Buu Thee Pet Food and Accessories

Buu Thee Pet Food and Accessories Pet foods , pet essential accessories and body care can get from our shop by good service and suitable price.

တစ်နေ့က ကျတော့ဆိုင် ဝယ်သူလာမေးတယ် မြောင်creamy 350 တန် 400တန်ရှိလားတဲ့ မရှိပါဘူးဗျာ တင်လဲ မတင်ထားပါဘူးလို့ ဘာလို့ဆိုတော့...
26/04/2026

တစ်နေ့က ကျတော့ဆိုင် ဝယ်သူလာမေးတယ် မြောင်creamy 350 တန် 400တန်ရှိလားတဲ့
မရှိပါဘူးဗျာ တင်လဲ မတင်ထားပါဘူးလို့
ဘာလို့ဆိုတော့ ဒီခေတ်ဒီကာလ packing ဈေးတောင် နှစ်ရာလောက်ဖြစ်နေချိန် အထဲကအရာပါ အပါဝင် 350ကျပ်ဆိုတော့စဉ်းစားစရာ

မည်သူ့ကိုမှ မထိခိုက်လိုပါ ဒီခေတ်ဒီကာလ စီးပွားရေးသမားဆိုတာ တစ်ကိုယ်တည်းကြည့်တာမို့
ကိုယ်ကလဲ တိအစာအကြောင်းသိတာမို့ သတိပေးလိုတာပါ
Chemical တွေပေါများနေတဲ့ကာလကြီးမှာ သတိပြုကြပါလို့ ဆေးခန်းမှာ ဆီးမသွားနိုင်တဲ့မြောင်တွေ ကျောက်ကပ်ပျက်စီးသွားတဲ့မြောင်တွေ ပေါများနေတာသတိချပ်ကြပါလို့,🥰

09965642665

26/04/2026

တစ်ခါတစ်လေဈေးမရောင်းချင်ဘူး
သူတို့နဲ့ပဲ ဆော့နေရတာပျော်တာ

ဖအေမူးလို့ သူကစိုးရိမ်နေရှာတာ 😢

09965642665

မြောင်ပိစိပေါက်စတွေကအစ တိုက်ကျွေးပေးနိုင်တဲ့သန်ချဆေး ရှိသလို သန်းအစက်ချဆေး ကုလင်းသမားတွေအတွက်လဲရှိပါပြီဗျာပူတဲ့ရာသီမို့ ...
26/04/2026

မြောင်ပိစိပေါက်စတွေကအစ တိုက်ကျွေးပေးနိုင်တဲ့သန်ချဆေး ရှိသလို သန်းအစက်ချဆေး ကုလင်းသမားတွေအတွက်လဲရှိပါပြီဗျာ

ပူတဲ့ရာသီမို့ ဆေးတိုက်တဲ့ပုံစံလေး တင်ပေးပါ့မည်ခင်ဗျာ🥰

09965642665

#ထောက်ကြန့် #နေလဆေးခန်းအနီး လမ်းသစ်လမ်း

ယခုလိုရာသီအရမ်းပူနေချိန်မှာ ထုံးစံအတိုင်း သိပြီးသားအရာတွေဖြစ်ပေမယ့် ထပ်မံသတိပေးပြောလိုပါတယ်🥰ဝုလေးတွေမြောင်လေးတွေဟာရာသီအရ...
24/04/2026

ယခုလိုရာသီအရမ်းပူနေချိန်မှာ ထုံးစံအတိုင်း သိပြီးသားအရာတွေဖြစ်ပေမယ့် ထပ်မံသတိပေးပြောလိုပါတယ်🥰

ဝုလေးတွေမြောင်လေးတွေဟာရာသီအရမ်းပူနေချိန်မှာ အစားနည်းတတ်တာပုံမှန်ပါ

အစားနည်းတဲ့ကလေးတွေအတွက် အသုံးဝင်တဲ့နည်းလမ်းလေးတွေပြောပြထားပါတယ်🥰

၁။ ရေဓာတ်ပါဝင်မှုမြင့်မားသော အစားအစာများ
​အစာစို (Wet Food): အစာခြောက်ထက် အစာစိုက ရေဓာတ် ၇၀-၈၀% ခန့် ပါဝင်တဲ့အတွက် နွေရာသီအတွက် အသင့်တော်ဆုံးပါ🥰

