Doberman Pinscher Club

Doberman Pinscher Club အိမ်မွေးတိရစ္ဆာန်လေးများအတွက်ဗဟုသုတမျှ​ေ၀မယ်

08/04/2024

Cute baby 💕💕💕💕💕

အဖေJJ+အမေNoNOတို့ကမွေးတဲ့ သားသားမီးမီးလေးတွေရမယ်ဗျာ။။။အထီး (၁) အမ(၃)ကာကွယ်ဆေးနှစ်ကြိမ်ထိုးပီးအမြီးသပီးပုဂံညော?09 44560 8...
26/08/2023

အဖေJJ+အမေNoNO
တို့ကမွေးတဲ့ သားသားမီးမီးလေးတွေရမယ်ဗျာ။။။

အထီး (၁) အမ(၃)
ကာကွယ်ဆေးနှစ်ကြိမ်ထိုးပီး
အမြီးသပီး

ပုဂံညော?09 44560 8216မျက်မြင်ကြည့်နိုင်သည်။နယ်ဝေးမှဝယ်ယူသူများကိုလည်း vc စိတ်ကြိုက်ကြည့်နိုင်သည်။

ကျန်းမာရေးကောင်း၊မျိုးရိုးကောင်း၊အစားသန်အဆော့သန် လုံးဝရှယ်ဆိုမှရှယ်လေးတွေ

စိတ်ဝင်စားရင် page messenger (or) 09445608216,09661161410 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Let's Train Our Doberman ( Part 5)မိတ်ဆွေတို့ရဲ့ခွေးနဲ့ အတူလမ်းလျောက်တဲ့အခါ မိတ်ဆွေတို့ရဲ့ခွေးဟာဆွဲရုန်းနေပါသလား?ဒါမှမဟု...
16/07/2023

Let's Train Our Doberman ( Part 5)

မိတ်ဆွေတို့ရဲ့ခွေးနဲ့ အတူလမ်းလျောက်တဲ့အခါ မိတ်ဆွေတို့ရဲ့ခွေးဟာဆွဲရုန်းနေပါသလား?ဒါမှမဟုတ် မိတ်ဆွေကို ပတ်ပြေးနေပါသလား?အခုပြောပြပေးမှာကတော့ လမ်းလျောက်တဲ့အခါ ဆွဲနေတာတွေ ရုန်းကန်နေတာတွေ ပတ်ပြေးနေတာတွေမဖြစ်အောင် မိတ်‌ေဆွတို့နဲ့ဘေးချင်းကပ်ပီး အတူလမ်းလျောက်အောင် ကြိုးနဲ့ဘယ်လိုကျင့်ပေးမလဲဆိုတာကို မျှဝေပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ခွေးလေးတွေကို အခြေနေအမျိုးမျိုးကြောင့် ကြိုးနဲ့ ဆွဲရတာတွေမဖြစ်မနေကြုံလာနိုင်ပါတယ်။အဲတာကြောင့် ဒီကြိုးဆွဲလေ့ကျင့်တဲ့ သင်ခန်းစာလေးကိုတော့ ခွေးလေးတွေကိုပိုင်ဆိုင်တဲ့ သူတိုင်း လေ့ကျင့်ပေးထားဖို့ ‌လိုလိမ့်မယ်လို့ထင်ပါတယ်။

