09/03/2021
နွေရာသီနှင့် ခွေးကျန်းမာရေး
နွေဦးတော်လှန်ရေး ကာလမှာ လူတိုင်းသောကတွေနှင့်မို့ ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်ပြီး ဆောင်းပါးမရေးဖြစ်တာ လနှင့်ချီနေပါပြီ ။
ဒီနေ့တော့ ရာသီဥတုလည်း အတော်ပူပြင်းလာပြီမို့ ခွေးလေးတွေမှာ အဓိက ကြုံရတဲ့ ပြသနာတွေရှင်းပြပေးသွားပါမယ် ။
နွေရာသီရောက်ရင် အစားအသောက် ပျက်ပါတယ်
လူနှင့်ခွေးလေးတွေရဲ့ အဓိက ကွာခြားချက်တစ်ခုဟာ ခွေလေးတွေရဲ့ အရေပြားကို အမွှေးတွေနှင့် ဖုံးအုပ်ထားတာကြောင့်မို့လို့ သူတို့ရဲ့ ခန္ဓာကိုယ်က အပူချိန်ကို များလာတဲ့အခါ Panting respiration လို့ခေါ်တဲ့ အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ပဲအပူလျော့နည်းအောင်လုပ်ပါတယ် ။
ဒါကြောင့် နွေရာသီမှာ ပုံမှန်ထက်ပိုပြီး ခွေးလေးတွေမောနေတာ တွေ့ရပါလိမ့်မယ် ။
နှာတိုတဲ့ အမျိုးအစား ( Pug , Pekingese's , Shizu ,French bulldog ) စတဲ့ခွေးတွေဟာ အသက်ရှုလမ်းကြောင်းတိုတဲ့အတွက် ပုံမှန်ထက်မောတတ့်ါတယ် ။နွေရာသီမှာ အဝမလွန်ဖို့ဂရုစိုက်ပါ ။
အမွှေးရှည်အမျိုးအစား (Alskan , Huskey) တွေဟာလည်း နွေရာသီရောက်ရင် အမွှေးကိုပုံသွင်းပြီး တိုပေးတာမျိုးလုပ်ပေးဖို့လိုပါတယ် မဟုတ်ရင် အပူဒဏ်ကိုပိုပြီးခံစားရတတ်ပါတယ် ။
နွေရာသီရောက်ရင် အစာအဟာရအတွက် အဓိက အကြံပေးချင်တာက မနက်စာကျွေးချင်ရင် ၇ နာရီထက်နောက်မကျပဲ ကျွေးပါ ။နေ့လည်စာကို အစာဖြတ်ပြီး အေးမြတဲ့ရေကောင်းရေ့သန့်ကို တိုက်ပေးပါ ။
အပူချိန်များတဲ့အချိန်မျိုးမှာ Pet me lyte လိုမျိုး ဓာတ်ဆားထုတ်တွေတိုက်ပေးပါ ။
ညပိုင်းအတွက် အစာကျွေးမယ်ဆိုရင် ည ၉ နာရီလောက်မှ ကျွေးတာက အကောင်းဆုံးပါ ။
သန်းမွှား အန္တရာယ်
နွေရာသီမှာ နောက်ပြသနာတစ်ခုက ခွေးလေးတွေဟာ အပြင်မှာနေတာ များတဲ့အတွက်ကြောင့် သန်း မွှား တက်လာတတ်ပါတယ် ထို့နည်းအတူပဲ အမွှေးလည်း ပိုကျွတ်လာတတ်ပါတယ် ။ သန်း မွှားတွေဟာ အရေပြားရောဂါတင်မဟုတ် သွေးတွင်းကပ်ပါးရောဂါများကိုသယ်ဆောင်လာနိုင်ပါတယ် ဒါကြောင့် သန်းမွှား အန္တရာယ်က ကာကွယ်ပေးနိုင်တဲ့ ဆေးများကြိုတိုက်ပေးပါ ။
Heatstroke
ရှေ့ကပြောခဲ့အတိုင်းပဲ နှာတိုတဲ့ ခွေးလေးတွေနှင့် အမွှေးပွခွေးလေးတွေဟာ အပူလွန်တဲ့ ပြသနာတစ်နည်း Heatstroke မိတာကိုပိုခံရတတ်ပါတယ် ။
ခွေးတစ်ကောင်ရဲ့ ပုံမှန်အပူချိန်ဟာ ၁၀၁ -၁၀၂ F ဖြစ်ပါတယ် ၁၀၄ ဆိုရင် စိုးရိမ်ရတဲ့နေအထားပါ ။
Heatstoke အကြောင်းနှင့်ပက်သက်ပြီး ဆောင်းပါးကို အောက်မှာ link ထည့်ပေးထားပါတယ် ။
ရေချိုးပေးခြင်း
ခွေးလေးတွေဟာ ယေဘူယအားဖြင့် တစ်ပတ်ကိုတစ်ကြိမ်ထက်ပိုပြီး ရေမချိုးပေးသင့်ပါ ။ တစ်ပတ်တစ်ကြိမ်ထက်ပိုချိုးပေးရင် အရေပြားခြောက်သွေ့ပြီးအမွှေး ပိုကျွတ်တာ ယားနာတွေဖြစ်လာတာမျိုးရှိလာနိုင်ပါတယ် ။
အရေပြားရောဂမရှိပဲ medicated shampoo တွေမသုံးသင့်ပါ ။ ပုံမှန်တစ်ပတ်တစ်ကြိမ်ရေချိုးပေးမယ်ဆိုရင်တောင် Conditioner ပါတဲ့ shampooတွေကို ဦးစားပေးသုံးသင့်ပါတယ် ။
မြွေနှင့် အင်းဆက်
နွေရာသီရောက်ရင် မြွေတွေပိုပေါလာတဲ့အတွက် မြွေအန္တရာယ်ကိုလည်း ဂရုစိုက်ပါ ထို့အတူ ပျား၊ပိတုန်းတွေ ကိုက်တာလည်း ကြုံရနိုင်တာမို့လို့ မိမိတို့ရဲ့ အိမ်နှင့်ခြံသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ ။