Kankaw Phyu Vet Clinic

Kankaw Phyu Vet Clinic ညောင်တပင်လမ်းနှင့်ကမ်းနားလမ်းထောင့်အနီး၊
ဘုရားကြီးရပ်ကွက်၊မုံရွာမြို့။

May လ အတွက် ဆေးခန်းထိုင်ချိန် ပြောင်းလဲခြင်း*********************************************ညောင်တပင်လမ်းရှိ ကံကော်ဖြူ  တိရ...
06/05/2024

May လ အတွက် ဆေးခန်းထိုင်ချိန် ပြောင်းလဲခြင်း
*********************************************
ညောင်တပင်လမ်းရှိ
ကံကော်ဖြူ တိရစ္ဆာန် ဆေးကုခန်း ကို May လအတွင်း
မနက် =8:00-9:30
ညနေ = 2:00 -6:30 ပြောင်းလဲ ဖွင့်သွားပါမယ်ရှင့်

(ညောင်တပင်လမ်း မှာ Dr.ဖူးပွင့် တစ်ယောက်တည်း
ထိုင်တော့တာမို့ အခြေအနေအရ တစ်လတစ်ခါ
ဆေးခန်းဖွင့်ချိန်လေးတွေ ပြောင်းလဲရတာ
နားလည်ပေးကြပါနော်)

သာစည်လမ်းက
Paws & Soulတိရစ္ဆာန်ဆေးကုခန်းမှာ May လအတွင်း
Dr.မေသူ = မနက် 8:00 - 11:00
Dr.ဖူးပွင့် = မနက် 10:00- နေ့လည် 1:00
Dr.ရွှေစင် = ညနေ 3:00 - 5:30
အချိန်ခွဲ ပြီး ထိုင်ပါမယ်။

** ဆေးခန်းနှစ်ခု အပြောင်းအလဲမှာ အဆင်မပြေမှုများ
ရှိခဲ့ရင် ကြိုတောင်းပန်ပါတယ်နော်။ 😔😔😔😔

Pet Food & Accessories တွေကတော့
ဆေးခန်း နှစ်ခုလုံး မှာ မနက်8:00 ကနေ ညနေ6:30အတွင်း အချိန်မရွေး လာရောက်
ဝယ်ယူနိုင်ပါတယ်ရှင့်

ညောင်တပင်လမ်း = 09-966690862
09-950227212
သာစည်လမ်း = 09-944417707
09-797337707
ဖုန်းတွေကို ဆက်ပြီး လှမ်းမေးလို့လည်းရပါတယ်ရှင့်။

27/04/2024

ကာကွယ်ဆေးရက်ချိန်းနောက်ဆုတ်ထားသူများ
ဆေး ရောက်ပါပြီရှင့်။
လာထိုးလို့ရပါပြီနော်

အပူချိန်ကတော့ 46°C ထိ တက်နိုင်တယ်ဆိုတော့လူတွေရော၊ ခွေး၊ကြောင်လေးတွေရောသေချာ ဂရုစိုက်ကြပါ။ Heat Stroke အပူရှပ်ခြင်း အန္တရ...
26/04/2024

အပူချိန်ကတော့ 46°C ထိ တက်နိုင်တယ်ဆိုတော့
လူတွေရော၊ ခွေး၊ကြောင်လေးတွေရော
သေချာ ဂရုစိုက်ကြပါ။