စကျင့်လိုက်ရအောင်

ပထမဆုံး သင့်ခွေးအကြိုက်ဆုံးဖြစ်မဲ့ အစာလေးတော့လိုအပ်ပါမယ်။အရင်ဆုံးသင့်ခွေးကို ကြိုးတပ်လိုက်ပါ။ပီးရင်တော့ ကြိုးကိုဆွဲပီးဦးတည်ဖက်တခုတည်းကိုပဲ ခြေလှမ်းအနည်းငယ်လျောက်ပါ။သင့်ခွေးကိုတပ်ထားတဲ့ကြိုးကို သက်သောင့်သက်သာဖြစ်နိုင်မဲ့အနေအထား အတိုလေးဆွဲပါ။ကြိုးအဖျားကနေ မဆွဲပါနဲ့။ခြေလှမ်းအနည်းငယ်လျောက်လျင် သင့်ခွေးက သင့်ဘေးမှာကပ်ပါလာပါစေ။အဲလိုတစ်ကြိမ်ပီးသွားတာနဲ့ ချေးမွမ်းစကားလေးပြောပီး မုန့်လေးကြွေး ပွတ်သပ်ပေးပါ။ဂုဏ်ပြုပေးပါ။ဒီနည်းအတိုင်း အကြိမ်ကြိမ်လေ့ကျင့်ပါ။အကြိမ်ကြိမ်လေ့ကျင့်ရာမှာ ခြေလှမ်းလေးတွေပိုပိုပီးများများလျောက်ပေးပါ။ဦးတည်ဖက်မတူရာကို လျောက်ပေးပါ။အဲလိုလေးပုံမှန်ကျင့်ပေးမယ်ဆိုရင်တော့ သင့်ခွေးလေးနဲ့အတူ ညနေခင်းလေးမှာ ပျော်ပျော်ရွင်ရွင်နဲ့ လမ်းလျောက်ထွက်နိုင်ပီပဲဖြစ်ပါတယ်ခင်ဗျာ။

(မှတ်ချကိ။။ ကျနော်ကသင်တန်းဆရာမဟုတ်ပါ။မိတ်ဆွေတို့အတွက် ကို့ကလေးကို အလွယ်ကူဆုံး training ပေးနိုင်ဖို့ Google မှ training ပေးနည်းလေးတွေကို ရှာဖွေပီး မျှဝေပေးခြင်းမျှသာဖြစ်ပါတယ်။)

ဒီနေ့မျှဝေမှုလေးကတော့ ဒီလောက်ပါပဲ။နောက်နေ့တွေမှာလဲ ဒီခေါင်းစဉ်လေးနဲ့ပဲဆက်လက်မျှဝေပေးသွားဦးမှာဖြစ်လို့ မိမိရဲ့ အချစ်တော်လေးတွေကို လိမ္မာသွားတဲ့ထိ တစ်ဆင့်ချင့် လေ့ကျင့်သွားချင်တယ်ဆိုရင်တော့ တင်ပေးတဲ့အခါတိုင်းသိရအောင် Page လေးကို Like/ Follow/Shere လေးတွေလုပ်ထားဖို့တော့လိုပါမယ်။

(JJ) + No No တို့ရဲ့ မျိုးဆက်လေးတွေဖြစ်တဲ့ ရက် 20 သားလေးတွေရဲ့အခြေနေ
10/07/2023

(JJ) + No No တို့ရဲ့ မျိုးဆက်လေးတွေဖြစ်တဲ့ ရက် 20 သားလေးတွေရဲ့အခြေနေ

LET'S TRAIN OUR DOBERMAN (PART 4)Basic Obedience Training (Stay)သင်တို့ရဲ့အချစ်တော် Dobies လေး‌ဟာ( Sit)(ထိုင်) ဆိုင်တဲ့ ...
09/07/2023

LET'S TRAIN OUR DOBERMAN (PART 4)

Basic Obedience Training (Stay)

သင်တို့ရဲ့အချစ်တော် Dobies လေး‌ဟာ( Sit)(ထိုင်) ဆိုင်တဲ့ အခြေခံအမိန့်နာခံမှုလေးကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သွားပီဆိုရင်တော့ နောက်ထပ် သင်ကြားပေးရမဲ့ Training လေးကတော့ (stay)(ငြိမ်) ဆိုတဲ့သင်ကြားမှုလေးပဲဖြစ်ပါတယ်။ကဲ စပီး Train လိုက်ကြရအောင်။

