ထွန်းတောက်တိရစ္ဆာန်ဆေးကုခန်းနှင့်မွေးမြူရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Hpa-an
  • ထွန်းတောက်တိရစ္ဆာန်ဆေးကုခန်းနှင့်မွေးမြူရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း

ထွန်းတောက်တိရစ္ဆာန်ဆေးကုခန်းနှင့်မွေးမြူရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ထွန်းတောက်တိရစ္ဆာန်ဆေးကုခန်းနှင့်မွေးမြူရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း, Hpa-an.

28/07/2024

ဘားမဲတောင်ဆေးခန်းပတ်လည်ရေကြီးနေပါသောကြောင့်ဆေးခန်းပြမည့်follow up patients များရေကျော်ဆေးခန်းမှာပြလို့ရပါကြောင်းအသိပေးအပ်ပါသည်။

ဘားအံမြို့က တိလေးတွေအတွက်အခုလိုခက်ခဲနေတဲ့အချိန်ကာလမှာထွန်းတောက်ကအကောင်းဆုံးဝန်ဆောင်မှုပေးဖို့ultrasound စက်ရောက်ရှိလာပါပ...
18/02/2024

ဘားအံမြို့က တိလေးတွေအတွက်
အခုလိုခက်ခဲနေတဲ့အချိန်ကာလမှာထွန်းတောက်ကအကောင်းဆုံးဝန်ဆောင်မှုပေးဖို့ultrasound စက်ရောက်ရှိလာပါပြီ။

ကိုယ်ဝန်ရှိမရှိသော်လည်းကောင်း၊
ရောဂါရှာဖွေရန်အတွက်သော်လည်းကောင်း၊ပုံမှန်မဟုတ်ပဲ ဗိုက်ကြီးလာတာ ဗိုက်ဖောင်းလာတာဆိုရင် ultrasound ရိုက်ကြည့်လို့ရပါပြီ။သားစပ်ထားရင် တစ်လလောက်ဆို ultrasound စရိုက်လို့ရပါပြီ ။

Ultrasound ရိုက်မယ့်တိပိုင်ရှင်များ
၉ ရပ်ကွက် ရေကျော် ဗိုလ်ချုပ်လမ်းက တိဆေးခန်းမှာ နေ့လည် ၁၁နာရီမှ ၃နာရီအတွင်းကြည့်လို့ရပါပြီခင်ဗျ။

19/01/2024

ဘားအံမြို့က
တိပိုင်ရှင်များအတွက်

ထွန်းတောက် တိဆေးခန်းမှ
အထူးဝန်ဆောင်မှုအနေဖြင့်

မိမိတို့ကလေးများ
ကာကွယ်ဆေးထိုးရန်
၅ကောင်နှင့်အထက်ကို
အိမ်တိုင်ရာရောက်
အခမဲ့ ကားဖြင့်လာရောက်ခေါ်ဆောင်
ပေးမည်ဖြစ်ပါကြောင်း

ဆက်သွယ်ရန်

၀၉၄၂၅၀၁၀၆၇၈

#မှတ်ချက်

ဘားအံမြို့တွင်းသာ

🎊(14.4.23)အကျနေ့မှ(16.4.23)နေ့အထိ ထွန်းတောက် မွေးမြူရေးအစာ၊ ဆေး၊ဆေးခန်း၊ Pet Accessories နှင့် spa ဆိုင်များပိတ်ပါမည်။ ခ...
10/04/2023

🎊(14.4.23)အကျနေ့မှ(16.4.23)နေ့အထိ ထွန်းတောက် မွေးမြူရေးအစာ၊ ဆေး၊ဆေးခန်း၊ Pet Accessories နှင့် spa ဆိုင်များပိတ်ပါမည်။ ချစ်မိတ်ဆွေများ မိမိတို့တိ လေး များအတွက် လိုအပ်သည် များကြိုတင်ဝယ်ယူ ထားနိုင်ရန်အသိပေးအပ်ပါသည်။
နှစ်သစ်မှာ ကျန်းမာချမ်းသာ၍ကံကောင်းခြင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

