရတာကတော့ ​ချွင်းချက်ပေါ့။ 🤫

တိဖေဖေမေမေတို့အိမ်က ကလေးတွေရော ကိုယ့်ရဲ့တစ်နေ့တာကို ကိုယ်မသိလိုက်ခင်မှာတင် ဘယ်လောက်တောင်စိုးမိုးထားပြီလဲ?

Comment မှာ ကလေးတွေနဲ့ကိုယ့်ရဲ့တစ်နေ့တာအကြောင်းတွေ ပြောခဲ့ကြပါဦး... 💬


#ယုံကြည်စိတ်ချရတဲ့ဆေးခန်း

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)

📱 09450593999
📱 09450594999

မြောင်လေးတွေအတွက် စိတ်ချရတဲ့ခွဲစိတ်မှုလည်း လုပ်ပေးချင်တယ်…စရိတ်လည်း သက်သာချင်တယ်ဆိုရင် 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ရဲ့ 50% လျှော့ပေး...
06/07/2025

မြောင်လေးတွေအတွက် စိတ်ချရတဲ့ခွဲစိတ်မှုလည်း လုပ်ပေးချင်တယ်…
စရိတ်လည်း သက်သာချင်တယ်ဆိုရင် 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ရဲ့ 50% လျှော့ပေးမယ့် အစီအစဥ်လေးနဲ့ သားအိမ်ထုတ်ပေးတဲ့အစီအစဥ်လေး ရှိတယ်နော် 😍

ပိုင်ရှင်ရှိတဲ့မြောင်မလေးတွေအပြင် လိုအပ်တဲ့ခွဲစိတ်မှုမရရှိနိုင်ဖြစ်နေတဲ့ ပိုင်ရှင်မဲ့မြောင်မလေးတွေအတွက်ပါ တိချစ်သူတွေကိုယ်စားရည်ရွယ်ပြီး 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 က ပြုလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်ရှင့်

ဇူလှိုင်-သြဂုတ်စ် (၂) လတိတိ မြောင်မလေးတွေအတွက် အထူးသီးသန့်ဖြစ်ပြီး ခွဲစိတ်ကုသမှုတစ်ခုလုံးရဲ့ ကုန်ကျစရိတ်တစ်ဝက်တိတိကို ကင်းလွတ်ခွင့်ရမှာပါ။ 🐈

ဆေးခန်းဖုန်းနံပါတ်ဆက်သွယ်ပြီး အသေးစိတ်စုံစမ်းစာရင်းသွင်းနိုင်ပါတယ်ရှင့်
📱 09450593999
📱 09450594999



#ယုံကြည်စိတ်ချရတဲ့ဆေးခန်း


𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)

05/07/2025

Accident တခုကြောင့် ကျောမှာအပေါက်ကြီးဖြစ်နေတာကို ချုပ်ပေးလိုက်တဲ့ Case လေးပါ။

ကလေးနာမည်ကတော့ Yellow ပါ။ 💛
အသက်ကတော့ တစ်နှစ်ရှိပါပြီရှင့်
အနာကိုပြန်ချုပ်ပြီး နေ့စဥ် ဆေးထိုးပြီး အနာကိုသန့်ရှင်းပေးရပါတယ်။
အနာကိုပြန်မလျက်မိစေဖို့ ကော်လာတတ်ထားပေးပါတယ်။

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 မှာ ကျွမ်းကျင်ကြင်နာတဲ့ တိဆရာဝန်တွေကိုယ်တိုင် အချစ်တွေအပြည့်နဲ့ ကုသစောင့်ရှောက်ပေးနေလို့ သားသားမီးမီးတွေကျန်းမာရေးအတွက် တစ်ခုခုဆို ယုံကြည်စိတ်ချရတဲ့ဆေးခန်း 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ကိုသာ လာခဲ့လိုက်ပါ တိဖေဖေမေမေတို့ရေ… 🤗



#ယုံကြည်စိတ်ချရတဲ့ဆေးခန်း

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)
📱 09450593999
📱 09450594999

03/07/2025

ဒီတစ်ခေါက် 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ကို Snow လေး ရောက်လာတာကတော့ သားအိမ်ထုတ်ဖို့ပါရှင့် 🐈