ပထမဆုံးအနေနဲ့ (Stay) ဆိုတဲ့ comment လေးကို မ train ခင် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုအရင်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ဘယ်လိုအသံ၊ အရုပ် တွေနဲ့မှ မထိတွေ့မိအောင် တိတ်ဆိတ်ပီးငြိမ်သက်တဲ့နေရာကိုရွေးချယ်ပါ။အကယ်၍ တိတ်ဆိတ်မှုမရှိဘူးဆိုရင်တော့ သင့်ခွေးဟာ သင့်အပေါ် အာရုဏ်စူးစိုက်နိုင်မှာမဟုတ်ပါဘူး။

နောက်ပီး အရင်အပိုင်းကို ဖတ်ပီးသားသူဆိုရင်တော့( sit) ဆိုတဲ့ comment လေးကိုသင်ပီးနေပီလို့ထင်ပါတယ်။မဖတ်ရသေးတဲ့သူတွေလဲ မနေ့က မျှဝေပေးထားခဲ့တဲ့ (sit) ဆိုတဲ့ comment လေးကိုစသင်ပေးထားဖို့လိုပါမယ်။(sit) ဆိုတဲ့ comment လေးကိုသင်ပီးပီးဆိုရင်တော့ (stay) ဆိုတာလေးကို ဆက်လက်သင်ကြားပေးလို့ရပါပီ။

ကဲ..Stay ဆိုတာလေးစသင်လိူက်ကြရအောင်။ပထမဆုံးအနေနဲ့ (sit) ဆိုတဲ့ comment လေးပေးပီး အရင်ဆုံးထိုင်ခိုင်းပါ။ပီးရင်တော့ ချက်ချင်းပြန်မထခိုင်းသေးပဲ ၅ က္ကန့်‌ေလာက်ငြိမ်ငြိမ်‌ေန‌ေပးပါ။၅ စက္ကန့်လောက်ငြိမ်ငြိမ်နေပီးရင်တော့ အစာလေးကျွေးပီး ချီးမွမ်းစကားလေးပြောပေးပါ။အဲလိုအကြိမ်ကြိမ်လုပ်သွားပေးပါ။အကြိမ်ကြိမ်လုပ်သွားပေးရာမှာ တစ်ကြိမ်ထက်တစ်ကြိမ် ငြိမ်နေတဲ့အချိန်က ပိုပိုကြာပေးပါ။အချိန်ကြာကြာငြိမ်ထားတာ ၁၅ စက္ကန့်လောက် ငြိမ်နေနိုင်ပီဆိုရင်တော့ (Stay) ဆိုတဲ့ comment လေးစတင်သုံးလို့ရပါပီ။ပထမဆုံးအနေနဲ့ ထိုင်ခိုင်းပါ။ခဏနေရင် (stay) ဆိုတဲ့ comment ကို အမိန့်သံပါပါနဲ့ ပြောပီး ငြိမ်နေခိုင်းပါ။ပီးရင်တော့ အစာလေးကျွေးပီး ချီးမွမ်းစကားလေးပြောပေးပါ။အဲလိုအကြိမ်ကြိမ်လုပ်သွားပေးပါ။အဲလိုအကြိမ်ကြိမ်လုပ်သွားပေးပီးရင်တော့ သင်ခွေးဟာ ဒီ comment ကိုနာခံလားသိရအောင် သင်ခွေးနဲ့ နဲနဲကွာဝေးတဲ့နေရာမှာနေပါ။ပီးရင်တော့ (stay) ဆိုတဲ့ comment ကိုသုံးပီးလေ့ကျင့်ပါ။နေ့တိုင်း ပုံမှန်လေးလေ့ကျင့်ပေးသွားပါ။ဒါဆိုရင်တော့ သင့်ခွေးဟာ သင့်ရဲ့ (stay) ဆိုတဲ့ comment အောက်မှာ လုံးဝငြိမ်သက်ပီး သင့်စကားတစ်ခွန်းကိုအမြဲနာခံနေပါလိမ့်မယ်ခင်ဗျာ။။။