25/03/2023

" အခမဲ့ ကုသိုလ်ဖြစ် ဆေးကုသမှု "

မနက်ဖြန် တစ်ရက်

26-3-2023 (တနင်္ဂနွေနေ့)

( ပစ္စည်းဝယ်ယူခြင်း နှင့်

ကာကွယ်ဆေးထိုးခြင်း

မပါဝင်ပါ )

နာမကျန်းဖြစ်သော

တိ ကလေးများအားလုံးကို

ရေကျော် တိဆေးခန်းနှင့်

ဘားမဲတောင်တိဆေးခန်းတို့၏

ဆေးခန်းဖွင့်ချိန်အတွင်း

အခမဲ့ ကုသိုလ်ဖြစ် ကုသပေးပါမည် ။

02/03/2023

2/3/2023 မှ 5/3/2023ထိဘားမဲတောင်ဆေးခန်းပိတ်ပါမည်။
Follow up တိလေးများရေကျော်ဆေးခန်းတွင်ပြလို့ရပါသည်။

တိလေးတွေဆေးကုသတဲ့နေရာမှာအရင်ဆုံးကရောဂါရှာဖွေတာပါ။ရောဂါကိုမှန်အောင်ရှာဖွေပြီးတဲ့နောက်မှာမှန်ကန်တဲ့ကုထုံးမှန်ကန်တဲ့ဆေးဝါး၊...
16/12/2022

တိလေးတွေဆေးကုသတဲ့နေရာမှာအရင်ဆုံးကရောဂါရှာဖွေတာပါ။ရောဂါကိုမှန်အောင်ရှာဖွေပြီးတဲ့နောက်မှာမှန်ကန်တဲ့ကုထုံးမှန်ကန်တဲ့ဆေးဝါး၊တွေဖြစ်ဖို့ကလဲလိုအပ်ပါတယ်။
ဒါကြောင့်အရင်ဆုံးရောဂါကိုအမှန်ကန်ဆုံးရှာဖွေနိုင်ဖို့ကအရေးကြီးဆုံးအချက်ပါပဲ။

မှန်ကန်တဲ့ရောဂါရှာဖွေဖို့ရာအောက်ပါအချက်တွေကအရေးကြီးဆုံးမရှိမဖြစ်ပါပဲ

၁-ကုသပေးမဲ့ဆရာဝန်ရဲ့ဆေးပညာ၊ဆေးကုသရေးအတွေ့အကြုံ၊ရောဂါဆန်းစစ်ကောက်ချက်ချဆုံးဖြတ်မှုပါ။တော်တော်အရေးကြီးပါတယ်။ဆရာဝန်ရဲ့ဆုံးချက်တချက်မှားတာနဲ့လူနာအသက်ပါနိုင်ပါတယ်။ဆရာဝန်ဟာလဲလူထဲကလူမို့အမှားရှိနိုင်ပါတယ်။သို့သော်အမှားကိုနည်းနိုင်သမျှနည်းအောင်(မရှိလေကောင်းလေ)
လုပ်ဆောင်ရမှာဖြစ်ပါတယ်။ဆရာဝန်ဆုံးဖြတ်ချက်နဲ့ရောဂါအကဲဖြတ်မှုမှန်ကန်ဖို့၊ပံ့ပိုးပေးတဲ့နောက်ထပ်၂ချက်ကလဲအရေးကြီးပါတယ်။

၂-တိပိုင်ရှင်တွေဆီကရတဲ့တိလေးတွေနဲ့ပက်သက်တဲ့သတင်းအချက်အလက်information (history taking) ဒါလည်းတော်တော်အရေးကြီးပါတယ်။တိပိုင်ရှင်တွေဟာကိုယ်မွေးတဲ့တိလေးတွေကိုဘယ်အချိန်ဘာကာကွယ်ဆေးထိုးထားတယ်၊
ဘယ်အချိန်ကသံချထားတယ်၊
ဘယ်အချိန်ကဘာရောဂါဖြစ်လို့ဆေးကုထားတယ်ဆိုတာလောက်အကြမ်းဖျဉ်းသိထားဖို့လိုပါတယ်။လက်တလောအိမ်မှာမြင်တွေ့နေရတဲ့သူတို့ရဲ့ကျန်းမာရေးအခြေအနေနဲ့အမူအကျင့်အပြောင်းအလဲတွေကိုလဲသိဖို့လိုပါတယ်။ဒီအချက်တွေဟာဆရာဝန်ရောဂါရှာဖွေတဲ့နေရာများစွာအထောက်အကူဖြစ်စေပါတယ်။