Heat Stroke အပူရှပ်ခြင်း အန္တရာယ် မှ ကာကွယ်ရန်

🚨 မလိုအပ်ဘဲ နေပူထဲ အပြင်မထွက်ပါနဲ့။
👉 လေဝင်လေထွက်ကောင်းပြီး
အရိပ်ရ အေးတဲ့နေရာမှာ ထားပေးပါ။
🚨 အပြင်ခေါ်သွားပြီး ကားထဲအလုံပိတ်ထားခဲ့တာမျိုး
မလုပ်ရပါဘူး။
👉 ဓာတ်ဆားထုပ်လေးတွေ ဆောင်ထားပြီး
🚨 နေ့လည်ခင်းဆို အစာမကျွေးဘဲ
👉 ဓာတ်ဆားရေ တို့၊ ကြက်ပေါင်းရည်တို့တိုက်ပေးပါ
❤ အဆာပြေ snack မုန့်လေးတွေ၊ရာသီပေါ်အသီးအနှံ
ဖရဲသီး၊သင်္ဘောသီး တို့ ကျွေးလို့ ရပါတယ် ။
👉မနက်စောစောနဲ့နေဝင်ပြီးအချိန်တွေမှာအစာကျွေးပါ။
🚨 ရေခွက်တွေကို ရေ ခဏခဏ အသစ်လဲပေးပါ။
ရေလဲတဲ့အချိန်တိုင်း ခွက်ကိုသန့်ရှင်းရေး လုပ်ပေးပါ ။
🚨 အပြင်းအထန် ဆော့ကစားတာ၊ နေပူရှိန်မကျခင် လမ်းလျှောက်ထွက်တာမျိုး မလုပ်ရပါဘူး။
🚨အထူးသဖြင့် နှာတိုအမျိုးအစား (ပီကင်း ၊ Pug၊ Bulldog စတဲ့ခွေးလေးတွေ နဲ့ ပါရှန် ကြောင်လေးတွေ)
👉 အသက်ကြီးတဲ့ကလေးတွေ၊ အဝလွန်တဲ့ကလေးတွေ
👉ရောဂါအခံရှိတဲ့ကလေးတွေ၊ရက်သားအရွယ်ကလေးတွေ အထူးဂရုစိုက် စောင့်ကြည့်ပေးရပါမယ်။

အပူလျှပ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင်း အပူချိန်မြင့်တက်လာခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှအပူချိန်ထက် ပြင်ပအပူချိန်မြင့်တက်နေသောအခါ ခန္ဓာကိုယ်မှ အပူများကိုပြင်ပသို့ထုတ်လွှတ်နိုင်မှုကျဆင်းလာတဲ့အခါ Heat Stroke ဖြစ်ပွားလေ့ရှိပါတယ်

"Heat Stroke ဖြစ်နေပြီဟုသိနိုင်သောလက္ခဏာများ"

- ပါးစပ်ဟ၍လျှာထုတ်ပြီး အသက်ရှူခြင်း
- သွားရည်များကျခြင်း
- ခန္ဓာကိုယ် အရမ်းပူနေခြင်း
- ခန္ဓာကိုယ်တွင်အနီစက်များထွက်လာခြင်း
- အန်ခြင်း၊ ၀မ်းသွားခြင်း
- အားအင်ကုန်ခမ်းမောပန်းခြင်း
- သွားဖုံးများနီရဲခြောက်နေခြင်း
- သတိလစ်မေ့မြောခြင်း
- လမ်းလျှောက်လျှင် ဟန်ချက်မညီဖြစ်ခြင်း
- တက်ခြင်း

"Heat Stroke ဖြစ်လာလျှင် လုပ်ဆောင်သင့်သည့်အချက်များ"

- အရိပ်ရ၍အေးမြသောနေရာတွင်ထားရပါမယ်။
-သန့်ရှင်းအေးမြသောရေ(or)ဓာတ်ဆားရည် တိုက်ပေးရပါမယ်။
-ခြေဖဝါး၊လက်ဖဝါးကို အရက်ပြန်စွပ်ပေးတာ၊
- ပေါင်ကြား၊လက်ကြား ၊ခေါင်းပေါ် တို့ကို ရေစိုအဝတ်နဲ့ ကပ်ပေးပြီး ခန္ဓာကိုယ် အနှံ့ ရေပတ်တိုက်ပေးတာ
- ခြေလက်တွေ အရင်ရေလောင်းပြီးမှ အေးတဲ့ရေနဲ့ ချိုးပေးတာမျိုး လုပ်ပေးလို့ရပါတယ်။
( မလိုအပ်ဘဲ ရေခဲ မသုံးတာ ပိုကောင်းပါတယ်)
-102-103°F ထိ ပြန်ကျလျှင် ရေပတ်တိုက်တာ
ရပ်လို့ရပါပြီ
-အပူချိန်ကျသွားသော်လည်းအန္တရာယ်ရှိနိုင်သဖြင့် တိရစ္ဆာန်ဆေးကုဆရာ၀န်ဆီသို့အမြန်ဆုံးသွားရောက်ရမည်။