(မှတ်ချကိ။။ ကျနော်ကသင်တန်းဆရာမဟုတ်ပါ။မိတ်ဆွေတို့အတွက် ကို့ကလေးကို အလွယ်ကူဆုံး training ပေးနိုင်ဖို့ Google မှ training ပေးနည်းလေးတွေကို ရှာဖွေပီး မျှဝေပေးခြင်းမျှသာဖြစ်ပါတယ်။)

ဒီနေ့မျှဝေမှုလေးကတော့ ဒီလောက်ပါပဲ။နောက်နေ့တွေမှာလဲ ဒီခေါင်းစဉ်လေးနဲ့ပဲဆက်လက်မျှဝေပေးသွားဦးမှာဖြစ်လို့ မိမိရဲ့ အချစ်တော်လေးတွေကို လိမ္မာသွားတဲ့ထိ တစ်ဆင့်ချင့် လေ့ကျင့်သွားချင်တယ်ဆိုရင်တော့ တင်ပေးတဲ့အခါတိုင်းသိရအောင် Page လေးကို Like/ Follow/Shere လေးတွေလုပ်ထားဖို့တော့လိုပါမယ်။

06/07/2023

Let's Train Our Doberman (Part 3)

မနေ့ကတော့ ဒီခေါင်းစဉ်လေးနဲ့ပဲ အပိုင်း(၂) ကိုမျှဝေပေးခဲ့ပီးပါပီ။ဒီနေ့မှာတော့ အခြေခံ အမိန့်နာခံမှုလေးတွေကို ဘယ်လိုစတင်သင်ကြားကြမလဲဆိုတာလေးနဲ့ပတ်သက်ပီး ဆက်လက်မျှဝေပေးသွားပါဦးမယ်။

(မှတ်ချကိ။။ ကျနော်ကသင်တန်းဆရာမဟုတ်ပါ။မိတ်ဆွေတို့အတွက် ကို့ကလေးကို အလွယ်ကူဆုံး training ပေးနိုင်ဖို့ Google မှ training ပေးနည်းလေးတွေကို ရှာဖွေပီး မျှဝေပေးခြင်းမျှသာဖြစ်ပါတယ်။)

အခြေခံအမိန့်နာမှုတွေထဲကတစ်ခုဖြစ်တဲ့ (SIT) ထိုင် ဆိုတဲ့ အမိန့်နာခံမှုလေးကိုဘယ်လိုသင်ကြမလဲ???
ကလေးလေးတွေကို ပထမဆုံးစတင်သင်ကြားပေးသင့်တဲ့ အမိန့်နာခံမှုလေးကတော့ (sit)( ထိုင်) ဆိုတဲ့အရာလေးပဲဖြစ်ပါတယ်။

အဲတာလေးကိုသင်ကြားပေးဖို့အတွက် သူတို့အကြိုက်ဆုံးမုန့်လေးကို မိမိလက်ထဲမှာထားထားပါ။ပီးရင် သူတို့ကို အနံ့လေးရအောင် သူတို့နှာခေါင်းလေးနဲ့ ကပ်ပေးပါ။မကြွေးလိုက်ပါနဲ့။အနံ့လေးပဲပေးပါ။ပီးရင်တော့ အဲမုန့်လေးကိုကိုင်ပီး သူတို့ခေါင်းအပေါ်နားလေးမှာ ကိုင်ထားပေးပါ။ပီးရင်တော့ သင့်လက်ကို သူတို့အမြီးဘက်ကို ရွေ့သွားပေးပါ။အဲလိုလေးလုပ်ပေးလိုက်မယ်ဆိုရင် သူတို့သဘာဝအရ မုန့်လေးကို မြင်ရဖို့ သူတို့ဘာသာထိုင်သွားပါလိမ့်မယ်။အဲလိုထိုင်သွားတဲ့အချိန်မှာ သင့်ပါးစပ်ကနေ (Sit)(ထိုင်) ဆိုပီး ကြည်လင်ပြတ်သားစွာတစ်ခွန်းတည်းအမိန့်သံပါပါပြောပေးပါ။ပီးရင်တော့ တော်လိုက်တာ(or) Good job (or) Good Boy ...စသည်ဖြင့် အပြုသဘောဆောင်‌တဲ့စကားလေးတွေပြောပေးပီး ချီးမွမ်းပေးပါ။ခေါင်း(or) ဗိုက် ကလေးကိုပွတ်ပေးပါ။အဲနည်းအတိုင်း အကြိမ်ကြိမ်လုပ်ဆောင်ပေးပါ။