၃-ရောဂါရှာဖွေရေးစက်ပစ္စည်းကိရိယာတွေပါပဲ။ultrasound ,X-ray ဆီးဝမ်းသွေးစစ်ဆေးဖို့စက်ပစ္စည်း၊test kit ၊ဆေးဝါးအစရှိတဲ့ဓာတ်ခွဲခန်းသုံးပစ္စည်းနဲ့ခွဲစိပ်ခန်းသုံးပစ္စည်းတွေပါပဲ။ဒါတွေဟာလဲရောဂါရှာဖွေကုသရေးတွေမှာအရေးကြီးပါတယ်။

ပြီးခဲ့တဲ့ဆေးကုသတဲ့သက်တမ်းတွေမှာအပေါ်၂ချက်ကိုအားပြုပြီးတိလေးတွေကိုရောဂါရှာဖွေဆေးကုသခဲ့ရတာပါ။ဒါတောင်ဘာinformation မှမပေးနိုင်တဲ့တိပိုင်ရှင်တွေနဲ့ဆုံတဲ့အခါအပေါ်ဆုံးဆရာဝန်တဦးတည်းရဲ့ဆုံးဖြတ်ဆန်းစစ်ချက်တွေနဲ့ကုခဲ့ရတာများပါတယ်။ဆေးဝါးတွေမှာလည်းတိဆေးဝါးတွေမသွင်းကြတဲ့အတွက်လူဆေးဝါးကိုပဲအဓိကအားပြုခဲ့ရပါတယ်။ခု၁နှစ်၂နှစ်အတွင်းတိတွေနဲ့ဆိုင်တဲ့စက်ပစ္စည်းဆေးဝါးတွေဝင်ရောက်လာခဲ့ပါပြီ။

လာမယ့်၂၀၂၃မှာထွန်းတောက်တိဆေးခန်းအနေနဲ့လိုအပ်တဲ့ကုသရေးအတွက်အထောက်အကူပြုစက်ပစ္စည်းများကိုဖြည့်ဆည်းသွားဖို့၊ရောဂါရှာဖွေရေးစက်ပစ္စည်းများဝယ်ယူဖြည့်တင်းဖို့ပန်းတိုင်အဖြစ်သက်မှတ်ထားပါတယ်။

ထွန်းတောက်တိဆေးကုခန်းအနေနဲ့တိလေးတွေရဲ့ကျန်းမာရေးအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အစဉ်အမြဲကြိုးစားလျက်ရှိပါတယ်။

Ultrasound စက်မရသေးခင်မှာတိလေးတွေကိုယ်ဝန်ရှိ/မရှိစစ်လို့ရပါပြီနော်
27/11/2022

Ultrasound စက်မရသေးခင်မှာ
တိလေးတွေကိုယ်ဝန်ရှိ/မရှိစစ်လို့ရပါပြီနော်

တိလေးတွေရဲ့ပက်သက်တဲ့အချက်အလက်ရာဇဝင်မှတ်တမ်းတင်နိုင်ဖို့ရန်နဲ့နိုင်ငံခြားခေါ်သွားမဲ့တိလေးတွေအတွက်ရယ် ထွန်းတောက်တိဆေးခန်းမ...
23/11/2022

တိလေးတွေရဲ့ပက်သက်တဲ့အချက်အလက်ရာဇဝင်မှတ်တမ်းတင်နိုင်ဖို့ရန်နဲ့
နိုင်ငံခြားခေါ်သွားမဲ့တိလေးတွေအတွက်ရယ် ထွန်းတောက်တိဆေးခန်းမှာmicro chipထည့်လို့ရပါပြီနော်

တခြားကဝယ်လာတဲ့တိလေးတွေကိုလည်းmicro chipထည့်ထားတယ်ဆို
Animal Readerလေးနဲ့scan ဖတ်လို့ရပါပြီဗျ

Time to make your pet, Fantastic!