​ဟင်းရည်ရောကျွေးခြင်း: အစာခြောက်ကျွေးမယ်ဆိုရင် အရိုးပြုတ်ရည် (ဆား၊ ကြက်သွန်မပါသော) သို့မဟုတ် ရေအေးအေးလေးကို အစာခြောက်ထဲ နည်းနည်းထည့်ပြီး နူးအောင်စိမ်ကျွေးပါ🥰

​၂။ DIY ရေခဲမုန့် (Frozen Treats)
​ ခွေးလေးတွေအတွက် ကြက်သားပြုတ်ရည် ဒါမှမဟုတ် ပန်းသီး (အစေ့ဖယ်ထားသော) ကို ကြိတ်ပြီး ရေခဲပုံစံခွက်လေးတွေထဲမှာ ခဲထားပေးပါ🥰

​ကြောင်လေးတွေအတွက်: ငါးသေတ္တာရည် သို့မဟုတ် Tuna ငါးအနှစ်လေးတွေကို ရေခဲခွက်လေးတွေနဲ့ခဲပြီး ကျွေးနိုင်ပါတယ်(Wet food ထုတ်လေးတွေကိုရည်ညွှန်းတာပါ🥰)

၃။ အေးမြစေသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ
​ဖရဲသီး (Watermelon): အစေ့နဲ့ အခွံကို သေချာဖယ်ပြီး အသားချည်းပဲ ကျွေးပါ။ ရေဓာတ်အလွန်ကြွယ်ဝပါတယ်
​သခွားသီး (Cucumber): အေးမြစေပြီး ကယ်လိုရီနည်းတဲ့အတွက် အဆာပြေကျွေးဖို့ အလွန်ကောင်းပါတယ်
​ငှက်ပျောသီး: အေးခဲထားတဲ့ ငှက်ပျောသီးစိတ်လေးတွေကလည်း ခွေးလေးတွေအတွက် အာဟာရဖြစ်စေပါတယ်

ကျတော်ကတော့ အိမ်က သားတော်မောင်တွေကို မနက်အစောပိုင်းနဲ့ ညပိုင်း အပြင်မလွှတ်ခင် 7နာရီမှ ကျွေးပါတယ်
တစ်နေ့နှစ်ကြိမ်ပဲကျွေးပေးပြီး နေ့လည်အရမ်းပူချိန်ဆို DIY treats လေးတွေ ပုံထဲကအတိုင်းလုပ်ကျွေးပါတယ်

09965642665
#ထောက်ကြန့်မြို့ #စစ်သချိုင်း #လမ်းသစ်လမ်းမပေါ်

မှတ်မှတ်ရရ တစ်ခါက ကလေးတွေဝဲစွဲနူနာ ဖြစ်တုန်းက ကျတော်ကိုယ်တိုင် တစ်ယောက်တည်းမနိုင်လို့ အလှူခံပြီးအများသူတွေနဲ့ ပေါင်းစပ်ဆ...
22/04/2026

မှတ်မှတ်ရရ တစ်ခါက ကလေးတွေဝဲစွဲနူနာ ဖြစ်တုန်းက ကျတော်ကိုယ်တိုင် တစ်ယောက်တည်းမနိုင်လို့ အလှူခံပြီးအများသူတွေနဲ့ ပေါင်းစပ်ဆေးလှူ ခဲ့တုန်းကပေါ့

ပြောချင်တာက တစ်ချို့သောသူတွေက simparica ကိုသန်းမွှားအတွက်သီးသန့်ပဲသိကြတာမို့ပါ အမှန်တစ်ကယ်တော့ အခြားသော အပျော့စား ဝဲရောဂါတွေပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်

ခုလိုကာလကြီးမှာ ဝဲစွဲနူနာဖြစ်ဆေးခန်းမှာဆေးထိုးရင် ဆေးက အရမ်းပူတာမို့ အချို့သော ရောဂါအခြေအနေလေးတွေမှာ ဆေးခန်းလွတ် သောက်ဆေးနဲ့တင်သက်သာပျောက်ကင်းစေနိုင်ပါတယ်

Simparica က နှစ်မျိုးလာပါတယ်
ရိုးရိုး simparica နဲ့ simparica trio ဆျုပြီးပေါ့ဗျာ