- ဒီဂျစ်တယ် သာမိုမီတာလေးတွေ ဝယ်ထားပြီး စအိုထဲကို သာမိုမီတာထည့် မကြာခဏ တိုင်းကြည့်ပေးပါ။
ကိုယ်အပူချိန် 104°F ဆို ဖျားတဲ့အဆင့် ရောက်နေပြီး
106°F ဆို အပူချိန်လွန်ကဲခြင်း (Heat Stroke )
ဖြစ်နေပါပြီ။ ပုံမှန်ကိုယ်အပူချိန်က 100- 102°Fပါ။

*** နွေရာသီ ရဲ့ အပူဒဏ်နဲ့ ကပ်ဘေးဆိုး အန္တရာယ် ကို
ဘေးကင်းလုံခြုံကျန်းမာစွာ ကျော်ဖြတ်နိုင်ကြပါစေ****

ဆရာမဖူးပွင့် ပြန်ရောက်ပါပြီရှင့်နေပူရှိန်များလွန်းတာကြောင့် ညောင်တပင်လမ်း ရှိ ကံကော်ဖြူ တိရစ္ဆာန် ဆေးကုခန်း ရဲ့ဆေးခန်းဖွ...
25/04/2024

ဆရာမဖူးပွင့် ပြန်ရောက်ပါပြီရှင့်
နေပူရှိန်များလွန်းတာကြောင့်
ညောင်တပင်လမ်း ရှိ
ကံကော်ဖြူ တိရစ္ဆာန် ဆေးကုခန်း ရဲ့
ဆေးခန်းဖွင့်ချိန်ကို
မနက် 7:30-10:30
ညနေ 5:30-6:30
ပြောင်းလဲ ဖွင့်သွားပါမယ်ရှင့်။
ကာကွယ်ဆေးထိုးဖို့ရက်ချိန်းထားသူများ
(5 in 1) korea ငါးမျိုးစပ်က
လကုန်ပြီး (1.5.2024) မှ ရောက်မှာမို့
ရက်ချိန်းပြောင်း ထိုးပေးဖို့ requestပါရစေရှင့်။

07/04/2024

သကြန်ပိတ်ရက်
မနက်ဖြန် (8.4.2024) မှ (24.4.2024) ထိ
ဆေးခန်းပိတ်ပါတယ်ရှင့်

📢 ချစ်ရတဲ့ Patient Ownerများရှင့်အခု March လအတွင်းမှာ ဆေးခန်းထိုင်ချိန်တွေ နဲ့ဆေးခန်းမှာရတဲ့ ဝန်ဆောင်မှုတွေအကြောင်း ပြော...
08/03/2024

📢 ချစ်ရတဲ့ Patient Ownerများရှင့်
အခု March လအတွင်းမှာ ဆေးခန်းထိုင်ချိန်တွေ နဲ့
ဆေးခန်းမှာရတဲ့ ဝန်ဆောင်မှုတွေအကြောင်း
ပြောပြချင်လို့ပါ 🤗🤗🤗🤗

ဆရာမDr.ဖူးပွင့်က
#ညောင်တပင်လမ်းဆေးခန်း မှာ
မနက် 9:00 - နေ့လည် 12နာရီ
ညနေ 5:30 - 6:30 ထိ ရှိပါတယ် နော်
#သာစည်လမ်းဆေးခန်းမှာ
နေ့လည် 1နာရီ ကနေ ညနေ 5နာရီထိထိုင်ပေးတာမို့
ညောင်တပင်လမ်း ဆေးခန်းက နေ့လည်ပိတ်ပါတယ်ရှင့်

ဆရာDr.မေသူနဲ့ ဆရာမDr.ရွှေစင်က
#သာစည်လမ်းဆေးခန်း မှာပဲ
မနက် 8:30 - နေ့လည် 12 ထိ ရှိပါတယ်
နေ့လည် ပိုင်းမှာ #အိမ်အရောက်ကုသမှုတွေ သွားပြီး
ညနေ 4:00 - 6:00 နာရီထိ
ဆရာမ မေသူ ဆက်ထိုင်ပေးပါတယ်

ဆရာDr.မြတ်နိုးကတော့
ဆေးခန်းအသစ်ထပ်ဖွင့်ဖို့ စီစဥ်နေပြီး
အခုလောလောဆယ်
ညောင်တပင်လမ်း နဲ့ သာစည်လမ်း ဆေးခန်းက
#ခွဲစိတ်ကုသမှု တွေကို ကူညီပေးနေရင်း
#အိမ်အရောက်ဆေးကုသမှု ကို အဓိက လုပ်ပါတယ်ရှင့်