ဒီနေ့မျှဝေမှုလေးကတော့ ဒီလောက်ပါပဲ။နောက်နေ့တွေမှာ နောက်တစ်ဆင့်ထပ်တတ်ကြရအောင်နော်။မိမိရဲ့ အချစ်တော်လေးကို အရင်ဆုံး (Sit )(ထိုင်) ဆိုတာလေးနဲ့အရင် Train ကြည့်လိုက်ပါဦး။။။

Video -Crd

Let's Train Our Doberman(part 2)မနေ့ကပဲ ဒီခေါင်းစဉ်လေးနဲ့ အပိုင်း1 ကိုမျှဝေပေးခဲ့ပီးပါပီ။ဒီနေ့မှာ မိမိတို့ရဲ့အချစ်တော် D...
04/07/2023

Let's Train Our Doberman(part 2)

မနေ့ကပဲ ဒီခေါင်းစဉ်လေးနဲ့ အပိုင်း1 ကိုမျှဝေပေးခဲ့ပီးပါပီ။ဒီနေ့မှာ မိမိတို့ရဲ့အချစ်တော် Dobies လေးတွေကို ဘယ်လို Train ကြမလဲဆိုတာလေးနဲ့ပတ်သက်ပီး မျှဝေပေးပါမယ်။ကဲ..ကျနော်နဲ့အတူ မိမိတို့ရဲ့ အချစ်တော်လေးတွေကို အလိမ္မာတုန်းလေးတွေဖြစ်အောင် Train လိုက်ကြရအောင်။

(မှတ်ချကိ။။ ကျနော်ကသင်တန်းဆရာမဟုတ်ပါ။မိတ်ဆွေတို့အတွက် ကို့ကလေးကို အလွယ်ကူဆုံး training ပေးနိုင်ဖို့ Google မှ training ပေးနည်းလေးတွေကို ရှာဖွေပီး မျှဝေပေးခြင်းမျှသာဖြစ်ပါတယ်။)

ပထမဆုံး နံပါတ် (၁) အနေနဲ့ကတော့ အချိန်ဇယားမှန်မှန်ချမှတ်ထားပါ။Doberman တွေဟာနေ့စဉ်လုပ်ရိုးလုပ်စဉ်လေးတွေကိုကြိုက်ကြပါတယ်။တနေ့တာရဲ့ ဘယ်အချိန်မှာသူတို့ကို training ပေးဖို့အားသလဲ။အဲလိုပုံမှန်အားလောက်တဲ့အချိန်ကိုရွေးချယ်ပီး သေချာချမှတ်ပါ။ဥပမာ တနေ့တာရဲ့ မနက်စော ၆နာရီ ကနေ ၆နာရီခွဲထိ ဆို နေ့တိုင်းအဲအချိန်မှာ ပုံမှန်လေးလေ့ကျင့်ပေးပါ။ဒါဆိုရင်တော့ သူတို့ဟာ ပုံမှန်အဲအချိန်မှာဆို သင်နဲ့အတူ Training လုပ်ဖို့ ပျော်ရွင်နေပါလိမ့်မယ်။