Snow လေးကို လိုအပ်တာတွေစစ်ဆေးပြီး Operation လုပ်ပေးခဲ့ပါတယ်။
ခွဲစိတ်ထားတဲ့ နေရာကို နေ့စဥ် စစ်ပေးပြီး ဆေးထိုးပေးတာလေးကိုမှတ်တမ်းလေးပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ရှင့်

အခုဆိုကလေးက အစားလည်းပုံမှန်စားပြီး ချွှဲစိန်လေးဖြစ်နေပါပြီရှင့် 💕

ကလေးတွေအတွက် ယုံကြည်စိတ်ချရတဲ့ ဆေးခန်းရှာနေရင်တော့ အထွေထွေကျန်းမာရေးပြဿနာတွေကို တိုင်ပင်ဆွေးနွေးအဖြေရှာပေးပြီး အချစ်တွေအပြည့်နဲ့ အမြဲစောင့်ရှောက်ကုသပေးနေတဲ့ 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ရှိပါတယ် မြောင်ချစ်သူတို့ရေ…

ဆေးခန်းမလာခင် သိချင်တာ၊ တိုင်ပင်ချင်တာရှိရင်လည်း Page Chatbox သို့မဟုတ် 09450594999 Viber ကိုဆက်သွယ်ပြီး အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင့် 🙆‍♀️


#ယုံကြည်စိတ်ချရတဲ့ဆေးခန်း


𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)
📱 09450593999
📱 09450594999

အာဝုလေးတွေ သွားရည်ကျတာတော့ တိဖေဖေမေမေတိုင်း မြင်ဖူးကြမှာပေါ့နော် 🐕အာဝုလေးတွေသွားရည်ကျတာက ပုံမှန်ဖြစ်ရိုးဖြစ်စဥ်ကြောင့်ဆိ...
02/07/2025

အာဝုလေးတွေ သွားရည်ကျတာတော့ တိဖေဖေမေမေတိုင်း မြင်ဖူးကြမှာပေါ့နော် 🐕

အာဝုလေးတွေသွားရည်ကျတာက ပုံမှန်ဖြစ်ရိုးဖြစ်စဥ်ကြောင့်ဆို ကိစ္စမရှိပေမဲ့ မူမမှန်တဲ့အချက်ပြလက္ခဏာမျိုးဆိုရင်တော့ စိုးရိမ်ရပါတယ်။ 🥺
ဒါကြောင့် အိမ်ကအာဝုလေးတွေသွားရည်ယိုတာ ရိုးရိုးလား၊ မူမမှန်တဲ့တစ်ခုခုကြောင့်လားဆိုတာ ဂရုတစိုက်ခွဲခြားတတ်ဖို့ 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 က မျှဝေပေးသွားပါမယ်ရှင့်

◻️ ပုံမှန် အစာစားခံနီးအချိန်၊ အစာစားနေစဥ်အတွင်းတွေမှာ အစာချေဖို့သွားရည်ထုတ်ပါတယ်။ အပူလွန်ပြီး မောပန်းနေချိန်မှာတော့ သူတို့လေးတွေရဲ့ ခန္ဓာကိုယ်ထဲကအပူတွေထုတ်ချင်လို့ သွားရည်ထုတ်တာပါ။ ဆော့ဖို့အတွေးရောက်ပြီး သူတို့ချစ်တဲ့သူကိုမြင်လို့ စိတ်လှုပ်ရှားရင်လည်း သွားရည်ထွက်ပါတယ်။

◻️ တချို့ကလေးတွေက သွားရည်အများကြီးထုတ်တတ်တဲ့ မျိုးရိုးဗီဇကြောင့်ပါ။ မျိုးဆက်အမွေကိုလက်ဆင့်ကမ်းတယ် ဆိုပါတော့…

◼️ ပုံမှန်အချက်တွေနဲ့ မတိုက်ဆိုင်ပဲ သွားရည်ကျရင် သွားဖုံးရောင်တာ၊ သွားပိုးစားထားတာနဲ့ အခြားခံတွင်းပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ မစားသင့်တာ တစ်ခုခုစားမိလို့ အဆိပ်ဖြစ်လာရင်လည်း သွားရည်တွေအများကြီးအများကြီးထုတ်ပြီး အဆိပ်ဖြေတတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ ဆေးခန်းချက်ချင်းပြဖို့ လိုပါတယ်နော်