Trio ကတော့ နလုံးသန်ရှိမရှိသေချာစွာစစ်ဆေးပြီးမှာသာ တိုက်ကျွေးသင့်တာပေါ့
နှလုံးသန်ဘာနဲ့စစ်မလဲ အလွယ်တကူ online shop တွေမှာ chw test kid ဝယ်ယူပြီးစစ်ဆေးနိုင်ပါကြောင်း 🥰

09965642665

ခုခေတ် မြောင်လေးတွေဂျိုးတက်တာ ဘာကြောင့်လဲဆိုတော့ အစာစိုတွေပေါများလာပြီး ‌ကျွေးတာကြောင့်မမှားပါဘူး အစာခြောက်က ဂျိုးတက်တာ ...
20/04/2026

ခုခေတ် မြောင်လေးတွေဂျိုးတက်တာ ဘာကြောင့်လဲဆိုတော့ အစာစိုတွေပေါများလာပြီး ‌ကျွေးတာကြောင့်မမှားပါဘူး အစာခြောက်က ဂျိုးတက်တာ မရှိသလောက်ပါ

ကလေးအစာမာမဝါးနိုင်လေ ဆရာတွေက အစာစိုညွှန်းလေ ပိုဂျိုးတက်လေပါ နာနေချိန်ဒါပဲသင့်တော်တာကိုး

အထိရောက်ဆုံးက မြောင်သွားတိုက်ဆေးနဲ့တိုက်ပေးဖို့ပါ
သို့ပေမယ့် အများစုစိတ်မဝင်စားကြပါဘူး

နောက်ဆုံးကျ ကလေးက နာတော့အစာမစားနိုင်ပဲ ဆေးရုံဆေးခန်းတွေရောက်တဲ့အဆင့်ထိပါပဲ

သွားလဲမတိုက်နိုင်ဘူး ဂျိုးလဲမတက်စေချင်ဘူးဆို သောက်ရေထဲမှာထည့်ပေးရတဲ့ dental ဆေးရည်ရောပေးပါ ကလေးတို့အတွက်အဆင်ပြေစေမှာပါ

ကျတော်တို့ဆီမှာက ကလေးကို dental cleaning လုပ်ပေးဖို့လဲမေ့နေကြလို့ပါ ‌အမှန်ကဈေးကြီးတယ်ထင်လို့ပါ (တစ်ကယ်လဲဈေးကြီးပါတယ် 😁)ဒါတွေပြုပြင်ပေးနိုင်ရင်အကောင်းဆုံးပါ

ကျတော်တို့တွေက ကလေးကိုလဲချစ်တယ် အမှားတွေလဲမလုပ်မိအောင်သတိပြုဆင်ခြင်နိုင်ကြပါစေ

09965642665

ဒီဆေး apoquel ကတော့အိမ်မှာမရှိမဖြစ်ကျတော်ဆောင်တဲ့ဆေးပါဗျ မျိုးမတူတာတွေပေါင်းပြီးမွေးလာတဲ့အခါ အောက်ပါပုံအသေးစိတ်အချို့လို...
20/04/2026

ဒီဆေး apoquel ကတော့အိမ်မှာမရှိမဖြစ်ကျတော်ဆောင်တဲ့ဆေးပါဗျ မျိုးမတူတာတွေပေါင်းပြီးမွေးလာတဲ့အခါ အောက်ပါပုံအသေးစိတ်အချို့လိုတွေ့ရတတ်ပါတယ်ဗျ ဒါမျိုးအခြေအနေကြုံတဲ့အခါ သောက်ဆေးတစ်ခုတည်းနဲ့တင်ဘေးထွက်ဆိုးကျိုးမရှိပျောက်ကင်းစေနိုင်တာသိပြီလားဗျာ

အစာနဲ့ဓတ်မတည့်တာ ပတ်ဝန်းကျင်နဲ့ဓတ်မတည့်တာ အိမ်သုံးပစ္စည်းတစ်ခုခုနဲ့ဓတ်မတည့်တာမျိုးဆိုရင် အိမ်မှာရှိတဲ့ဝုလေးတွေ အောက်ပါအ‌ေြခအနေတိုင်းဖြစ်တတ်ပါတယ် ဒီလိုအခြေအနေကြုံတွေ့တဲ့အခါ ကျတော်ဖော်ပြတဲ့ဆေးလေးသာတိုက်ပေးရုံပါပဲ