ဒုတိယအချက်အနေနဲ့ သူတို့ကို အပြုသဘောဆောင်တဲ့ စကားလုံးလေးတွေပြောပေးပါ။အဲလိုအပြုသဘောဆောင်‌တဲ့စကားလုံးလေးတွေသုံးပေးတဲ့အခါ မိတ်ဆွေတို့ရဲ့ Dobies လေးတွေဟာလဲ မိတ်ဆွေတို့အပေါ်ကောင်းကောင်းတုံ့ပြန်မှုလေးတွေပေးပါလိမ့်မယ်။အပြုသဘောဆောင်တဲ့ စကားလုံးလေးတွေသုံးပေးခြင်း သူတို့အကြိုက်ဆုံးအစားအစာလေးတွေကျွေးခြင်းတွေက သူတို့ကို ကြိမ်းမောင်းရိုက်နှက်ပီး သင်ကြားတာထက် ပိုပီးထိရောက်ပါလိမ့်မယ်။ဥပမာ- မိတ်ဆွေလုပ်ခိုင်းတာလေးကို သူလုပ်ပေးတဲ့အချိန် သူတို့ကို မုန့်လေးကျွေးပီး တော်လိုက်တာဆိုပီး ခေါင်း (or) ဗ‌ိုက်ကလေးတွေပွတ်ပေးတာမျိုးပေါ့။

တတိယအချက်အနေနဲ့ မိမိရဲ့ Dobies လေးတွေကို ငယ်စဉ်က‌တည်းကစတင်‌သင်ကြားပေးပါ။သူတို့လေးတွေကို သူတို့ရဲ့အသက် ၆ပတ်သားမှ စပီး အိမ်မှာစတင်သင်ကြားပေးပါတော့။

စတုတ္ထအချက်ကတော့ Doberman တွေရဲ့စိတ်နေစိတ်ထားကိုနားလည်‌ထားပါ။Doberman ‌ေ‌တွဟာ သူတို့သခင်အပေါ်မှာ အရမ်းသစ္စာရှိပီး အမိန့်နာခံမှုကောင်းတဲ့ကောင်တွေဖြစ်ကြပါတယ်။သင်ဟာ သူတို့ကို သင့်ဘေးမှာခေါ်မထားလဲ သူတို့ကတော့ သင့်ဘေးကနေဘယ်ကိုမှခွာသွားမှာမဟုတ်ပါဘူး။သူတို့လေးတွေဟာ သင်တို့ရဲ့ လမ်းညွန်ချက်အတိုင်းတသွေမတိမ်းလုပ်ဆောင်ပေးမဲ့ ကောင်လေးတွေဖြစ်ကြပါတယ်။

ဒီနေ့မျှဝေမှုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာတော့ မိတို့ရဲ့အချစ်တော် Dobies လေးတွေကို အခြေခံအမိန့်နာခံမှု လေးတွေဘယ်လိုသင်ကြားပေးမရမလဲဆိုတာလေးတွေကိုဆက်လက်မျှဝေပေးသွားပါ့မယ်။ကျနော်နဲ့အတူ မိမိတို့ရဲ့ အချစ်တော်လေးတွေကို အလိမ္မာတုန်းလေးတွေဖြစ်တဲ့ထိ Train ကြဖို့ဖိတ်ခေါ်ပါရစေ။

Let's Train Our Dobermanအခုကျနော်မျှဝေပေးမှာကတော့ ကျနော်တို့ရဲ့ အချစ်တော် Dobies လေးတွေကိုလိမ္မာပီးအရမ်းချစ်ဖို့ကောင်းတဲ...
03/07/2023

Let's Train Our Doberman

အခုကျနော်မျှဝေပေးမှာကတော့ ကျနော်တို့ရဲ့ အချစ်တော် Dobies လေးတွေကိုလိမ္မာပီးအရမ်းချစ်ဖို့ကောင်းတဲ့ကလေးလေးတွေဖြစ်အောင် ကိုယ်တိုင် Training ပေးနိုင်ဖို့ Training ပေးနည်းလေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာ။အဲတာကြောင့် အခုမျှဝေပေးမဲ့နည်းလမ်းလေးတွေကိုဖတ်ပီး ကို့ရဲ့အချစ်တော် Dobies လေးတွေကို ကျနော်နဲ့အတူ Train လိုက်ကြရအောင်။။။

(မှတ်ချကိ။။ ကျနော်ကသင်တန်းဆရာမဟုတ်ပါ။မိတ်ဆွေတို့အတွက် ကို့ကလေးကို အလွယ်ကူဆုံး training ပေးနိုင်ဖို့ Google မှ training ပေးနည်းလေးတွေကို ရှာဖွေပီး မျှဝေပေးခြင်းမျှသာဖြစ်ပါတယ်။)

ကို့ရဲ့ Puppy လေးတွေကိုဘယ်အချိန်မှာစပီး Train ကြမလဲ??

