24/02/2025
ကျွန်တော်တိူ့page အနေနဲ့အဓိကmainအနေနဲ့Tradeလုပ်ပေးသွားမယ့်exotic petလေးကတော့Tarantulaလေးပဲဖြစ်ပါတယ်။
အခုစပြီးtarantulaကိုမွေးမဲ့သူတွေအတွက်
Tarantula ဆိုတာ ❓❓
Tarantula တွေဟာ တောင်အမေရိက၊ မြောက်အမေရိက တောင်ပိုင်း၊ ဥရောပတောင်ပိုင်း၊ အာဖရိက၊ အာရှတောင်ပိုင်းနဲ့ သြစတြေးလျအပါအဝင် ကမ္ဘာတစ်ဝှမ်းက ပူနွေးတဲ့ဒေသတွေမှာ ရှင်သန်နေထိုင်ကြပါတယ်။ Tarantula ကို အများဆုံးတွေ့ကြတဲ့နေရာကတော့ တောင်အမေရိကမှာဖြစ်ပါတယ်။ Tarantula တွေရဲ့ တကယ့်မျိုးနွယ်အစစ်ကတော့ Theraphosidae အနွယ်ဝင်ဖြစ်ပါတယ်။ ယင်းမျိုးနွယ်ဝင်တွေဟာ အမွှေးအမျှင်ထူပြီး၊ အလွန်ကြီးမားတဲ့ပင့်ကူမျိုးစိတ် ၉၀ဝ ထဲမှာပါဝင်ပါတယ်။
“Tarantula” ဆိုတဲ့နာမည်ဟာ အီတလီက မြို့တစ်မြို့ဖြစ်တဲ့ “Taranto” ဆိုတဲ့နာမည်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
Tarantula တွေဟာ ပင့်ကူအကြီးမျိုးတွေဖြစ်တာကြောင့် အစွမ်းထက်တဲ့ အစွယ်တွေကို ပိုင်ဆိုင်ကြပြီး၊ အဆိပ်လည်းထုတ်နိုင်ပါတယ်။ ကြောက်မက်ဖွယ်အသွင်အပြင်ကြောင့် နာမည်ကြီးပေမဲ့ ပင့်ကူကိုက်လို့ လူသေတယ်ဆိုတာတော့ မကြားသိရပါဘူး။ ယေဘုယျအားဖြင့်တော့ မတူညီတဲ့ ပင့်ကူမျိုးစိတ်အမျိုးမျိုး ကိုက်ခံရတာနဲ့ပတ်သက်ပြီး အကျိုးသက်ရောက်မှုတွေကို လူတွေက ကောင်းကောင်းမသိကြပါဘူး။
မျိုးစိတ်အတော်များများရဲ့ အကိုက်ခံရမှုဟာ နကျယ်ကောင်အထိုးခံရတာထက်တော့ ပိုမဆိုးပါဘူး။ တစ်ချို့မျိုးစိတ်တွေရဲ့ အကိုက်ခံရရင်တော့ ပြင်းပြင်းထန်ထန်နာကျင်တဲ့ဝေဒနာကို ခံစားရမယ်ဆိုပြီး တင်ပြထားတာ တွေ့ရပါတယ်။ ဒီလိုဆိုရခြင်းဟာလည်း Tarantula ရဲ့အဆိပ်ထဲမှာ အခြားပရိုတိန်းဓာတ်တွေပါဝင်နေပြီး၊ လူ့ခန္ဓာကိုယ်ထဲကို အဆိပ်ထိုးသွင်းလိုက်တဲ့အခါမှာ တစ်ချို့လူတွေဟာ ဓာတ်မတည့်ဖြစ်ပြီး အဆိပ်ထက်ပိုဆိုးတဲ့ ယားယံတာမျိုးအစရှိတဲ့ ရောဂါလက္ခဏာတွေကို အပြင်းအထန်ခံစားရမှာပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာအနာတရရှိမယ်ဆိုရင် အဆိပ်ကူးစက်ခံရနိုင်တဲ့အတွက် ဘယ် tarantula မှ အကိုက်မခံရအောင်၊ ရန်မစမိအောင် သတိပြုသင့်ပါတယ်။
Tarantula တွေဟာ တစ်မူထူးခြားတဲ့ တုန့်ပြန်မှုတွေရှိတယ်လို့ ဆိုပါတယ်။ ရန်လိုတယ်လို့ သတ်မှတ်ခံရဲ့ တစ်ချို့ပင့်ကူမျိုးစိတ်ဝင်တွေဟာ လက်တွေ့မှာ မွေးဖို့လွယ်ကူပြီး၊ ရန်မမူတတ်ဘူးထင်ရတဲ့ မျိုးနွယ်တစ်ချို့ဟာတော့ တကယ်မွေးကြည့်တဲ့အခါ ရန်လိုတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့်မို့ မှတ်တမ်းတွေရဲ့ တင်ပြထားချက်အရ ပင့်ကူရဲ့ပြောင်းလဲမှုကို မအံ့သြမိဖို့ဆိုထားပါတယ်။ Tarantula တွေကို သူတို့ဘယ်ဒေသ၊ ဘယ်နေရာကလာသလဲဆိုတဲ့ မေးခွန်းအပေါ်မူတည်ပြီး New World Tarantulas နဲ့ Old World Tarantula ဆိုပြီး ခွဲခြားထားပါတယ်။
Exotic &Reptiles Trade shop