ဆယ်မိနစ်အတွင်း သက်သာပျောက်ကင်းစေပါတယ်

မိတ်ဆွေတို့မိသားစုဝင်တွေ ယခုလိုမျိုးကြုံတဲ့အခါ ဆေးထိုးဆေးသောက်နဲ့မပျောက်တဲ့အခါ ဒီဆေးလေးဆောင်ထားဖို့အကြံပြုပါရစေ 🥰

အိမ်မှာ Golden နဲ့ Pitbull စပ်ပေါက်ထားတဲ့ကလေး ကဒီဆေးရှိမှ အဆင်ပြေတာမို့ 🥰

ရေရှည်စွဲတိုက်လဲ ကလေးအတွက် safe ဖြစ်ပါတယ်ခင်ဗျာ🥰

09965642665
#လမ်းသစ်လမ်း #စစ်သချိုင်း #ထောက်ကြန့်မြို့

20/04/2026

အဖိုးနည်းဝန်ပါ creamy ကျွေးတဲ့ hand tool လေးပါ

လက်မဆေးချင်သူများ အငမ်းမရစားလို့ အကိုက်မခံချင်သူများ အလွယ်တကူကျွေးလို့ရပါတယ်ဒါလေးက🥰

09965642665
#ထောက်ကြန့် #လမ်းသစ်လမ်းမပေါ် #စစ်သချိုင်း #နေလဆေးခန်းအနီး

Edited  ကုန်သွားပါပြီခင်ဗျာ🙏Edited....ဆေး သုံးဘူးသာကျန်ပါတယ်ခင်ဗျာ🥰ဒီဆေးကို လိုအပ်နေတဲ့ ဝုလေးတွေမြောင်လေးတွေအတွက်လှူဒါန်...
19/04/2026

Edited ကုန်သွားပါပြီခင်ဗျာ🙏
Edited....ဆေး သုံးဘူးသာကျန်ပါတယ်ခင်ဗျာ🥰

ဒီဆေးကို လိုအပ်နေတဲ့ ဝုလေးတွေမြောင်လေးတွေအတွက်လှူဒါန်းလိုပါတယ်ခင်ဗျာ
Exp ကတော့ 7လပိုင်းဆိုကုန်မှာပါ အမှန်တစ်ကယ် အရေးပေါ်လိုအပ်နေသောကလေးများ သာယူပါခင်ဗျာ

​၁။ သွားဖုံးရောင်ခြင်း (Gingivitis in Cats)

​၂။ နှုတ်ခမ်းအနာ (Rodent Ulcer/Eosinophilic Granuloma)

၃။ ပြည်တည်နာ (Cat Abscess)

ဝုလေးမြောင်လေးတွေမှာ သွားဖုံးရောင်တာ ခံတွင်းပိုးဝင်တာ အရေပြားပြည်တည်နာ အရိုးပိုးဝင်တာတွေ တွေအတွက် အသုံးပြုနိုင်တဲ့ဆေးပါ

1kg မှာ ဆေးပမာဏ 0.44ml နှုန်း
တစ်နေ့ နှစ်ကြိမ် ခွဲတိုက်မည်ဆိုပါက 0.22ml 12 နာရီခြားတစ်နေ့နှစ်ကြိမ်ခွဲတိုက်ပါ(ခံတွင်းပြသနာ အရေပြားပြည်တည်နာ သွားဖုံးရောင်ရမ်းခြင်းများအတွက် 7ရက်မှ 10ရက်အထိ ဆေးပတ်လည်အောင်တိုက်ပါ)

လေးရက်အတွင်း ထူးခြားမှုမရှိပါက ဆေးတိုက်ခြင်းကိုရပ်ပါ

ဝုလေးတွေမှာအရိုးထိခိုက်ပြီးပိုးဝင်တာအတွက်တိုက်ကျွေးမည်ဆိုပါက 1kg/0.44 ml 12 နာရီခြားတစ်နေ့နှစ်ကြိမ် လေးပတ်အထိ တိုက်ကျွေးရပါမည်

