10/12/2025
ကြောင်လေး တကောင်
အိမ်၀ိုင်းထဲ တယောက်ယောက်
လာပစ်သွားတာပါ
ရောက်စက တကိုယ်လုံး ၀ဲတွေ နဲ့ ပါ
ခေါင်းမှာဆို အထစ်ထစ် တွေ နဲ့
မျက်စိကလည်း မပွင့်
လည်ပင်းမှာလည်း ယားလို့ကုပ်ပြီး
အနာ ဖြစ်
ပြည်တွေ တည် နေတာ ပေါ့
သန်းတွေလည်း အများကြီး
ဒီတိုင်းဆက်ထားရင်တော့
သေတော့မယ့် အခြေအနေပါ
အခုကတော့ ၀ဲဆေးထိုးပြီးလို့
အသားတွေ ဖုဖောင်း အထစ်ထစ်တွေ
ဖြစ်နေတာလည်း အကုန်ကွာကျသွားပါပီ
မျက်စိလေးတွေလည်း သေချာပွင့်ပါပြီ
အနာဆေးလည်းထည့်ပေးလို့
ပြည်တွေလည်း မရှိတော့ပါဖူး
သန်ချဆေးလည်း ကျွေးပြီး
သန်းအစက်ချ နဲ့ ၀ဲပေါင်ဒါ လည်း သုံးပြီးပါပီ
ကိုယ်ပူလို့ ကိုယ်ပူကျဆေးလည်းတိုက်ပြီး
အခုတော့ ပိန်နေတာလေးက လွဲလို့
အစားလည်း စားနိုင်ပါပီ
၀ အောင်လို့ သူကြိုက်တာလေးတွေ
သေချာကျွေးနေပါတယ်
Brand ကြက်ပေါင်းရည် နဲ့
အားဆေးလည်း တိုက်ပေးပါတယ်
မြန်မြန် ၀ လာပါစေ
ဆုတောင်းနေရတယ်
ကံကောင်းတဲ့ ပူစီလေးမို့
😽Lucky 😽လေးလို့ နာမည်ပေးထားပါတယ်
👇🏻👇🏻👇🏻