ဒါကတော့ တော်တော်များများမေးကြတဲ့မေးခွန်းပါ။လူတိုင်းလဲစိတ်ဝင်စားမယ်ထင်ပါတယ်။ကို့ရဲ့ Puppy လေးတွေကိုဘယ်အသက်အရွယ်မှာစပီး Training ပေးနိုင်ပီလဲဆိုရင်တော့ သူတို့ရဲ့အသကိ 6-12 ပတ်ကြားမှာ စပီး Training ပေးလို့ရပါပီတဲ့ခင်ဗျာ။

DOBERMAN လေးတွေကရော Train လို့လွယ်သလား??
သိပ်ပီးလွယ်ကူပါတယ်။Doberman လေးတွေဟာ အရမ်း Train လို့လွယ်ကူတဲ့ ခွေးမျိုးစိတ်တွေဖြစ်ကြပါတယ်။တခုရှိတာက သူတို့ကိုစသင်ကတည်းက လူတစ်ဦးတစ်ယောက်ကပဲ သူတို့ကို သငိကြားပေးရမှာဖြစ်ပါတယ်။ဒါကတော့ သိပ်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပီး အဲလိုသင်ကြားပေးမှသာ သူတို့ရဲ့သခင်ကဘယ်သူဆိုတာနဲ့ ဘယ်သူစကားကိုနားထောင်ရမယ်ဆိုတာ ကွဲကွဲပြားပြားသိနိုင်မှာဖြစ်ပါတယ်။

အချိန်ဘယ်လောက်ကြာကြာသင်ကြားပေးရမှာလဲ??
ဒီအချက်ကတော့ မိတ်ဆွေတို့ရဲ့အချစ‌်တော် Dobies လေးတွေရဲ့စိတ်နေစိတ်ထားနဲ့ပဲ သက်ဆိုင်ပီး သူတို့ကို တနေ့မှာ အချိန် 5-15 မိနစ်အကြားသင်ကြားပေးနိုင်ပီး သူတို့ရဲ့လုပ်ဆောင်မှုအပေါ်မူတည်ပီး အချိန်ကို တိုးသင့်ရ်ုတိုး လျော့သင့်ရင်လျော့ချသွားရမှာဖြစ်ပါတယ်။

DOBERMAN လေးတွေကို Training ပေးဖို့အတွက်အကြံပြုချက် (4)ချက်

မိတ်ဆွေဟာ အခုအချိန်မှာ Dobies လေးတွေကို ကို့ရဲ့မိသားစုဝင်လေးတွေအဖြစ်ပိုင်ဆိုင်ထားပီဆိုရင် မိတ်ဆွေမှာ အလွန်ကံကောင်းတဲ့သူဖြစ်တယိဆိုတာကိုတေယ့အရင်ပြောလိုက်ပါရစေ။ဘာလို့လဲဆို သူတို့ဟာ သခင်အပေါ်အရမ်းသစ္စာရှိပီး အလွန်ဉာဏ်ကောင်းတဲ့မျိုးစိတ်‌ဖြစ်နေလို့ပါပဲ။

၁.အချိန်ဇယားကို တိကျစွာချပါ
၂.အပြုသဘောဆောင်တဲ့စကားလုံးတွေသုံးပါ
၃.ငယ်စဉ်ကတည်းကစတင်သင်ကြားပေးပါ
၄.သူတို့ရဲ့စိတ်နေစိတ်ထားကိုနားလည်ထားပါ