ဝန်ဆောင်မှုအတွက်
☎ 09-959523635 မှာ
စျေးနှုန်း Packageလေးတွေနဲ့ Booking အတွက်
စုံစမ်းလို့ရပါတယ်ရှင့်

လည်း ထားလို့ ရပါပြီရှင့်

& က #သာစည်လမ်းဆေးခန်း မှာပဲ ရှိပါတယ် ရှင့်

& တွေက သာစည်လမ်းဆေးခန်းရော ၊ ညောင်တပင်လမ်း ဆေးခန်းရော
နှစ်ခုလုံး မှာ ဝယ်လို့ရပါတယ်ရှင့်

❤ ကံကော်ဖြူ ကို ချစ်ခင်ယုံကြည်ပြီး ဆိုင်အသစ် ဆိုင်းဘုတ်မတပ်ရသေးခင်မှာတောင် လာရောက် ဆေးကုသကြတဲ့ အတွက်ရော 😍
မပြည့်စုံ မပြီးသေးခင်မှာတောင် ထပ်တိုး ဝန်ဆောင်မှုတွေဖြစ်တဲ့ Spa နဲ့ Pet Hotel ကို ယုံယုံကြည်ကြည်နဲ့ လာရောက် အပ်နှံ အားပေးကြတဲ့အတွက်ရော
ကျေးဇူးအများကြီးတင်ပါတယ် ရှင့် 😍😍😍😍

🤗 ပိုကောင်းတဲ့ ဝန်ဆောင်မှု တွေ ရရှိအောင် ဆက်ပြီး
ကြိုးစားပေးမှာမို့ အများကြီး ချစ်ခင်ယုံကြည်ပြီး အားပေးကြပါဦးနော် 😍😘

 #အမွှေးရှင်းဘရပ်🤗 ဒါလေးကတော့ ကပ်ခွာ အမွှေးရှင်း roller လေးလိုပဲ အကျီ၊ဆိုဖာ၊မွေ့ရာတွေမှာကပ်နေတဲ့အမွှေးတွေကို အလွယ်တကူ ဖယ...
25/02/2024

#အမွှေးရှင်းဘရပ်

🤗 ဒါလေးကတော့ ကပ်ခွာ အမွှေးရှင်း roller လေးလိုပဲ အကျီ၊ဆိုဖာ၊မွေ့ရာတွေမှာကပ်နေတဲ့အမွှေးတွေကို အလွယ်တကူ ဖယ်ရှားပေးနိုင်တဲ့ ဘရပ်လေးပါ။

🤗 ကပ်ခွာတွေလို ကုန်သွားရင် အသစ်ပြန်ထည့်ပေးစရာမလိုဘဲ အလွယ်တကူ အမွှေးတွေဖယ် သန့်ရှင်းရေး လုပ်ပြီး ပြန်သုံးလို့ရတော့ ကုန်ကျစရိတ် လည်း သက်သာသလို အချိန်မရွေး အိတ်ထဲဆောင်ထားပြီး သုံးလို့ရပါတယ် ။

🤗 ဒီလို ခွေး၊ကြောင်လေးတွေ အမွှေးကျွတ်တာများတဲ့ရာသီမှာ မရှိမဖြစ် ဆောင်ထားရမှာမို့ မြန်မြန်လာဝယ်လိုက်တော့နော်

လာရောက်ဝယ်ယူလိုပါက 👇👇👇👇👇👇

🏥 ကံကော်ဖြူတိရစ္ဆာန်ဆေးကုခန်း

🏠 ဆိုင်(1)
👉 ညောင်တပင်လမ်းနှင့်ကမ်းနားလမ်းထောင့်အနီး၊ဘုရားကြီးရပ်ကွက်၊မုံရွာမြို့။
☎ 09966690862

🏠 ဆိုင် (2)
👉 သာစည်လမ်းမကြီးပေါ် ၊ အမှတ်(2)လမ်းထိပ်၊ ရတနာပုံရပ်ကွက် ၊ မုံရွာမြို့။
☎ 09971019278

နယ်ဝေး/မြို့တွင်း အိမ်အရောက် ဝန်ဆောင်မှုအတွက် delivery နှင့် အပ်ပေးပါတယ်ရှင်။

 #အမွှေးရှင်းRoller🤗 ဒီလို အမွှေးကျွတ်တတ်တဲ့ရာသီမှာ ခွေး/ကြောင်ချစ်တဲ့သူတိုင်း ကြုံတွေ့ရတာက အကျီ၊မွေ့ရာ၊ ဆိုဖာ၊ထိုင်ခုံတ...
25/02/2024