◼️ လည်ပင်းမှာ တစ်ခုခုပိတ်ဆို့နေရင်လည်း သွားရည်အများကြီးထုတ်ပြီး နောက်ဆက်တွဲလက္ခဏာတွေက အစားနှေး၊ အစာမျိုရခက်ပြီး ထုံထိုင်းနေပါလိမ့်မယ်။ သူတို့ရဲ့အာရုံကြောကြွက်သားနေရာတစ်ခုခုမှာ ထုံကျင်နေရင်လည်း သွားရည်
အများကြီးကျတတ်ပါတယ်။

ဒီအထဲက တချို့လက္ခဏာတွေကတော့ ကျွမ်းကျင်တဲ့ တိဆရာဝန်ကိုယ်တိုင် စစ်ဆေးကြည့်မှ တိတိကျကျသိနိုင်မှာပါ။

ကလေးတွေကိုစိတ်ရှည်ပြီး ခေတ်မှီစမ်းသပ်ကိရိယာအစုံအလင်ရှိတဲ့ဆေးခန်းကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ 🧑🏼‍⚕️👩🏼‍⚕️‼️

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 မှာဆိုရင် ခေတ်မှီစမ်းသပ်ကိရိယာအစုံအလင်ရှိပြီး ဆေးခန်းမလာခင် ကလေးရဲ့လက္ခဏာတွေအကြောင်းကို Page Chatbox ကနေတဆင့် ကျွမ်းကျင်တိဆရာဝန်တွေကိုယ်တိုင် ကြိုတင်ဆွေးနွေးပေးပါတယ်နော်


#ယုံကြည်စိတ်ချရတဲ့ဆေးခန်း
#ဘာလို့သွားရည်ကျ

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)

📱 09450593999
📱 09450594999

ဇွန်လအတွင်း 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ကို အလည်လာခဲ့တဲ့ သားသားမီးမီးလေးတွေရဲ့ ချစ်စရာပုံရိပ်လေးတွေကို တိဖေဖေမေမေတို့ အမှတ်တရကြည့်နိ...
01/07/2025

ဇွန်လအတွင်း 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 ကို အလည်လာခဲ့တဲ့ သားသားမီးမီးလေးတွေရဲ့ ချစ်စရာပုံရိပ်လေးတွေကို တိဖေဖေမေမေတို့ အမှတ်တရကြည့်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့် 😍

အခုလိုမျိုး ယုံယုံကြည်ကြည်နဲ့ ဆေးခန်းကိုရောက်လာကြတဲ့ တိဖေဖေမေမေတို့အားလုံးကိုလည်း 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 မှ ကျေးဇူးအထူးတင်ရှိပါတယ်။

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 မှာ တိလေးတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ အစားအစာနဲ့ အသုံးအဆောင်တွေ၊ ဟိုတယ်ဝန်ဆောင်မှုတွေကိုပါ စုံစုံလင်လင်ရရှိနိုင်တာမို့ တိလေးတွေအတွက် တစ်ခုခုလိုအပ်ပြီဆို Pet Care Center ကိုသာ လာခဲ့လိုက်နော် 🤗

ကလေးတွေနဲ့ပက်သက်ပြီး တိုင်ပင်ချင်တာ လိုအပ်တာတွေရှိရင်လည်း Page ChatBox ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်…



#ယုံကြည်စိတ်ချရတဲ့ဆေးခန်း

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)

📱 09450593999
📱 09450594999

တိဖေဖေမေမေတို့အိမ်မှာ အာဝုမွေးထားတယ်ဆို သူတို့လေးတွေရဲ့သွားရည်နဲ့  ထိတွေ့မိမှာပါ။ 🐶💦ချစ်တော့လည်း သူတို့တွေကိုယ့်မျက်နှာက...
30/06/2025

တိဖေဖေမေမေတို့အိမ်မှာ အာဝုမွေးထားတယ်ဆို သူတို့လေးတွေရဲ့သွားရည်နဲ့ ထိတွေ့မိမှာပါ။ 🐶💦

ချစ်တော့လည်း သူတို့တွေကိုယ့်မျက်နှာကို၊ လက်ကိုလာနမ်းတာ၊ ခြေတောက်နဲ့လက်ချောင်းတွေကို မကိုက်ဘဲငုံထားတာတွေကို ခွင့်ပြုထားတတ်ကြပါတယ်။