လွန်ခဲ့တဲ့၃ပတ်ကျော်ကနေမကောင်းတဲ့ခွေးလေးတကောင်ရောက်လာတယ်။ပိုင်ရှင်လင်မယားမှာကလေးမရှိဘူး။ဒီခွေးလေးကိုပဲသားသမီးလိုချစ်နေရတာ...
20/11/2022

လွန်ခဲ့တဲ့၃ပတ်ကျော်ကနေမကောင်းတဲ့ခွေးလေးတကောင်ရောက်လာတယ်။ပိုင်ရှင်လင်မယားမှာကလေးမရှိဘူး။ဒီခွေးလေးကိုပဲသားသမီးလိုချစ်နေရတာ။ခွေးကအသက်၃နှစ်။ရောက်လာချိန်မှာရောဂါလက္ခဏာပြနေတာ၂ပတ်ရှိပြီ။အကြောတွေဆွဲ၊ပတ်ပြေး၊ညဆိုအော်၊စစ်ကြည့်လိုက်တော့ခန့်မှန်းထားတဲ့အတိုင်းခွေးကျောက်ရောဂါပါ။ကာကွယ်ဆေးထိုးထားလားမေးတော့ငယ်ငယ်တုန်းကထိုးတယ်။မထိုးတာ၂နှစ်ကျော်ပြီတဲ့။ဘာလို့၁နှစ်တခါပြန်မထိုးလဲဆိုတော့အရေးမကြီးဘူးထင်တာရယ်၊အိမ်ပေါ်မှာပဲနေတာရယ်ဘယ်မှမသွားတော့ရောဂါမရနိုင်ဘူးထင်လို့ပါတဲ့။ရောဂါပိုးဆိုတာမြင်ရတာမဟုတ်တာဗျာလို့။ သားသမီးလိုချစ်ရတော့ ရင်တွေကွဲပေါ့။ဘယ်လိုမှကယ်လို့မနိုင်ခဲ့ဘူး။

ရောဂါ၅မျိုးနဲ့၆မျိုး (5in1/6in1)ကာကွယ်ဆေးတွေဟာပုံမှန်၁လခွဲသားမှာစထိုးရပြီး၃ကြိမ်ထိုးရတာပါ။တလုံးကိုဆေးခန်းတခုနဲ့တခုယူပုံမတူပဲ၁၀၀၀၀-၂၀၀၀၀ကြားရှိပါတယ်။ဆေးခန်းလာတဲ့ခွေးတွေကိုကာကွယ်ဆေးထိုးပြီးပြီလားအရင်စမေးပါတယ်။ဒါဟာအရေးကြီးလို့ပါ။တချို့ပိုင်ရှင်တွေကအရေးမကြီးဘူးထင်တာရှိသလ်ု၊တချို့ကအပြင်မသွားလို့ထိုးစရာမလိုဘူးထင်ပါတယ် တချို့ကငွေနှမြောတာပါ။ဒါပေမဲ့ဆုံးရှုံးသွားရတာ တိတွေတင်မဟုတ်ပဲမေတ္တာခံစားမှုတွေပါပါတယ်ဆိုတာတော်တော်များများကနောက်ကျမှသိကြပါတယ်။

ဒါကြောင့်ဆရာဝန်ကထိုးခိုင်းရင်တချို့ကဆရာဝန်ငွေလိုချင်လို့ထိုးခိုင်းတယ်ထင်ပါတယ်။ကျွန်တော်ကတော့ဘယ်လိုထင်ထင်ဆရာဝန်တယောက်အနေနဲ့ပြောရမယ့်တာဝန်ရှိရင်ပြောတာပါပဲ။ဆေးကုတဲ့သက်တမ်း၁၈နှစ်အတွင်းသွေးဝမ်းရောဂါ၁၀ကောင်မှာ၈ကောင်လောက်ကယ်လို့ရခဲ့ပေမဲ့ကျောက်ရောဂါကျတော့၁၀ကောင်မှာ၁ကောင်သာကယ်နိုင်ခဲ့တာပါ။virus ရောဂါတွေဟာတော်တော်ခက်ပါတယ်။

