Panther , Cane Corso House

Panther , Cane Corso House Knowledges

11/06/2023

အဟောင်းလေးတွေ ... ဒီနှစ်ထဲတော့ သူတို့ကလေးတွေ မြင်ရတော့မယ်

ခွေးကလေး တွေ မွေးမြူတဲ့အခါ ပိုင်ရှင်များမှာ မိခင်ရဲ့ ပါဝင်တဲ့ နို့သီးအရေအတွက်ထက် ခွေးကလေး အရေအတွက်က များနေခြင်း ၊ ဒါမှမဟ...
28/05/2023

ခွေးကလေး တွေ မွေးမြူတဲ့အခါ ပိုင်ရှင်များမှာ မိခင်ရဲ့ ပါဝင်တဲ့ နို့သီးအရေအတွက်ထက် ခွေးကလေး အရေအတွက်က များနေခြင်း ၊ ဒါမှမဟုတ် နို့ထွက်နည်းနေခြင်း အစရှိသဖြင့် နို့နှင့်ဆိုင် သော ပြဿနာများ ကြုံတွေ့ရတတ်ပါတယ် ။ ထိုကဲ့သို့ ကြုံတွေ့ရပါက ဖြေရှင်းရန် နည်းလမ်းမှာ နို့အစားထိုးတိုက်ကျွေးခြင်းပဲ ဖြစ်ပါတယ်။

ဒီတော့ နို့များစွာရှိတဲ့အထဲက ဘယ် တိရစ္ဆာန်က ထွက်တဲ့ နို့ကို တိုက်ကျွေးကြမလဲ။ 🐮 🐐 🐑

ခွေးကလေးတွေကို နွားနို့ ၊ ဆိတ်နှင့် အခြားဘယ်နို့မဆို တိုက်လို့ရပါတယ်။ တစ်ထိုင်တည်း နို့ရည်များများ တိုက်လိုက်မယ်၊ သောက်လိုက်မယ်ဆိုရင်တော့ ခွေးငယ်လေးတွေမှာ ဝမ်းလျောခြင်း ၊ ပျို့အန်ခြင်း၊ မစင်ပျော့ခြင်း ၊ နေထိုင်ရတာ မအီမသာဖြစ်တတ်ပါတယ်။

နို့နှင့်ပတ်သက်ပြီး ခွေးငယ်လေးတွေမှာ ပြဿနာတစ်ခုရှိပါတယ်။ ဒါကတော့ နို့ကို အစာခြေရခက်ခဲခြင်းပါ။ ဆေးပညာအခေါ်အဝေါ်အရ Lactose intolerant ပါ။ လက္ခဏာတွေကတော့ ဝမ်းလျှော ၊ ဝမ်း​ပျော့ ၊ လေထ၊ အန်၊ ဗိုက်နာတာတွေ ဖြစ်တတ်ပါတယ်။

ဒီတော့ ခွေးငယ်လေးတွေမှာ Lactose intolerant ရှိတော့ နို့တိုက်လို့ မရတော့ဘူလားဆိုတော့ မဟုတ်ပါဘူး ။ နွားနို့,ဆိတ်နို့ အနည်းငယ် ၊ နည်းနည်း နဲ့ အကြိမ်ရေများများ တိုက်ကျွေးလို့ ရပါတယ်။

စဥ်းစားစရာ တခြားတစ်ခုကတော့ ခွေးမကြီး(မိခင်) ရဲ့နို့ရည်နဲ့ ဆင်တူတဲ့ နို့က ဘယ် တိရစ္ဆာန် ရဲ့ နို့ရည်ဖြစ်မလဲ ။

ဆိတ်နို့ ၊ Lactose free cow's milk တို့ ဖြစ်ပါတယ် ။ Plant based milk ဖြစ်တဲ့ soy milk, oak milk, Almond milk နှင့် rice milk တို့ကိုလည်း တိုက်ကျွေးနိုင်ပါတယ် ။ ပေါင်းခံထားတဲ့ နွားနို့ကို တိုက်ကျွေးမယ်ဆိုရင်တော့ ဝမ်းလျှောတတ်ပါတယ် ။

ဒေါက်တာ မျိုးသူရဆွေအောင်
တိရစ္ဆာန်ဆေးကု ဆရာဝန်
တဆမ ၃ ၃ ၈ ၁

China Import , Cane corso blue အထီး , အမ တစ်စုံ ဝယ်ထားလိုက်ပြီဗျာ
21/05/2023

China Import , Cane corso blue အထီး , အမ တစ်စုံ ဝယ်ထားလိုက်ပြီဗျာ

Address

Magyichaung Qtr, Magyichaung Street
Minbu

Website

Alerts

Be the first to know and let us send you an email when Panther , Cane Corso House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category