ပထမတော့ သွားရည်နဲ့ထိပြီးရင် မနေတတ်ဖြစ်ပြီး ဆေးကြောပေမဲ့ နောက်ပိုင်းကြာတော့ သွားရည်နဲ့ထိလည်း ဘာမှမဖြစ်သလိုပဲ နေနေမိသွားရော…
ဒီလိုနေတာက သူတို့လေးတွေရဲ့သွားရည်မှာ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ အူလမ်း​ကြောင်းကနေရောက်လာတဲ့ ကပ်ပါးပိုးတွေအများကြီးသယ်ဆောင်ထားနိုင်တယ်ဆိုတာကို မသိသေးလို့ဖြစ်ပါလိမ့်မယ် တိဖေဖေမေမေတို့ရေ..

အဲ့ဒီပိုးတွေကနေတစ်ဆင့် လူတွေကို ခွေးရူးပြန်
ရောဂါ၊ သန်စွဲရောဂါ၊ Leptospirosis အပြင် Lyme လိုမှတ်ဉာဏ်၊ အာရုံကြော၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ကြွက်သား၊ နှလုံးတွေကိုထိခိုက်စေတဲ့အထိ ပြင်းထန်ဆိုးရွားတဲ့အဖျားဝေဒနာတွေပါ ကူးစက်ခံစားရစေနိုင်တာမို့ မပေါ့ဆဘဲ အထူးသတိထားသင့်ပါတယ်နော် ‼️

ဒီလိုပြောလို့ အိမ်မှာအာဝုလေးတွေ မမွေးသင့်ဘူးလို့ ဆိုလိုတာ လုံးဝမဟုတ်ပါဘူးရှင့် 🙅🏼‍♀️

သူတို့လေးတွေရဲ့ သွားရည်နဲ့ထိတွေ့ပြီးရင် ဆပ်ပြာနဲ့ချက်ချင်းဆေးကြောတာ...
ကိုယ့်မှာ ပြတ်ရှရာ ဒါမှမဟုတ် အရေပြားပွန်းပဲ့တဲ့နေရာရှိမယ်ဆိုရင် သွားရည်လာမထိအောင် သတိထားတာမျိုးဆိုရင် ရပါတယ်နော်
ကိုယ်တိုင်လည်း ကိုယ်ခံအားကောင်းနေဖို့ လိုအပ်ပါသေးတယ်။

ဒီထက်စိတ်အချရဆုံးဖြစ်ချင်ရင်တော့ ဟူးမန်းရော ကလေးတွေကိုပါ ကာကွယ်ဆေးထိုးနှံထားတာ အကောင်းဆုံးပါပဲ။ 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 မှာဆိုရင် ဝုတို့အတွက် အရည်အသွေးအကောင်းဆုံး ကာကွယ်ဆေးတွေအစုံအလင်ရှိပါတယ်။ 💉

ဆေးထိုးနှံပေးမဲ့ တိဆရာဝန်တွေကလည်း တိလေးတွေကိုတကယ်ချစ်ပြီး စိတ်ရှည်ကြင်နာတာမို့ ဆေးခန်းလာမယ်ဆိုရင် Page Chatbox ကနေ တစ်ဆင့် Appointment ယူထားလိုက်တော့နော်...🙆🏼‍♀️



#ယုံကြည်စိတ်ချရတဲ့ဆေးခန်း


𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)

📱 09450593999
📱 09450594999

အိမ်ကတိလေးတွေ တဖြည်းဖြည်းအသက်ကြီးလာပြီလား?🥺မြောင်တို့အာဝုတို့ကို ထာဝရငယ်ရွယ်စေချင်တာ တိဖေဖေမေမေတိုင်းရဲ့ဆန္ဒဆိုပေမဲ့ တကယ...
29/06/2025

အိမ်ကတိလေးတွေ တဖြည်းဖြည်းအသက်ကြီးလာပြီလား?🥺

မြောင်တို့အာဝုတို့ကို ထာဝရငယ်ရွယ်စေချင်တာ တိဖေဖေမေမေတိုင်းရဲ့ဆန္ဒဆိုပေမဲ့ တကယ်တမ်း အိုမင်းလာတဲ့အခါ သားသားမီးမီးတွေကို အရင်ကထက်ပိုဂရုစိုက်ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိပါဘူး။