#အမွှေးရှင်းRoller

🤗 ဒီလို အမွှေးကျွတ်တတ်တဲ့ရာသီမှာ ခွေး/ကြောင်ချစ်တဲ့သူတိုင်း ကြုံတွေ့ရတာက အကျီ၊မွေ့ရာ၊ ဆိုဖာ၊ထိုင်ခုံတွေမှာ ခွေး/ကြောင်အမွှေးတွေကပ်နေတဲ့ ဒုက္ခပါပဲ။ ဒီလိုခွေး/ကြောင်အမွှေးတွေဟာ သန့်ရှင်းရေးလုပ်ရခက်သလို ကပ်နေတာတွေခွာဖို့အချိန်လည်းအရမ်းကုန်ပါတယ်။

🤗 ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းပေးဖို့ အမွှေးရှင်း rollar လေး လာပါပီရှင်။ သုံးရတာလည်းအရမ်းလွယ်သလို ကပ်ခွာလေးမို့ ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်တာမို့ သုံးဖူးသူတိုင်းလက်စွဲပါနော်။

လာရောက်ဝယ်ယူလိုပါက 👇🏻👇🏻👇🏻👇🏻👇🏻

🏥 ကံကော်ဖြူတိရစ္ဆာန်ဆေးကုခန်း

🏠 ဆိုင်(1)
👉🏻 ​​ညောင်တပင်လမ်းနှင့်ကမ်းနားလမ်းထောင့်အနီး၊ဘုရားကြီးရပ်ကွက်၊မုံရွာမြို့။
📞 09966690862

🏠 ဆိုင် (2)
👉 သာစည်လမ်းမကြီးပေါ် ၊ အမှတ်(2)လမ်းထိပ်၊ ရတနာပုံရပ်ကွက် ၊ မုံရွာမြို့။
☎ 09971019278

နယ်ဝေး/မြို့တွင်း အိမ်အရောက် ဝန်ဆောင်မှုအတွက် delivery နှင့် အပ်ပေးပါတယ်ရှင်။

❤💞😍 Happy Valentine Day 😍💞❤👉 ဟူးမန်း ဖီဖီတို့၊မီမီတို့ကချောကလက်မစားရသေးရင် 🏥 ကံကော်ဖြူမှာစျေးလာဝယ်❌ ခွေး၊ကြောင်လေးတွေကို...
14/02/2024

❤💞😍 Happy Valentine Day 😍💞❤
👉 ဟူးမန်း ဖီဖီတို့၊မီမီတို့ကချောကလက်မစားရသေးရင်
🏥 ကံကော်ဖြူမှာစျေးလာဝယ်
❌ ခွေး၊ကြောင်လေးတွေကိုတော့ ချောကလက်နဲ့
မတည့်လို့ လုံးဝ မကျွေးရပါဘူးနော်❌
💞အာဝုတို့၊ပူစီတို့ အရမ်းကြိုက်တဲ့ Creamyလေးတွေ၊ Snack အသားချောင်းတွေသာ လာဝယ်ကျွေးပြီး လက်ဆောင်ယူလိုက်နော်

❤ Valentine day ဆိုတာ ချစ်သူနှစ်ဦးအတွက် သာ မဟုတ်ဘဲ ကိုယ်ချစ်တဲ့သူတွေအတွက် ချိုမြိန်တဲ့ အမှတ်တရလေးတွေ ပေးရတဲ့နေ့မို့ ကံကော်ဖြူမှာ ကလေးတို့အတွက် ချစ်ခြင်းမေတ္တာကို ပြသတဲ့ လက်ဆောင်လေးတွေ လာဝယ်ပေးလိုက်နော်

❤ စျေးလာဝယ်တဲ့ ချစ်သော customer များအတွက်က ချောကလက် လေးတွေ အမှတ်တရ ဝေပေးမှာ ဖြစ်သလို ခွေး၊ကြောင်လေးတွေက ချောကလက်နဲ့ ဓာတ်မတည့်တဲ့အတွက် ဆေးခန်းလာပြတဲ့ အာဝုတို့အတွက် အသားချောင်းလေးတွေနဲ့ ပူစီလေးတွေအတွက်က Creamy ချောင်းတွေ ကျွေးပေးမှာပါရှင့် 😍

