18/06/2026
လာဝယ်တဲ့ customers လေးတွေထဲမှာလေ အမေးအများဆုံးက Delina Original နဲ့ Exclusif က ဘာကွာလဲပေါ့ ဘယ်ဟာပိုကောင်းလဲပေါ့
သူတိူ့ရဲ့ notesတွေကို သေချာရှင်းပြပေးမယ်နော်💕
Delina Original
Original လေးကတော့ စစချင်း ဆွတ်လိုက်တဲ့အချိန်မှာ Lychee နံ့သင်းသင်းလေး အရင်ထွက်ပါတယ် (မင်မင်အကြိုက်ဆုံးပါ p.s exclusif ထက်ကိုကြိုက်ပါတယ်)
ပြီးရင်တော့ Rhubarb ချဉ်စူးစူးလေး (အနည်းငယ်) ထွက်ပါတယ်
အချိန်ကြာလာရင် Turkish roseနံ့လေးနဲ့ Peony,Vanilla အနံ့လေးစွဲစွဲလေးကို ကျန်ခဲ့တာ😍 တော်တော်ကိုသဘောကျတယ်
လူငယ်ဆန်ပြီးပေါ့ပါးလို့ ရုံးတက်တာ ကျောင်းသွားတာ daily wear အတွက် recommend ပေးပါတယ်
Delina exclusif
သူကတော့ ဒုတိယအနေနဲ့ပဲ ကြိုက်ပါတယ် မင်မင်ကတော့
Cream ဆန်တဲ့အနံ့လေးနဲ့ ကလေးလေးတွေကို နမ်းကြည့်လိုက်ရင်ရတဲ့ powderနံ့လေးလိုလို ကလေးကိုယ်သင်းနံ့လေးလိုမျိုးလေးမို့ ပိုပြီးတော့ sweet & pure ဆန်တယ်
Oudနဲ့ vanilla ပါပါတယ် exclusifမှာကတော့
သူက sexy,warmဖြစ်တဲ့ဘက်ပိုသွားတဲ့ အတွက် party, dinner dates , winter လိုမျိုးနဲ့ပိုသင့်တော်တယ်နော်
Long lasting လည်းပိုပြီး ဖြစ်တယ် 🥰
Gymဆော့တဲ့ အချိန်တို့ နွေရာသီတို့မှာတော့ မဆွတ်စေချင်ဘူးနော် အသက်ရှုနဲနဲကြပ်နိုင်လို့ပါရှင့်
ဒီလောက်ဆို ကိုယ်ကြိုက်တာလေးတွေကို ရွေးချယ်ပြီး စမ်းချင်ရင် 3ml ,5ml,10ml decantsလေးတွေ လာမှာလို့ရပါပြီရှင့်
အတုအပ လုံးဝ ❌မရောင်းပါ
100% authentic စစ်စစ်တွေသာ ရောင်းတာမလို့ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်နော်