ဝမ်းနည်းစရာကောင်းတယ်ဆိုပေမဲ့ သူတို့ရဲ့သက်ကြီးပိုင်းကာလမှာ ကျန်းမာရေးကိုပိုပြီး ဂရုစိုက်ပေးနိုင်ဖို့ အာရုံစိုက်ရအောင်နော်...‼️

အသက်အရွယ်အရ သူတို့လေးတွေရဲ့ အမြင်အာရုံနဲ့အကြားအာရုံတွေ အရင်လိုမကောင်းတော့တာကြောင့် အလွယ်တကူထိခိုက်မိနိုင်သလို ကြွက်သားတွေလည်း မကြံ့ခိုင်တော့ဘဲ အရိုးအဆစ်ရောင်ရမ်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဟိုးအရင်က ဒဏ်အဟောင်းတွေလည်း ပြန်ခံစားရတတ်ပါတယ်။

အိပ်ချိန်ပြောင်းလဲပြီး အစာစားချင်စိတ်လည်း လျော့နည်းသွားတဲ့ သက်ကြီးချိန်မှာ သူတို့လေးတွေရဲ့သွားပြဿနာကို ဂရုမစိုက်ပေးရင် အစာစားဖို့ခက်ပြီး အာဟာရပြတ်ဖို့ ကိုယ်အလေးချိန်ကျဖို့ ပိုလွယ်သွားပါလိမ့်မယ်။

ဒါ့အပြင် မှတ်ဉာဏ်ကျဆင်းလာတာကြောင့် အရင်ကလုပ်နေကျ အလေ့အကျင့်တွေကို သတိလက်လွတ်ဖြစ်လာတတ်လို့ အရင်ကထက်ပိိုစိတ်ရှည်ပြီး ပိုဂရုစိုက်ပေးပါ။ အရေပြားနဲ့ အမွှေးတွေမွဲခြောက်တာက အသည်း၊ ကျောက်ကပ်နဲ့ နှလုံးတစ်ခုခုမှာ ထိခိုက်နေပြီဆိုတဲ့လက္ခဏာမို့ ခန္ဓာကိုယ်ပေါ်က အပြောင်းအလဲတွေကိုလည်း မျက်​ခြေမပျက်ပါစေနဲ့နော်

အကောင်းဆုံးကတော့ ဆေးခန်းမှာ ပုံမှန်ကျန်းမာရေးစစ်ဆေးပြီး ကျွမ်းကျင်တဲ့တိဆရာဝန်တွေဆီက တိကျတဲ့ညွှန်ကြားကုသမှုကို ခံယူတာအကောင်းဆုံးပါပဲ။ 🩺

ဆေးခန်းပြမယ်ဆိုရင် အသက်ကြီးလာတဲ့ တိဘိုးဘွားလေးတွေက စိုးရိမ်စိတ်ကြီးတတ်တာနဲ့ စိတ်ရှုပ်တတ်တာကိုလည်း ထည့်စဥ်းစားရမှာမို့ 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 လို ကလေးတွေအပေါ်ကြင်နာစိတ်ရှည်ပြီး တိချစ်သူတွေချည်းရှိနေတဲ့ ယုံကြည်စိတ်ချရတဲ့ဆေးခန်းကို ရွေးချယ်ပါ​နော်👩🏼‍⚕️🧑🏼‍⚕️

တိဖေဖေမေမေတို့ရဲ့ Good Review များစွာရရှိထားတဲ့ 𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 က အချစ်တွေအပြည့်နဲ့ကုသပေးမှာမို့ ဆေးခန်းမလာခင် သိချင်တာ၊ တိုင်ပင်ချင်တာရှိရင်လည်း Page Chatbox မှာ လာရောက်မေးမြန်းထားနိုင်ပါတယ်ရှင့်... 🙆🏼‍♀️


#ယုံကြည်စိတ်ချရတဲ့ဆေးခန်း
#အသက်ကြီးတဲ့တိလေးတွေ

𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)

📱 09450593999
📱 09450594999

Address

Myaungmya

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959450593999

Website

Alerts

Be the first to know and let us send you an email when Pet Care Center-Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category