လာရောက်ဝယ်ယူလိုပါက 👇👇👇👇
🏥 #ကံကော်ဖြူတိရစ္ဆာန်ဆေးကုခန်း
🏡 & Shop
🛤ညောင်တပင်လမ်းနှင့်ကမ်းနားလမ်းထောင့်အနီး၊
ဘုရားကြီးရပ်ကွက်၊ #မုံရွာမြို့။
☎09-259604595 📞09-966690862
နယ်​ဝေး/ အိမ်အရောက် ဝယ်ယူလိုပါက delivery service နဲ့ချိတ်ပေးပါတယ်ရှင့်။

ခြံထဲ သူခိုးဝင်လို့ ခွေးကို-က်လျှင်/လူသေ လျှင် ...သိမှတ်ဖွယ်ရာ ခြံစောင့်ခွေး ဥပဒေ***********************************ခွေး...
11/02/2024

ခြံထဲ သူခိုးဝင်လို့ ခွေးကို-က်လျှင်/လူသေ လျှင် ...
သိမှတ်ဖွယ်ရာ ခြံစောင့်ခွေး ဥပဒေ
***********************************
ခွေးဆိုတာဟောင်တတ်တဲ့မျိုး .. သူ့ဘက်က ခွေးအား စ တာဖြစ်စေ / မစ တာဖြစ်စေ / ဟောင်တာကို တားပါလို့ ဥပဒေမရှိပါဘူး ..

( အဲ့ ) သူ စ လို့ဖြစ်စေ မစဘဲနဲ့ဖြစ်စေ ခွေးက ခြံဝန်းပြင်ပ အများပိုင်လမ်းပေါ်မှာ လိုက်ကို-က်ရင်တော့ ပြဿနာရှင်းရပါမယ်..

ကာကွယ်ဆေးထိုးထားတာဖြစ်စေ မထိုးထားတာဖြစ်စေ ရာဇသတ်ပုဒ်မ ‌၂၈၉ ( တိရိစ္ဆာန်နှင့်ပတ်သက်လို့ပေါ့လျောမှု့ ) အရ တရားစွဲခံရမှာဖြစ်ပြီး ဆေးဖိုးလျော်ပေးရမယ့်အပြင် တရားမနစ်နာကြေးပါပေးရပါလိမ့်မယ်..
အဆင်မပြေရင် ၆ လထိထောင်ဒဏ် ( သို့ ) ဒဏ်ငွေ ( သို့ ) ပြစ်ဒဏ်နှစ်ရပ်ပေါင်းကျခံရနိုင်ပါတယ်..

ဒီလိုမှ မဟုတ်ဘဲ ..

ခွေးဟာ ကာလတ-န်ကြေ-း ၁၀၀၀၀ အထက်တ-န်မယ် ( သို့ ) တ-န်ကြေးရှိကြောင်း သက်သေပြနိုင်မယ်ဆိုပါတော့ ..

ခွေး သူ့ဘာသာ ခြံထဲနေတာကို အသားလွတ် ခဲနဲ့ပစ်မယ် / ဓာ းနဲ့ခု-တ်မယ်လုပ်လို့ ခွေးသေသွားရင် ( သို့ ) ကျိုးကန်း သွားရင် တဖက်လူကို ရာဇသတ်ပုဒ်မ ၄၂၈ ( တိရိစ္ဆာန်အကျိုးဖျက်ဆီးမှု ) နဲ့ တရားစွဲနိုင်ပီး ၁ နှစ်ထိထောင်ဒဏ် ( သို့ ) ငွေဒဏ် ( သို့ ) ပြစ်ဒဏ်နှစ်ရပ်ပေါင်း ကျခံရနိုင်ပါတယ် ...

ကို-က်တဲ့ နေရာ၊ကို-က်တဲ့ အချိန် ?