နီးစပ်ရာဆေးခန်းတွေမှာလဲ ဆရာဝန်နဲ့ စုံစမ်းပြီးတိုက်ကျွေးပေးနိုင်ပါတယ်ဗျ🥰

ဆေးလေးဘူး လှူဒါန်းမှာပါခင်ဗျာ🙏

ထောက်ကြန့် လမ်းသစ်လမ်းမပေါ် နေလဆေးခန်းအနီး

09965642665

ဆိုင်မှာ ဂျာမက်မက် ရောက်နေပါပြီ🥰အထိမခံစိတ်ကတော်တော်ကြီး🥰ဆု ဆေးခန်း ဆရာမဆီထားပြီး ကျသင့်ငွေရှင်းတော့ သုံးသောင်းပဲတဲ့ မလုပ...
18/04/2026

ဆိုင်မှာ ဂျာမက်မက် ရောက်နေပါပြီ🥰

အထိမခံစိတ်ကတော်တော်ကြီး🥰
ဆု ဆေးခန်း ဆရာမဆီထားပြီး ကျသင့်ငွေရှင်းတော့ သုံးသောင်းပဲတဲ့
မလုပ်ပါနဲ့ဆရာမရယ် ဆိုပြီးမနည်းတောင်းပန်ပြီး ထပ်ဆောင်းကန်တော့ခဲ့ရတယ်
ခုလိုအသက်ကယ်ပြီး ကူညီခေါ်ယူပေးထားတာကို ကျေးဇူးတင်အားနာနေရတာရယ်🙏

09965642665

ကဲတာတွေလဲကဲပိပိ ဒွန့်တာတွေလဲဒွန့်ပိပိ ကောင်းမှုကုသိုလ်တွေလဲ လုပ်ပိကြပြီ ဆိုတော့ကား ကျုပ်တို့ကို ပြန်ကရုစိုက်ဖို့ စိတ်လေး...
18/04/2026

ကဲတာတွေလဲကဲပိပိ
ဒွန့်တာတွေလဲဒွန့်ပိပိ
ကောင်းမှုကုသိုလ်တွေလဲ လုပ်ပိကြပြီ ဆိုတော့ကား

ကျုပ်တို့ကို ပြန်ကရုစိုက်ဖို့ စိတ်လေးဘာလေးပြန်ကပ်ကြအူး ဟုတ်ပလား
ကျုပ်တို့ တစ်ပတ်လုံးလုံး ဆောင်းဘောက်သံတွေ ရေစိုကြမ်းပြင်တွေကြား‌မနည်းသည်းခံနေလာပေးရတာ

RC လေးဘာလေးဝယ်ကျွေး ဟုတ်ပလား😁😁😁

ကျုပ်ကို ခဏတိုင်းဓတ်ပုံလာရိုက်တာ မကြိုက်ဘူးဂျာ ဓတ်ပုံအညံ့ဆုံးဆုဆို ခင်ဗျားရမှာသေချာတေ ဘယ်နှယ့်မထော်မနမ်းအချိန်တွေ ရုပ်ဆိ...
13/04/2026

ကျုပ်ကို ခဏတိုင်းဓတ်ပုံလာရိုက်တာ မကြိုက်ဘူးဂျာ
ဓတ်ပုံအညံ့ဆုံးဆုဆို ခင်ဗျားရမှာသေချာတေ
ဘယ်နှယ့်မထော်မနမ်းအချိန်တွေ ရုပ်ဆိုးတဲ့အချိန်တွေ လာရိုက်ရတယ်လို့🥴

ကျုပ်က တည်ကြည်တယ် သန်မာတယ် ထွားကြိုင်းတယ်
မင်းသိခ် ဝတ္ထုထဲကလိုဇတ်ကောင်မျိုးသာဆို ကျုပ်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဗျ

မေ့နေရင် ပြန်ဖတ် ကျုပ်အကြောင်းဖွဲ့နွဲ့ရေးထားသလား ‌အောက်မေ့ရတေ😅😅😅

ငုံးမ လူသားတွေ သက်ြန်အခါကြီးရက်ကြီး ငါမဆဲချင်ဘူးနော်😡

ဪ ဟုတ်ကဲ့ ပါခင်ဗျ 🙏🙏

Address

Hnin Si Street, Nwe Khway Village, Htauk Kyaunt
Mingalardon Township
11021

Telephone

+959965642665

Website

Alerts

Be the first to know and let us send you an email when Buu Thee Pet Food and Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Buu Thee Pet Food and Accessories:

Share

Category