ဒီနေ့မျှဝေမှုလေးကတော့ဒီလောက်ပါပဲ။ပြောထားတဲ့အချက်လေးချက်ကို နောက်နေ့တွေမှာ အသေးစိတ်မျှဝေပေးပါဦးမယ်။အဲအချကိလေးချက်ပါ ဒီအပိုင်းမှာထည့်ရေးလိုက်ရငိ စာကရှည်ပီး ဖတ်ရတဲ့သူပျင်းသွားမှာဆိုးတဲ့အတွက် အပိုင်းလဖျက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။နောက်နေ့မျှဝေမှုလေးတွေကိုဆက်လက်‌စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။

Doberman ဆိုခေါင်းကြီးမှကြိုက်ပါတယ်ဆိုတဲ့ bro တို့အတွက် အမြည်းလေးအဖေ အမေ ပုံနဲ့ အသေးစိတ်ကိုတော့ မကြာမှီ
02/07/2023

Doberman ဆိုခေါင်းကြီးမှကြိုက်ပါတယ်ဆိုတဲ့ bro တို့အတွက် အမြည်းလေး

အဖေ အမေ ပုံနဲ့ အသေးစိတ်ကိုတော့ မကြာမှီ

26.6.23"DOBERMAN PINSCHER  တွေရဲ့မျိုးရိုး"🐕🐕🐕🐕🐕🐕🐕🐕🐕🐕🐕🐕🐕🐕Doberman ဆိုတဲ့မျိုးစိတ်တစ်ခုဖြစ်လာဖို့အတွက် ခွေးမျိုးစိတ်ပေါင်...
27/06/2023

26.6.23

"DOBERMAN PINSCHER တွေရဲ့မျိုးရိုး"
🐕🐕🐕🐕🐕🐕🐕🐕🐕🐕🐕🐕🐕🐕

Doberman ဆိုတဲ့မျိုးစိတ်တစ်ခုဖြစ်လာဖို့အတွက် ခွေးမျိုးစိတ်ပေါင်းများစွာကိုပေါင်းစပ်ပီး မျိုးဖောက်ထားတာဖြစ်ပီး ဘယ်မျိုးစိတ်တွေပေါင်းစပ်ထားတယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။သူတို့ကိုဖန်တီးဖို့ အတွက် German Shepherd လိုမျိုး German မျိုးစိတ်အမ‌ျိုးမျိုးဖြစ်တဲ့ အဂ်လိပ်မျိုးစိတ်အမျိုးမျိုးကိုပေါင်းစပ်ထားတာဖြစ်နိုင်ပါတယ်။Doberman တွေရဲ့မျိုးရိုးထဲမှာ Rottweiler နဲ့ Weimaraner မျိုးစိတ်တွေလဲ တစ်စိတ်တစ်ပိုငိးပါဝင်နေပါတယ်။Guarding နဲ့ Herding မျိုးစိတ်တွေက သူတို့ကို ဉာဏ်ရည်ဉာဏ်သွေးတွေပေးခဲ့ကြပီး Black and Tan Manchester Terrier က‌ အလင်းလိုလျင်မြန်တဲ့တုန့်ပြန်မှုကို အမွေအနှစ်အဖြစ်ပေးခဲ့ကြပါတယ်။မိတ်ဆွေတို့ပတ်ဝန်းကျင်မှာတွေ့နေရတဲ့ Miniature Pinscher သည် Doberman အငယ်စားလေးတွေမဟုတ်ပဲ မျိုးစိတ်နှစ်ခုက လုံးဝစပ်စပ်မှုမရှိပါဘူးတဲ့ဗျာ။။။။။

ဒီနေ့မျှဝေမှုလေးကတော့ ဒီလောက်ပါပဲခင်ဗျာ။နောက်နေ့တွေမှာလဲ Doberman တွေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအကြောင်းအရောလေးတွေမျှဝေပေးဖို့ရှိသေးတာမို့လို့ Page လေးကို Like/Follow/Shere လေးတွေလုပ်ထားပေးကြပါဦး။

Address

Bagan-Nyaung Oo
Bagan

Website

Alerts

Be the first to know and let us send you an email when Doberman Pinscher Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Doberman Pinscher Club:

Share

Category