အများပိုင်လမ်းပေါ်တွေ ထွက်ကို-က်ရင် ပိုင်ရှင်
တရားဥပဒေနဲ့ ရင်ဆိုင်ရပါမယ် (ငွေဒဏ်၊ထောင်ဒဏ်
သို့မဟုတ် ၂ရပ်လုံး )
ညအချိန်မတော် သူများခြံထဲ ဝင်ခိုးလို့
ခွေးကို-က်လို့ သူခိုး ‌ေ သခဲ့ရင် ပိုင်ရှင် တာဝန်မရှိပါ

(ဟိုဘက်နှစ်တုန်းက ခြံစောင့်ခွေးကို-က်လို့
ခြံထဲ ဝင်လာတဲ့ သူခိုး ‌ေ သမှု/‌ေ သခင်းဖြစ်တော့
ကျွန်တော်လည်း စိတ်ဝင်စားပြီး ဥပဒေနားလည်တဲ့
ဆရာများကို မေးကြည့်မိ၊မှတ်ထားမိတာလေးတွေ
ဝေမျှပေးခြင်းပါ)

ခွေးမှတ်ပုံတင် ပြုလုပ်လိုပါက
ကာကွယ်ဆေးမှတ်တမ်းနှင့်တကွ
မြို့နယ်အလိုက် စည်ပင်သာယာရေးရုံးတွေမှာ
ပြုလုပ်လို့ ရပါတယ်
တစ်ကောင်လျှင် ၅ထော-င်ခန့်သာ ကုန်ပါသည်

ဥပဒေ ရေးရာ Page မှ ကူးယူဖော်ပြပါသည်။

09/02/2024

Hello 😍😘
ချစ်တဲ့ Customer တွေ အတွက်
Suprise လေး ပြင်ဆင်နေလို့
ပျက်ကွက်နေမိတာ Sorry ပါရှင့်
ပစ္စည်း အသစ်တွေနဲ့အတူ
ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေအတွက်
ချစ်တဲ့ Customer တွေ နဲ့ အနီးဆုံးကို
အရောက်လာခဲ့ပါမယ်နော်
Suprise လေးက ဘာများပါလိမ့် ခန့်မှန်းကြည့်ရအောင်
အဖြေမှန်တဲ့ ပထမဆုံး customer (3)ဦးကို
ဖုန်းဘေလ် (3000) ကျပ်ဆီ ဖြည့်ပေးပါမယ်ရှင့် 😍😍

Dog restrainingခွေးနှုတ်သီးကို ထိန်းချုပ်နည်း❤ ခွေးလေးတွေကို အရေးပေါ် ကယ်ဆယ်ဖို့ / ထိန်းချုပ်ဖို့ လိုအပ်နေတဲ့အချိန်မျိုး...
15/01/2024

Dog restraining
ခွေးနှုတ်သီးကို ထိန်းချုပ်နည်း

❤ ခွေးလေးတွေကို အရေးပေါ် ကယ်ဆယ်ဖို့ /
ထိန်းချုပ်ဖို့ လိုအပ်နေတဲ့အချိန်မျိုးမှာ သူတို့အတွက်
သင့်တော်တဲ့ နှုတ်သီးစွပ် မရှိခဲ့ရင် အဝတ်ကြိုးစ /
ကြိုးစ တစ်ခု ကို သုံးပြီး ဒီလိုနည်းလမ်းနဲ့ ထိန်းချုပ်
ခေါ်ဆောင်လို့ရပါတယ်

❤ ဒီပို့စ်လေးက တိချစ်သူတွေအတွက် လိုအပ်မယ်
ထင်ရင် တခြားသူတွေ သိအောင်လည်း မျှဝေ
ပေးလိုက်ပါဦးနော်

🏥 #ကံကော်ဖြူတိရစ္ဆာန်ဆေးကုခန်း
🏡 & Shop
🛤ညောင်တပင်လမ်းနှင့်ကမ်းနားလမ်းထောင့်အနီး၊
ဘုရားကြီးရပ်ကွက်၊ #မုံရွာမြို့။
☎09-259604595 📞09-966690862

Address

Nyaung Ta Pin Street
Monywa

Opening Hours

Monday 08:30 - 10:30
15:30 - 18:30
Tuesday 08:30 - 10:30
15:30 - 18:30
Wednesday 08:30 - 10:30
15:30 - 18:30
Thursday 08:30 - 10:30
15:30 - 18:30
Friday 08:30 - 10:30
15:30 - 18:30
Saturday 08:30 - 10:30
15:30 - 18:30
Sunday 08:30 - 10:30
15:30 - 18:30

Telephone

+959966690862

Website

Alerts

Be the first to know and let us send you an email when Kankaw Phyu Vet Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kankaw Phyu Vet Clinic:

Share

Category