ခုတော့သွေးဝမ်းနဲ့ကျောက်ရောဂါအတွက်
ကာကွယ်ခြင်းနဲ့ကုသဖို့ဆေးတွေတဖြည်းဖြည်းပေါ်လာခဲ့ပါပြီ။

Ab injection for CPV and CDV
၁လခွဲကာကွယ်ဆေးမထိုးခင်ရောဂါမဝင်အောင်ရောဂါဒဏ်ခံနိုင်အောင်ကြိုတင်ကာကွယ်ထားလို့ရသလိုဖြစ်လာရင်လဲကုသဆေးအနေနဲ့သုံးနိုင်ပါတယ်။

မြန်မာပြည်မှာရှိကြတဲ့တိကုဆရာဝန်များဟာနိမ့်ကျတဲ့နိုင်ငံ့အခြေအနေကြားမှာဆေးဝါးစက်ပစ္စည်းမပြည့်မစုံနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားကုသနေကြတယ်ဆိုတာတိပိုင်ရှင်တွေကိုသိစေချင်ပါတယ်။

ရှေ့ဆက်ပြီးလည်းနည်းပညာသစ်တွေ၊ကုထုံးသစ်တွေ ဆေးဝါးသစ်တွေကိုရအောင်ရှာဖွေပြီးကြိုးစားကယ်တင်နေကြဦးမှာဖြစ်ပါတယ်။

ထွန်းတောက်တိရစ္ဆာန်ဆေးကုခန်းနှင့်အစာဆိုင်အား သီတင်းကျွတ်ပိတ်ရက်အဖြစ်...ရေကျော်ဆိုင်အား(၈-၁၀-၂၀၂၂)မှ(၁၀-၁၀-၂၀၂၂)ရက်နေ့အထိ...
06/10/2022

ထွန်းတောက်တိရစ္ဆာန်ဆေးကုခန်းနှင့်အစာဆိုင်အား သီတင်းကျွတ်ပိတ်ရက်အဖြစ်...

ရေကျော်ဆိုင်အား
(၈-၁၀-၂၀၂၂)မှ(၁၀-၁၀-၂၀၂၂)ရက်နေ့အထိ

ဘားမဲတောင်ဆိုင်အား
(၈-၁၀-၂၀၂၂)မှ(၁၁-၁၀-၂၀၂၂)ရက်နေ့အထိ သီတင်းကျွတ်ပိတ်ရက်အဖြစ်ခေတ္တဆိုင်ပိတ်ထားမည်ဖြစ်ကြောင်းဝယ်ယူအားပေးကြသောချစ်ရတဲ့ဈေးဝယ်သူများအားအသိပေးအပ်ပါသည်။

သီတင်းကျွတ်အခါသမယမှာ
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်းထွန်းတောက်မှဆုမွန်ကောင်းတောင်းအပ်ပါသည်။

အိန္ဒုကဈေးလာဝယ်တဲ့ကစ်ကစ်လေးဓာတ်ပုံရိုက်တဲ့ဖုန်းပဲလိုက်ကြည့်ပဲများ🥰😘
12/09/2022

အိန္ဒုကဈေးလာဝယ်တဲ့ကစ်ကစ်လေး

ဓာတ်ပုံရိုက်တဲ့ဖုန်းပဲလိုက်ကြည့်

ပဲများ🥰😘

Address

Hpa-an

Opening Hours

Monday 12:00 - 18:00
Tuesday 12:00 - 18:00
Wednesday 12:00 - 18:00
Thursday 12:00 - 18:00
Friday 12:00 - 18:00
Sunday 12:00 - 18:00

Telephone

+9595660774

Website

Alerts

Be the first to know and let us send you an email when ထွန်းတောက်တိရစ္ဆာန်ဆေးကုခန်းနှင့်မွေးမြူရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ထွန်းတောက်တိရစ္ဆာန်ဆေးကုခန်းနှင့်မွေးမြူရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း:

Share